ငယ်​ရွယ်​စဉ်​​ခေါင်းမာလျှင်​ကြီးလာလျှင်​​ငွေများများရှာနိုင်​သူဖြစ်​တက်​သည်

ငယ်ရွယ်စဉ် ခေါင်းမာလျှင် ကြီးလာလျှင် ငွေများများ ရှာနိုင်သူ ဖြစ်တတ်သည်

ခေါင်းမာပြီး ဆုံးမလို့ မရသည့် ကလေးငယ်များသည် လူကြီး ဖြစ်လာလျှင် ငွေများများ ရှာနိုင်သူများ ဖြစ်လာနိုင်ခြေ များကြောင်း လူဇမ်ဘာ့ရှိ သုတေသန ပညာရှင်များက ပြောဆို လိုက်ပြီ ဖြစ်သည်။

ကလေးငယ်၏ ဉာဏ်ရည် အဆင့်နှင့် လူမှုစီးပွား အခြေအနေများကို ခဏဘေးဖယ် ထားပါက ကလေးငယ်သည် စည်းကမ်း မလိုက်နာတတ်သူ ဖြစ်သောကြောင့် လူကြီး ဖြစ်လာလျှင် ထူးခြားသော နည်းလမ်းများဖြင့် ငွေရှာနိုင်သူများ ဖြစ်လာနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

တူဘင်ဂန် တက္ကသိုလ်မှ မေရီယန်စပင်ဂလာ ဦးဆောင်ပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။ ပညာရှင် များသည် အသက် (၁၂) နှစ်အရွယ် ကလေးငယ် (၁၂) ဦးတို့၏ စာသင်ကျောင်း တက်ရောက်မှု အခြေအနေ၊ ဉာဏ်ရည်နှင့် နေအိမ် အခြေအနေတို့ကို လေ့လာခဲ့သည်။

ထို့ပြင် ယင်းကလေးငယ်များ လူကြီး ဖြစ်သည့် အချိန်တွင် ပြန်လည် လေ့လာမှုကို ပြုလုပ်ကာ ရလဒ် နှစ်ခုကို တိုက်ဆိုင်မှုများ ပြုလုပ်ခဲ့သည်။ ငယ်ရွယ်စဉ်တွင် ခေါင်းမာပြီး စည်းကမ်း ချိုးဖောက် တတ်ပါက ကြီးပြင်း လာလျှင် အလုပ်တွင် အောင်မြင်မှု ရတတ်ပြီး ငွေလည်း များများရှာနိုင် တတ်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

အကြောင်းမှာ ပြောလို့ ဆိုလို့ မရသည့် ကလေးများသည် ပိုမို ပြိုင်ဆိုင် တတ်ပြီး ရည်မှန်းချက်လည်း ကြီးတတ်သောကြောင့် ဖြစ်သည်။ တစ်နည်းဆိုသော် ငယ်ရွယ်စဉ်တွင် စည်းကမ်း ချိုးဖောက် တတ်သူများသည် ကြီးလာလျှင် ကိုယ်ကျိုး စီးပွားကို ဦးစားပေးတတ် သူများ ဖြစ်လာလေ့ ရှိတတ်သည်။

Source:DM
messenger news journal


Post a Comment