onlineပေါ်က စနေမျင်ရည်

#Onlineပေါ်က စနေ မျက်ရည်#(စ/ဆုံး)
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
#Writer'''နေရှင်မင်း
''''''''''''''''''''''''''''''''''''''''''''

'''Hi'''' သူမထံက ပြန်လာတဲ့  messလေးတစ်စောင်ကြောင့်
သော်ကောင်းကင် ပျော်သွားမိသည်.
အဲ့ဒီနောက်တော့ သော်ကောင်းကင်၏ ခင်မင်ဖော်ရွေတဲ့
စိတ်ကြောင့် သူမနဲ့အချိန်အတန်ကြာသည်အထိ Chat boxမှာ
စကားတွေ အပြန်အလှန်ပြောဖြစ်ခဲ့ရင်းးးသော်ကောင်းကင်အတွက်
ပထမဆုးံသော Face book ပေါ်မှာ ရင်ခုန်ခဲ့ရသည့်မိန်းကလေးက သူမပင်……

သော်ကောင်းကင် သူမနဲ့ friend ဖြစ်ပြီးနောက်ပိုင်း
chat box မှာမပြောဖြစ်ခဲ့သော်ငြားလည်း
သူမတင်သမျှ သနပ်ခါးလေးနဲ့ ချစ်စရာပုံလေးတွေ saveလုပ်
သူတင်တဲ့ statusလေးတွေ ဖတ် cmtမှာ ဝင်ညောင့်တဲ့
boyတွေကြည့်ပြီး တစ်ယောက်တည်းကြိတ်ပြီး အကုသိုလ် များဖြစ်ခဲ့သည်သာ………
ဒီလို အချိန်တွေ တစ်လလောက်ဖြတ်ကျောါခဲ့ပြီးနောက်တော့…

Face book ထဲက friend ဟူသော Eng စာလုံးလေးအတိုင်း
ဒီနေ့မှာတော့ Chat box လေးမှာစကားတွေ အပြန်အလှန်ပြောဖြစ်ခဲ့ကာ ထိုfriend ဟူသော Eng စာလုံးလေးက ပို၍အဓိပ္ပာယ် ရှိသွားကာ
လေလှိုင်းပေါ်က သူငယ်ချင်းဘဝကို သော်ကောင်းကင်နှင့်နန်းဆိုင်သွယ် ပိုင်ဆိုင်ခဲ့ကြလေပြီထင့်…………
ဒီလိုအခြေအနေ ရောက်အောင် ပြုလုပ်ပေးခဲ့သည့် နိဒါန်းလေးကတော့ ဆေးထိုးpostလေးကနေပဲပေါ့ဗျာ……

မနက်ရောက်ပြီ ဆိုလျှင် lineတတ်ပြီးသူမကို GoodMorning
ဟူသော messလေးပို့ရသည်က သော်ကောင်းကင်အတွက်
မနက်အိပ်ယာထချိန် ပထမဆုံးလုပ်ရသည့်အလုပ်လေးဖြစ်လာတော့သည်………
တနေ့ထက်တနေ့  ခင်မင်မူက ညောင်မြစ်သဖွယ် ခိုင်မာလာသည့်အချိန်မှ သူမ ရဲ့ နေရပ်လေးနဲ့ph numberကို
သော်ကောင်းကင် သိခွင့်ရပေသည်………
သော်ကောင်းကင် တစ်ယောက် သူမရဲ့ နေရပ်လေးကို ph Noteလေးထဲမှာ ထည့်မှတ်ကာ ph number လေးက contact favorite လေးမှာ ထည့်မှတ်လို့ ညရောက်တိုင်း
လက်လေးတပြင်ပြင်သာ ရှိ၍ phခေါ်ဖို့တော့ သော်ကောင်းကသ်တစ်ယောက် ကြောက်ရွံ့နေမိသည်………

သူမနေထိုင်ရာ အရပ်က ရှမ်းပြည်နယ် တောင်ကြီးမြို့
သော်ကောင်းကင် တည်ရှိရာက လူစုံတဲ့ ရန်ကုန် မြို့မတူသော်ငြား
'''လာချင်ရင်အနီးလေး'''ဘဝမို့ သော်ကောင်းကင်တစ်ယောက် တနေ့ သူမကို အပြင်မှာ ချစ်ခွင့်ပန်မည်ဟူသော အတွေးလေး
ဦးနှောက်ထဲ main point ကထည့်လို့ နန်းဆိုင်သွယ်ဟူသော
ကောင်မလေးနဲ့ သူငယ်ချင်းအဖြစ်ကနေပဲ တိတိတဆိတ် ဘယ်သူမှမသိတဲ့ Key Boardလေးရဲ့နောက်ကွယ်ကနေ ရင်ခုန်ခဲ့ချေတော့သည် ''ဒါဟာ'' လူတွေ ပြောပြောနေတဲ့ Onlineအချစ်ဆိုတာ သော်ကောင်းကင်တစ်ယောက် ရင့်ကျက်သလိုနဲ့ကလေးဆန်တယ် မာနကြီးသလိုနဲ့ပေါတောတောလေး ဟန်ပန်ရှိသော သူမနှင့်မှ
ကြုံတွေ့ခဲ့သည်က မှန်သောသစ္စာစကား တစ်ရပ်ဆိုပါတော့ဗျာ…

