အိမ်​မှာသင်​စိုက်​တဲ့အပင်​​တွေမရှင်​ရတဲ့ အ​ကြောင်းရင်း ၆ ချက်



အိမ်ထဲမှာ သင်စိုက်တဲ့အပင်တွေ မရှင်ရတဲ့ အကြောင်းအရင်း

အိမ်ထဲမှာ အပင်တွေ စိုက်ပျိုးတဲ့အခါ အကြမ်းခံလေ့မရှိဘဲ အလွယ်တကူသေဆုံးတတ်ကြပါတယ်။ အိမ်တွင်းရာသီဥတုဟာ သဘာဝရာသီဥတုမျိုး မဟုတ်တာကြောင့်လည်း ဖြစ်ပါတယ်။
အိမ်တွင်းစိုက်ပျိုးတဲ့အပင်တွေ မရှင်သန်ရတဲ့ အဓိကအချက်အချို့ကို ဖော်ပြပေးထားပါတယ်။

၁ - ရေအလွန်လောင်းခြင်း

အိမ်တွင်း စိုက်ပျိုးတဲ့အပင်တွေ မရှင်ရတဲ့ အဓိက အကြော်င်းအရင်းကတော့ ရေအလွန်အကျွံလောင်းတာ ဖြစ်ပါတယ်။ ဒီလိုလောင်းခြင်းကြောင့် အမြစ်ကို ပုပ်စေပါတယ်။ ပန်းအိုးထဲ ရေတွေ အိုင်ထွန်းနေတဲ့ထိ မလောင်းသင့်ပါဘူး။ စိုက်ပျိုးမယ့်အပင်ကို သေချာရွေးချယ်စိုက်ပျိုးသင့်ပြီး သူတို့ကို ရေဘယ်လိုလောင်းရမယ်ဆိုတဲ့ သဘာဝကိုလည်း သိသင့်ပါတယ်။

၂ - စိုထိုင်းမှုနည်းခြင်း

စိုထိုင်းမှုနည်းပါးတဲ့အခါမှာလည်း အပင်တွေက ခြောက်သွေ့တတ်ပါတယ်။ အိမ်တွင်း စိုက်ပျိုးတဲ့အပင်တွေမှာ ဒီလိုစိုထိုင်းမှုမျိုး နည်းပါးနေလေ့ရှိပါတယ်။ ပူတဲ့ရာသီမျိုးမှာ အိမ်တွင်းစိုထိုင်းမှုပမာဏာဟာ ထိုးကျသွားလေ့ရှိပါတယ်။ အရွက်ထိပ်လေးတွေ ညိုလာတာမျိုးဟာ ဒီလို စိုထိုင်းမှုနည်းပါးနေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

၃ - အလင်းရောင် မလုံလောက်ခြင်း

အပင်တွေဟာ လုံလောက်တဲ့ အလင်းရောင်မျိုး မရတဲ့အခါ အရောင်ဖျော့တော့နေတတ်ပါတယ်။စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်းမရှိတတ်ပါဘူး။ ထွက်လာတဲ့ရွက်သစ်လေးတွေဟာလည်း သာမန်ထက် သေးငယ်နေတတ်ပါတယ်။

၎ - အပူ

အိမ်ထဲက အပူထုတ်လွှင့်တဲ့ နေရာတွေနားမှာထားတဲ့အခါ အပင်တွေဟာ မရှင်သန်တတ်ပါဘူး။ အပင်တွေကို ရေဓာတ်ခန်းခြောက်မှုမြန်စေပါတယ်။ မီးဖိုချောင်လို အပူထုတ်လွှင့်တဲ့နေရာမျိုးတွေမှာ အပင်တွေ မရှင်သန်ရခြင်းဟာ ဒီအချက်ကြောင့်လည်း ပါဝင်ပါတယ်။

၅ - ပိုးမွှားပြဿာနာကို သတိမပြုခြင်း

အပင်စိုက်မယ်ဆိုရင်တော့ သူတို့နဲ့ပတ်သက်တဲ့ ပိုးမွှားပြဿနာတွေကို ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။ အပင်တွေမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေ ဖြစ်ပေါ်နေလားဆိုတာကို အမြဲစစ်ဆေးပေးရမှာ ဖြစ်ပါတယ်။

၆ - အိုးထဲမှာပဲ စိုက်တာ

အပင်တွေက ရှင်သန်လာတဲ့အခါ အမြစ်တွေကလည်းကြီးထွားလာပါတယ်။ ဒါပေမဲ့ သင်က အမြစ်တွေကို ကြီးထွားခွင့်မပေးဘဲ အိုးထဲမှာပဲ ချုပ်ထားသလို ဖြစ်နေတာပါ။ မြေသားနဲ့ အမြစ်ပမာဏဟာလည်း အချိုးမကျဘူး ဖြစ်နေပါတယ်။

Duwun


Post a Comment