လူပျိုကြီးကိုသာချစ်​လိုက်​ပါ

လူပျိုကြီကိုသာချစ်လိုက်ပါ....

လူပျိုကြီးဆိုတာဆယ်ကျော်သက်တွေလို
အပျော်မမက်ဘူးအချိန်တွေကို
အကျိုးရှိရှိသုံးတတ်သူတွေဖြစ်တယ်။

အချိန်တွေကိုလည်းချစ်သူအတွက်
အလုပ်အတွက်ခွဲခြားစီမံတတ်ပြီလေ

ဘယ်အချိန်ချစ်သူအတွက်
ဘော်ဒါအတွက်အလုပ်အတွက်
သူအကန့်လိုက်ဆိုပါတော့
ဒါကြောင့်လူပျိုကြီးကိုချစ်သူဖြစ်ရွေးသင့်ပါတယ်။😃

လူပျိုကြီးဆိုတာရည်းစားမရှိလိုမဟုတ်ဘူး♥
အမှန်တကယ်မြတ်နိုးတဲ့true love ကိုရှာနေတာ။
ရှုပ်ပွေသူတွေကလူပျိုကြီးဆိုတဲ့ဂုဏ်ကို
ဘယ်ထိန်းနိုင်မလဲ
ခုခေတ်လည်းကြည့်၁၆မှမကျော်ရည်းစား
နံပါတ်တွေမှတ်ရေဖို့တောင်နိုင်ပါဘူး။
ဒါကြောင့်
အချစ်စစ်အချစ်မှန်ဆိုတာကိုမြတ်နိုးမယ်ဆို
လူပျိုကြီးကိုဘဝလက်တွဲဖို့မငြင်းသင့်ဘူးကွယ်✌

😃★လူပျိုကြီးဆိုတာအသက်၃၀ကျော်ဆိုတော့
ရင့်ကျက်တည်ငြိမ်သူတွေဖြစ်တယ်။
လူငယ်ချာတိတ်လိုကလေးကလားဆန်ဆန်စိတ်မများဘူး
ပြီးတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ၊လမ်းညွှန်မှုတွေကိုနဲ့
အကြံဥာဏ်ပေးနိုင်သူဖြစ်တယ်။
ဒါကြောင့်လည်းတည်တည်ငြိမ်ငြိမ်နဲ့
ရပ်ကွက်တွေရွာတွေမှာဆို starပေါ့။

လူပျိုကြီးကိုတော့အီစကလီလည်းသွားမလုပ်နဲ့
ကျားခေါင်းသန်းရှာသလို
အဖက်ကိုလုပ်မည့်သူတွေမဟုတ်ဘူး။☀

သူတို့ကအချစ်စစ်ကိုသာရှာတတ်တဲ့သူတွေ
ဒါကြောင့်ဘဝလက်တွဲဖော်ကောင်းအဖြစ်ရွေးဖို့အကောင်းဆုံးပဲဆိုပါတော့။😃

လူပျိုကြီးဆိုတာပတ်ဝန်းကျင်နဲ့အိမ်မှာဆို
အရေးပေးခံရသူဖြစ်တယ်
သူ့ချစ်သူဖြစ်တဲ့သင့်ကိုလည်းချစ်ခင်ကြလိမ့်မယ်။

ဒီတစ်ချက်လေးမမေ့နဲ့
အဖိုးတန်ကျောက်မျက်ရတနာဆိုတာ
နှစ်တွေကြာမှဖြစ်တာလေဒါကြောင့်အဖိုးတန်
ရတနာအဖြစ်လူတွေသတ်မှတ်ကြတာပေါ့။

လူပျိုကြီးဆိုတာလည်းလွယ်တာမှတ်လို့
အနှစ်သုံးဆယ်ကျော်အထိဂုဏ်ပုဒ်တွေ
သိမ်းထားတာ အဖိုးတန်အချစ်သူအတွက်ပေါ့
ဒါကြောင့်မြန်မြန်သာချစ်လိုက်ပါကွယ်။

ဆန်းဝင်း(Y.I.E)


Post a Comment