" " " ဥစ္စာစောင့် ကြောင့် သေရသူ " " "
[စ/ဆုံး]
<Part-1>
"အေး တားမရလည်း သွားပေါ့ ရွာမှာ
တစ်ပတ်လောက်ပဲနေနော်..ဒီက မင်းအ
ဖေအလုပ်ကို ၀ိုင်းကူအုံး" ဟုပြောသောအ
မေ၏ ပူညံပူညံအသံနှင့်ဝေးရာသို့ထွက်
လာခဲ့မိသည်..သူ့နာမည်က မောင်သက်
နောင် ဆယ်တန်းဖြေထားပြီး ဘာအလုပ်မှ
မယ်မယ်ရရမလုပ်ပဲ..သူ့အဖေ ပွဲရုံလိုလို
သူ့အမေစတိုးဆိုင်လိုလိုနဲ့ဆိုင်ကယ်တစ်
စီးနဲ့လွင့်နေခြင်းဖြစ်သည်..အဖေဖြစ်သူက
မကွေးမြို့ပေါ်မှာ ပဲစပါးထောင်ထားသလို
အမေဖြစ်သူကတော့ အိမ်မှာပဲ စတိုးဆိုင်
ဖွင့်ထားပါသည်..တစ်ဦးတည်းသောသား
လေးမို့ မိဘများ၏အလိုလိုက်ခြင်း ခံထား
ရသူလေးဖြစ်ပါသည်...ခုလည်းကျောင်း
နေဘက် သူငယ်ချင်းလည်းဖြစ် အမျိုး
လည်းတော်တဲ့" ချစ်မင်း " တို့တစ်တွေရှိ
ရာ ထနောင်းကုန်း ရွှေလှေရွာရဲ့ ဓလေ့
ထုံးစံ နတ်ပွဲကိုသွားဖို့ဖြစ်သည်..သူငယ်
ချင်းတွေနဲ့လည်း မတွေ့တာကြာတော့
အလည်သွားချင်လို့ဖြစ်သည်..မကွေးမြို့
နဲ့သူတို့ရွာနဲ့ဆို ဆိုင်ကယ်နဲ့တစ်မနက်
တောင်မမောင်းရဘူးပေါ့.....
<Part-2>
အမေဆီက ခွင့်ပြုချက်ရတာနဲ့ချစ်မင်း
ဆီ ဖုန်းဆက်ပြီး အ၀တ်အစားအနည်းငယ်
နဲ့ သုံးဖို့ငွေအလုံအလောက်ယူပြီး ထွက်
လာခဲ့သည်....
""သားဟိုရောက်ရင် သားဦးလေးကိုသတိ
ရတယ်လို့ ပြောပေးအုံးနော်..ကျန်တာက
တော့ ဖုန်းဆက်ပြီးပြောတော့မယ်""...
"" သား ဟိုရောက်ရင် ပါးစပ်စည်းစောင့်
နော်..အဲ့ဒီဘက်က ပေါက်ကရတွေ ပြော
လို့မရဘူး'''...
""ဟုတ်ကဲ့ပါ အမေရယ် သားလည်း
ကလေးမဟုတ်တော့ပါဘူး'"ဟုပြန်ပြော
ရင်း အမေ့ကို ကန်တော့ကာထွက်လာ
ခဲ့သည်..အဖေ့ပွဲရုံဝင်ပြီးအဖေ့လည်း
ကန်တော့ခဲ့သည်..
စိတ်ထဲမှာ အဖေနဲ့အမေကို ကန်တော့ရင်း
စိတ်ထဲမှာ တစ်ခါမှ မခံစားဘူးသော ခံစား
မှုမျိုးကို ခံစားရသည်..ချစ်မင်း နှင့်သူငယ်
ချင်းတွေကို တွေ့ရတော့မည့် စိတ်ကြောင့်
ပျော်ရွင်မှုတွေ နှင့်အတူ ဆိုင်ကယ်စီး၍
ထွက်လာခဲ့တော့သည်....
