ဝိတ်​ချနည်း

သူငယ်​ချင်း များအတွက်​လင်းစုရဲ့ ဝိတ်​ချနည်း​လေး  Share ​ပေးချင်​ပါတယ်​ 😚😊

🍽🍉🍎🍌🌽✔✔ Breakfast ကို ကြက်​ဥပြုတ်​ ၂/၃ လုံး နှင့်​ အသီးနှံ (ကိုယ်​က​တော့ ၃ လုံးမှဝ
တယ်​ 😆😆 )  ။ တခါတ​လေ သမီး​လေးစား​နေကြ Oats စားတယ်​ .

Lunch and Dinner 🍗🍉🍊🍅🐟🐐🌽 ကို ထမင်း ၃ဇွန်း ၊ ကြက်​သား or  ဆိတ်​သား or ငါး ၃ တုံး နှင့်​ အရွက်​ တစ်​မျိုး မျိုး​ကြော်​တာ / သုပ်​တာ စားတယ်​ ။ (အသားချည်းပြုတ်​တာ မစားနိုင်​လို့ အနှစ်​ဖယ်
ဆီဖယ်​ပြီးစားပါတယ်​ )

✔အရွက်​​ကို အရင်​စားပါတယ်​။ ပြီးမှထမင်း
နဲ့အသားဆက်​စား​တော့ ဗိုက်​ပြည့်​လွယ်​​ရော 😋

✔Dinner ကို ၇နာရီမတိုင်​ခင်​စားတာပို​ကောင်းပါ
တယ် ။

✔အစာစားပြီးတိုင်း နာရီဝက်​​​လောက်​​နေမှ
ရေ​သောက်​တယ်​​လေ ။ (ဗိုက်​ပူမှာစိုးလို့ 😆 ) 
ရေ ကိုသတိရတိုင်း​သောက်​ပါတယ်​ ။

✔အ​ဆာ​ပြေက​တော့ ​ပေါင်းဖူးပြုတ်​ ၊ ဒိန်​ချဉ်​ ၊ ငှက်
ပျော ၊ဖရဲ  ၊ ကျွဲ​ကော ၊ ပန်းသီး ကိုယ့်​အကြိုက်​ စားစရာ​တွေမှအများကြီးဘဲ :)

✔​ရှောင်​ရန်​ 😷😷🛇🛇ဆီ​ကြော်​​တွေ အာလူး​ကြော်​ ၊ ပဲ​ကြော်​၊ အီကြာ​ကွေး၊  ထပ်​တရာ၊ အချို အစိမ့်​​တွေ၊
ရှမ်း​ခေါက်​ဆွဲ  (အမျိုးသမီး​တွေက လက်​ဖက်​ကြိုက်
တော့ ပဲ​ကြော်​​တွေကိုစားမိတတ်​ပါတယ်​ )

✔အ​ရေးကြီးတာလာပါပြီ
လင်းစုက​တော့ အရင်​ ပိန်​တုန်းက ဝတ်​တဲ့အင်္ကျီလှလှ​လေး​တွေ ကို အခန်းထဲ ကိုယ်​ အမြဲတမ်းမြင်​တဲ့​နေရာမှာချိတ်​ထားတယ်​​လေ ။ တစ်​​နေ့ ပြန်​ဝတ်
နိုင်​ရမယ်​​ပေါ့ 😊😊 စိတ်​ကို အမြဲ Motivate လုပ်​ထားတာပါ ☺☺
( ချက်​ချင်း မပိန်​လျှင်​စိတ်​ဓာတ်​ကျတတ်​ကျပါတယ်​ )

✔​နောက်​တစ်​ချက်​က
ကိုယ်​အမှန်​တကယ်​ Diet လုပ်​​နေစဉ်​ အ​တောအ
တွင်း ကိုယ်​တကယ်​​ပြောင်းလဲလာတာကို သတိထားမိတာ ကိုယ်​နဲ့ အနီးကပ်​ရှိ​နေတဲ့သူ​တွေပါ။ သူတို့ကသာကိုယ့်​ကို ပိန်​လာပြီ​နော်​လို့​​ပြောရင်​​ပျော်​ပြီး  အဲ့​နေ့ ညစာလုံးဝမစား​တော့ဘူးဘဲ 😆😆😆။ အဲ့ဒါ​ကြောင့်​ ကိုယ့်​အနိးကပ်​​နေတဲ့ ကိုယ့်​​​ယောက်ျား ၊ အ​မေ၊   ညီမတို့ကို မပိန်​လည်း ပိန်​တယ်​လို့သာ​ပြောခိုင်း ။
တကယ်​ အလုပ်​ဖြစ်​တယ်​ 😊😊။

အ​ရေးကြီးတာ တကယ်​ဝိတ်​ချချင်​စိတ်​ပါ။ 😊😊😊


Post a Comment