ပညာရှိသူနှင့်​ ပညာမဲ့သူကို ​လေ့လာခွဲခြားနည်း

ပညာရှိသူနှင့်ပညာမဲ့သူကို လေ့လာခွဲခြားနည်း
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

(၁)* ပညာရှိသူဟာ လူသားတိုင်းအပေါ် လေးစားသမှုဖြင့် ဆက်ဆံလေ့ရှိတယ်။

* ပညာမဲ့သူဟာ သြဇာအာဏာကြီးမားသူအပေါ်သာ လေးစားစွာဆက်ဆံတယ်။

.

(၂)* ပညာရှိသူဟာ အများသူငှာ၏ ဂရုစိုက်မှု၊
ချီးမွမ်းမှုကို မတောင့်တပေ။

* ပညာမဲ့သူဟာ လူအများ၏ ဂရုစိုက်မှု၊ မြှောက်ပင့်
ချီးမွမ်းမှုများကို လိုအပ်သည်ထက်ပိုပြီး
လိုချင်တပ်မက်ကြတယ်။

.

(၃)* ပညာရှိသူဟာ ထင်ပေါ်ကျော်ကြားမှုအတွက်
ကြိုးစားနေကြသူများ မဟုတ်ပါ။ ဘဝအတွက်
ကြိုးစားနေကြသူများ ဖြစ်ပါတယ်။

* ပညာမဲ့သူဟာ ထင်ပေါ်ကျော်ကြားလိုစိတ်သာရှိပြီး ပေါ်ပြူလာဖြစ်ဖို့အတွက်သာ ကြိုးပမ်းနေတတ်တယ်။

.

(၄)* ပညာရှိသူဟာ မိမိ၏ရာထူး၊ ဂုဏ်ပကာသနများကို ကြွားဝါတတ်သူများမဟုတ်။

* ပညာမဲ့သူဟာ မရှိသည်ကို အရှိလုပ်ပြီး ကြွားဝါကြတယ်။

.

(၅)* ပညာရှိသူဟာ မိမိပြောစရာရှိသည်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြရဲတဲ့ သတ္တိရှိတယ်။

* ပညာမဲ့သူဟာ နောက်ကွယ်တွင်သာ
အတင်းပြောပြီး ရင်ဖွင့်တယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ


Post a Comment