လူသားစား​ဆေးရုံ အပိုင်း ၁၂ +၁၃ +၁၄ +၁၅

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၂)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

                 ခရီးရောက်မစိုက် ထူးဆန်းစွာဖြင့် လမ်းနံလေးတွင် တိမ်းမှောက်နေခဲ့သော ကားကြီး၏အကြောင်းအား ထိုသားဖနှစ်ယောက်၏ အကြောင်းကြားချက်ဖြင့် အပိုင်စခန်းမှရဲအရာရှိများ သိရှိသွားခါ ရဲအုပ်မောင်ဝင်းတစ်ယောက်သည်လည်း ထိုကားကြီးတိမ်းမှောက်ရာဆီသို့ လိုက်ပါသွားခဲ့ရချေသည်။

အပိုင်စခန်းမှ အသင့်ရှိနေခဲ့သော ကားလေးဖြင့် သားဖနှစ်ယောက် လမ်းပြရာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။ အတန်ကြာမောင်းနှင်ခဲ့ပြီးနောက် ရောက်ရှိလာခဲ့သော နေရာဟာ အဝေးပြေးကားများပြေးဆွဲရာ ရန်ကုန်-ပုသိမ် အမြန်လမ်းမကြီး၏ တစ်နေရာပင်ဖြစ်ချေသည်။ ရောက်ပြီဟူသော စကားသံကြောင့် ကားအား မောင်းနှင်နေခဲ့သော ရဲအရာရှိမှာ ရပ်တန့်လိုက်သော်လည်း ထိုလမ်းနံဘေး၌ မည်သည့်အရာတစ်ခုမှ မတွေ့ရှိရချေ။

''ဟင်!… ဘယ်မှာတုန်းဗျ''
''ဒီအတိုင်းကားလမ်းပေါ်ကကြည့်ရင် မမြင်ရဘူးဗျ… ကြည့်ရတာ တော်တော်အရှိန်ပြင်းပြင်း မှောက်သွားတာနဲ့တူတယ်… လာလာ… ကျုပ်တို့ပြမယ်''

ကားလမ်းနံဘေးတွင် ရပ်တန့်စေခဲ့ပြီး ထိုသားဖနှစ်ဦး၏ ပြောစကားများအား နားစွင့်လျက် ထိုသူများဦးတည်ခေါ်ဆောင်ရာနောက်သို့ ရဲအရာရှိများ လိုက်ပါသွားချေခဲ့သည်။ ကားလမ်းပေါ်မှ ဆင်းလိုက်သည်နှင့် ရွာများဆီသို့ ဝင်ရောက်နိုင်သော ဇောက်နက်နက်လမ်းသွယ်တစ်ခုအား မြင်တွေ့ရသည်။ ထိုဇောက်နက်နက် တောလမ်းအတွင်းသို့ သားဖနှစ်ဦး ဦးတည်လျောက်လှမ်းသွားခဲ့ပြီး တိမ်းမှောက်နေခဲ့သော ကားကြီးအား အဝေးမှ လှမ်းမြင်လိုက်ရသည်နှင့် လက်ညိုးညွှန်ပြစေခဲ့သည်။

''ဟိုးမှာပဲဆရာတို့''
''ဟင်!…''
''ဟာ… ''
ရဲအုပ်မောင်ဝင်းအပါအဝင် ရဲအရာရှိများ၏နှုတ်မှ အာမေဋိတ်သံများ ကိုယ်ဆီထွက်ပေါ်လာချေခဲ့သည်။ သားဖနှစ်ဦးအနက် အဖေဖြစ်သူ၏ လက်ညိုးညွှန်ရာဆီသို့ မျှော်ငေးကြည့်လိုက်သည်နှင့် အရှိန်ပြင်းစွာ ပက်လက်အနေထား တိမ်းမှောက်နေခဲ့သော ကားကြီးအား မြင်တွေ့လိုက်ရလေသည်။ စိုးရိမ်ကြီးစွာဖြင့် အရေးပေါ်ကားဆီသို့ အကြောင်းကြားရန် ပြင်ဆင်လိုက်သော်လည်း သားအဖနှစ်ယောက်၏ ပြောစကားအရ ကားကြီးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေကြောင်း သိရှိခဲ့ရသည်။ သို့နှင့် တိမ်းမှောက်နေခဲ့သော ကားကြီး၏အနားသို့သာ ရဲအရာရှိများ အပြေးသွားရောက်ခါ ကားကြီးအား အကဲခတ်စေခဲ့သည်။

''အင်းဗျ… ကားလမ်းပေါ်ကနေ ဒီလောက်ဇောက်နက်နက်ထဲ ထိုးကျသွားတာဆိုတော့ တော်ရုံတန်ရုံအရှိန်မျိုးတော့ မဟုတ်ဘူးဗျ… ပြီးတော့ ကားပုံစံကလဲ ခရီးသည်တင်တဲ့ အဝေးပြေးကားလဲမဟုတ်ဘူး မိသားစုတွေ ပျော်ပွဲစားထွက်လာကြတဲ့ ကားပဲဖြစ်ရမယ်''
''ဆရာ… ကားနံပါတ်ပြားတွေလဲ မရှိတော့ဘူး ဘယ်မှာပြုတ်ကျန်နေခဲ့လည်းတော့ မသိဘူး''
''ဆရာမောင်ဝင်း… ကျွန်တော်တို့ ကားကြီးထဲ ဝင်ကြည့်ရအောင်… ''
''အင်း… ''

ကားကြီး၏ နောက်ကျောနှင့် ထိပ်ဘက်တွင်လည်း ကားနံပါတ်ဆိုဒ်းပုဒ်များ ချိတ်ဆွဲထားခဲ့ခြင်း မရှိခဲ့သည်များအားလည်း ရဲအရာရှိများ အကဲခတ်မိစေခဲ့သည်။ သို့နှင့် ရဲအုပ်မောင်ဝင်းအား ထိုမြို့အပိုင်ရဲအရာရှိ ကိုထိန်ဝင်းမှာတော့ တလေးတစားပြောဆိုလျက် ကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်ကြည့်ရှု့ရန် ပြောဆိုချေခဲ့သည်။ ရဲအုပ်မောင်ဝင်းအပါအဝင် နယ်မြေပိုင်ရဲအရာရှိနှင့်အတူ ရဲဘော်များဟာလည်း ထိုကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်စေခဲ့သည်။

ကားကြီးဟာ ကားသင်္ချိုင်းအတွင်း၌ စွန့်ပစ်ထားသကဲ့သို့ အခွံကြီးသီးသန့်သာ ရှိနေခဲ့ပြီး ကားကြီးအတွင်း၌ မည်သည့်ပစ္စည်းတစ်ခုမျှ ရှိမနေခဲ့ချေ။ ထို့ကြောင့် ရဲအရာရှိများ၏အတွေး၌ မသင်္ကာစဖွယ်အတွေးများ ဝင်ရောက်လာစေခဲ့သည်။ ထိုကားကြီးတိမ်းမှောက်သွားခဲ့သည်မှာလဲ လောလေလတ်လတ်ပင်ရှိဦးဖြစ်သည်။ သို့သော် ကားကြီးအတွင်း၌ မည်သည့်အရာတစ်ခုမှ မတွေ့ရှိရသည်ကြောင့် ရဲအရာရှိများအားလုံးဟာလည်း မျက်မှောင်များကြုတ်လျက် အတွေးကိုယ်ဆီနှင့်ပင် ဖြစ်နေခဲ့ကြသည်။

''ကိုမောင်ဝင်းရေ မနက်ဖြန်ကျုပ်တို့လဲ ခရီးထွက်စရာရှိတယ်ဗျ''
''ဟင် … ဘယ်ကိုတုန်းဗျ… ကိစ္စရှိလို့လား''
''ကိစ္စတော့မရှိပါဘူး ကျုပ်တို့အထက်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေ ပြန်ဆုံကြတုန်း ပျော်ပွဲစားလေးထွက်မလားလို့ … ကျုပ်တောင်စဉ်းစားနေတာဗျ ဒီညနေစခန်းကိုလာပြီး ကိုမောင်ဝင်းအားရင် ခေါ်သွားမလို့ပဲ''
''အေးဗျ … ကျုပ်ကလဲ အခုရက်ပိုင်း ခရီးတွေတောက်လျောက်ထွက်နေရတော့ မလိုက်ဖြစ်တော့ပါဘူးဗျာ … ကိုလမ်းလေးတို့ရော ပါသွားမှာလား''
''အင်း … ကျုပ်တို့ငါးယောက်စလုံးပဲ''
''ကောင်းတဟ်ဗျို့ … ခင်ဗျားတို့ငါးယောက်ပါသွားမယ်ဆိုရင်တော့ ခရီးတောက်လျောက် စိုးရိမ်စရာမရှိတော့ပါဘူး…ဒါနဲ့ ဘယ်ကိုတုန်းဗျ''
''ပုသိမ်ဘက်က အိမ်ကြီးတစ်လုံးဆီ''

ထိုစကားများ။ ရဲအုပ်မောင်ဝင်းတစ်ယောက် မိတ်ဆွေဖြစ်သူ ထီးကလေးဆီသို့ အလည်ပတ်သွားရင်းမှ ပြောဆိုဖြစ်ခဲ့သော စကားများပင်ဖြစ်သည်။ ယခုအခါ ထိုကားကြီးအတွင်းသို့ ဝင်ရောက်အကဲခတ်ကြည့်ရှု့နေခဲ့ရင်း မျက်မှောင်အားကြုတ်လျက် ခေါင်းအား တစ်ဆတ်ဆတ်ငြိမ့်နေရာမှ ထိုစကားသံများ သူ၏နားအတွင်းသို့ ပြန်လည်ကြားယောင်စေခဲ့သည်။ ထို့ကြောင့် ခါးကြားမှ အသင့်ရှိနေခဲ့သော လက်ကိုင်ဖုန်းအားထုတ်ယူလိုက်ရင်း မိတ်ဆွေဖြစ်သူ ထီးကလေးတစ်ယောက် မည်သည့်ဆီသို့ရောက်ရှိနေခဲ့သနည်းဟု မေးမြန်းမည်ဖြစ်သည်။ ထို့ကြောင့် နံပါတ်အား နှိတ်လျက် ဖုန်းနှင့်နား ကပ်လိုက်သည့်အချိန်၌ပင်

''လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်ပိတ်ထားပါတယ်ရှင်''

ချက်ချင်းဆိုသကဲ့သို့ တယ်လီဖုန်းအတွင်းမှ မိမိအားပြန်လည်ဖြေကြားစေခဲ့သည်။ သို့သော် မိတ်ဆွေဖြစ်သူထီးကလေး၏အသံပင်မဟုတ်။ ခေါ်ဆိုခဲ့သော တယ်လီဖုန်းဟာလည်း ခေါ်ဆို၍မရ ဆက်ပိတ်ထားခဲ့သည်ဟုသာ ပြန်လည်ဖြေကြားနေခဲ့သည်။ သို့သော်လည်း ဇွဲမလျော့အကြိမ်ကြိမ်အခါခါ ထပ်ခေါ်နေသေးသည်။ အကြိမ်ကြိမ်အခါခါ ထပ်မံခေါ်ဆိုနေခဲ့သောလည်း တယ်လီဖုန်းအတွင်းမှ မိမိအားပြန်လည်ဖြေကြားနေခဲ့သည့် အသံဟာလည်း ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။

''ဟ… ဘာဖြစ်လို့ဆက်ပိတ်ထားရပါလိမ့်''
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်း၌ ဖုန်းတစ်လုံးနှင့် အလုပ်ရှုတ်နေခဲ့သော ရဲအုပ်မောင်ဝင်းအား နယ်မြေပိုင်ရဲအရာရှိ ကိုထိန်ဝင်းတစ်ယောက် အဝေးမှ အကဲခတ်နေမိခဲ့သည်။သို့နှင့် ခဏအကြာ၌ မောင်ဝင်း၏အနားသို့ နယ်မြေပိုင်ရဲအရာရှိ ကိုထိန်ဝင်းရောက်ရှိလာခဲ့ရင်း