<Part-3>
''မင်းကလည်း စောစောထွက်မလာဘူး
မင်းကို ကျောင်းတော်ရာ လိုက်ပို့မလို့ကို
မနက်ဖြန်ဆို နတ်ကြီးပွဲနေ့ ရောက်ပြီဆို
တော့ နတ်ပွဲပြီး မှလိုက်ပို့တော့မယ်ကွာ""
ဟု ခရီးရောက်မဆိုက်တွင်ပြောသည်..
""အေး..ငါလည်း အမေ့ပြောပြီး သူလွတ်
တဲ့နေ့ကို လာရတာဟ""
""အေးပါကွာ..မင်းလည်းဆိုင်ကယ်မောင်း
ပြီးလာရတာဆိုတော့ မောရောပေါ့ ခဏ
နားပြီး ရေချိုး; မင်းလာမယ်ဆိုလို့ ဒေါ်
လေး ထမင်း ချက်ထားတယ် ညကျရင်
ငါတို့အိမ်မှာစား..နောက်နေ့ကျရင်
ဦးဦးတို့ ဒေါ်လေးအငယ် အိမ်လိုက်စား
ရမှာ ငါကောလိုက်စားပေးပါ့မယ်'"...
ပြီးရင် မင်းသိချင်တဲ့ ငါတို့ရွာတွေရဲ့အ
ကြောင်းကို အမေကြီးကို သွားမေးမယ်
ချစ်မင်းလည်း သူ့အစီစဉ် များပြောပြသည်
ရွာမှ ရက်ဝေးဆွေမျိုး တစ်ယောက်
ယောက်လာရင် ထမင်းခေါ် ကျွေးကြ
သည် ထမင်းမစားလျှင် မကြိုက် အမျိုး
တွေဟု မသတ်မှတ်ဟု ထင်ကြသည်..
ရွာ ဘုရားပွဲက
တစ်နှစ် တစ်ကြိမ်ကျင်းကရခြင်းဖြစ်
သည်..ထနောင်းကုန်းရွာအလှည့် ရွှေလှေ
ရွှေလှေရွာ အလည့်ဖြစ်သည်..
ဒီနှစ်က ချစ်မင်းတို့ ထနောင်းကုန်း
ရွာအလှည့် ဖြစ်သည်..ချစ်မင်းတို့ရွာက
တော့ အိမ်ခြေ [၆၀၀]ခန့်ရှိသော ရွာကြီး
ဖြစ်သည်...နတ်ကိုးကွယ်သော ရွာများ
လည်းဖြစ်သည်...
ချစ်မင်းနှင့်သက်နောင်လည်း ဒီရွာ
အကြောင်းသိချင်တာနဲ့ ချစ်မင်းအဖွား
ဆီကိုသွားလေသည်..
""မေကြီးဒီမှာ ဖိုးနောင်လာတယ်
နတ်ပွဲလာလည်တာလေ""ဟု ချစ်မင်း
ကမေကြီးကို ပြောသည်""
"ဟေ..ဖိုးနောင်လား အေးကွယ် မတွေ့
တာလည်းတော်တော် ကြာတော့ ငါ့မြည်း
ကို မမှတ်မိတော့ပါဘူး ငါ့မြည်းက မြို့သား
လို့မပြောရဘူး ဖွေးဖွေး ချောချောကြီးပဲ""
""အမေကြီး ဒီလိုပါ ဖိုးနောင်က သားတို့ရွာ
ရဲ့ရာဇ၀င်ကို သိချင်လို့ အမေကြီးပြောပြ
ပေးပါအုံး"" ချစ်မင်းလည်း လာရင်း ကိစ္စကို
ပြောသည်...
