ရေနစ် နေတဲ့သူ ကို ဘယ်လို ကယ် ရမလဲ
ရေနစ် နေတဲ့သူကို ကယ် မယ်ဆိုရင် ကယ် မယ့်သူ ကိုယ်တိုင် က ရေ ကောင်းကောင်း ကူးတက် သူတစ်ယောက် ဖြစ်ရမယ်။ နောက်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်သူ တစ်ယောက် ဖြစ် ရပါမယ်။ ဒီလို အချက်တွေ မြင်ရပြီဆိုတာနဲ့ ရေနစ် နေတယ် ဆိုတာကို ချက်ချင်း သိနိုင်ပါတယ်။ရေထဲမှာ လူက ယက်ကန် ယက်ကန်နဲ့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေမယ်၊ ပါးစပ်ကြီး ဟနေပြီး ခေါင်းက အနောက်ကို လှန်နေမယ်။ မျက်လုံးတွေက တစ်နေရာထဲကို စိုက်ကြည့် သလို ဖြစ်နေမယ်၊ ဒါမှမဟုတ် မျက်စိနှစ်ဖက် စလုံး မှိတ် နေတတ်တယ်။ လက်နှစ်ဖက် က ဘေးမှာ ဆန့်တန်းနေပြီး ခန္ဓာကိုယ် နဲ့ ခြေထောက်နှစ်ဖက်က ရေထဲမှာ ထောင်လိုက်ဖြစ်နေပြီ ဆိုရင် ရေအောက် ထဲကို မြှုပ်သွားတော့ မှာမို့လို့ အမြန်ဆုံး ကယ်တင်ဖို့ ပြင်ဆင်ရမှာပါ။
ဘယ်လိုကယ်မှာလဲ
ရေနစ် တဲ့သူ ကို ဆယ် တဲ့အခါမှာ ဘယ်တော့ မှ အရှေ့ကနေ သွားမ ဆယ်ရပါဘူး။ ရေနစ်နေတဲ့အခါမျိုးမှာဆိုရင် အနားမှာ ရှိသမျှ အရာတွေကို လက်လှမ်း မီသလောက် ဆွဲမိ ဆွဲရာ ဆွဲ တတ်ကြပါတယ်။ ရေနစ် တာကို ရှေ့က ကယ်မယ် ဆိုရင် ကယ်တဲ့ သူပါ ရေထဲ နစ်သွား တတ်ပါတယ်။ ပုံထဲက လို ဂျိုင်းကြား ကနေပြီး လက်တစ်ဖက်နဲ့ အနောက်ကနေ ပိုက်ပြီး ရေပေါ် ပေါ်လာအောင် ဆွဲမ သယ်လာပေးရပါမယ်။
ရေနစ်နေတဲ့ သူကို ဘယ်လို ကယ်ရမလဲ
ရေထဲကို လုံးလုံး နစ်နေပြီ ဆိုရင်တော့ ရေအောက်ကို ငုပ်ပြီး စောစောကလို ရေနစ်သူကို ကယ်ရပါမယ်။ ရေနစ်သူကို ရှေ့မှာထား၊ သူ့ဂျိုင်းနှစ်ဖက် အောက်ကနေ လက်ကို လျှိုသွင်းပြီး ပက်လက်ကူး ကမ်းပေါ်ကို သယ်လာရပါမယ်။ ကုန်း ပေါ် ရောက်တဲ့အခါမှာ အရေးပေါ် အသက်ပြန်ရှူ လာစေနည်း (သို့မဟုတ်) စီပီအာ (CPR) လုပ်နည်း လိုအပ်ရင် လုပ်ပေးရပါမယ်။
Source : swimmersdaily
Credit: Duwun
Lwin Pyin
ရေနစ်နေသူကို ဘယ်လိုကယ်ရမ လဲ
- on 1:38 AM
- No comments
Post a Comment