''ဆရာ!… ဘယ်သူ့ဆီဆက်နေတာလဲ''
''ကျုပ်မိတ်ဆွေတစ်ယောက်ဆီပါ''
''ဆက်လို့ရလားဆရာ… ဘာကိစ္စရှိများရှိလို့လဲ''
''မရဘူးဗျ… ဆက်ပိတ်ထားတယ်တဲ့… ကိစ္စတော့မရှိပါဘူး ကျုပ်မိတ်ဆွေတွေလဲ ပုသိမ်ဘက်ကို ခရီးထွက်မယ်လို့သိထားရတယ်ဗျ… ဒါကြောင့် သူတို့ကိုစိုးရိမ်လို့… ဆက်ကြည့်တာ''
''ဟင်… ဒီကားကြီးနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ပြောချင်တာလားဆရာ''
''အဲ့ဒီလိုလဲ ပြောလို့မရသေးဘူးဗျ သူတို့ဘယ်ကားနဲ့ သွားကြတယ်ဆိုတာလဲ ကျုပ်သေချာမသိဘူး… ဒါပေမယ့် စိုးရိမ်လို့ ဆက်ကြည့်တာပါ ဆက်မလို့မရဘူးဖြစ်နေတယ်''

''ဆရာတို့… ကျွန်တော်တို့ ကားပတ်ဝန်းကျင်ကို အကဲခတ်မိသလောက် ဒီကားကြီးပတ်ဝန်းကျင်မှာ ဖိနပ်အရာတစ်ချို့တွေ့တယ်ဆရာ''
''ပြီးတော့ ကားဘီးအရာတစ်ချို့လဲ တွေ့တယ်ဆရာ… တစ်ခြားဘာထူးထူးခြားခြားမှာတော့ မတွေ့ပါဘူး''
''ဟင်… ကဲကောင်းပြီး ကျုပ်တို့တစ်ချက်လောက် သွားကြည့်ကြရအောင်… ''

''ဒီမှာလဲ ဖိနပ်တစ်ဖက်တွေ့တယ်ဆရာ''
''ဆရာ… ဆရာတို့''
''ဟင်… ဘာဖြစ်လို့တုန်းဗျ''
''ကျူပ်… ကျုပ်မောလို့ မြေပြင်ပေါ်မှာ ထိုင်ချလိုက်တာ ပုဆိုးမှာ ဆိုစိစိဖြစ်လာတာနဲ့ကြည့်လိုက်တော့ သွေးတွေဖြစ်နေတယ်ဆရာ… ဒီ… ဒီမှာပဲ''
''ဟင်…ခင်ဗျားက ဘယ်နားမှာထိုင်လိုက်လို့လဲ''
''ဟို… ဟိုနားမှာပါဆရာ ကျုပ်… ကျုပ်လိုက်ပြပါ့မယ်''

''ဒီ… ဒီမှာပါဆရာ သွေးတွေကို မြေကြီးနဲ့ဖုံးထားတာပါဆရာ ဒီမှာပါ''
''ဟင်!… ''

တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်း၌ ရဲအုပ်မောင်ဝင်းနှင့်အတူ နယ်မြေပိုင်ရဲအရာ နှစ်ဦးသား စကားများစွာပြောဆိုနေချိန်၌ ကားကြီး၏ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှု့ရန် စေခိုင်းထားခဲ့သော ရဲဘော်နှစ်ဦးမှ ကားကြီး၏ ပတ်ဝန်းကျင်တွင် ဖိနပ်အရာတစ်ချို့နှင့် ကားဘီးအရာတစ်ချို့အား တွေ့ရှိကြောင်း ပြောဆိုချေခဲ့သည်။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းနှင့် နယ်မြေပိုင်ရဲအရာကြီးမှာတော့ လိုက်လံအကဲခတ်ကြည့်ရှု့ရန် ထိုနေရာများသို့ လှမ်းသွားချိန်၌ သားဖနှစ်ဦးအနက် သားဖြစ်သူမှာ အလောတကြီးပြေးလာခဲ့ရင်း မြေပြင်ပေါ်မှ သွေးများစွာတွေ့ရှိခဲ့ကြောင်း ထိတ်လန့်စွာပြောဆိုချေခဲ့သည်။

ထို့နောက် ထိုနေရာအား လိုက်လံ အကဲခတ်ကြည့်ရှု့ခဲ့သည်နှင့် မြေပြင်ပေါ်တွင် သွေးအိုင်ကဲ့သို့ ဖြစ်ပွားခဲ့သော နေရာအား မြေကြီးမှုန်များနှင့် ဖုံးအုပ်ထားခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။

''ဆရာမောင်ဝင်း… ဒါကိုကြည့်ရတာ သွေးရိုးသားရိုးတော့ ဖြစ်မယ်မထင်ဘူး… သွေးအိုင်ကို မြေကြီးတွေနဲ့ သေသေချာချာ ဖုံးသွားခဲ့တာ''
''အင်း!… ဒီကားကြီးတိမ်းမှောက်ပုံနဲ့ ပတ်သတ်ပြီး မသင်္ကာစရာတွေတော့ အများကြီးပဲဗျ… အခုနောက်ထပ်တစ်ခု ထပ်တွေ့ရပြန်ပြီဆိုတော့ ရာဇဝဏ်မှု့တစ်ခုခုနဲ့တော့ ပတ်သတ်နေတာ သေချာပြီ''
''ဒါဆို ပြစ်မှု့ကျူးလွန်သူတွေက သည်းလွန်စဖျောက်တဲ့အနေနဲ့ ကားထဲက လူတွေရော ကားထဲမှာရှိနေတဲ့ ပစ္စည်းတွေကိုရော ပြီးတော့ ကားနံပါတ်ပြားတွေပါ အစနဖျောက်သွားခဲ့တာပဲဖြစ်မယ်''
''ကဲ… ဆရာထိန်ဝင်း ကားကြီးကို အမြန်ဆုံးဓာတ်ပုံရိုက်ပါ … ပြီးတာနဲ့ ဒီနေ့ချက်ချင်းပဲ သတင်းစာထဲထည့် … ပိုင်ရှင်ဆိုရင်တော့ သူ့ကားဘယ်လိုပုံစံပဲဖြစ်ဖြစ် မှတ်မိမှာသေချာတယ်… ကားပိုင်ရှင် ဘယ်သူလဲဆိုတာ ကျွန်တော်တို့ဘက်က သိမှဖြစ်မယ်… ဒါမှရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ အဆင်ပြေနိုင်မယ် အခုချက်ချင်းစီစဉ်ပါ''
''ဟုတ်ကဲ့ဆရာမောင်ဝင်း ကျွန်တော်အခုပဲ စီစဉ်လိုက်ပါ့မယ်''

                        *******
''ကိုလေး… ကိုလေးရေ လာပါဦး ကြီးမေကြီး မူးလဲလို့''

အိမ်အပေါ်ထပ်မှ အိမ်ဖော်ကောင်မလေး၏ အော်ဟစ်ပြောဆိုလိုက်သော စကားများ ကြားလိုက်ရသည်ကြောင့် ဆန်းထွန်းပိုင်တစ်ယောက်မှာတော့ ဆေးရုံသွားရန်ပြင်ဆင်နေရာမှ အလောတကြီးအပေါ်ထပ်ဆီသို့ ပြေးတတ်သွားခဲ့၏။ ထို့နောက် မိခင်ဖြစ်သူမှာ သူမ၏အခန်းရှေ့၌ လဲကျနေခဲ့သည်အား မြင်တွေ့လိုက်ရလေသည်။ သို့နှင့် မိခင်အား ပွေ့ဖက်လိုက်ရင်း အိပ်ခန်းကုတင်းလေးပေါ်သို့ တင်ဆောင်ပေးခဲ့သည်။

ထို့နောက် သွေးပေါင်ချိန်တိုင်းခါ လိုအပ်သည်များ စစ်ဆေးပေးနေခဲ့ရင်း မိခင်ဖြစ်သူတစ်ယောက် ပြန်လည်သတိလည်လာစေခဲ့သည်။

''အမေ… သက်သာရဲ့လား''
''သက်သာသွားပါပြီသားရယ်''
''ဘယ်လိုဖြစ်တာလဲမေမေ''
''အောက်ဆင်းမလို့ အခန်းထဲကနေ ထွက်လာတာ ခေါင်းထဲကနေ မိုက်ခနဲဖြစ်သွားတာပဲ''
''ကိုလေး…ညတုန်းကလဲ ကြီးမေ ကောင်းကောင်းအိပ်မပျော်ဘူး ခဏခဏလန့်နိုးနေတယ်''

''ဟင်… ဟုတ်လားမေမေ ဘာဖြစ်လို့လဲ… ဒါကြောင့် မေမေအားနည်းနေတာဖြစ်မယ်''
''ဟုတ်တယ်သားရယ် ညတုန်းကလည်း မေမေအိပ်မက်ဆိုးတွေ မက်တယ်… မင်းအဖေတစ်ယောက် လမ်းခရီးမှာ အဆင်မှပြေရဲ့လားမသိပါဘူး ဖုန်းလေးတစ်ချက်တောင် အခုချိန်ထိ ဆက်ဖို့သတိမရဘူး။''
''ပြေမှာပါ မေမေရဲ့… ကိုထီးလေးတို့တွေလဲ ပါသွားတာပဲ ဘာမှစိုးရိမ်စရာသိပ်မရှိပါဘူး… မေမေစိတ်အေးအေးထားနော်''
''အေးပါသားလေးရယ်… သွားသွား မင်းလဲဆေးရုံသွားစရာရှိသေးတယ်မဟုတ်လား သွားတော့လေ နောက်ကျနေဦးမယ်''
''ဟုတ်မေမေ… ကေ… မေမေ့ကိုဂရုစိုက်နော်''

''စိတ်ချပါအစ်ကိုရဲ့''
''သြော်!… သား … မင်းမသွားခင် မင်းအဖေဆီကို ဖုန်းတစ်ချက်လောက်ဆက်ကြည့်ပါဦး အဆင်မှပြေရဲ့လားလို့''
''ဟုတ်မေမေ သားဆက်လိုက်ပါ့မယ်''

နေအိမ်ဆီမှ တပည့်ဖြစ်သူများနှင့် ထွက်ခွာသွားခဲံ့သည့် လင်ယောကျာ်းတစ်ယောက် ယခုအချိန်ထိ မိမိထံသို့ ဖုန်းအဆက်သွယ်မပြုလုပ်သေးသည်ကြောင့် လင်ယောကျာ်းအား စိတ်ဆိုးချင်ယောင်ဆောင်ကာ မိမိကိုယ်တိုင်ဖုန်းဖြင့်မဆက် သားဖြစ်သူအား တစ်ဖက်မှဆက်သွယ်စေခိုင်းခဲ့သည်။ သားဖြစ်သူသည်လည်း မိခင်တစ်ယောက် ဖခင်ဖြစ်သူအား စိတ်ဆိုးချင်ယောင်ဆောင်လျက် မိမိကိုယ်တိုင်မဆက်သွယ် သူ့အားဆက်သွယ်ခိုင်းကြောင်း ရိပ်စားမိခဲ့ပြီး အခန်းပြင်သို့ထွက်ရောက်ခဲ့သည်နှင့် ဖခင်ထံသို့ ဆက်သွယ်ချေခဲံ့သည်။