နေ့တနေ့ ရဲ့  တိတ်ဆိတ်ပြီးကြယ်ရောင်လရောက်ကင်မဲ့သော ညတည……………
ညည့်နက်စပျိုးလာသည့်အခိုက် အာကာတစ်ခွင် မဲမဲမှောင်လို့
ချမ်းစိမ့်ခြင်းအလျဉ်းရှိသည့်လေတဟူးဟူးက
ဝရံတာမှာ ရပ်ကာ အနက်ရောင်အာကာပြင်ကို ငေးမောရင်း
အတွေးလွန်နေသူ သော်ကောင်းကင်ကို တိုက်ခတ်ကျီစယ်လျှက်…
'''နန်း  ရယ် phလဲစက်ပိတ်ထားတယ် တနေ့လုံးလဲlineမတတ်ဘူး
ဘာတွေများဖြစ်နေလို့လဲ  နေပဲမကောင်းလို့လား ငါ့ကိုပဲမခင်တော့တာလား'''
မရေရာတဲ့မတွေးပေါင်းများစွာနဲ့  သော်ကောင်းကင်တစ်ယောက်
phလေးကို ကျစ်ကျစ်ပါအောင်ကိုင်ရင်းးးညည့်နက်တဲ့ညကို
အိပ်စက်ခြင်းနဲ့မဖြတ်သန်းပဲ လွမ်းဆွတ်ဝမ်းနည်းခြင်းတို့နှင့်
နာရီသံချက်တိုင်းကို တရွေ့ရွေ့ ခရီးနှင်ကာ
ဤညသည်ကားးးမိုးစက်တို့ အငြိုးတကြီး ကြွေဆင်းလာသော
မိုးစက်များနဲ့အတူ လွမ်းဆွတ်မြည်တမ်းနေသော သော်ကောင်း၏
နှလုံးသားကို ရေများကတိုက်စားဖဲ့ခြေလိုက်သလိုပင်……………

မနက်ခင်းလေးးးနေခြည်လေးးမတောက်ပနိင်သေးပါ……
သို့သော် အလင်းရောင် မှိန်ဖျော့ဖျော့ကတော့ တိမ်နံရံတွေအနောက်ဘက်က ထိုးဖောက်ကျဆင်းနေချိန်…
'ည'က အငြိုးတကြီး တဝုန်းးဝုန်းးရွာချထားသော မိုးက
ယခုတော့သူမဟုတ်သလို ပကတိငြိမ်သက်နေလျှက်……
သို့သော်ငြားးးရွဲရွဲစိုနေသော မြေပြင်နှင့်သစ်ပင်ပန်းပင်များစွာကတော့…
အေးစက်ခြင်းနဲ့အတူ မနက်ခင်းလေးကို နိုးထလာခဲ့လေပြီ……

မနက်ခင်းးးလေးနဲ့အတူ သော်ကောင်းကင်
နန်းဆိုင်သွယ်ထဲ 'Good Morning'ဟူသော
messလေး ပို့ကာ…… ကန်ဘောင်ဘက်သို့ အားကစားဝတ်စုံအနီရောင်လေးဝတ်ဆင်ကာ အေးစက်တဲ့လေထုထည်ထဲ ထိုးဖောက်ပြေးလို့ ''ကျန်းမာရေး''
ဟူသော ခေါင်းဆောင်အောက် ''good''ဟူသော
စာတန်းလေးထိုးနိင်အောင် မနက်ခင်းစောစော ထပြေးတတ်သည်ကတော့ သော်ကောင်းကင်ရဲ့လှုပ်ရှားမူတွေထဲကတစ်ခုပင်……………
သော်ကောင်းကင် ပြေးလွှားနေသော ခြေလှမ်းများတုန့်ကနဲ
ရပ်လိုက်မိသည်…အကြောင်းကတော့…
'''Hello''' နန်းဆိုင်သွယ် ထံမှ phဝင်လာခြင်းကြောင့်ပင်
သော်ကောင်းကင်တစ်ယောက် ချေစို့နေသော နူတ်ခမ်းလေး
ပြုံးရင်းးးရင်ထဲနွေးကနဲနေအောင်ခံစားရအောင်ပြုစာနိင်သည်က
'နန်းဆိုင်သွယ်' ခေါ်ဆိုသော ph Ringtoneလေးကြောင့်ပင်…
'''ကောင်းကင်လား''' ချိုသားပြီးကလေးဆန်ဆန်စကားဝဲတလဲလေးကလဲ
သော်ကောင်းကင်၏နှလုံးသားတထောင့်တနေရာက အချစ်ဆိုင်းပုဒ်လေးကို လေဝင့်သွားသလို ယိမ်းထိုးစေမိသည်…
'''အွန်း နန်း ညက ဘာလို့လဲ ကောင်းကင် တညလုံးမျှော်နေတာ
နေမကောင်းတာလားဟင် ခုကောဆေးသောက်ပြီးပြီလား'''
စိုးရိမ်ခြင်းနဲ့ အလောတကောပြောချသွားသော
သော်ကောင်းကင်ရဲ့စကားလေးအဆုံးမှာတော့
'''ဟုတ်တယ် နန်း မနေ့ညနေက မိုးမိပြီးတော့ ညရောက်တော့ဖျားကော ဆေးသောက်ပြီးးအိပ်လိုက်တာ
ညသန်းခေါက်လောက်ကြီးပြန်နိုးနေတယ် ကောင်းကင် ခေါ်ထားတဲ့ missed callတွေတွေ့တယ် အိပ်နေပြီထင်လို့
အခုအိပ်ယာနိုးမှ ပြန်ခေါ်လိုက်တာ'''

'''အွန်းးးနန်းအဲ့ဒါဆို အခု မျက်နှာသစ်တော့လေ ပြီးရင် မနက်စာစားရမယ် ဆေးသောက်ရမယ် အဲ့ဒါတွေပြီးရင်လိုင်းပေါ်ခဏတတ်ခဲ့'''
သော်ကောင်းကင်မှာကြားမူစကားလေပြေလေးတွေအဆုံးတော့
'' ဟုတ်ကဲ့ပါချင့်''ကလေးလေးတစ်ယောက်လို ချွဲနွဲ့နွဲ့လေသံလေး
မနက်ခင်အစော နေထွက်စအလှအပနဲ့ထက်ပင် သာယာစရာကောင်းနေပေသည်…………………

ph ချသွားပြီးနောက်တော့…

'''သြော်နန်းရယ် ညက ကောင်းကင်မအိပ်ခဲ့ပါဘူး
တညလုံးသတိရ နေတယ်ဆိုတာ နန်းကိုပြောရင်ယုံမှာလား'''
အတွေးလေးကို နူတ်ခမ်းထက်က ခပ်ဖွဖွရေရွတ်ရင်း
'''ဟူးးး''သက်ပြင်းလေးတစ်ချက်နဲ့အတူ ပျော်ရွှင်စိတ်ကလေး
တပြန်ခြုံလို့  ကန်ဘောင်လေးထက် ဆက်လက်ပြေးထွက်ခဲ့တော့သည်………
ပြေးနေသည့် ခြေလှမ်းတွေ နန်းနဲ့phပြောပြီးချိန်မှာတော့ ပို၍ပင်
သွက်လွက်လန်းဆန်းလာခဲ့တော့သည်……