"ဟုတ်တယ် အမေကြီး ဒီနတ်ပွဲကြီး ဘယ်
လိုဖြစ်လာတယ်ဆိုတာ သိချင်ပါတယ်..
ချစ်မင်းကလည်း သိပ်မသိလို့ အမေကြီး
ကို မေးဆိုလို့" ဖိုးနောင်ကလည်း ၀င်ပြော
သည်...
""အေး..ဒီလိုကွယ့်
အခု တို့ ကိုးကွယ်နေတာက
အမတော် မောင်တော် နတ်နှစ်ပါးပဲ
အမေကြီး တို့ ရွာရဲ့ ပထမ နာမည်က
'ထီးလပ်ကုန်း' နောက်ပိုင်းမှ အခေါ်အဝေါ်
တွေပြောင်းပြီး ထနောင်းကုန်း ဖြစ်သွား
တာ...ထီးလပ်ကုန်းရဲ့ အဓိပ္ပာယ်က
မဏိစည်သူမင်းဟာ အမတော်ကို သိမ်း
ပိုက်ပြီး ၉နှစ်သားအရွယ်မောင်တော်ကို
၉ပေ အရှည်ရှိတဲ့ ထီးကို မိုးခိုင်းတယ်
အဲ့ဒီထီးဟာ သူ့အရွယ်နှင့် မလိုက်တော့
ထီးလပ်သွားခဲ့တယ် အဲ့ဒါကို အစွဲပြုပြီး
'ထီးလပ်ကုန်း' ဟု အမည်တွင်ခဲ့ကာ
နောက်ပိုင်း အခေါ်များပြီး ထနောင်းကုန်း
ဖြစ်သွားလေသည်...
မဏိစည်သူမင်းကြီးဟာ မောင်တော်
ကြောင့် ထီးလပ်သွားသောကြောင့်
မောင်တော်ကို ကွပ်မျက် လိုက်သည်
အမတော်ကိုလည်း ဖောင်တော်ဦးထိပ်
မှာ ခေါင်းလျော် လို့ဆိုပြီး ကွက်မျက်လိုက်
ရာ နတ်စိမ်းတွေ ဖြစ်သွားကြတယ်..
ဒီနယ် တစ်ဝိုက်မှာ အမတော် မောင်တော်
တို့ကို မယုံကြည်ကျတဲ့သူမရှိဘူး..
အိမ်တိုင်း အိမ်တိုင်းမှာလည်း အမတော်
မောင်တော်တို့ကို ရည်ရွယ်ပြီး အုန်းဆွဲ
လေ့ရှိတယ်..တစ်နှစ် တစ်ကြိမ်နှစ်ကြိမ်
လောက် နတ်ပွဲ ကျင်းပပေးရတယ်..
မကျင်းပရင် စပါးထွက်မကောင်းဘူး
အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတတ်လို့
နှစ်စဉ် ကျင်းပပေးရတာပေါ့"" ကဲမေကြီး
သိတာတော့ ဒီလောက်ပါပဲ...
""ဟုတ်ကဲ့မေကြီး ကျွန်တော်တို့လည်း
ဗဟုသုတ ရသွားပါပြီ ခု လိုအကြောင်း
စုံသိထားရတော့ သူများတွေလို ပြန်ပြော
လို့ရတာပေါ့""ဟု ဖိုးနောင်ပြောရင်း အမေ
ကြီး ကျွန်တော်တို့လည်း သက်နိုင်ဆီ
သွားလိုက်အုံးမယ်ဟုပြောပြီး နှစ်ယောက်
သားထွက်လာခဲ့တော့သည်..
လမ်းလျောက်ရင်း ဖိုးနောင်လည်း
သိချင်တာ တစ်ခုရှိတာနဲ့မေးလိုက်သည်
""ငချစ် မေကြီးက ဘာလို့ ကန်ဦးကျောင်း
ဘက်ကို မသွားခိုင်းတာလည်း"
"ဟင်..အဲ့ဒါလား ဘာမှမဟုတ်ပါဘူးကွာ
မင်းက လူစိမ်းမို့ မသွားခိုင်းတာနေမှာပါ
စိတ်ထဲထားမနေပါနဲ''...
