အုံထူတဲ့ဆံ​ကေသာပိုင်​ဆိုင်​နိုင်​ဖို့ လိုက်​နာသင့်​တဲ့အချက်​ ၅ ချက်

အုံထူတဲ့ဆံကေသာပိုင်ဆိုင်နိုင်ဖို့ လိုက်နာသင့်တဲ့အချက်(၅)ချက်

မိန်းကလေးတွေ စိတ်အညစ်ရဆုံး အလှအပဆိုင်ရာ ပြဿနာတစ်ခုထဲမှာ ဆံပင်ပါးခြင်းဟာလည်း ထိပ်ဆုံးက ပါဝင်နေပါ
တယ်။ ဆံပင်က ပါးနေတော့ စိတ်ကြိုက်လည်း ပုံဖော်လို့မရ။ တစ်ခါတစ်လေ ခေါင်းမှာ အရမ်းကပ်သလို ဖြစ်နေရင်လည်း
ကြည့်မကောင်းဖြစ်နေတတ်ပါတယ်။ ဆံပင်ပါးတာကိုတော့ ဘယ်မိန်းကလေးမှာ လိုချင်မှာ မဟုတ်ပါဘူး။ ဆံပင်အုံ
အရမ်းမထူနေရင်တောင် အတန်အသင့်အုံရှိတဲ့ ဆံပင်မျိုးတော့ မိန်းကလေးတိုင်း လိုချင်မိကြပါတယ်။ သဘာဝအတိုင်း
ပါးနေတာပဲ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူးလို့ သင်တွေးနေတယ်ဆိုရင်တော့ သင့်ရဲ့ယူဆချက်မှားပါတယ်။ ပါးနေတဲ့ဆံပင်
ကနေ မွေးရာပါအုံထူတဲ့သူတွေလောက်တော့ သင်ပြောင်းလဲယူလို့ မရပေမယ့် သင့်ရဲ့လက်ရှိပါးနေတဲ့ ဆံပင်အုံထက်ပိုပြီး
ကြည့်ကောင်းအောင်တော့ သေချာပေါက်လုပ်လို့ရပါတယ်။ ဆံပင်ပါးလို့စိတ်ညစ်နေတယ်ဆိုရင်တော့ အောက်ပါအချက်
လေးတွေ လိုက်နာကြည့်နော်။

ဆံကေသာကို အမြဲသန့်ရှင်းအောင်ထားပါ။

ပြင်ပလေထုထဲက အညစ်အကြေးတွေကြောင့် ဆံပင်ဟာလည်း ညစ်ပေလွယ်တတ်ပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆို
ချွေးတွေနဲ့ ပိုပြီး ညစ်ပေလွယ်တတ်ပါတယ်။ ဆံပင်ကထွက်တဲ့အဆီနဲ့ပတ်ဝန်းကျင်က အညစ်အကြေးတွေပေါင်းစပ်သွား
တဲ့အခါ ဆံပင်ကို အိကျလာစေပါတယ်။ အစတည်းက ဆံပင်ပါးတဲ့သူဆို ဒီလိုအခြေအနေမျိုးမှာ ပိုထင်ပေါ်လာတတ်ပါ
တယ်။ ဒါ့ကြောင့် မိမိရဲ့ဆံပင်ကို အမြဲသန့်ရှင်းအောင် တစ်ပတ်မှာ ၃ကြိမ်ကနေ ၄ကြိမ်လောက် အထိခေါင်းလျှော်ပေးသင့်
ပါတယ်။ မိမိရဲ့ဆံပင်ဟာ ပါးတယ်ဆိုရင် ဆံပင်ကိုအိကျသွားစေမယ့် ဆံကေသာ ထုတ်ကုန်တွေကိုလည်း ရှောင်ရှားသင့်
ပါတယ်။ ဆံကေသာအလှဆီများ၊ Hair Gel များ၊ Hair Spray များကို လွန်ကဲစွာအသုံးပြုမိပါက ဆံပင်ပိုပြီးအိကျ
သွားနိုင်တာမို့ အထူးဂရုစိုက်သင့်ပါတယ်။

စမ်းကြည့်သင့်သောအာရှနာမည်ကြီးအနုပညာရှင်များ၏ ဆံပင်ပုံစံအလန်းများ
ဆူးလိပ်များအသုံးပြုကြည့်ပါ။