''''စိတ်တွေအရမ်းညစ်တယ်'''' သူမတင်ထားသော
status လေးတွေ့မြင်ပြီးနောက်တော့…
သော်ကောင်းကင်တစ်ယောက် ရင်ထဲ ငရဲကျလို့
လက်ထဲကphပင်လွတ်မကျမိအောင်ထိန်းရင်းးး
cmt ထဲဝင်လိုက်တော့ ''ညစ်ရင်ရေဆေး''တဲ့ နောက်ပြောင်ပြောင်ရေးထားတာ Naing ဆိုသော
First comment ကိုဖတ်ပြီးဒေါသထွက်သွားမိသည်……
second  comment လေးမှာတော့ သော်ကောင်းကင်
''ဘာဖြစ်လို့လဲ?'' အမေးလေးသာ ment လိုက်ပေမယ့်
ရင်ထဲမှာတော့ ကဋေနဲ့ချီတဲ့ အတွေးတို့ ဟိုမှသည် ညည်မှဟို
လွင့်မျောနေမိတော့သည်……
အဲ့ဒီနောက် သော်ကောင်းကင် line outကာ
ရေမိုးချိုးပြီး သူ၏ မေမေနေမကောင်းတာကြောင့်
cooffeeဆိုင်လေးကို သော်ကောင်းကင်ပဲ ကားလေးမှန်မှန်မောင်းရင်းရန်ကူန်မြို့ရဲ့ ကတ္တရာလမ်းမထက်ကနေ coffee ဆိုင်လေးဆီသို့ ဦးတည်
မောင်းနှင်ခဲ့တော့သည်…………

ဆိုင်လေးသို့ရောက်သည်နှင့် …
ဝန်ထမ်းမလေး၅ယောက် ဝန်ထမ်းကောင်လေး၃ယောက်နဲ့အတူ
ဆိုင်လေးထဲ လုပ်စရာရှိတာလေး လုပ်ပြီးသည်နှင့်
ကောင်တာလေးမှ ထိုင်ကာ……
ph လေးထုတ်ပြီး lineပေါ်တတ်ခဲ့တော့ ''Hi''သူမဆီက
messလေးဝင်လာသော်ငြားသူမကတော့'' 32min ago''
ဖြစ်နေချေပြီ………Noti တတ်နေသော replay com ကို
ကြည့်လိုက်တော့……'''ကောင်လေးတစ်ယောက်ကြောင့်ပေါ့'''
ဟူသော သူမရဲ့ replay mentလေးဖတ်ပြီးနောက်တော့ဟ
စိတ်ထဲ မတင်မကျနဲ့  သူမ မှာချစ်သူရှိနေတာလား?
အတွေးလေးနဲ့အတူဟ ငေးငေးငိုင်ငိုင်ရှိနေသည်ကို…
ဆိုင်ကဝန်ထမ်းလေးတွေပင် သတိထားမိကြသည်…
'''သြော် မမျှော်လင့်ပဲ လေလှိုင်းထဲ အချစ်လေးတစ်ခုကို
ငါပျံသန်းရင်းးဝင်ရောက်တိုးခဲ့မိပြီကို'''
အတွေးလေးနဲ့ နှလုံးသားလေးရဲ့ စစ်ဆေးချက်အရ
''တကယ်ချစ်မိနေပြီတဲ့လေ''……………

'''ဘယ်ကောင်လေးကြောင့်စိတ်ညစ်နေရတာလဲနန်း'''
နေ့လယ်ပိုင်းထမင်းစားပြီးချိန်လောက်မှာတော့……
Chat boxလေးမှာ သူမနဲ့သော်ကောင်းကင်စကားပြောဖြစ်တော့သည်…
နန်း-'''ကောင်လေးတစ်ယောက်ကြောင့်ပါဆို'''
'''ဘယ်သူလဲ နန်းချစ်သူလေးလားဘာလုပ်လို့သူက'''
နန်း-'''အာ…နန်းမှာ ချစ်သူရှိပူးဆိုနေ'''
'''ဟင်  အဲ့ဒါဆို ဘယ်ကောင်လေးကြောင့်တုန်း'''
နန်း-'''Crushလေးကြောင့်ပေါ့ သူကို ဒီက Crushနေရတာ
သူကတော့ မသိချင်ယောင်ဆောင်နေလား သိပဲမသိတာလားတော့ မသိဘူးးး'''
''''ဟုတ်လားးးနန်းကချစ်ရတဲ့ ကောင်လေးတွေ့pပေါ့လေ''
နန်း-""တွေ့p  ချစ်တာထက်ကို ပိုတာ'''
'''အယ် ကောင်လေးတော့ ကံကောင်းတာပဲ နန်းလို ချစ်စရာကောင်းတဲ့ကောင်မလေးအချစ်ခံရတာ'''
နန်း-'''အာ……ခုထိ မသိချင်ယောင်ဆောင်နေတာလား?''''