ဟို..ရှေ့မှာသက်နိုင်တို့အိမ်ရောက်ပြီ..
""ဒွေးလေး သက်နိုင်ရှိလား
ဒီမှာ ဧည့်သည်ပါလာလို့'"..
""အေး...ရှိတယ် မင်းသူငယ်ချင်း
သက်နိုင် နောက်ဖေးမှာ နွားစာစင်းနေ
တယ်""..."သွားသွား..ဒွေးလေး လက်ဖက်
သုပ်လိုက်အုံးမယ် အိမ်ရှေ့ခေါ်လာခဲ့""..
""ငသက်ရေ...ငါမင်းတို့ရောက်နေတာ
သိပါတယ်..မအားသေးလို့မလာသေးတာ
ပါ""..""ငါ့သူငယ်ချင်း မြို့သားကြီးက ခန့်လို့
ပါလား..ငသက်ရာ မင်းမပြောလည်း ငါက
ညကျရင် တိုက်မှာ ငါမင်းကိုလာနှုတ်ဆက်
တာ တွေ့ချင်လို့ ညကျရင် သွားသောက်
မယ် လာခဲ့ကြားလား""
""ဖိုးနောင်ရာ လာမှာပေါ့ အမုန်းသောက်
မယ်"" ""ညလာခဲ့ ငါတို့ သွားပြီနော်"ဟု
ဖိုးနောင်နှင့် ချစ်မင်းက ငသက်ကို နှုတ်
ဆက်ပြီး ပြန်သွားတော့သည်...
ညရောက်တော့ နတ်ပွဲမှာ အကပွဲတွေ
လည်း ရှိတော့ သောက်တာများပြီး
အိမ်ပြန်ချင်၍ပြန်အိပ်ကြသည်.....
<Part-4>
""ကို..ကို..တကယ်လိုက်လာတယ်
ဟုတ်လား မြနှင်း အရမ်းပျော်တာပဲ
သိလား"...
""မြနှင်း"ရယ် "မြနှင်း"ကို
ကိုဘယ်လောက်ထိ ချစ်လဲဆိုတာ
"မြနှင်း"သိပါတယ်..သိပါတယ် "ကို"
အဲ့ဒါကြောင့် "ကို"ကို မြနှင်း ပြန်မလွတ်နိုင်
တော့ဘူး. ဖိုးနောင် သူတို့ရောက်နေတဲ့
နေရာကို ကြည့်လိုက်တော့ ဘုန်းကြီး
ကျောင်းရဲ့ ထိပ်မှာဖြစ်သည် ဘုရားပြို
ဘုရားပျက်များနှင့်အတူ ပြန်လည်ပြု
ပြင် မွန်းမံထားသော စေတီတစ်ဆူကို
တွေ့ရသည်..စေတီတော်ကြီး၏ ဘွဲ့
အမည်မှာ ""သစ္စာဓိဌာန် စေတီတော်ကြီး
ဖြစ်၍" သူမကြားဖူးပေ သူတို့ရောက်နေ
တာကအလွန်ကြီးမားသော ကုက္ကိုပင်
ကြီးအောက်တွင် ဖြစ်သည်..အပင်ရှေ့
တည့်တည့်တွင် လေများ တဟူးဟူး တိုက်
ခတ်နေသောကန်ရေပြင်ကြီးကို ငေး
ကြည့်ကာ ဘေးမှ "မြနှင်း"ကိုကြည့်
လိုက်တော့မရှိတော့ပေ..