ဖုန်းဝင်သွားခဲ့၏။ သို့သော် ကိုင်တွယ်ခြင်းမရှိ။ ကျူရှင်ဆရာကြီး၏ လက်ကိုင်ဖုန်းဟာလည်း သားဖြစ်သူ၏ခေါ်ဆိုမှု့ကြောင့် မြည်သံများစွာ ထွက်ပေါ်လာချေခဲ့သည်။ သို့သော် ဖခင်ဖြစ်သူမှာ အသက်ခံလိုက်ရပြီး သူ၏လက်ကိုင်ဖုန်းဟာလည်း လူသားစားဆေးရုံ၏ ရေခဲတိုက်အတွင်းမှ မြည်သံများစွာထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။ သားဖြစ်သူ၏ဖုန်းအား ဖခင်ဖြစ်သူ ကျူရှင်ဆရာကြီးတစ်ယောက် မည်သည့်အခါမှ ကိုင်တွယ်နိုင်တော့မည်မဟုတ်တော့ချေ။

မျက်မှောင်ကြုတ်လျက် အဘယ့်ကြောင့် မိမိ၏ဖုန်းအား ဖခင်ဖြစ်သူ မကိုင်ရသနည်း။ မအား၍ပဲနေမှာပါ။ ထိုစကားနှင့်ချေပသွားရင်း ဆက်၍ခေါ်ဆိုမနေတော့ပဲ မိမိ၏ဦးတည်ရာဆီသို့သာ ဆန်းထွန်းပိုင်တစ်ယောက် ထွက်ခွာသွားခဲ့ချေတော့သည်။

                               ***
''ဆရာထိန်းဝင်း… အဆင်ပြေရဲ့လား''
''ဟုတ်ကဲ့ဆရာ အဆင်ပြေပါတယ်… မကြာခင်မှာ ကျွန်တော်တို့ဆီ မှောက်သွားတဲ့ကားပိုင်ရှင် ဆက်သွယ်လာတော့မှာပါ''
''အင်း… ဘယ်သူ့ကားဆိုတာ သိမှဖြစ်မယ် ဒါမှလဲ ကျုပ်တို့ဘက်က ရှေ့ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်ရမှာ… ကျုပ်မိတ်ဆွေတွေဆီကိုလဲ အခုချိန်ထိ ဖုန်းခေါ်လို့မရသေးဘူးဖြစ်နေတယ်''
''ဖုန်းများ အားကုန်လို့ပိတ်နေလားမှမသိတာဆရာ''
''မဟုတ်လောက်ဘူးဗျ… တစ်ယောက်တည်းကိုခေါ်နေတာ မဟုတ်ဘူး… ကျုပ်မိတ်ဆွေငါးယောက်စလုံးကို ခေါ်နေတာ အာလုံးရဲ့ဖုန်းကလဲ ဆက်ပိတ်ထားတယ်ဆိုတာချည်းပဲ''

''ကျွန်တော့အထင်… ကားကြီးနဲ့များ… ဟာမဟုတ်တာ လွဲပါစေဖယ်ပါစေ''
''ရပါတယ်ဆရာထိန်ဝင်း ရပါတယ် ကျုပ်လဲ ကျုပ်မိတ်ဆွေတွေရဲ့ ကားကြီးမဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်''

(ဖုန်းမြည်သံ)
''ဟယ်လို… ရဲအုပ်မောင်ဝင်းပြောနေပါတယ်''
''ဟုတ်ကဲ့ဆရာ… ကျွန်တော်ပုသိမ်မြို့က အပိုင်စခန်းမှူးပါ ဆရာမောင်ဝင်းလာမယ်ဆိုလို့ ကျွန်တော်တို့ကားဂိတ်မှာ စောင့်နေခဲ့တာကြာပါပြီဆရာ… အဲ့ဒါ ဆရာဒီနေ့ လာဖြစ်မလာဖြစ် သိချင်လို့ဖုန်းဆက်ကြည့်တာပါ''
''သြော်… ဟုတ်ကဲ့ပါ… ကျုပ်အခုပဲလာခဲ့ပါ့မယ်''
''လေးစားပါတယ်ဆရာမောင်ဝင်း''
''လေးစားပါတယ်''

''ကဲ… ကိုထိန်ဝင်းရေ ဒီအမှု့ပြီးမှ လိုရာခရီးကိုသွားတော့မယ်လို့ တွေးထားပေမယ့် အခုပုသိမ်မြို့က ရဲအရာရှိတွေ ကျုပ်လာမယ်ဆိုလို့ ကားဂိတ်မှာလာစောင့်နေကြတယ်တဲ့''
''ဟုတ်ကဲ့ဆရာ… ဆရာသွားစရာရှိတဲ့ ခရီးကိုသွားပါဆရာ ဒီမှာကျွန်တော်ဆက်လုပ်ထားလိုက်ပါ့မယ် ဆရာမောင်ဝင်း ပုသိမ်က အပြန်ဝင်လာခဲ့ဖို့သာ ကျွန်တော်မျှော်လင့်ပါမယ်'
''စိတ်ချပါ… ကျုပ်ပြန်ဝင်လာဦးမှာပါ… ကိုထိန်ဝင်းရဲ့ တာဝန်ကျေတဲ့အကြောင်းတွေကိုလဲ ကျုပ်မောင်ဝင်းသိသင့်သလောက် သိထားပါတယ်… ကဲဒါဆိုကျူပ်ကို ခွင့်ပြုဦး''
''ဟုတ်ကဲ့ဆရာ''
''ဆရာ… ကျုပ်တို့သားဖကရော ပြန်လို့ရပြီလား''
''သြော်… ရပါပြီဗျ… ကျွန်တော်တို့လိုအပ်တဲ့ အချိန်ကျရင်တော့ ခေါ်ပါရစေနော်… အခုလိုအကြောင်းကြားပေးတာ ခင်ဗျားတို့သားဖနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်''
''ရပါတယ်ဗျာ… ဒါဆိုကျုပ်တို့သွားမယ် ဒါကျုပ်တို့ဖုန်းနံပါတ်ပါ လိုအပ်တဲ့အချိန် ဆက်သွယ်လို့ရပါတယ်''
''ကောင်းပါပြီဗျာ… ကောင်းပါပြီ''

မသင်္ကာစဖွယ်တိမ်းမှောက်နေခဲ့သော အဝေးပြေးလမ်းမကြီး၏ ဇောက်နက်နက် လမ်းနံဘေးတွင် ယာဉ်တိမ်းမှောက်မှု့နှင့်ပတ်သတ်ပြီး ရဲအုပ်မောင်ဝင်းတစ်ယောက် ထိုအမှု့ပြီးဆုံးသွားမှသာလျင် မိမိ၏လိုရာခရီးသို့ ဆက်လက်သွာမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ မိမိအား မျှော်လင့်စောင့်စားနေခဲ့သည့် ပုသိမ်မြို့မှရဲအရာရှိများအား အားနာသောအားဖြင့် ထိုအပိုင်ရဲအရာရှိ ကိုထိန်ဝင်းအား နှုတ်ဆတ်လျက် ပုသိမ်မြို့ဆီသို့ ချက်ချင်းပင်ထွက်ခွာသွားခဲ့ချေသည်။

ကားကြီးတိမ်းမှောက်နေခဲ့သော ပုံစံများအား မှတ်တမ်းတင်ဓာတ်ပုံများရိုက်လျက် တစ်ချို့သော ပုံများအား နေ့ချင်းပင်လျင် သတင်းဌာနများသို့ ပေးပို့စေခဲ့သည်။ ကားနံပါတ်မရှိသည်ကြောင့် ကားပိုင်ရှင်အား လွယ်ကူစွာဖြင့် ဆက်သွယ်၍မရနိုင်ချေ။ ထို့ကြောင့် ကားပိုင်ရှင်သာလျင် ကားကြီးတိမ်းမှောက်နေခဲ့သော သတင်းအား ဖတ်ရှု့မိလျင် သူ၏ကားအား ကောင်းစွာ မှတ်မိချေနိုင်သည်။ ဤသို့ဆိုလျင် ကားကြီးတိမ်းမှောက်မှု့နှင့် ပတ်သတ်ပြီး ကားပိုင်ရှင်သို့မဟုတ် ကားကြီးနှင့်ပတ်သတ်သူ တစ်ဦးတစ်ယောက် မိမိတို့၏ရဲဌာနများသို့ ဆက်သွယ်လာချေနိုင်သည်။

ထို့ကြောင့် ရဲအုပ်မောင်ဝင်း ထွက်ခွာသွားခဲ့သည်နှင့် အပိုင်ရဲအရာရှိဟာလည်း ဆက်လက်လုပ်ဆောင်စရာရှိသည်များအား လုပ်ဆောင်လျက် ကားကြီး၏ပိုင်ရှင် မိမိတို့အား အကြောင်းကြားလာမည့်အချိန်ကိုသာ စောင့်စားမျှော်လင့်နေခဲ့လေတော့သည်။

                               ***
ဆရာဝန်ကြီးစွန်ရဲနိုင်နှင့် ဒေါက်တာရဲမောင်အပါအဝင် ဆေးရုံရှိဆရာဝန် ဆရာမများမှာ ဆေးရုံ၏အကြောင်းအား မည်သည့်အရာတစ်ခုမှ သိရှိမထားခဲ့သော တိမ်းမှောက်နေခဲ့သည့် ကားကြီးအတွင်းမှ ဆေးရုံဆီသို့ ရောက်ရှိလာခဲ့သော လူငယ်များအား အိပ်ဆေးပြင်းပြင်းထိုးလျက် နေ့လည်ခင်းတစ်ချိန်လုံးအား ကုန်ဆုံးထားစေခဲ့သည်။ လူငယ်များဟာလည်း ထိုသို့သော ဟန်ဆောင်ကောင်းလှသည့် ခန့်ခန့်ညားညားဆရာဝန်များအား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာမှပင် အားကိုးကာ ပြုသမျှခံယူလေခဲ့သည်။

ထို့ကြောင့် ယခုအခါ ပထမအထပ်၌ ပြန်လည်သတိလည်လာခဲ့သော လူငယ်များအား ပြင်းလွန်းလှသော အိပ်ဆေးများ ထိုးထားနိုင်ခဲ့ချေသည်။ နေ့လည်ဘက်တွင်မူ ဆေးရုံရှိဆရာဝန်များမှာ အလှည့်ကျအနားယူလျက် ဆေးရုံကြီးတစ်ခုလုံး၏ ပတ်ဝန်းကျင်အား လူသတ်သမား မောင်စန်းမြင့်မှ အဓိကတာဝန်ယူ စောင့်ရှောက်စေခဲ့သည်။ ဝိဥာဉ်မလေး သီရိမေဟာလည်း တစ်ဖက်တစ်လှမ်းမှ ထိုဆေးရုံနားသို့ လူသားများမကပ်နိုင်ရန် ခြိမ်းခြောက်စေလွတ်ခဲ့သည်။

ထို့ကြောင့် နေ့လည်ဘက်တွင်မူ ထိုဆေးရုံကြီးဟာ လွန်ခဲ့သော ၁၅နှစ်ခန့်မှ ပိတ်ထားခဲ့သော ဆေးရုံကြီးအတိုင်းတည်ရှိနေလေခဲ့ပြီး ညဘက်အချိန်ခါမှသာ မီးအရောင်တချို့ ထွန်းလင်းလိုက်သောကြောင့် မသည်းမကွဲ အဝေးတစ်နေရာမှ မြင်တွေ့စေနိုင်သည်။ သို့သော် ထိုမီးရောင်များအား မြင်တွေ့ခဲ့ဘူးသော သာမာန်လူတစ်ချို့မှာမူ လူနေအိမ်သာလျင်ဖြစ်မည်ဟု တွေးထားခဲ့ရင်း သတိမမူခဲ့ချေ။

နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ဆေးရုံရှိလူသတ်ဆရာဝန်များဟာလည်း ထိုဆေးရုံဟာ ပိတ်ဆို့ခြင်းခံထားရသော ဆေးရုံတစ်ခုမဟုတ်သကဲ့သို့ သာမာန်ဆေးရုံတစ်ခုအသွင်ဖြင့် အတင့်ရဲစွာ ထိုဆေးရုံအတွင်း၌ ယခုကဲ့သို့ ရက်စက်မှု့များ ပြုလုပ်စေခဲ့သည်။

လွန်ခဲ့သော(၁၅)နှစ်ခန့်မှ ထိုဆေးရုံ၏အတွင်းကျကျ အကြောင်းများအားလည်း သတ်ဆိုင်ရာမှသာလျင် ကောင်းစွာသိရှိထားစေခဲ့ပြီး တစ်ခြားသော ပြည်သူများမှာမူ ထိုဆေးရုံ၏အကြောင်းများအား ရှင်းလင်းစွာမသိရှိခဲ့ချေ။

လွန်ခဲ့သော (၁၅)နှစ်ခန့်မှ ထိုဆေးရုံဟာ အချက်ချာကျသော နေရာတွင်တည်ရှိနေခဲ့သော်လည်း ယခုအခါ အလွန်ပင်ခေါင်ခိုက်သည့်နေရာဟု သတ်မှတ်ထားချေနိုင်သည်။ ဆေးရုံ၏တည်နေရာမှာ လေးဘက်လေးလံ၌ သက်တမ်းရှင့် အပင်အိုကြီးမှာ အုပ်စိုင်းနေခဲ့သည်ကြောင့် တော်ရုံတန်ရုံမမြင်တွေ့နိုင်ချေ။ မြေပြင်ပေါ်၌ ဝမ်းလျားအနေထားဖြင့် ဝပ်လျက်ကြည့်မှသာလျင် ရှင်းလင်းစွာမြင်တွေ့စေနိုင်ခဲံ့သည်။

''ကဲစွန်ရဲ… မင်းလဲတစ်ညလုံး မနားရသေးဘူးမဟုတ်လား သွားနားလိုက်တော့လေ… အခုချိန်လောက်ဆို ဖြူလေးလဲ သတိရလောက်ရောပေါ့''
''နားလို့မဖြစ်သေးပါဘူး အခုပျောက်နေတဲ့ တစ်ယောက်ကိုတွေ့မှဖြစ်မယ် မဟုတ်ရင် ငါတို့အားလုံးအတွက် အန္တရယ်ဖြစ်လာနိုင်တယ်''
''အဲ့လောက်ထိလဲ မဆိုးရိမ်ပါနဲ့ကွာ ဒီကောင်လေး ဆေးရုံထွက်ပေါက်ကို ရှာမတွေ့နိုင်သေးပါဘူး အပေါက်မှားထွက်မိရင်တော့ သူ့ဒိုက်နဲ့သူ့ကံပေါ့… မင်းတပည့်စန်းမြင့်တစ်ယောက်လုံး ရှိနေတယ်မဟုတ်လား… စိတ်အေးအေးထား ငါတို့အားလုံးလဲ သူ့ကိုအခုလိုက်ရှာမယ် မင်းကတော့ အခန်းထဲမှာပဲ သွားနားနေလိုက်တော့နော်''
''အေးပါကွာ သန်းနိုင်လဲ တော်တော်လေးအထိနာသွားတယ် ဘယ်ကောင့်လက်ချက်လဲတော့မသိသေးဘူး''
''အေးကွ သူပြောတော့လဲ ပျောက်နေတဲ့ ကောင်လေးမဟုတ်ဘူးဆိုတော့ ဟို… သီရိမေများလား''

''အင်း… ဖြစ်နိုင်တယ် ဆေးရုံပတ်ဝန်းကျင် နယ်တွေမှာလည်း ပိတ်ထားတဲ့ဆေးရုံအဟောင်းကြီးမှာ သရဲမတစ်ကောင် သောင်းကြမ်းနေတယ်လို့ ပြောနေကြတယ်… ဘာပဲဖြစ်ဖြစ် သီရိမေကို ထိမ်းချုပ်နိုင်တဲ့ စန်းမြင့်ကိုတော့ ပြောထားမှဖြစ်မယ်''
''ကဲဟုတ်ပြီသူငယ်ချင်း မင်းအပေါ်သွားတော့ ညကျရင်လဲ ငါတို့လုပ်စရာတွေရှိသေးတယ် မင်းပင်ပန်းနေလိမ့်မယ် … ငါတော့ ဒုတိယအထပ်က ကောင်လေးကို ခဏဝင်ကြည့်ပြီး ပျောက်နေတဲ့ ကောင်ကို မြေလှန်ရှာမယ်''
''ရဲမောင် အစစဂရုစိုက်နော်''
''အေးပါကွ… ငါ့အတွက်မပူပါနဲ့''

                             ****
''အား… ''
''ထီးလေ… လမ်လေး''
တမ်းတမိ၏။ မိမိ၏သူငယ်ချင်းဖြစ်သူများ။ တန်ခိုး ထိုသူဟာ အင်မတန်မှခေါင်းမာသူ တစ်ဦးဖြစ်သည့်အလား လွန်စွာမှ အပေတေခံနိုင်သူတစ်ယောက်လဲ ဖြစ်သည်။ ကားကြီးတိမ်းမှောက်မှု့ဖြင့် ဦးခေါင်းကွဲရှသွားသည့်အလား ဒေါက်တာသန်းနိုင်၏ရိုက်ချက်ဖြင့်လဲ အပြင်းထန်းဦးခေါင်း၌ ဒဏ်ရာရရှိထားသေးသည်။

ထို့ကြောင့်လည်း ယခုအချိန်၌ သူတစ်ယောက် လွန်စွာသွေးအားနည်းနေခဲ့သည်။ သို့သော်လည်း ယခုနေ့လည်ခင်း၌ ပြန်လည်သတိတစ်ချက်လည်လာခဲ့သည်။ သံကုတင်းပေါ်၌ လူးလိမ့်ရင်း သူ၏မျက်လုံးတစ်စုံ စုံဖွင့်လိုက်သည်။ သေချာလေသည်။ ထိုအချိန်ဟာ နေ့လည်ခင်းပင်ဖြစ်လိမ့်မည်။ သံကုတင်းပေါ်မှ လျင်မြန်စွာထလိုက်၏။ အခန်းပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ လူသတ်လက်နတ်ပစ္စည်းမှအပ မည်သည့်အရာတစ်ခုမှ မတွေရှိရ။

ထိုဆေးရုံ၏အကြောင်းများအား မိမိ၏ပြောဆိုမှု့ဖြင့် သူငယ်ချင်းထီးလေး သိရှိသွားပြီ။ သို့သော် သူတစ်ယောက် ယခုအချိန်၌ အဘယ်ဆီသို့ရောက်ရှိနေသနည်း။ ကျန်ရှိနေသော သူငယ်ချင်းဖြစ်သူများသည်လည်း အသက်ရှင်လျက်မှ ရှိနေကြသေးရဲံ့လား။ ထိုသို့သော အတွေးများစွာ တွေးလျက် လှုပ်ရှားနေသော သူ၏စိတ်အား တည်ငြိမ်စေရန် ထိမ်းချုပ်ထားရသည်။ အခန်းအတွင်း၌ အဆက်သွယ်ပြုလုပ်နိုင်မည့် အရာများအား လိုက်လံရှာဖွေခဲ့သေးသည်။ သို့သော်မတွေ့။

ထိုအခန်းအတွင်း၌ပိတ်ထားခဲ့သော ပြတင်းပေါက်တံခါးများအားလည်း သူတစ်ယောက် တွန်းလျက် ဖွင့်ကြည့်သေးသည်။ သို့သော်မပွင့် အပြင်မှ ကန့်လန့်အနေထား ဂျက်ထိုးထားသည်။ အခန်းအပြင်သို့ထွက်မည်။ ဆေးရုံကြီးအတွင်းမှ လွတ်မြောက်နိုင်ရန် သူတစ်ယောက်ကြိုးစားခါမှ သူငယ်ချင်းများအား ကယ်တင်နိုင်မည်ဖြစ်သည်။ ထိုသို့တွေးတောရင်း မူးနောက်နေသော အာရုံများနှင့် အခန်းတံခါးပွင့်စေခါ အပြင်သို့ခြေလှမ်း စတင်လှမ်းလိုက်၏။

''ကဲစွန်ရဲ… ငါအခန်းထဲခဏဝင်ကြည့်ဦးမယ်… မင်းသွားတော့နော်''
ဒုတိယအထပ်သို့ ဒေါက်တာရဲမောင်နှင့် နပ်စ်မလေးနှစ်ဦး ဓာတ်လှေကားအတွင်းမှ ထွက်လာခဲ့ရင်း ဓာတ်လှေကားအတွင်း၌ ရှိနေသော ဆရာဝန်ကြီးအား နှုတ်ဆတ်နေခဲ့သည်။ ထိုစကားသံများနှင့် ထိုသူများအား တွေ့ရှိလိုက်ရသည်ကြောင့် တန်ခိုးတစ်ယောက် မည်သို့ပင်ရှေ့ဆက်ရမည်နည်း။ ဘေးဘယ်ညာသို့ ခပ်သွက်သွက်ကြည့်လိုက်ရင်း အရေးပေါ်ခန်းအတွင်းသို့သာ ပြန်လည်ဝင်ပြေးလေခဲ့သည်။

အဘယ်သို့ပြုလုပ်ရမည်နည်း။ အရေးပေါ်ခန်းအတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ရောက်ရှိလာတော့မည်မှာ သေချာလှသည်။ သူတစ်ယောက်စဉ်းစားနေမိ၏။ လက်ရုံးရည်အား အားကိုးရမည်လား။ ထိုသို့ဆိုလျင် မဖြစ်သေး။ ပရိယာယ်များသော ထိုသူများကြောင်း မိမိတစ်ယောက် ကိုယ်တွေ့ကြုံထားဘူးခဲ့သည်။ ထို့ကြောင့် လက်ရုံရည်ဖြင့် မတိုက်ခိုက် ပရိယာယ်နှင့်သာ တိုက်ခိုက်တော့မည်။ သို့နှင့် သံကုတင်အပေါ်၌ မေ့မျောခြင်းယောင် ပြန်လည်လဲလျောင်း နေခဲ့လေသည်။

မိမိတစ်ယောက် သေချင်ယောင်ဆောင်ခဲ့ဘူးသည်။ နှစ်တစ်ရာသက်ဝင်မြေးဘွာနှင့် အောက်လမ်းမာယာဖြစ်ရပ်ဆန်း၌ ယခုအခါမှုမူ ထိုသို့ပြန်လည်ဟန်ဆောင်စေရင်း အရေးပေါ်ခန်းဆီသို့ ဦးတည်ဝင်ရောက်လာမည့် ဒေါက်တာရဲမောင်အား စောင့်စားနေလိုက်သည်။

တန်ခိုးတစ်ယောက် သံကုတင်ပေါ်၌ လဲလျောင်းနေခဲ့ပြီး ခဏအကြာ ဒေါက်တာရဲမောင်နှင့်အတူ နပ်စ်မလေးနှစ်ဦးသည်လည်း အရေးပေါ်ခန်းအတွင်းသို့ စိုက်မြိုက်စွာဝင်ရောက်လာချေသည်။ အရေးပေါ်ခန်းအတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ဝင်လာလာသည်ဆိုလျင်ပဲ သံကုတင်းပေါ်၌ မေ့မျောချင်ယောင်ဆောင်လျက်ထားသော တန်ခိုးအား ဘုကြည့်ကြည့်လျက် သူ၏ခေါင်းအား ငြိမ့်နေလိုက်သည်။