သူမ ပို့လိုက်တဲ့ ထို messလေး ဖတ်ပြီးချိန်တော့
'''ငါ့ကိုများလား''' အတွေးလေးနဲ့ သော်ကောင်းကင်ကြည်နူးသွားမိသည်……

''''ဟင်''''
နန်း-'''ကဲ  ဟော့ဒီက နန်းက ရှင်ကြီးကို ချစ်နေပါပြီ မသိတာလားမသိချင်ယောင်ဆောင်နေတာလား'''
'''ခ်ခ်  တကယ်ပေါ့နော် နန်း ကောင်းကင်က မပြောရဲလို့ပါ
နန်းထက်တောင် ဦးသေးတယ် ဒီကချစ်နေရတာ'''
နန်း-'''သွားအပိုတွေ အခုမှ သူများပြောတိုင်းလိုက်ပြော'''
'''မဟုတ်ပါဘူးးးကောင်းကင်က နန်းစိတ်ဆိုးသွားကြောက်လို့'''
နန်း-'''ခ်ခ်  ဆိုးပူးးး ဒါပေမယ့်   နန်းကိုအထင်မသေးရဘူးနော်
မေမေခေါ်နေလို့ဆင်းပြီ'''
'''တာ့တာ''''

'''ဟေးးးး'''' သော်ကောင်းကင် လက်နှစ်ဖက်လေပေါ်မြောက်လို့
ထအော်တော့ ဆိုင်ထဲရှိဝန်ထမ်းနဲ့စားသုံးသူအချို့ အကြည့်တွေရောက်လာတော့ သော်ကောင်းကင် မခို့တရို့ပြုံးရင်း
ပြန်ထိုင်နေလိုက်ကာ………
'''နန်းရယ် ပျော်လိုက်တာ အရမ်းချစ်တာအဲ့အကျင့်လေးတွေကြောင့်'''
အတွေးလေးနဲ့  နန်းဆိုင်သွယ် သူမရဲ့

လေလှိုင်းလေးထဲ
''ကိုကို'' ''ကိုကို'' အခေါ်အပြောလေးတွေနဲ့  ကြည်နူးရင်း
အပြုံးတို့ ထပ်ဆင့်ထပ်ဆင့်နဲ့  နေ့ရက်တိုင်းကတော့
Onlineပေါ်ကအချစ်နဲ့ အရောင်တွေတောက်ပနေခဲ့ချေပြီ……
ဒီလိုနဲ့  တခါတလေတော့လဲ  ဝင်ညောင့်တဲ့ cmtလေးတွေကြောင့်
ရန်ဖြစ်လိုက် ချစ်လိုက်နဲ့  Key Board လေးပေါ်ကသော်လည်းကောင်း ph speakerလေးကသော်လည်းကောင်း နားလည်မူတွေဝေမျှရင်း
ချစ်သူသက်တမ်း ခြောက်လ ပြည့်ခဲ့ချေပြီ…………
နှစ်ဦးကြားထားရှိတဲ့  ကတိလေးကတော့  
ချစ်သူသက်တမ်း  တစ်နှစ်ပြည့်တဲ့နေ့မှာ  နှစ်ယောက်သား
လက်တွေ့ဘဝကြီးထဲ မှာ ဆုံတွေ့ကြမည်ဟုပင်……

Onlineထက်ကချစ်သူသက်တမ်းလေးတစ်လျှောက်တော့
photo လေးတွေ song လေးတွေနဲ့ နှစ်ယောက်သား
ပျော်ရွှင်ကြည်နူးခဲ့ရသလို တခါတလေတော့ ရန်ဖြစ်စရာလေးတွေကြုံလာတတ်သည် ကလေးဆန်ဆန်
''ကိုကို''ခေါ်ပြီး ရစ်တတ်တဲ့ ချစ်သူလေးကို ခွင့်လွှတ်ပေးခဲ့သူက
သော်ကောင်းကင်ပဲ ဒီတော့လဲ အနိင်အရှုံးရယ်လုနေစရာမလိုပဲ
ချစ်ခရီးလမ်းက ပန်းတွေဝေခဲ့တော့သည်ဟုပင်
တင်စားရပေမယ်တကား……………

နေ့တနေ့ ရဲ့ မနက်ခင်းလေးတစ်ခု………
မိုးစက်လေးက မသည်းမဆဲ  တဖွားဖွားနဲ့  မှိုင်းညို့နေသော
တိမ်ဆိုင်တိမ်တိုက်တို့ကို ကြည့်ရင်းးးရင်ထဲ ပူလောင်နေမိသူက
သော်ကောင်းကင်…………
'''နန်းရယ်  ဘာမျဖြစ်လို့လဲ'''
အတွေးလေးနဲ့အတူ  မနေ့ကတနေ့လုံးလဲ လှိုင်းမတတ် phခေါ်တော့လဲ မကိုင်သည့်အတွက် မနက်စာပင်မစားနိင်
သော်ကောင်းကင်တစ်ယောက်ငေးငိုင်နေမိသည်………
သူတို့နှစ်ယောက်ရဲ့   ကတိလေး အကောင်အထည်ဖော်ဖို့နေ့ကလဲ နှစ်လလောက်သာလိုပေတော့သည်ကိုး…………
'''သားရေ'''  အခန်းပြင်မှ ခေါ်သံကြောင့်………
တွေးလက်စအတွေးတို့ကို ရပ်လိုက်ကာ
'''ဗျာ မေမေ'' ထူးသံနဲ့အတူ  သော်ကောင်းကင်အခန်း
တံခါးလေးဖွင့်ပေးလိုက်တော့………
'''သားရေ ခဏနေကျရင် မေမေနဲ့ အပြင်သွားကြမယ် လိုက်ခဲ့ရမယ်
ဝယ်စရာတွေ အများကြီးပဲသား  ဆိုင်အတွက်ကောအိမ်အတွက်ကော''''
'''ဟုတ်အမေ သားရေချိုးပြီးဆင်းလာခဲ့မယ်'''