""မြနှင်း"" ""မြနှင်း"" ဖိုးနောင်အသံကြောင့်
ချစ်မင်း လန့်နိုးလာသည်
"ဖိုးနောင်" ဘယ်က "မြနှင်း"လဲ ဟေ့
ကောင်ထ" ချစ်မင်းဘေးက ဖိုးနောင်
ကို လှုပ်နှိုးလိုက်သည်
"ဟင် ငါအိမ်မက်မက်နေတာပဲ'"
"ငါမေးတာဖြေအုံးလေ ဘယ်က မြနှင်းလဲ"
ငါအိမ် မက်မက်နေတာကွ အိမ်မက်ထဲမှာ
ငါမရောက်ဖူးတဲ့နေရာ ငါမမြင်ဖူးတဲ့ မိန်း
ကလေးကို ငါ့တွေ့ရတယ်ကွ အဲ့မိန်းက
လေးက ငါ့ကို တော်တော် ချစ်ပုံရတယ်"
ဖိုးနောင်လည်း သူ့အိမ်မက်အကြောင်း
ပြောပြသည်.
"ရေသွားချိုးမယ်ကွာ ပြီးရင် နတ်ပွဲ
သွားကြည့်မယ်'" ချစ်မင်းလည်း ပြော
ပြီး အိပ်ရာမှ ထသွားသည်..
"ဖိုးနောင်လည်း အဲ့မိန်းကလေး
အကြောင်းကို စဉ်းစား ပြီးအတွေး
တွေထဲ စီးမျောနေရာ ရင်းနှီးသလို
ခံစားနေရသည်.အဲ့အတွေး တွေကို ဖျက်
ပြီးအောက်သို့ ဆင်းလာခဲ့သည်..
လူအများလည်း လာရောက်ကြည့်ရှု့
ကြသဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်
နေလေသည်
<Part-5>
ဖိုးနောင်လည်း ချစ်မင်းနှင့် နတ်ပွဲကို
သွားကြည့်ကြသည်..နတ်ပွဲကျင်းပရာ
နတ်စင်ကွင်းသို့ရောက်ရှိလာသည်
ဖိုးနောင်လည်း လူရှုပ်၍ ဖုန်နံ့များ
မခံနိုင်သဖြင့် လူရှင်းရာသို့ ထွက်လာ
ခဲ့သည်..နတ်စင်ကွင်းမှ မြောက်ဘက်
သို့ကြည့်မိသောအခါ...
"ဟာ!...ဒါ ဒါ ငါ့အိမ်မက်ထဲက နေရာပဲ
ဟုတ်တယ်..ဘုရားအို.ဘုရားပျက်တွေနဲ့
ရေကန်ုကြီးရောပဲ" တိုက်ဆိုင်လိုက်တာ
ဟုတွေးနေရင်း သူ၏စိတ်ကို တစ်ယောက်
ယောက်က ညို့ခေါ်နေသလို သွားချင်
စိတ်များ ပေါ်ပေါက်နေသည် ထိုနေရာ
သို့ သူတစ်ယောက်တည်း ထွက်လာမိ
တော့သည်..
သူရောက်နေတဲ့ နေရာက ရွှေလှေရွာရဲ့
ရွာဦးကျောင်းဖြစ်သည်.. ဘုန်းကြီးကျောင်း
မှာ နတ်ပွဲရှိ၍ လူသူ ကင်းမဲ့နေလေသည်
ရေကန်ကြီး နားမှ ခေါ်သံကြားရလေသည်
"ကို" " ကို"
ဖိုးနောင်သည် ဘယ်သူလည်းမေးလိုက်
သည်.
"မြနှင်း"ပါ "ကို"
"ဟင် သူ အံ့သြသွားသည် နာမည်ကအစ
တူနေသည်..
"ဟို..ညီမကဘယ်မှာ နေတာလဲ..ဟင်?
"ညီမက ဟိုး မြောက်ဘက်နားက စေတီ
လေးမှာ နေတာပါ""
"အော်.အဖော်တွေမပါဘူးလား?