''အင်း… ဒီကောင်ကတော်တော်လည်တာပဲ ဟင်းဟင်း မင်းလည်သလောက်ကတော့ ရဲမောင်ဆိုတဲ့ငါက ငါ့ကိုယ်ငါ နုံလှချည်လားလို့ အပြစ်တင်နေမိတဲ့ အချိန်လောက်ပဲ ရှိမှာပါကွာ… ဟားဟားဟား… သိပ်လည်ချင်တဲ့ကောင်ကို ပညာကောင်းကောင်းပေးရတာပေါ့''

မိမိတစ်ယောက် ယခုအခါ မေ့မျောချင်ယောင်ဆောင်ထားခဲ့သော အကြောင်းများအား ဒေါက်တာရဲမောင်တစ်ယောက် ကြိုတင်ကာ သိရှိထားခဲ့လေသလား။ တန်ခိုး၏သံကုတင်းအား လှည့်ပတ်လျက် နှုတ်မှထိုသို့ပြောဆိုနေခဲ့သည်။ ထို့နောက် တန်ခိုး၏လည်ပင်း သွေးကျောမကြီးအား လက်ဖြင့်အသာစမ်းလိုက်ရင်း

''အင်း… သေတော့မသေသေးပါလား… ကဲဆရာမ… စလင်းပေး… ဒီကောင့်ကို ဒုက္ဒီတဖြစ်အောင်လုပ်ထားမှ ဖြစ်မယ်''

အဘယ်သို့တုန့်ပြန်ရမည်နည်း။ နပ်စ်မတစ်ဦးဆီမှ ဆေးထိုးအပ်အား တောင်းယူလျက် မိမိအား ထိုးသွင်းစေတော့မည်။ တိုက်ခိုက်လျက် ထွက်ပြေး၍လည်းမဖြစ်သေး။ ဆေးရုံအတွင်း၌ မိမ်၏ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးချင်သေးသည်။ ထို့ကြောင့် မိမိအားမည်သို့ပင်ပြုလုပ်မည်နည်းဟု စောင့်ကြည့်နေခဲ့ရင်း ကြံခင်းနယ်ဖြစ်ရပ် ဖုတ်ကောင်ကြီးအား ဦးဆောင်နိမ်နင်းပေးခဲ့သော မှော်ဆရာကြီးဦးလန်ဘားထံမှ သွေးကျောများအား ထိမ်းချုပ်နိုင်သော တရုတ်ပညာရပ်အား သူတစ်ယောက်သင်ယူထားခဲ့ဘူးသည်။

အချိန်ကျလေပြီ။ ထိုပညာရပ်အား အသုံးချလျက် ကာကွယ်ရမည်လား။ သို့သော်လည်း မှော်ဆရာကြီးဦးလန်ဘားမှာ ထိုပညာရပ်အား ဆုံးခန်းတိုင်ထိ မသင်ကြားနိုင်ခဲ့ ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် အသက်ပေးသွားခဲ့ရသည်။ မိမိသည်လည်း ထို့ကြောင့် တရုတ်သွေးကြောထိမ်း ပညာရပ်အား ပြည့်စုံစွာ မတတ်မြောက်နိုင်ခဲ့ချေ။ ထို့ကြောင့် ထိုပညာရပ်ဖြင့် ကာကွယ်ပြန်လျင်လည်း ထိရောက်မှု့ရှိမည်မဟုတ်။

ယခုအချိန်ဟာ စိတ်လိုက်မာန်ပါပြုမူတတ်သော တန်ခိုးတစ်ယောက် များစွာစဉ်းစားနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ စဉ်းစားမနေချင်တော့ချေ။ ကျွမ်းကျင်စွာတတ်မြောက်ထားသည့် မိမိ၏ကိုယ်ခံပညာကိုသာ အသုံးချချင်နေပြီ။ ထို့ကြောင့် ဆေးထိုးအပ်အား ကိုင်ဆောင်ထားပြီး မိမိ၏လက်မောင်သွေးကြောဆီသ်ို့ ထိုးသွင်းရန်ဟန်ပြင်နေသော ဒေါက်တာသန်းနိုင်အား တန်ခိုးတစ်ယောက် လျင်မြန်စွာတိုက်ခိုက်လိုက်ချေသည်။

ပြင်းထန်လှသော တန်ခိုး၏ ညာခြေကန်ချက်ကြောင့် ဒေါက်တာရဲမောင်မှာ အခန်းဒေါင့်လေးဆီသို့ အရှိန်ပြင်းစွာရောက်ရှိသွားရင်း နံရံနှင့်ဦးခေါင်း တိုက်မိခါ သွေးများစွာထွက်လျက် လဲကျသွားခဲ့သည်။ ထို့နောက် နပ်စ်မလေးနှစ်ဦးမှာလဲ အခန်းအပြင်သို့ အပြေးထွက်မည်အလုပ် နပ်စ်မတစ်ဦးအား လက်ဝါးစောင့်ဖြင့် ရိုက်နှပ်စေခဲ့သည်။ သူမသည်လည်း ထိုနေရာ၌ လဲကျသွားခဲ့ပြီး ကျန်ရှိနေသော နပ်စ်မတစ်ဦးမှာ သူမအား အသေမသတ်ရန် တန်ခိုးထံ၌ တောင်းဆိုလေခဲ့သည်။

''အောင်မာ… မင်းတို့အလှည့်ကျတော့ သေရမှာတော်တော်ကြောက်နေပုံပဲ… ကောင်းပြီ မင်းကိုမသတ်ဘူး ငါ့သူငယ်ချင်းတွေရှိနေတဲ့ နေရာ ငါ့ကိုလိုက်ပြ''
''ဟုတ်… ဟုတ်ကဲ့ပြ… ပြပါ့မယ် ကျွန်… ကျွန်မကိုမသတ်ပါနဲ့နော်''
''မသတ်ပါဘူး… အေး… ရုတ်ရုတ်လုပ်မယ်တော့ မကြံနဲ့ ဒီမှာတွေ့လား… လာ''

ဒေါက်တာရဲမောင်တစ်ယောက် ပြုတ်ကျသွားခဲ့သော ဆေးထိုးအပ်အား ကောက်ယူလျက် နပ်စ်မလေးအားချိန်ဆခါ အရေးပေါ်ခန်းအတွင်းမှ ထွက်ရောက်စေခဲ့သည်။ ထိုဆေး မည်မျှပင် ပြင်းထန်ကြောင်းအား ထိုနပ်စ်လေးအသိဆုံးပင် ဖြစ်ချေလိမ့်မည်။ ထို့ကြောင့် တန်ခိုး၏ပြောဆိုခဲ့သော စကားများအား နားထောင်လျက် ပထမထပ်မှ သူ၏သူငယ်ချင်းဖြစ်သူများ ရှိနေရာဆီသို့ လိုက်လံပြသရန် ဓာတ်လှေကားဆီသို့ ဦးတည်သွားရောက်ချေခဲ့သည်။

                            ******
* အရေးပေါ်ခန်းအတွင်းမှ ထွက်ရောက်သွားနိုင်ခဲ့သော တန်ခိုးတစ်ယောက် သူ၏ သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးနိုင်မည်လား။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ရောက်သွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်မည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၅.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၃)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ဒေါက်တာရဲမောင်တစ်ယောက် ပြုတ်ကျသွားခဲ့သော ဆေးထိုးအပ်အား ကောက်ယူလျက် နပ်စ်မလေးအားချိန်ဆခါ အရေးပေါ်ခန်းအတွင်းမှ ထွက်ခွာစေခဲ့သည်။ ထိုဆေးဟာ အကြောသွင်းသို့ ထိုးသွင်းလိုက်သည်နှင့် မည်သို့ပင် အကျိုးရောက်သွားနိုင်သည်ဟူသော အကြောင်းများအား ထိုနပ်စ်လေးအသိဆုံးပင် ဖြစ်ချေလိမ့်မည်။ ထို့ကြောင့် တန်ခိုး၏ပြောဆိုခဲ့သော စကားများအား နားထောင်လျက် ပထမထပ်မှ သူ၏သူငယ်ချင်းဖြစ်သူများ ရှိနေရာဆီသို့ လိုက်လံပြသရန် ဓာတ်လှေကားဆီသို့ ဦးတည်သွားရောက်ချေခဲ့သည်။

အပေါ်သို့မဟုတ် အောက်သို့ တစ်ဦးတစ်ယောက် တတ်ရောက်သွားခဲ့လေသလား။ ဓာတ်လှေကားတံခါးဟာ ပွင့်ဟမလာခဲ့သေးချေ။ ထို့ကြောင့် တံခါးအရှေ့၌ နပ်စ်မလေးအား အကြပ်ကိုင်ထားစေရင်း တန်ခိုးတစ်ယောက် အမေးများစွာ မေးမြန်းချေသည်။

''ငါ့သူငယ်ချင်းတွေ ဘယ်မှာရှိနေလဲပြောစမ်း!…''
''ဟို… ဟိုအောက်… အောက်ဆုံးအထပ်မှာပါ''
''သေချာတယ်နော် မင်းဥာဏ်များမယ်တော့ မကြံနဲ့ ဒီဆေးရဲ့အစွမ်းတွေ မင်းသိတယ်မဟုတ်လား လိမ်ရင်တော့ မင်းကိုယ်ထဲထိုးသွင်းပစ်လိုက်မယ်''
''မ… မလုပ်ပါနဲ့ရှင်… ကျွန်မ မ…မလိမ်ပါဘူး ပထမထပ်အခန်းထဲမှာရှိပါတယ်… ကျွန်မလိုက်ပြပါ့မယ်''
''ကောင်းပြီ … သွား''

ထိုသို့ပြောဆိုနေခဲ့ရင်း လှေကားအတိုင်းမဆင်း တစ်စုံတစ်ယောက်တွေ့ရှိသွားနိုင်သည်။ ထို့ကြောင့် ဓာတ်လှေကားဖြင့်ဆင်းရန် ဒုတိယအထပ် ဓာတ်လှေကားအရှေ့၌ စောင့်ဆိုင်းနေခဲ့ရင်း ခဏအကြာ၌ ဓာတ်လှေကားတံခါး ပွင့်ဟလာခဲ့သည်။ ဓာတ်လှေကားအတွင်းမှ ဆရာဝန်တစ်ယောက်ရှိနေခဲ့ပြီး တံခါးပွင့်ဟသွားသည်နှင့် အပြင်၌မြင်တွေ့လိုက်ရသော တန်ခိုးနှင့်နပ်စ်မလေးတို့အား ပြူးကြောင်ကြောင် စိုက်ကြည့်နေခဲ့သည်။

တန်ခိုးဟာလည်း ချိန်းဆထားခဲ့သော ဆေးထိုးအပ်အား မြင်တွေ့မသွားစေရန် လျင်မြန်စွာဝှက်ကိုင်လိုက်ပြီး နပ်စ်မလေးအား ပုခုံးဖြင့် တွန်းကာ အချက်ပြလိုက်ချေသည်။ ထိုကဲ့သို့ တန်ခိုး၏အမူယာကြောင့် နပ်စ်မတစ်ယောက် ကောင်းစွာသဘောပေါက်ချေခဲ့သည်။ ထိုကြောင့်