သော်ကောင်းကင်  ရေမိုးချိုးပြီး အဝတ်အစားလှဲကာ အခန်းထဲရှိမှန်လေးရှေတွင် ဆံသားတို့ကို spray နဲ့ ပုံသွင်းလိုက်စဉ် မှန်ထဲတွင် ရိပ်ကနဲ ဖြတ်လျောက်သွားသေမိန်းကလေး တစ်ဦးကြောင့်  သော်ကောင်းကင်  ဖျတ်ကနဲ နောက်လှည့်ကြည့်လိုက်တော့ အခန်းထဲ သူတစ်ယောက်သာ………
''ငါညက အိပ်ရေးပျက်ထားလို့နေမှာပါ'''အတွေးလေးနဲ့
ပြင်ဆင်ပြီးချိန်မှာတော့……အပေါ်ထပ်လှေကားထစ်လေးဆင်းလာတော့ အောက်ထပ်တွင်အသင့်စောင့်နေသော အမေဖြစ်သူနဲ့အတူ
ခြံဝန်းထဲက ကားလေးထွက်ခွာလာရင်း ပထမဆုံး မုန့်စားမည်ဆိုသော်ကြောင့်  ''Rose''' ဆိုင်လေးသို့ ဦးတည်မောင်းလာလိုက်တော့သည်………………………
ဆိုင်ထဲဝင်မည်အလုပ်*
'''ဟင်'''
'''ဘာဖြစ်လို့လဲသား'''  အမေဖြစ်သူရဲ့  အမေးစကားကိုပင်သတိမမူ
''ဖျတ်ကနဲ'' သော်ကောင်းကင် လှည့်ကြည့်လိုက်တော့ သူတို့နောက်တွင် မည်သူမျှရှိမနေ………
ဆိုင်အဝင်တံခါးမှန်မှာ ဂါဝန်အဖြူလေးနဲ့ မိနိးကလေးတစ်ဦး
သော်ကောင်းကင် အသေအချာတွေ့မြင်လိုက်ပါသည်…
'''ဟူးးးး'' သက်ပြင်းတချချနဲ့  စတော်ဘယ်ရီ အအေးသောက်ရင်း
phလေးထဲ lineဖွင့်ကာ နန်းဆန်သွယ် onlineတတ်အလာကို
စောင့်လိုက် phခေါ်ကြည့်ပြန်တော့လဲ စက်ပိတ်ထားသည်တဲ့လေ
'''သားဘာတွေယောက်ယက်ခတ်နေတာလဲ phတစ်လုံးနဲ့'''
မုန့်စားနေသူ မေမေမေးတော့ အဖုံးအကွယ်မရှိ…
အမှန်တိုင်းပင် သော်ကောင်းကင် ဖြေလိုက်တော့……
'''သားရယ် onlineအချစ်ကို ယုံမိတာကိုး ကဲ မေ့လိုက်တော့လှိုင်းပေါ်ကအချစ်လေထဲမှာပဲ ပျောက်မှာပဲ'''
အမေရဲ့စကားကို သော်ကောင်းကင် လက်မခံနိင်ပါ………
နန်းဆိုင်သွယ်ကို သော်ကောင်းကင် လုံးဝယုံကြည်နေမိသည်…
''သူနေမကောင်းလဲ အကြောင်းလေးတော့ကြားသင့်ပါတယ်''
အတွေးလေးနဲ့အတူ… အမေဖြစ်သူနဲ့ တမနက်လုံးဈေးဝယ်သွားအပြီးမှာတော့………
'''ကဲသား နေ့လယ်စာ အပြင်မှာပဲ စားစို့'''
''ဟုတ်အမေ''' သော်ကောင်းကင် ''မြန်မာ''ဟူသော
ထမင်းဆိုင်လေးရှေကားရပ်ကာ နေ့လယ်စာအတွက်
ထမင်းနဲ့ ဟင်းအမယ်မျိုးစုံမှာကာ စားရင်းသောက်ရင်း
သားအမိနှစ်ယောက်phသုံးနေကြတော့သည်………
ထိုစဉ်………ဆိုင်ရှေတွင် ဒရွတ်တိုက်ဆွဲကာ သွားနေသော
လူကြီးတစ်ဦး က ဆိုင်ထဲ လက်ညိုးထိုးကာ
'''သရဲမ  သရဲမ သရဲမ''' အော်နေသည့်အခါမှာတော့
'''သွားးးသွားးးဘာတွေဘာအော်နေတာတုန်း'''
ဆိုင်မှ ဝန်ထမ်းကောင်မလေးမောင်းထုတ်လိုက်တော့
တတွတ်တွတ်ရွတ်ရင်းးး ဒရွတ်ဆွဲကာ ထွက်သွားတော့သည်
ထိုအခါမှ သော်ကောင်းကင်လဲ အကြည့်တို့လဲ ထမင်းဝိုင်းပေါ်
ပြန်လည်ရောက်ရှိလာတော့သည်…………

'''ဟူးးးး'''ညအရောက်မှာတော့  တနေ့လုံးသွားလာထားသဖြင့်
ညောင်းညာမူကြောင့်  ကုတင်ပေါ် ရေမိုးချိုးပြီးတာနဲ့
ပစ်လှဲနေလိုက်တော့သည်………
'''နန်းရယ် ဘာများဖြစ်လို့လဲ ''စိတ်ကလေးကတော့ ယခုထိ
lineပေါ်တွင်မရှိသော သူမနဲ့ ပြောထားသော chat boxလေးကို
ကြည့်ရင်း မျက်ရည်စလေးတစ်စ ပါးပြင်ပေါ် ကျဆင်းမိသည်
''ငါ့ကိုမျက်ရည်ကျအောင်ပင် လုပ်နိင်ပြီ''' အတွေးလေးနဲ့
phကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အိပ်ယူထက်မှာ လူးလိမ့်နေမိတော့သည်………
ညသည်ကားအိပ်ပျော်မှန်းမသိပင်………
အိပ်ပျော်သွားခဲ့တော့သည်………
မနက်ခင်းအိပ်ယာနိုးထချိန်မှာတော့  မိုးစက်မိုးမူန်တွေ နဲ့လောကကြီးက ငိုကြွေးကာ ညိုမည်းနေလေတော့သည်
'''Hi''' မနက်ခင်း lineလေးဖွင့်လိုက်သော
ဝင်လာသော messလေးကြောင့် သော်ကောင်းကင်
ပျော်ရွှင်သွားမိသည်………
'''နန်း  ဘာလို့ပစ်ထားရတာလဲ ဒီမှာဘယ်လောက်စိတ်ပူနေလဲသိရဲ့း phခေါ်လိုက်မယ်'''

'''မခေါ်နဲ့ကိုကို'''