"ပါတယ် အကို သူ့တို့ နတ်ပွဲသွားကြည့်
တာပါ"..
"ဒါနဲ့ အကိုက အဝေးက လာရတော့
ခရီးပန်းနေမှာပေါ့"..
"ဖိုးမောင် မျက်လုံးပြုးသွားသည်
အဝေးကလာတာကို ကြိုသိနေသည်
တစ်ခုခုတော့ တစ်ခုခုပင်"..
"ညီမက အစ်ကိုကိုသိလို့လား"
"သိတယ် အစ်ကို အစ်ကိုက ဘာမှမမှတ်
မိဘူးတူတယ် ညီမအကုန်ပြောပြပါ့မယ်"
"ဒီလိုပါ အစ်ကိုနဲ့ ညီမနဲ့က အရင်က
အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ အစ်ကို
သာတစ်စိမ်းတစ်ယာက်လို ဆက်ဆံနေ
တာ ညီမကတော့ အစ်ကို အရင်လို
အရမ်းချစ်နေတုန်းပါပဲ"
"အစ်ကို ပြန်လာမယ့် တစ်နေ့ကို စောင့်
မျှော် နေရတာ ကြာလှပါပြီ'
အစ်ကိုမြနှင်းကို ကတိပေးခဲ့တယ်လေ
ပြန်လာ ခဲ့မယ်လို့ အခုပြန်လာတာ
မဟုတ်ဘူးလား"..
""မြနှင်းပြောတာတွေအစ်ကို ဘာတစ်ခု
မှမမှတ်မိပါဘူး"
"ဒါပေမယ့် အစ်ကို တစ်ခုသိတာ
မြနှင်းနဲ့တွေ့လိုက်တော့ ရင်မှာခံစားရ
တယ် စိတ်ထဲလည်း တစ်မျိုးကြီး
အရမ်းရင်းနှီးသလိုလဲ ခံစားရတယ်""
"အရမ်းချစ်တယ် မြနှင်း ရယ်"
လို့ပြောကာ ဖိုးနောင် မြနှင်း ကို
ရင်ခွင်ထဲ ထွေးပွေးလိုက်သည်"
"အစ်ကို ကလည်း ဘုရားထဲမှာ လွတ်ပါ
မြနှင်းက ဖိုးနောင်ကို ကုက္ကိုပင်ကြီး
အောက်ခေါ်သွားသည် ကုက္ကိုပင်
အောက်လည်းရောက်ရော ဖိုးနောင်က
မြနှင်းရဲ့ နဖူးလေးကို နမ်းလိုက်သည်
မြနှင်းကို ကိုအရမ်းချစ်တယ်
မြနှင်းလည်း ကို ကိုယ် ချစ်ပါတယ် ရင်မှာ
ထွေးဖက်ရင်း တစ်ချက် ငိုက်မျဉ်းသွား
သည်"......
<Part-6>
ထိုအချိန်တွင် ချစ်မင်း၏အော်ခေါ်သံ
ကြားလိုက်သည်..
"ဟေ့ကောင်ထ..မင်းက ဒီအပင်အောက်
လာအိပ်နေတာကိုး ငါ့မှာ ရှာလိုက်ရတာ"
"ဖိုးနောင် နိုးတော့ သူ့ဘေးကြည့်လိုက်
တော့ " မြနှင်း" မရှိတော့ဘူး.."မြနှင်း"
"မြနှင်း" ရော..ဘယ်က "မြနှင်း"လည်း
ဟုချစ်မင်းက မေးကာ ဆက်မမေးတော့ပဲ
လာလာ.ဖိုးနောင်ထ အိမ်ပြန်မယ်"..
