အရပ်​ရှည်​တဲ့မိန်းက​လေး​တွေရဲ့ အားသာချက်​များ

အရပ်ရှည်တဲ့မိန်းကလေးတွေရဲ့ အားသာချက်များ....

အခုခေတ် cuttiesလေးတွေ ရှိတ်  ဆိုပြီး အရပ်ပုတဲ့ကောင်မလေးတွေကို ခေးဆိုပြီး ယောက်ျားလေးတွေ ရဲ့ပါးစပ် ဖျားမှာရေပန်းစားနေချိန်   အရပ်ရှည်တဲ့ ကောင်မလေးတွေက နည်းနည်းတော့အားငယ်မိတာပေါ့။ဟုတ်တယ်လေ အရပ် ဂလန် ဂလားနဲ့ ခေးအခေါ်ခံရဖို့ဆိုတာ သိပ်တော့ မအပ်စပ်ဘူးလေ။ဒါပေမယ့် အရပ်ရှည်တဲ့ကောင်မလေးတွေလည်း အားငယ်စရာမလိုတော့ပါဘူး။

ဒါပေမယ့် အရပ်ရှည်တဲ့ကောင်မလေးတွေလည်း ချစ်စရာကောင်းပြီး ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အားသာ ချက်လေးတွေရှိတယ် ဆိုတာ အခု Shwemomကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဈေးဝယ်စင်တာတွေရဲ့  ပစ္စည်းထားတဲ့ စင်ခပ်မြင့်မြင့်တွေမှာ ဖက်ရှင်ကျကျ ဈေးဝယ်နိုင်တယ်။အရပ်ပုလို့  ပစ္စည်း တပွေ့တပိုက်နဲ့  မမီမကမ်းလှမ်းဆွဲနေရတာမျိုးက နည်းနည်းတော့ ရှိုးပဲ့တာပေါ့နော်။အရပ်ရှည်တဲ့ကောင်မလေးတွေ အတွက်အဲ့လိုရှိုးပဲ့မှာကိုပူစရာမလိုပါဘူး။

အရပ်ပုတဲ့ကောင်မလေးတွေ စကပ်တို၊ ဘောင်းဘီတိုဝတ်ရင် ချစ်စရာကောင်းပေမယ့် နေရာတကာ ကလေးလို ဆက်ဆံ ခံနေရတာတော့ ဘယ်ကောင်းမလဲနော်။အရပ်ရှည်တယ်ထင်ရအောင် အရောင်ရွေးဝတ်ရတာမျိုး၊ ဘောင်းဘီ အရှည်၊ စတော်ကင်ဝတ်ရတာမျိုးတွေမရှိတော့ဘူးပေါ့။
    အနုပညာရှုထောင့်ကကြည့်မယ်ဆိုရင်လည်း မော်ဒယ်လည်းလုပ်လို့ရသေးတယ်။မော်ဒယ်တစ်ယောက်အတွက် အရပ်ရှည်တာက
အဓိက အချက်ပဲလေ။

  ကျန်းမာရေးရှုထောင့်ကပဲကြည့်ကြည့်၊ အလှအပရေးရာအမြင်နဲ့ပဲကြည့်ကြည့် အရပ်ရှည်တဲ့သူတွေဟာခန္ဓာကိုယ် အတွက်မလိုအပ်တဲ့ ကယ်လိုရီလောင်ကျွမ်းတဲ့နေရာမှာ အရပ်ပုတဲ့သူတွေထက် ပိုပြီး လောင်ကျွမ်းအားကောင်းလို့ အဆီပိုတွေကြောင့် ၀မှာစိုးရိမ်စရာမလိုတော့ပါဘူး။

    အသက်ငယ်တယ်ဆိုရင်တောင် အရပ်ရှည်ပြီး လူကခန့်နေတဲ့အတွက် လူကြီးနေရာမှာဦးစားပေးအလေးထားခြင်းကို လည်းခံရပြန်ပါသေးတယ်။
ရှိုးပွဲ၊ ဂီတဖျော်ဖြေပွဲ စသဖြင့်Standbyကြည့်ရတဲ့ပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အရပ်ရှည်နေတဲ့အတွက် ဖက်ရှင် အလန်းစားနဲ့ လိုက်ဖက်ညီစွာ
စတိုင်ကျကျ ကြည့်နိုင်တယ်။

    အားကစားမှာဆိုရင်လည်း အရပ်ရှည်တဲ့မိန်းကလေးတွေက ပိုပြီး အသာစီးရသလို  သေချာလေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပုရိသတွေရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံရပါသေးတယ်။

    ရေကူးကန်ထဲမှာ ဆွဲဆောင်မှုရှိရှိ sexyကျကျ မတ်တပ်ရပ်ပြီး အပန်းဖြေနိုင်သေးတယ်။ရေကူးကန်တွေကအနည်း ဆုံး လေးပေ ဒါမှမဟုတ် ငါးပေလောက်အနက်ရှိတဲ့အတွက်  ရေစိုစိုမှာ စတိုင်ကျကျ လှနိုင်တဲ့အခွင့်အရေးကတော့ အရပ်ရှည်တဲ့ကောင်မလေးပဲရနိုင်မှာပါ။

  ဒေါက်ဖိနပ်စီးစရာမလိုဘူး။မိန်းကလေးတိုင်းကတော့
ဒေါက်ဖိနပ်ကြိုက်တတ်ကြပါတယ်။အရပ်ရှည်တဲ့ကောင်မလေး တွေလည်း ဒေါက်ဖိနပ်စီးချင်ကြမှာပါ။ ဒေါက်ဖိနပ်စီးတဲ့အခါ အရပ်ကလန်ကလားဖြစ်မှာ ကိုစိုးရိမ်မိတတ်ကြ ပါတယ်။

ဒါပေမယ့် နေ့ရက်တိုင်းက ဒေါက်ဖိနပ်စီးဖို့မသင့်တော်ဘူးဆိုတာ
မမေ့သင့်ပါဘူး။

    နောက်ဆုံး အားသာချက်ကတော့ အရပ်ရှည်တဲ့အတွက် တော်ရုံ ခရီးလောက်က ကိုယ့်အတွက် ဝေးတယ် လို့မခံစား ရတော့ပါဘူး။

ဖော်ပြခဲ့တဲ့အချက်တွေကို သတိထားမိတာလည်းရှိသလို သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ်အလိုမကျဖြစ်နေတဲ့ သူတွေ လည်း ရှိမှာပါ။ဒါပေမယ့် အခုလိုဖော်ပြတာက အရပ်ရှည်တဲ့ ကောင်မလေးတွေဘက်က ဘက်လိုက်ဖော်ပြတာမျိုး မဟုတ် ဘဲ အရပ်ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အလှကိုယ်စီရှိကြပါတယ်။ရုပ်ပိုင်းဆိုင်ရာ မဟုတ်တောင် အပြုအမူ ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ စိတ်ဓာတ်လေးတွေသာပိုင်ဆိုင်ထားမယ်ဆိုရင် ဆွဲဆောင်မှုရှိရှိ လှနေမှာ အသေအချာပဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan
(Shwemom)


Post a Comment