'''ဟင်  ဘာလိုတုန်း  ကိုယ့်ချစ်သူလေးသံပဲ ကြားချင်လှပြီ'''

'''နန်း ဖေဖေအလုပ်ထဲလိုက်လာတာ phမပြောရဘူးးး'''

'''အော်ဟုတ်ပါပြီ  ဘာပဲပြောပြောခုမှပဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်'''

'''ခ်ခ် ဟုပါp မနေ့ကနေမကောင်းလို့ပါ''''
အဲ့ဒီနောက်တော့ နှစ်ယောက်သားစကားလေးတွေ ကောင်းခဲ့ကြကာ မိုးမှောင်နေသော လောကအလယ် တောက်ပသောအပြုံးတစ်ပွင့် ဖန်ဆင်းလိုက်သူက
သော် ကောင်း ကင်…………

''''အကိုလေးးးအကိုမေမေ  မူးလဲသွားလို့'''
'''ဟေ'''  ဝန်ထမ်းမလေးရဲ့  စကားသံကြောင့်……
မျက်နှာသစ်လိုက်ကာ မိုးစက်မိုးမူန်များပြည့်နှက်နေသော
ပတ်ဝန်းကျင်ထဲ ကားကို စိုးရိမ်စိတ်ကြောင့်
သော်ကောင်းကင် အရှိန်ပါပါ မောင်းနှင်ရင်းးးး
ကော်ဖီဆိုင်လေးရောက်တော့………
'''မေမေ'''
'''သတိရနေပါပြီသားရယ် ခေါင်းထဲမိုက်ကနဲဖြစ်သွားတာပါ'''
'''နင်တို့က ဆေးရုံဖြစ်ဖြစ် ဆေးခန်းဖြစ်ဖြစ် ပို့ရကောင်းမှန်းမသိဘူးလားးး'''
သော်ကောင်းကင် အနားရပ်နေသော ဝန်ထမ်းအချို့ကို
အော်လိုက်မိသည်…………
''အကိုလေးကို phဆက်ပြီးတော့ အန်တီက သတိပြန်ရလာတယ်
မပို့နဲ့တော့ဆိုလို့ပါ'''
'''ဟုတ်ပါတယ်သားရယ်''''
အမေစကားကြားမှ '''ဟင်းး''သက်ပြင်းတစ်ချက်နဲ့ အတူ အမေဖြစ်သူဘေးနားဝင်ထိုငနေလိုက်တော့သည်…………

ဆိုင်မှာပင် တမနက်ကုန်လာပြီးနောက်တော့
သူငယ်ချင်းဖြစ်သူ  '''ကျော်ပိုင်''' မန္တလေကနေ ရန်ကုန်တတ်လာပြီ
၃နာရီလောက် လေယျဉ်ဆိုက်မည် လာကြိုပေးဆိုတာနဲ့
သော်ကောင်းကင် အမေဖြစ်သူကို ဂရုစိုက်ရန်
ဝန်ထမ်းလေးမအားးး မှာကြားကာ
လေဆိပ်သို့ မိုးစက်မိုးမူန်များရွဲစိုနေသော လမ်းလေးအတိုင်း
မောင်းနှင်လာလိုက်တော့သည်……
ငယ်သူငယ်ချင်း အရင်းကြဖြစ်သူ  ကျော်ပိုင် ပြန်လာပြီဆိုတော့
သော်ကောင်းကင်တစ်ယောက် ဝမ်းသားလှပေသည်………

'''ဟျောင်'''ခေါ်သံကြောင့် နန်းဆီ လွင့်မျောနေသော
သော်ကောင်းကင်အတွေးတို့ရုတ်သိမ်းလိုက်ကာ…
'''ကျော်ပိုင်'''
''အေးးးဘာတွေငိုင်နေတာတုန်း'''
'''ဒီလိုပါပဲကွာ'''
သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့
လျှောက်လှမ်းလာကြရင်းးး
'''ဟျောင် ကားနောက်ခန်းကဘယ်သူလဲ'''
သူငယ်ချင်းဖြစ်သူ ကျော်ပိုင်စကားကြောင့်
သော်ကောင်းကင် ကြောင်အမ်းသွားမိသည်………
'''ဘယ်သူမှမရှိပါဘူးကွာ'''
'အာ မနောက်နဲ့ကောင်းကင် ဒီမှာလေ''' ကျော်ပိုင်  ပြောရင်းဆိုရင်း တံခါးဖွင့်လိုက်ချိန်မှာတော့…………
''''ဟင်''' အထဲတွင်မည်သူမျှရှိမနေ ကျော်ပိုင် အံ့အားသင့်သွားသည် '''ငါခုနက တကယ် မိန်းကလေးတစ်ယောက်ထိုင်နေတာတွေ့ရတာပါ''' အတွေးကိုတော့ စိတ်ထဲမှာပင် ထားလိုက်တော့သည်
'''တွေ့လား ဘယ်သူမှရှိမနေပါဘူးးး''
'''အေးးပါ  ငါအမြင်မှားတာ''' ကျော်ပိုင်ဖြေလိုက်ရပေမယ့်
စိတ်ထဲမှာတော့ မတင်မကျ……………

''''အမေ……ဒီမှာသားသူငယ်ချင်းးးလေ ကျော်ပိုင်''
''အေးးးကြည့်စမ်းထွားလာလိုက်တာ'''
အဲ့ဒီနောက်တော့ သုံးယောက် စကားဝိုင်းလေး စည်ကားခဲ့တော့သည်…… ညနေစောင်းလောက်ရောက်ချိန်မှာတော့
''အမေရေ  ဒီကောင်ကြီး   နားချင်ပြီတဲ့  သားသူဝယ်ထားတဲ့တိုက်ခန့်လိုက်ပို့ပေးလိုက်ဦးမယ်နော်'''
'''အေးးးအေးးးသား'''
အဲ့နောက်တော့ မိုးများလဲ စဲစပြုနေကြသော
လမ်းမထက်  ကျော်ပိုင် တိုက်ခန်းလေး ဘက်သို့ ဦးတည်မောင်းခဲ့တော့သည်……………………………