"ဖိုးနောင်လည်း မြနှင်းအကြောင်း
စဉ်းစားရင်း လိုက်သွားလေသည်"
"အိမ်ရောက်တော့ ချစ်မင်းကအဖွားကို
အကုန်ပြောပြလေသည်"
အဖွားက ဖိုးနောင် အကြောင်း အကုန်
သိနေတော့ ချစ်မင်းကိုသတိပေးလိုက်
သည်"..
" ဖိုးချစ်.....ဗျာ..မေကြီး...မင်းသူငယ်ချင်း
ကို ဂရုစိုက်ပါ...အဲ့ဘုရားဘက်ကိုမသွား
စေနဲ့ကြားလား..သူ့အတွက် အန္တရယ်ရှိနိုင်
တယ်..ဖိုးချစ် ဂရုစိုက်လိုက်နော်..ဟုတ်ကဲ့
အဖွား..ကျွန်တော်ဂရုစိုက်ပါ့မယ်"..
""နောက်နေ့ မနက်လည်းရောက်ရော
ဖိုးနောင်တစ်ယောက် ဘယ်သူမှမသိ
ဆိုင်ကယ်နဲ့ ခိုးသွားခဲ့တယ် မြနှင်းဆီကို
"ကို" မြနှင်းဆီလာတယ်နော်.."ကို"က
မြနှင်း ကို အရမ်းချစ်တာကို...ဘယ်သူ
မှမသွားခိုင်းတဲ့ကြားမှ "မြနှင်း" ကို
အရမ်းချစ်လို့ လိုက်လာတာပါ"
"ကို" မြနှင်းနဲ့ပဲ အတူတူ နေတော့မယ်
"ကို"တကယ်ပြောတာလား မြနှင်း
နဲ့ကို တကယ် လိုက်မှာလား"
"တကယ်ပြောတာပါ" "မြနှင်း"
'ကို'သွားရအောင်လေ
"ဘယ်ကိုလဲ မြနှင်း အစ်ကိုသိပါ
တယ်..သွားရအောင်..သွားမယ်"မြနှင်း"
အဲ့လိုလည်းပြောပြီးရော..
"ချစ်မင်းက ခင်များ ဟုတ်လို့လား
မသေချာပဲမပြောနဲ့နော်..တကယ်မဟုတ်
လို့ကတော့ ခင်ဗျား အသေပဲ တင်မောင်"
"ချစ်မင်းက အပြေးအလွှား ကုက္ကိုပင်
ကြီးကိုသွားကြည့်တော့ လူတွေဝိုင်း
အုံနေပြီး အနားသွားကြည့်တော့
တင်မောင်ပြောတာမှန်နေပြီ ဖိုးနောင်
အလောင်းကို တွေ့သားတော့ ငိုပါလေ
ရော အရမ်းကျေကွဲပြီး"
"ဖိုးနောင်ရေ....ငါ့ကြောင့်ဖြစ်ရတာပါ
သူငယ်ချင်းရယ် အဖွားကမင်းကို အတန်
တန်ဂရုစိုက်ခိုင်းပါတယ်..ပြီးတော့
အဖွားပြောတာ ဖိုးနောင်က သိုက်ဆက်
တဲ့ သိုက်ကြိုးဖြတ်ဖို့ အချိန်တစ်ခု ကို
စောင့်နေတာပါ..မင်းကို ဘာမှမပြော
မလိုက်ရတာ ငါ့အပြစ်တွေပါ သူငယ်ချင်း
ရာ""
ဒါပေမယ့် "ချစ်မင်း ပြောနေတဲ့စကား
တွေကို "ဖိုးနောင်က သိနေခဲ့တယ်..
သိသိနဲ့ အခုကို သူချစ်ရတဲ့ "ဥစ္စာစောင့်"
မ နောက်ကို လိုက်သွားတာဟာ..
"အချစ်စစ်လို့ခေါ်မလား? မိုက်ရူးရဲဆန်
တယ်လို့ခေါ်မလား?.......
ကျေးဇူးတင်ရှိပါသည်. .
A.K
Post a Comment