အိမ်​​ထောင်​သုခပြည့်​ဝ​စေမယ့်​ အစားအစာ ၇မျိုး

အိမ်ထောင်မှုသုခပြည့်ဝစေမည့် အစားအစာ ၇ မျိုး

အိမ်ထောင်ရှင်တွေမှာ အသက် ကြီးသည် ငယ်သည် မဟူ
ဖိုမ ဆက်ဆံရေးပြဿနာ ရှိကြပါတယ် ။
ဒီလို အိမ်ထောင်ရှင်တွေအတွက် လွယ်လွယ်ကူကူ
အထောက်အကူရ နိုင်ရပါတယ် ။

...

လိင်ကိစ္စ စွမ်းဆောင်မှု ကောင်းချင်ရင် မိမိနှလုံးကျန်းမာရေး ကို
ဂရုစိုက်ပါ တဲ့ ။
အမျိုးသားရော အမျိုးသမီးရော အတွက် သက်ဆိုင်ရာလိင်အင်္ဂါ များဆီ
သွေးကောင်းကောင်း စီးဆင်းမှုဟာ ကာမဆန္ဒထက်သန်ဘို့
အထောက်အကူပြုပါတယ်တဲ့ ။
နှလုံးညှစ်အားကောင်းမှ သွေးစီးဆင်းမှု ကောင်းမှာ တဲ့ ။

...

နှလုံးကျန်းမာ ဘို့ အတွက် အဆီနည်းသည့်အစားအစာ ၊ လေ့ကျင့်ခဏ်း နဲ့
စိတ်ဖိစီးမှု လျှော့ချခြင်းတွေဟာ အရေးအပါဆုံး ပါတဲ့ ။
ဒါကြောင့် နှလုံးကို အထောက်အကူပြု ပြီး ကာမဆန္ဒအတွက် အကျိုးရှိတဲ့
စားစရာ ( ၇ ) မျိုး ကို ရွေးချယ်ဖေါ် ပြပါမယ် ။

...

ထောပတ်သီး ( Avocados )
ထောပတ်သီးမှာ နှလုံး ၊ သွေးကြောတွေအတွက် ကောင်းမွန်တဲ့ မပြည့်ဝဆီ
( unsaturated fats ) ကြွယ်ဝစွာ ပါရှိပါတယ် ။
ပြည့်ဝဆီ( saturated fat ) က နဲနဲဘဲ ပါပါတယ် ။
ထောပတ်သီးကို ကာမအားတိုးဆေး ( aphrodisiac ) လို သဘောထားကြပါတယ် ။

...

မက်မွန်စေ့ ( Almonds )
စိတ်ပြင်းပြမှု ၊ ထက်သန်မှု ၊ ကာမဆန္ဒ လှုံ့ဆော် မှုအတွက် ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။
မျိုးအောင်မှု အတွက်လဲ အလွန်ကောင်းပါတယ် ။ အဟာရဓါတ် ၊ သတ္တုဓါတ် အလွန်ကြွယ်ဝ
လို့ ဖြစ်ပါတယ် ။

...

စတော်ဘယ်ရီ ( Strawberries )
၂၀၀၈ ခုနှစ် လေ့လာမှု တရပ်က အနီရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ
Sexy ကျ တယ်လို့ အမျိုးသား အများစုက မြင်တယ်လို့ ဆိုပါတယ် ။
စတော်ဘယ်ရီမှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်ဘီ အလွန်ကြွယ်ဝပါတယ် ။
၎င်းဓါတ်များဟာ အမျိုးသမီးများ သန္ဓေအောင်ဘို့ ၊
အမျိုးသားများ သုတ်ကိုပွားများစေဘို့ အရေးကြီးပါတယ် ။
Valentine’s Day မှာ ချောကလက်ထဲ နှစ်ထားတဲ့ စတော်ဘယ်ရီ ပေးခြင်းရဲ့
ရည်ရွယ်ချက်က လိင်တပ်မက်စိတ် တိုးပွားစေတဲ့
( libido-boosting methylxanthines ) တွေ ပြည့်ဝနေလို့ ဖြစ်ပါတယ် တဲ့ ။

...

ပင်လယ်စာ ( Seafood )
ကမာ ( oysters ) ဟာ ကျော်ကြားတဲ့ ( well-known aphrodisiac )
ကာမအားတိုးဆေး ဖြစ်ပါတယ် ။
သူ့ မှာ ဇင့် ( libido-boosting zinc ) ကြွယ်ဝစွာ ပါရှိပါတယ် ။
ဆယ်လမွန်ငါး ( salmon ) နဲ့ ပင်လယ်ငါးသလောက် ( herring ) တို့လဲ
နာမည်ရပါတယ် ။

...

ကတွတ်သီး ၊ သဖန်းသီ ( Figs )
ဖိုင်ဖာဓါတ်ကြွယ်ဝ တဲ့ အတွက် နှလုံးအတွက် အလွန်ကောင်းတာမို့
မျိုးအောင်ခြင်းအတွက် ကောင်းမွန်တဲ့ ရှည်လျားတဲ့
သမိုင်းကြောင်းရှိခဲ့ပါတယ် ။

...

Arugula ( အရွက်ပုံလေး တင်ပေးထားပါတယ် ။ မြန်မာလို ဘာမှန်းမသိလို့ ပါ )
စိတ်ထကြွခြင်းကို ဖြစ်စေလို့ သမိုင်းကြောင်းကောင်းလှပါတယ် ။
သတ္တုဓါတ် ၊ ဓါတ်တိုးကာကွယ်ဓါတ်တွေ အလွန်ကြွယ်ဝပါတယ် ။
arugula ကို မသိလို့ အစားထိုးတဲ့ အနေနဲ့ Spinach ကို ထဲ့ ဖေါ်ပြလိုက်ပါတယ် ။
ဟင်းနုနယ် ( Spinach )
magnesium အလွန်ကြွယ်ဝပါတယ် ။ သူက လိင်အင်္ဂါတွေက သွေးကြောတွေ ကျယ်လာ
စေပြီး သွေးဝင် ကောင်းစေတဲ့အတွက် စိတ်ထကြွခြင်းကို ဖြစ်စေပါတယ် ။

...

သံပရာ, လိမ္မော် ( Citrus )
ဗီတာမင် စီ ၊ ဖောလစ်အက်ဆစ် ၊ ဓါတ်တိုးကာကွယ်ပစ္စည်းများ ကြွယ်ဝလို့ အထူးသဖြင့်
အမျိုးသားတွေ အတွက် ပိုကောင်းပါတယ် ။

...

အစာလဲဆေး ၊ ဆေးလဲ အစာ ဆိုတဲ့ ဆိုရိုးဟာ အနောက်နိုင်ငံများမှာလဲ ခေတ်စားပါတယ် ။
သူတို့ ရှာဖွေ တွေ့ ရှိတာတွေဟာ ကျနော်တို့ အတွက် သက်သေ အထောက်အထားတွေ
ဖြစ်လာတာမို့ ယုံယုံကြည်ကြည် အသုံးပြုနိုင်နေပါတယ် ။

...

ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာမြင့်သိန်း


Post a Comment