''ကျွန်… ကျွန်မတို့ ပ… ပထမထပ်ကို ဆင်းမလို့ပါ ဒေါက်… ဒေါက်တာဘယ်သွားမလို့လဲ''
''သြော်!… ဘယ်မှမသွားပါဘူး ဒေါက်တာရဲမောင်ကို ဆရာဝန်ကြီးခေါ်ခိုင်းလိုက်လို့ အဲ့ဒါသွားခေါ်မလို့''
''ဟုတ်… ဟုတ်ကဲ့''
''သြော်… ဆရာမပြောလိုက်ဦးလေ… အခုလေးတင် ဒေါက်တာရဲမောင် အပေါ်တတ်သွားပြီးမဟုတ်လား''
''ရှင်… သြော်… ဟုတ်… ဟုတ်သားပဲ ဒေါက်တာရဲမောင် အပေါ်ထပ်တတ်သွားပြီ ဒေါက်တာ''
''ဟင်… ဟုတ်လို့လား… ကျွန်တော်အခုလေးတင် အပေါ်ကနေဆင်းလာတာ မတွေ့ပါဘူး''
''ကဲကောင်းပြီဒေါက်တာ ဓာတ်လှေကားထဲကနေထွက်ပေးပါ ကျွန်တော်နဲ့ဆရာမလေး အောက်ထပ်ဆင်းစရာရှိသေးတယ်''
''သြော်… ဟုတ်သားပဲ ကျွန်တော်လဲ မေ့နေလိုက်တာလာလာ''

ထိုသို့ဆို၏။ ထိုဆေးရုံ၌ရှိနေခဲ့သော လူသတ်ဆရာဝန်များမှာ သာမာန်လူပိန်းများမဟုတ် အင်မတန်မှလူရည်လှသည်။ အပြင်မှ လူစိမ်းများ ဆေးရုံအတွင်းသို့ ရောက်ရှိနေပါက ပို၍ပင် တစ်ဦး၏အရိပ်ကဲ တစ်ဦးဂရုစိုက်စွာ စောင့်ကြည့်နေကြသည်။ ဓာတ်လှေကားအတွင်းမှ ထွက်လိုက်သော ဆရာဝန်နှင့် တန်ခိုး၏အကြပ်ကိုင်ထားခြင်းခံနေရသော နပ်စ်မလေးတို့မှာ ဓာတ်လှေကား အဝင်အထွက် နေရာချိန်းလိုက်သည်နှင့် ထိုသူနှစ်ဦးမှာ မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေခဲ့သည်။

ထိုသို့ဆိုလျင် ထိုဆရာဝန်တစ်ယောက် ကောင်းစွာသဘောပေါက်စေ၏။ သာမာန်အနေထား ကြောင်တောင်တောင်ဖြစ် ဓာတ်လှေကားအတွင်းမှ ထွက်ခွာပေးလိုက်သော်လည်း တန်ခိုးနှင့်နပ်စ်လေးတို့၏ အခြေနေများအား သူတစ်ယောက်ကောင်းစွာ သဘောပေါက်သွားချေခဲ့သည်။

ထို့ကြောင့် အပေါ်ဆုံးထပ်သို့ လှေကားအတိုင်း လျင်မြန်စွာတတ်ရောက်သွားခဲ့ရင်း အပေါ်ဆုံးထပ်တွင်ရှိနေသော ဆရာဝန်ကြီးနှင့် ဒေါက်တာသန်းနိုင်အား ချက်ချင်းပင်လျင် အကြောင်းကြားတော့မည်ဖြစ်သည်။

ဓာတ်လှေကားအတိုင်း နပ်စ်မလေးခေါ်ဆောင်ရာအနောက်သို့ တန်ခိုးတစ်ယောက်လိုက်ပါလာချေခဲ့သည်။ သို့နှင့် ပထမအထပ်သို့ရောက်ရှိလာခဲ့ရင်း ပရိယာယ်များလှသော ထိုဆေးရုံရှိလူများအား တန်ခိုးတစ်ယောက် လွန်စွာသတိထားနေရသည်။ ထို့နောက် နပ်စ်မလေးခေါ်ဆောင်ရာ အနောက်သို့လာပါလာခဲ့ရင်း အခန်းတစ်ခုအရှေ့သို့ ရောက်ရှိလာလေခဲ့သည်။

''ဘယ်မှာလဲ မရောက်သေးဘူးလား မင်းဥာဏ်များနေတာလား ငါစိတ်မရှည်တော့ဘူးနော်''
''ရောက်… ရောက်ပါပြီရှင်… ဒီခန်းပါပဲ''
''မျှားလေး… လမ်းလေး… ဟေ့ငါးလေး… မင်းလိမ်နေတာလား အခန်းထဲမှာ ဘာသံမှလဲမကြားဘူး''
''မ… မလိမ်ပါဘူး အခန်းထဲမှာ သူတိုတွေရှိပါတယ် ဆရာဝန်ကြီးမေ့ဆေးထိုးထားလို့ မေ့နေကြတာဖြစ်ပါလိမ့်မယ်''

''ဘာ!… သူတို့အားလုံးကို မေ့ဆေးထိုးထားတယ်ဟုတ်လား… အဲ့ဒီဖြေဆေးမင်းမှာရှိလား''
''ရှင်…မ မရှိပါဘူး''
''မင်းမညာနဲ့နော်''
''ကျွန်…ကျွန်မညာပါဘူး… အား… မလုပ်ပါနဲ့ရှင်… ဖြေ ဖြေဆေးက သူတို့အပေါ်ကို ရေတစ်စက်ကျတာနဲ့ ချက်ချင်းသတိရလာမှာပါ''
''ကောင်းပြီး ဖွင့်… ဒါဆိုတံခါး မြန်မြန်ဖွင့်… ''
''သော့… သော့က ကျွန်… ကျွန်မဆီမှာမရှိဘူး''
''ဘာ!… မင်းလိမ်နေပြန်ပြီလား ကဲ့ကွာ''

သော့ခန်းထားသည့်အခန်း။ ထိုအခန်းရှေ့သို့ ရောက်ရှိလာခဲ့သော်လည်း နပ်စ်မဟာ သူမထံ၌ အခန်းသော့ရှိမနေကြောင်း ပြောဆိုချေခဲ့သည်။ ထို့ကြောင့် တန်ခိုးမှာတော့ စိတ်မရှည်စွာဖြင့် ထိုနပ်စ်၏ ဇာတ်ပိုးအားခပ်ပြင်းပြင်းရိုက်ချလိုက်လေသည်။

တန်ခိုး၏ရိုက်ချက်ဖြင့် နပ်စ်မမှာလည်း ထိုအခန်းရှေ့၌ပင် မေ့လဲကျသွားစေသည်။ ဆေးထိုးအပ်အား လွှင့်ပစ်လျက် ထိုပတ်ဝန်းကျင်အား အကဲခတ်စေခဲ့သည်။ သော့ခတ်ထားသည့် အခန်းတံခါးအား ပွင့်လစ်သွားစေရန် သူတစ်ယောက်လုပ်ဆောင်မှ ဖြစ်မည်။ ထို့ကြောင့် အနီးနားတွင်ရှိနေခဲ့သော အုပ်ကျိုးဖြင့် တံခါးသော့အား အားကုန်ရိုက်ဖွင့်စေခဲ့သည်။ သို့သော်လည်း လွယ်ကူစွာဖြင့် ပွင့်ဟမလာခဲ့ချေ။

ထို့နောက် ခပ်လှမ်းလှမ်းတွင် မြင်တွေ့လိုက်ရသော သံချောင်းအား အပြေးသွားရောက်ယူခါ တံခါးသော့အား ကန့်လန့်အနေထား ဖွင့်ဟချေခဲ့သည်။ သို့မှသာလျင် တံခါးသော့မှာ ပျက်စီးသွားခဲ့ရင်း တံခါမှာလည်း ပွင့်လစ်လာချေခဲ့သည်။
''ဟာ!… လမ်းကလေး မျှားကလေး ငါးကလေး''
''ကျန်တဲ့သူတွေရော ဘယ်ရောက်ကုန်ပြီလဲ''
''ထီးကလေးရော ဘယ်မှာလဲ''
''မောင်ကဲ… စာမိ… ဟေ့ ထ… ထကြလေ''

တံခါးအားတွန်းဖွင့်စေခဲ့ရင်း အခန်းအတွင်းသို့ အပြေးဝင်ရောက်လိုက်သည်နှင့် အခန်းအတွင်း၌ အိပ်မောကျနေခဲ့သော သူငယ်များဖြစ်သူများအား မြင်တွေ့လိုက်ရလေသည်။ ထို့နောက် စိုးရိမ်ကြီးစွာနှင့် နှုတ်မှတစ်ကိုယ်တည်း ရည်ရွတ်ခါ မေ့မျောနေခဲ့သော သူငယ်ချင်းဖြစ်သူများအား လှုပ်နှိုးနေခဲ့ချေသည်။

                                *****
''ဒေါက်တာ… ဒေါက်တာ… ဒေါက်တာ''
''ဟ… ဘာဖြစ်လာတာတုန်း''
''ဟို… ဟို… ဟို''
''ဟာကွာ… ဘာဖြစ်လာတာလဲ မြန်မြန်ပြောစမ်း''
''ဟို… အရေးပေါ်ခန်းထဲက လူနာတစ်ယောက် နပ်စ်မလေးကို အကြပ်ကိုင်ပြီး ဓာတ်လှေကားကနေ ဆင်းသွားပြီးဆရာတို့''
''ဘာ… ရဲမောင်ရော''
''ဒေါက်တာရဲမောင်ကိုတော့ မတွေ့ခဲ့ဘူးဆရာ… အရေးပေါ်ခန်းထဲက လူနာ လွတ်သွားလို့ ဆရာတို့ဆီ ကျွန်တော်အမြန်လာပြောတာပါ''
''ဟာ… ရဲမောင်နဲ့ဆရာမနှစ်ယောက် အရေးပေါ်ခန်းထဲဝင်သွားခဲ့တာ ရဲမောင်တစ်ခုခုဖြစ်လို့ကတော့ အဲ့ဒီကောင်မလွယ်ဘူးသာမှတ်… သန်းနိုင် အဲ့ဒီကောင်ကို အသေသတ်ပစ်ရမယ်''
''ငါထင်တယ် ဒီကောင့်ကို အစတည်းက အပျက်ရှင်းပစ်ချင်နေတာ… တွေ့ကြသေးတာပေါ့ကွာ''

''သူတို့တွေ ဘယ်သွားမယ်လို့ ပြောသွားသေးလား''
''အဲ့ဒါတော့ မပြောသွားဘူးဆရာ… အောက်ဆင်းမယ်လို့တော့ ပြောတာပဲ''
''ဟုတ်ပြီဟုတ်ပြီ ကဲအားလုံးပဲ လက်နတ်တွေ ဆောင်ထားကြ… ဆေးရုံထဲကနေ တစ်ယောက်မှ မလွတ်စေနဲ့''
''ဟုတ်ကဲ့ဒေါက်တာ''
''ကဲ … ထွက်ပေါက်တွေအားလုံး ထောင်ချောက်ဆင် မောင်စန်းမြင့်ကို သတင်းပေး … ကြာကြလား''
''ဟုတ်ကဲ့ဆရာ''

တန်ခိုး၏အကြပ်ခံခြင်း ခံလိုက်ရသော နပ်စ်မလေး၏အကြောင်းများအား ပြောဆိုလျက် ထိုသူနှစ်ဦး ဓာတ်လှေကားအတွင်းမှ အောက်သို့ ဆင်းသတ်သွားခဲ့ကြောင်းအား ဆရာဝန်ကြီးများထံသို့ အကြောင်းကြားစေခဲ့သည်။ ထိုဆရာဝန်လေး၏ အကြောင်းကြားချက်ဖြင့် ဆရာဝန်ကြီးများသိရှိသွားခါ လူသတ်လက်နတ်များ ကိုယ်ဆီကိုင်တွယ်လျက် ဆေးရုံအနံ့သို့ လိုက်လံရှာဖွေမည်ဖြစ်သည်။