''''ကဲဟျောင်ငါပြန်တော့မယ် ဒီတိုက်ခန်းနော်နောက်မှလာလည်မယ်'''

'''အေးးအေးးး ၂၃နော်'''

'''ok'''
သူငယ်ချင်းဖြစ်သူ ကျော်ပိုင်ကို နူတ်ဆက်ကာ
မှောင်ရီစပျိုးလာသည့်အခိုက် ကားလမ်းကြပ်တာကြောင့်
ရပ်ကွက်လေးတစ်ခုထဲ ချိုးဝင်ကာ လမ်းကြိုလမ်းကြားက
သော်ကောင်းကင် မောင်းဝင်လာလိုက်တော့သည်…
တနေရာအရောက်…………
''ဟူးးးး''' ကားထိုရပ်သွားတော့သည်………
ကားပေါ်က ဆင်းလိုက်ကာ
'''ကားက ဘာဖြစ်တာလဲကွာ'''အတွေးနဲ့အတူ
စက်ဖုံးဖွင့်လိုက်ပေမယ့် သော်ကောင်းကင်နားမလည်တာကြောင့်
ph ယူကာအမေဖြစ်သူထဲ ခေါ်လိုက်တော့သည်………
'''အင်းသား အမေကို ဆိုင်မှာလာမခေါ်တော့နဲ့ အမေနားချင်လို့
Taxi ပြန်နှင့်ပြီ ငါ့သားလေးလဲ လမ်းကြပ်တာမစောင့်ရတော့ဘူးပေါ့ အိမ်ပဲတခါတည်းလာခဲ့သား ကားလဲဖြေးဖြေးမောင်း'''

'''အင်းးအမေ ကားက ထိုးရပ်သွားလို့  'ဒူဝံလမ်းကြား''မှာအမေ''

''အေးးအေးးအမေ ဝပ်လျှော့ကို phဆက်လွတ်ပေးလိုက်မယ်
သားအေးဆေးစောင့်နေ'''

'''ဟုတ်အမေ'''
phချသွားသည်နှင့် ကားထဲ……
ဝင်ရန်ပြင်လိုက်စဉ်
'''နန်း''' ကားထဲတွင်တွေ့လိုက်ရသည့်အတွက် အံ့သြသွားမိသည်
သို့သော် မျက်စိတစ်မှတ်အတွင်း ပျောက်ရှသွားသည်……
''ဟူးးးငါဘာတွေဖြစ်နေတာလဲကွာ'''အတွေးလေးဘေးဖယ်လိုက်ကာကားထဲဝင်ထိုင်ရင်း lineပေါ်တန်လိုက်တော့……
နန်းဆိုင်သွယ်နဲ့စကားလေးပြောရင်း ဝပ်လျှော့ဆရာကို
စောင့်နေမိတော့သည်…………
'''ဟေးးးးနန်း စားPp lr?

" pပါp ကိုကို ကော'''

'''omm ကိုယ်တို့   တွေ့ရမယ့်  ရက်လေးးနီးနေပြီနော်''
ထို messလေး ပို့လိုက်ချိန်မှာတော့
ကားနောက်ခန်းမှ ငိုသံ သဲ့သဲ့ ထွက်ပေါ်လာကာ
တဖက်က replay လဲ ရပ်တန့်နေလေသည်…………
ငိုသံနားထဲဝင်လာတာကြောင့်  ဖျတ်ကနဲ  လှည့်အကြည့်
'''နန်းးးးနန်းးးး'''
ဝါဝန်ဖြူလေးနဲု  မျက်ရည်ကျနေသော သူမကို
တွေ့လိုက်ရကာ အလောတကော ခေါ်ရင်းးးအံ့သြသွားသူက
သော်ကောင်းကင်ပင်………
ထိုစဉ်  ph Ringtone သံမြည်ဟည်းလာနောက်တော့
ဖျောက်ကနဲ မြင်ကွင်းထဲမှ သူမပျောက်ရှသွားတော့သည်………
'''ဗျာ…………''' ph ထဲ ကြားလိုက်ရသော စကားကြောင့်
လက်က ph ပင်လွတ်ကျသွားတော့သည် ……
'''ငါ့တူရေ မင်းအမေ ကားအက်စီးဒင့်နဲ့''    '''ဆေးရူံပို့လိုက်ရpတဲ့လေ''''
ထိုအချိန် ဝင်လာသော repay messလေးဖြစ်သော
'''နန်းဆိုင်သွယ် မရှိတော့ရင် နင်ဘယ်လိုနေမလဲ'''ဟူသော
replay messလေးကိုတော့  သော်ကောင်းကင်တစ်ယောက်မတွေ့လိုက်ပါ
ကားတံခါးဖွင့်ကာ……… ခြေလှမ်းကျဲများဖြင့်
အားကုန်အားခမ်းပြေးလာခဲ့တော့သည်………
'''         '''' အထူးကုဆေးရုံကြီးဆီသို့…………
'''မေမေ ဘာမှမဖြစ်ရဘူးနော်  ဘာမှမဖြစ်ပါစေနဲ့…'''
ရေရွတ်မူနဲ့ဆုတောင်းစကားနဲ့အတူ မောဟိုက်မူပင် အရာမထင် ပြေးလွှားလာမိတော့သည်…
သော်ကောင်းကင်၏ ကျောနောက်ဘက်တွင် အရိပ်ကဲ့သို့ ပြေးလိုက်လာသူတစ်ဦးကိုတော့……
သော်ကောင်းကင်သတိမထားမိပေ………………

ပြေးလွှားနေသော ခြေလှမ်းများနဲ့အတူ လမ်းချိုးလေးတစ်ခုအရောက်မှာတော့
'''ကိုကို……………''' ကျယ်လောင်သော အော်သံလေးနားထဲတိုးဝင်သွားပြီးနောက်တော့
တစ်ဖက်မှ အရှိန်ပါသော ကားတစ်စီးနဲ့''ဘုန်းးး''အသံရဲ့အဆုံးမှာတော့
မြေပြင်ပေါ် သုံးလေးပတ်လောက်လိမ့်ကျသွားကာ
ပြင်းထန်သော အရှိန်ကြောင့်  သတိလစ်မေ့မျောသွားတော့သည်……