ဆူးလိပ်များနဲ့ ဆံပင်ကို အုံပိုထူအောင် ပြုလုပ်လို့ရပါတယ်။ မနက်ပိုင်း မိတ်ကပ်ပြင်တဲ့ အချိန်မျိုးမှာ ဆံပင်ကို ဆူးလိပ်နဲ့
လိပ်ထားပါ။ အဖျားဘက်ကနေ အရင်းဘက်ကိုပြန်လည် လိပ်ပြီးထားနိုင်ပါတယ်။ မိတ်ကပ်လိမ်းပြီးချိန်ကျမှ ပြန်ဖြည်ချ
နိုင်ပါတယ်။ ထိုအချိန်မှာတော့ သဘာဝအတိုင်း ပိုမိုပြီး အုံထူနေတဲ့ဆံကေသာလေးကို သင်ပိုင်ဆိုင်နေမှာဖြစ်ပါတယ်။
သဘာဝဝက်မျှင်ဘီးကို အသုံးပြုပါ။

ဆံပင်အုံပါးတဲ့သူတွေအနေနဲ့ မိမိရဲ့ဆံပင်တွေကျွတ်တာကို မလိုချင်မှာတော့ အသေအချာပါပဲ။ သဘာဝဝက်မျှင်ဘီးတွေ
ဟာ သာမန်နိုင်လွန်ဘီးတွေ၊ အခြားဘီးတွေထက် နူးညံ့ပြီး ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်းကို လျော့ကျစေပါတယ်။
ဒါ့အပြင် သဘာဝဝက်မျှင်ဘီးရဲ့ ပုံသဏ္ဍာန်ကြောင့် ခေါင်းဖြီးရာမှာ ဆံပင်ကို ပိုမိုအုံထူလာစေပြီး ကြည့်ကောင်းလာစေ
မှာဖြစ်ပါတယ်။
ဆံကေသာထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန်တွေကို သေချာရွေးပါ။

ဆံပင်အုံပါးတဲ့သူတွေဟာ ဆံကေသာ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေကို အသုံးပြုတဲ့အခါ သတိထားပြီး ရွေးချယ်
သင့်ပါတယ်။ ဆံပင်ထူသယောင်ဖြစ်အောင် လုပ်ပေးတဲ့ Sprayတွေလည်း အသုံးပြုနိုင်ပါတယ်။

သင့်တော်တဲ့ဆံပင်ပုံစံကိုညှပ်ပါ။

ဆံပင်အုံပါးတဲ့သူတွေဟာ ဆံပင်ညှပ်တဲ့အခါ သတိထားသင့်ပါတယ်။ မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ညှပ်မှသာ ပိုပြီး
အုံထူလာမှာ ဖြစ်ပါတယ်။ ဆံပင်အုံပါးတဲ့အခါ မလိုက်တဲ့ဆံပင်ပုံစံနဲ့ဆို ဆံပင်ဟာကပ်နေပြီး ကြည့်မကောင်းဖြစ်နေ
တတ်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ဆံပင်ပုံစံတွေလည်း ရှိပါတယ်။ အချို့ဆံပင်ပုံစံတွေဟာ အုံပါးနေတဲ့သူကို
အုံထူသယောင်ဖြစ်စေပါတယ်။ ဆံပင်ပါးပေမယ့် ဆံပင်အတိုကိုမှ ကြိုက်တဲ့သူတွေအနေနဲ့ Step လိုမျိုး အထပ်
လေးတွေညှပ်ခြင်းအားဖြင့် ထူနေသယောင် ဖြစ်နေမှာဖြစ်ပါတယ်။

ပခုံးမရောက်တရောက်အရှည်ဆံပင်ပုံစံကိုမှ ထားချင်တယ်ဆိုရင်လည်း အပေါ်မှာထူပြီး အောက်ဘက်မှာအဖျားရှူးတဲ့
စတိုင်မျိုးညှပ်လို့ရနိုင်ပါတယ်။အဖြောင့်ပုံစံမျိုးကို မကြိုက်ရင်လည်း ကောက်သားအနည်းငယ်ထည့်ပေးနိုင်ပါတယ်။

ဆံပင်အုံပါးခြင်းကြောင့် စိတ်ညစ်နေတဲ့ ပျိုမေတွေအားလုံး အထက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် အရင်ထက်ပိုပြီး
ဆံပင်အုံထူလာမှာဖြစ်ပါတယ်။ ပျိုမေတိုင်းအတွက် အရေးကြီးတဲ့ဆံကေသာကို ဂရုတစိုက် ထိန်းသိမ်းနိုင်ကြပါစေ။

Shwemom


Post a Comment