ထို့ကြောင့် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အဖွဲ့ဟာ အပေါ်ဆုံးထပ်မှ ဒုတိယအထပ် အထိ တာဝန်ယူရှာဖွေမည်ဖြစ်ပြီး။ ဒေါက်တာသန်းနိုင်နှင့်အဖွဲ့မှာမူ မြေညီထပ်မှ ပထမထပ်သို့ တာဝန်ယူရှာဖွေမည်ဖြစ်သည်။ ထွက်ပေါက်များ အားလုံးကိုမူ ဆေးရုံစောင့်မောင်စန်းမြင့်မှ ထွက်ရောက်လာသူများအား အသေသတ်ရန် အသင့်စောင့်ကြိုနေခဲ့သည်။

ဒေါက်တာသန်းနိုင်နှင့်အဖွဲ့ဟာ ဓာတ်လှေကားအတိုင်း မြေညီထပ်သို့ ဆင်းသတ်သွားခဲ့ပြီး ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ အရေးပေါ်ခန်းဆီသို့ လှေကားအတိုင်းဦးတည် ဆင်းသတ်လာချေခဲ့သည်။ ထို့နောက် ဒုတိယအထပ် အရေးပေါ်ခန်းအရှေ့သို့အရောက် အခန်းတံခါးမှာ ပွင့်လစ်နေခဲ့သည်အား မြင်တွေ့လိုက်ရသည်။ သို့နှင့် အခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်လိုက်သည်နှင့် အပေါက်ဝ၌ လဲကျနေခဲ့သော နပ်စ်မလေးတစ်ဦးအား မြင်တွေ့လိုက်ရလေသည်။

တပြိုင်နက် အရေးပေါ်ခန်းနံရံဘေးသို့ ဦးခေါင်းကွဲလျက် လဲကျနေခဲ့သော ဒေါက်တာရဲမောင်အားလဲ မြင်တွေ့စေခဲ့သည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူ ဒေါက်တာရဲမောင်အနားသို့ အပြေးသွားရောက်ခါ ပွေ့ထူးလိုက်ရင်း

''ရဲမောင် ရဲမောင် … သတိထားဦးလေ ရဲမောင်''
''သူငယ်ချင်း သူငယ်ချင်း ငါခေါ်နေတယ်လေ သူငယ်ချင်း… ရဲမောင်''

ပိုင်နိုင်စွာဖြင့် ပြင်းထန်းလွန်းလှသော တန်ခိုး၏ကန်ချက်ကြောင့် ဦးခေါင်းကွဲခါ မေ့မျောနေခဲ့သော ဒေါက်တာရဲမောင်အား စိုးရိမ်ကြီးစွာ လှုပ်နိုးနေခဲ့သည်။ ဆရာဝန်ကြီး၏ လှုပ်နိုးမှုများကြောင့် ဒေါက်တာရဲမောင်သည်လည်း မူးနောက်နေခဲ့သော အာရုံများနှင့်အတူ နိုးထလာချေခဲ့သည်။

''ဟင်!… ''
''ရဲမောင်… မင်း… မင်းသတိရလာပြီနော် မင်းဘာမှ မဖြစ်ပါဘူးနော်''
''အား… ငါ… ငါခံလိုက်ရပြီ ငါ့ကို ဟိုကောင်လူလည်ကျသွားပြီစွန်ရဲ''
''တော်သေးတာပေါ့ကွာ တောက်!… တွေ့ကြသေးတာပေါ့ကွာ ငါ့သူငယ်ချင်းကို သွေးထွက်အောင်လုပ်သွားတဲ့ ကောင် … တွေ့ကြသေးတာပေါ့''
''စွန်ရဲ… အဲ့ဒီကောင်အခု ဘယ်မှာလဲ''
''မသိဘူး… ဒီကောင်ပြေးလို့မလွတ်ပါဘူး… ထထ… တွေ့တာနဲ့ အရှင်လတ်လတ်အရေခွံနွှာပစ်မယ်''

''ဆရာ… နစ်မသတိရလာပြီ''
''သြော်… အေး… ဝင်းမာနဲ့ ဟိုကောင် ဘယ်သွားကြလဲသိလား''
''ကျွန်… ကျွန်မ မသိလိုက်ဘူးဆရာ''
''ဟာကွာ… ''
''စွန်ရဲ… မလုပ်နဲ့''
''အခုချိန်မှာ ငါတို့အတွက် လူအင်အားလိုတယ်… သူတို့ကိုချမ်းသာပေးလိုက်''
''တောက်!… ရာဇဝင်ရိုင်းလိုက်တာကွာ ဒီဆေးရုံမှာ ငါတို့အလုပ်လုပ်လာတာ နှစ်တွေမနည်းတော့ဘူး တစ်ခါမှ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရတယ်ဆိုတာ မရှိခဲ့ဘူး အခုတော့ကွာ''
''ဘာမှ မစိုးရိမ်ပါနဲ့ကွာ ဒီကောင်တွေ ထွက်ပေါက်မတွေ့နိုင်ပါဘူးကွ အပေါက်မှားထွက်တာနဲ့ သေရမှာပဲ… ဘာပဲဖြစ်ဖြစ် မိုးမချုပ်ခင် ထွက်ပြေးနေတဲ့ နှစ်ကောင်ကို တွေ့အောင်ရှာမယ်''
''ရဲမောင် မင်းအဆင်ပြေရဲ့လား''
''ပြေ… ပြေပါတယ်''
''ကဲ… အားလုံး ပထမထပ်ကို သွားကြမယ်… သူ့လုတွေရှိတဲ့ အခန်းကိုပဲ ဒီကောင်သွားမှာသေချာတယ် ကဲလာကြ''

     လက်နတ်ကိုယ်ဆီကိုင်ဆောင်ကာ ဒဏ်ရာရရှိထားသော ဒေါက်တာရဲမောင်သည်လည်း လူးလဲထလျက် ထွက်ပြေးတိမ်းရှောင်နေသော တန်ခိုး၏အနောက်သို့ လျင်မြန်စွာဖြင့် လိုက်ကြမည်ဖြစ်သည်။ ထိုသို့ဆိုလျင် ဆရာဝန်ကြီး ကောင်းစွာသဘောပေါက်၏။ တန်ခိုးတစ်ယောက် ပထမထပ်အခန်းအတွင်း၌ ရှိနေခဲ့သော သူ၏သူငယ်ချင်းဖြစ်သူများထံသိုသာ ဆင်းသတ်သွားခြင်းဖြစ်မည်။ ထို့ကြောင့် လူသတ်လက်နတ် ကိုယ်ဆီကိုင်ဆောင်ထားခဲ့ရင်း ပထမထပ်အခန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့ချေသည်။

      ပထမထပ်အခန်းအတွင်း၌ မေ့ဆေးဒဏ်ကြောင့် မေ့မျောနေခဲ့သော သူငယ်ချင်းဖြစ်သူများအား နပ်စ်မလေး၏ ပြောဆိုခဲ့သော ဖြေဆေးပုံစံနှင့် အခန်းရှေ့၌အသင့်ရှိနေသော ရေညှိများတတ်နေသည့် ရေဘူးအတွင်းမှ ရေများဖြင့် ဖျန်းပတ်စေခဲ့သည်။ လှုပ်နှိုး၍မရ ပြင်းထန်လွန်းလှသော ထိုမေ့ဆေး၏အစွမ်းများဟာ ရေနှင့်ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသကဲ့သို့ ပြေပျောက်သွားစေခဲ့သည်။

   မေ့မျောနေခဲ့သော လမ်းကလေး မျှားကလေး ငါးကလေး စာမိ မောင်ကဲတို့မှာလည်း ကိုယ်ဆီ သတိပြန်လည်လာခဲ့လေသည်။ ထို့နောက် မိမိတို့အားလုံးမှာ ဆေးရုံဆီသို့ရောက်ရှိလာခဲ့ကြသော်လည်း သာမာန်ဆေးရုံမဟုတ် ထိုဆေးရုံဟာ လူသားစားဆေးရုံ သို့မဟုတ် လူသတ်နေခဲ့သော နေရာတစ်ခုပင်ဖြစ်သည်ဟု ပြောဆိုချေခဲ့သည်။

     ကျူရှင်ဆရာကြီးနှင့်ဝကြီးအားလည်း မိမိ၏အရှေ့မှောက်တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ရင်း ထီးကလေးတစ်ယောက်သည်လည်း မည်သည့်နေရာဆီသို့ရောက်ရှိနေခဲ့သနည်း မသိခဲ့ချေ။ ထို့ကြောင့်မိမိတို့အားလုံးသည်လည်း ထိုဆေးရုံအတွင်းမှ အလွတ်ပြေးကြရန် လိုအပ်သည်။ မိမိ၏ပြောဆိုပြနေခဲ့သော စကားများအား သူငယ်ချင်းဖြစ်သူများမှာ ယုံရခတ်လျက် ကြောင်တောင်တောင်ဖြင့် ရှိနေခဲ့ကြသော်လည်း ထိုအချိန်၌ တကယ်လားဟူ၍ မမေးနေသင့်တော့ချေ။

     သို့နှင့် အခန်းအတွင်းမှ လျင်မြန်စွာဖြင့် ထွက်ရောက်ကြရန်သာ လိုအပ်သည်ဖြစ်ပြီး သူငယ်ချင်းများအား လက်ဆွဲခေါ်လျက် အခန်းအတွင်းမှ အပြေးထွက်မည်ဖြစ်သည်။

''ကိုတန်ခိုး… ကျွန်… ကျွန်တော်မထနိုင်ဘူး''
''စာမိ… လာလာ… ငါ့ကိုတွဲ''
''တန်ခိုး မင်းမှာဒဏ်ရာကြီးနဲ့ ငါတွဲလိုက်မယ်''
''လမ်းလေး… မင်းကျန်တဲ့သူတွေကို ဦးဆောင်ခေါ်ပြီးပြေး… ထွက်ပေါက်တွေ့ဖို့လိုတယ် ထီးကလေးလည်း အခု သေလားရှင်လား မသိသေးဘူး… သွား… ငါစာမိကိုတွဲလာမယ် မင်းတို့ထွက်ကြတော့''
''တန်ခိုးဖြစ်ပါ့မလား''
''ဖြစ်တယ် ငါ့အတွက်မပူနဲ့… အားလုံးညာဘက်ခြမ်းကိုသွာ… လှေကားရှိလိမ့်မယ် အဲ့ဒီ့လှေကားအတိုင်းဆင်းသွား… မြေညီထပ်မှာ ထွက်ပေါက်ရှိတယ် အဲ့ဒီထွက်ပေါက်ကနေ ဆေးရုံအပြင်ကိုရောက်အောင်ထွက်''
''အေးအေး… တန်ခိုး… ''
''သွား… မြန်မြန်သွားကြ''

      ဦးခေါင်း၌ ပြင်းထန်လွန်းလှသော ဒဏ်ရာရရှိထားခဲ့ပြီး ခါးအောက်ပိုင်းအထိနာနေခဲ့သော စာမိအား တွဲလျက် အခန်းအတွင်းမှ တန်ခိုးတစ်ယောက် ထွက်ရောက်မည်ဖြစ်သည်။ သို့သော် သူငယ်ချင်းဖြစ်သူများအား ထွက်ပေါက်ရှိရာဆီသို့ ဦးစွာလမ်းညွန်ပေးစေခဲ့ပြီး။ အရေးပေါ်ခန်းအတွင်းမှ မိမိလွတ်မြောက်သွားသည့် အကြောင်းများအားလည်း ယခုအချိန်လောက်ဆိုလျင် ဆေးရုံရှိဆရာဝန်များ သိရှိသွားလောက်မည်ဖြစ်သည်။