'''သားးး'''
သော်ကောင်းကင်လဲကျနေရာမှ ကုန်းထလိုက်သော်
အသံလာရာကြည့်လိုက်တော့
'''မေမေ'''

'''ကိုကို''
ကျောဘက်မှ အသံ တစ်ခု ထပ်မံ လွင့်ပျံလာပြန်သည်
'''နန်း'''

အမေဖြစ်သူနဲ့နန်းဖြစ်သူ နှစ်ဦးကို
တွေ့ရှိလိုက်ပြီးနောက်တော့ အဖြူရောင် အလင်းတန်းသဖွယ်
တောက်ပလာသော အမေဖြစ်သူနဲ့ နန်း တို့ကို
မကြည့်နိင်တော့ပဲ မျက်စိဖြင့် လက်ဝါးဖြင့် ကာထားမိလိုက်သည်
ထိုနောက် သော်ကောင်းကောင်  မျက်စိနှစ်ဖက်
ပွင့်လာချိန်မှာတော့ တောက်ပနေသော  ဖန်ချောင်းမီးရောင်နှင့် အတူ ဆရာဝန်ကြီတစ်ဦး………
တကိုယ်လုံး လူပ်မရဖြစ်နေသော သော်ကောင်းကင်ကို
ကြည့်ပြီးးး
''တူလေးးးခါးရိုးကြီး ထိခိုက်မူကြောင့်  အောက်ပိုင်းပြန်လည်ကောင်းဖို့ဆိုတာမသေချာတော့ဘူးတူလေးးး'''

''ဟင်''' ဆရာဝန်ကြီးရဲ့စကားအဆုံးမှာတော့………မျက်ရည်များစီးကျလာသော် သုတ်ဖယ်လိုက်ကာ
'''ကျွန်တော်ဖုန်းးးကျွန်တော်phကော'''
'''ကဲဒီမှာ ဟျောင်'''
အသံနဲ့အတူ ဆေးရုံခန်းလေးထဲဝင်လာသူက ကျော်ပိုင်………
'''ကျော်ပိုင် မင်းက ဘယ်လို အင့်'''
ဝေဒနာကြောင့်  စကားပင်မစပ်နိင်ပေ………
'''ငါ့ယူလာတာကွာ မင်ကားကော '''
'''ဟေ မင်းဘယ်လိုသိလဲကွာ……'''
'''ရော့  messလေးတွေ ဖတ် ပြီးတော့ ငါဘယ်လိုသိလဲ
မင်းကိုပြောပြမယ်''

''' နန်းဆိုင်သွယ် မရှိတော့ရင် နင်ဘယ်လိုနေမလဲ
နန်း ဆုံးသွားp  နင်သိလားးးး
ငါ့ကို replay ပြန်ပါဦးးး
နန်းက နင့်ကို ဖြေးဖြေးချင်းဖြတ်ပေးဖို့ ငါ့ကိုမှာခဲ့တာ
ငါနင့်အဖြစ်ကို မကြည့်ရက်တော့လို့ ပြောလိုက်ရတာပါဟာ
ငါလဲ မလိမ်တတ်တော့ဘူးးးငါနဲ့နန်းကအသံလဲမတူဘူး
နင်phခေါ်ရင် သိမှာပဲဟာ ငါ့ကိုခွင့်လွှတ်ပါ…''''
messလေးအဆုံးထိ ဖတ်ပြီးသွားချိန်မှာတော့
'''ဒါ   ဒါဆို နန်းက'''
'''နန်းက သွေးကင်ဆာနဲ့   ဆုံးသွားp 
ငါ့ကို  မင်းဒီလိုဖြစ်တော့ လာခေါ်တဲ့သူက  နန်းပဲဝိညည်မလေအနေနဲ့ မင်းနားမှ သူရှိခဲ့တယ်'''
ကျော်ပိုင်စကားဆုံးမှ ''ကိုကို''ဟူသော
ကားမတိုက်မီခေါ်သံလေပြန်သတိရလာပြီးနောက်တော့………

'''ငါ့အမေ  ငါအမေ  ကော'''
'''မင်းးးအမေအတွက်တော့  မင်း စိတ်အေးအေးထားသူငယ်ချင်း
မင်းအမေလဲ……………………………………………………………'''

ကျော်ပိုင်စကားအဆုံးမှာတော့  သော်ကောင်းကင်
မျက်စိများပြာဝေသွားကာ စိတ်အာရုဏ်တို့လေပေါ်ဝဲပျံသွားကာ…

အနာဂတ်ရဲ့နေ့ရက်တွေကို စိတ်ကျန်းမာ ရေးဆေးရုံကြီးရဲ့
ခေါင်မိုးအောက်  ဝှီးချဲလေးပေါ်မှာတင်  တဘဝ ကုန်ဆုံးသွားပေရတော့မည့် သော်  ကောင်း  ကင်…………………
ဤအဖြစ်ကို  ဘဝတစ်ပါးက  အချစ်ရဆုံးသူ  အမေနဲ့ နန်းဆိုင်သွယ်
တို့သား တွေ့မျှင်ခဲ့လျှင်……………
သော် ကောင်း ကင် တစ်ယောက်ကတော့ တချိန်တည်းမှာ
စွန့်လွှတ်လိုက်ရတဲ့  နှလုံးသားရဲ့ အရေးကြီးဆုံးသူနှစ်ယောက်အတွက်
'''စနေမိုးကဲ့သို့  စွေသော မျက်ရည်များနှင့်…………………
ကုန်ဆုံးရသောဘဝသည်ကားးးး စိတ်ထိခိုက်မူပြင်းထန်စွာနဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးကဝှီးချဲလေးပေါ်…………………………
###################################
ဤတွင်
'''Onlineပေါ်ကစနေမျက်ရည်'''
ဝထ္ထုလေးပြီးခဲ့ချေပြီ။
12:58PM.                                   #Nayshinmin.

Post a Comment