    ထိုသို့ဆိုလျင် လူရည်လည်လွန်းလှသော ထိုဆရာဝန်များ ထိုအခန်းဆီသို့ ဦးစွာရောက်ရှိလာမည်မှာ သေချာလှသည်။ ထို့ကြောင့် ထိုအခန်းဆီသို့ ဆရာဝန်များဦးတည်ရောက်ရှိလာလျင် သူငယ်ချင်းဖြစ်သူများနှင့် ထိပ်တိုက်မတွေ့စေရန် လွတ်ရာလမ်းဆီသို့ စေလွတ်စေခဲ့တော့သည်။ တန်ခိုးတစ်ယောက် လမ်းညွှန်ပေးသည့်အတိုင်း လမ်းကလေးတစ်ယောက်သည်လည်း အရှေ့မှဦးဆောင်ခါ ထွက်ပေါက်ဆီသို့ ဦးတည်ချေတော့သည်။

     တန်ခိုး၏ရိုက်ချက်ဖြင့် လဲကျနေခဲ့သော အခန်းဝ၌ နပ်စ်မလေးအား ကျော်လွှားလျက် အရှေ့မှဦးဆောင်ကာ လမ်းကလေးတစ်ယောက် ပြေးလွှာသွားချိန်၌ နောက်ဆုံး၌မူ မောင်ကဲတစ်ယောက် လိုက်ပါချေခဲ့သည်။ လဲကျနေခဲ့သော နပ်စ်မလေးအား မောင်ကဲတစ်ယောက် ခလုတ်တတ်မိလိုက်သည်နှင့် သူမ၏အိတ်ကတ်အတွင်းမှ လက်ကိုင်ဖုန်း ထွက်ရောက်လာခဲ့သည်အား တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ဖုန်းအား ကိုင်ယူလိုက်ရင်း လမ်းကလေးဦးတည်ရာဆီသို့ မောင်ကဲသည်လည်း အနောက်မှ လိုက်ပါသွားချေခဲ့သည်။

     ထောင့်ဘက်လှေကားမှ ဆင်းသတ်လာခဲ့ရင်း မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့သည် မြေညီထပ်ကွေ့အချိုးလေး၌ လမ်းကလေးတစ်ယောက် အသာချောင်းကြည့်စေခဲ့ရင်း နပ်စ်မလေးသီရိမေတစ်ယောက် မြေညီထပ်၌ ပြာယာခတ်စွာ လျောက်လမ်းနေခဲ့သည်အား မြင်တွေ့လိုက်ရသည်။

''ဟာ… ထွက်ပေါက်နားမှာ နပ်စ်မတစ်ယောက်စောင့်နေတယ်… ဟင်… ငါတို့ကိုတွေ့သွားပြီး တတ်တတ် အပေါ်မြန်မြန်ပြန်တတ်''

    သူမဟာ ဆေးရုံ၌ သက်တမ်းကြာမြင့်စွာရှိနေခဲ့သော ဝိဥာဉ်တစ်ဦးပင်ဖြစ်သည်။ သို့သော်လည်း သူမအား လမ်းကလေးတစ်ယောက် မြင်တွေ့လိုက်ရသည်နှင့် ဆေးရုံရှိ လူသတ်သမားတစ်ဦးပင် ဖြစ်မည်ဟု ထင်မြင်ခဲ့ရင်း အပေါ်ထပ်လှေကားများဆီသို့ သွေးရူးသွေးတမ်းများဖြင့် အပြေးပြန်လည်တတ်ရောက်ချေခဲ့သည်။

    ဆေးရုံကြီးဟာ လွန်စွာကျယ်ဝန်းလှပြီး လှေကားများမှာလဲည်း အလည်တွင်တစ်ခုရှိနေခါ ဒေါင့်နှစ်ဖက်တွင်လည်း လှေကားတစ်ခုဆီရှိနေခဲ့သည်။ ထို့ကြောင့် ဒေါင့်ဘက်မြေညီထပ်လှေကားမှ အပေါ်ထပ်များဆီသို့ ထိုလူငယ်များ ကြောက်ကြောက်လန့်လန့်ဖြင့် အပြေးတတ်ရောက်ကြလေသည်။

''လာ… စာမိ ငါ့ကျောကိုပိုး''
''ကိုတန်ခိုး… ကျွန်တော်ခါးကြောမြတ်နေတာအစ်ကို ထလို့ကိုမရတာ''
''ဟုတ်ပြီဟုတ်ပြီ… လာ… ''
''အား… အား… အား''

      ဇောတတ်နေခဲ့သော စိတ်ဖြင့်သာ နာကျင်မှုများ မေ့ဖျောက်ထားနိုင်ခဲ့သော်လည်း မိမိ၏ညာလက်အား စာမိတစ်ယောက် ဆွဲကိုင်လိုက်သည်နှင့် တန်ခိုးတစ်ယောက် လွန်စွာနာကျင်စေခဲ့သည်။ သူ၏လက်တစ်ချောင်းသည်လည်း ခွေခေါက်ခါကျိုးနေခဲ့ရလေသည်။ တန်ခိုး၏ညာလက်အား အားယူထလိုက်သည့် စာမိတစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားစေတော့သည်။

''ကိုတန်ခိုး… ဘာဖြစ်သွားတာလဲ''
''အား… အ… ငါ… ငါ့လက်ကျိုးနေတယ်''
''ဟင်… ကျွန်… ကျွန်တော်ခါးပြန်ကောင်းသွားပြီအစ်ကို''
''ဟင်… တကယ်ပြောနေတာလား''
''ဟုတ်တယ်အစ်ကို … ပြုတ်ကျသွားမှ ပြန်ကောင်းသွားတယ်''
''လာလာ… ဒါဆို မြန်မြန်သွားမယ်''

ခါးကြောမြတ်နေခဲ့သော စာမိတစ်ယောက် တန်ခိုး၏ညာလက်အား ကိုင်ဆွဲစေခဲ့ရင်း အရှိန်ယူခါ ထလိုက်သည်။ သို့သော် ကျိုးနေခဲ့သော လက်မှာ အလွန်ပင်နာကျင်သွားခဲ့သည်ကြောင့် ခါထုတ်လိုက်ရာမှ စာမိတစ်ယောက်သည်လည်း ကြမ်းပြင်ပေါ်သို့ ပြန်လည်လဲကျသွားစေခဲ့သည်။ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခါမှ စာမိ၏မြတ်နေသော ခါးကျောသည်လည်း ပြန်လည်ကောင်းမွန်လာချေခဲ့သည်။ သို့နှင့် အခန်းအတွင်းမှ လျင်မြန်စွာထွက်ခွာကြရန် အခန်းဝဆီသို့ ရောက်ရှိလာခဲ့သော်လည်း အပေါ်ထပ်မှ ဆင်းသတ်လာခဲ့ကြသော ဆရာဝန်များအဖွဲ့နှင့် အခန်းဝ၌ ထိပ်တိုက်ဆုံတွေ့ကြလေတော့သည်။

                             ****
''မှောက်ပြန်ပြီဆရာရေ… ဒီနေ့ပဲမှောက်သွားတာတဲ့''
''ဟင်… ဒေါက်တာ ဘာတွေမှောက်သွားတာတုန်းဗျ''
''ဒီမှာလေဗျာ… ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းကြီးမှာ ပိုင်ရှင်မဲ့ယဉ်တိမ်းမှောက်မှု့တဲ့ ကားပိုင်ရှင်ဘယ်သူမှန်းလဲမသိသေးဘူး မှောက်သွားတဲ့ ကားကြီးထဲမှာလဲ လူတစ်ယောက်မှ မတွေ့ရဘူးလို့ရေးထားတယ်ဗျ''
''ဟုတ်တယ်ဗျို့… အခုတလော စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု့နဲ့ ပရမ်းဗတာ ဆိုင်ကယ်မောင်းနှင်သူတွေ တော်တော်များလာတယ်ဗျ ဒါကြောင့်လဲ အခုလိုသတင်းတွေ တစ်နေ့မျိုးမရိုးနိုင်အောင် ကြားနေရတာပဲလေ''

''ဟုတ်တယ်ဆရာ… ဒါပေမယ့် အခုယဉ်တိမ်းမှောက်မှု့က ထူးခြားနေတယ်ဗျ…  အပိုင်ရဲဌာနကလည်း သူတို့ဆီ ကားပိုင်ရှင်အမြန်ဆုံး ဆက်သွယ်ဖို့ပြောထားသေးတယ်''
''အလကားပါဗျာ… လူစိတ်ဝင်စားအောင် မီဒီယာသမားတွေရဲ့ လှည့်ကွက်ပဲဖြစ်မှာပါ… သြော်… ကျွန်တော်လဲမေ့နေလိုက်တာ ဒေါက်တာရုံးခန်းထဲက ဖိုင်တွဲလေးတစ်ချက်လောက် ယူပေးနော် ကျွန်တော်လုပ်စရာလေးတွေရှိလို့''

ဆရာဝန်များ၏နားနေခန်းအတွင်းမှ ဒေါက်တာဆန်းထွန်းပိုင်နှင့်အတူ ဒေါက်တာလေးတစ်ဦး ခေတ္တနားနေခဲ့စဉ် အခန်းအတွင်း၌ ရှိနေခဲ့သော သတင်းစာလေးအား ထိုဆရာဝန်လေးမှာဖတ်မိချေခဲ့သည်။ ထိုအထဲမှ အဝေးပြေးလမ်းမကြီးတွင် တိမ်းမှောက်သွားခဲ့သော ကားကြီး၏အကြောင်းအား ဖတ်ရှု့လိုက်ရရင်း ဆန်းထွန်းပိုင်အား ပြောဆိုဖြစ်ခဲ့သေးသည်။ သို့သော်လည်း ဆရာဝန်လေးဆန်းထွန်းပိုင်မှာ အရေးသိပ်မထား ပေါ့ပေါ့ပျက်ပျက်ဖြင့်သာ ပြန်လည်ချေပပြောဆိုခဲ့၏။

ထို့နောက် ထိုဆရာဝန်လေးအား ရုံခန်းအတွင်းသို့ စေခိုင်းလိုက်ရင်း ခုံပေါ်ရှိသတင်းစားလေးအား ဖတ်ရှု့မိလိုက်သည်။ ပထမစာမျက်နှာအတွင်း၌ ရှင်းလင်းစွာရေးသားဖော်ပြထားခဲ့သော တိမ်းမှောက်နေခဲ့သည့် ကားကြီး၏အကြောင်းနှင့်အတူ တိမ်းမှောက်သွားခဲ့သော ကားကြီး၏ပုံစံများအားလည်း ရှင်းလင်းစွာဓာတ်ပုံများဖြင့် ဖော်ပြထားခဲ့သည်အား မြင်တွေ့လိုက်ရသည်။

မိမိ၏ငယ်စဉ် အဘိုး အဘွားများ လက်ထပ်ကတည်းမှ ထိုကားကြီးအား မြင်တွေ့နေရသည့် ဆန်းထွန်းပိုင်တစ်ယောက်မှာတော့ ယခုသတင်းစာအတွင်းမှ ဓာတ်ပုံများအား မြင်တွေ့လိုက်ရသည်နှင့် ဖခင်နှင့်တပည့်ဖြစ်သူများ စီးနှင်သွားခဲ့သော မိမိတို့၏ကားကြီးပင်လျင် ဖြစ်နေကြောင်း ကောင်းစွာသိရှိလိုက်ရလေသည်။ အလွန်ပင်အံ့သြသွားမိ၏။ ထိုင်နေရာမှ ဆတ်ခနဲထလျက် ခုံပေါ်တွင်တင်ထားခဲ့သော လက်ကိုင်ဖုန်းအား ကောက်ယူလိုက်ရင်း သတင်းစားထဲ၌ဖော်ပြပေးထားခဲ့သော ဖုန်းနံပါတ်အား ခေါ်ဆိုချေခဲ့သည်။

''ဟယ်လို… (… … )မြို့အပိုင် စခန်းမှူးထိန်ဝင်းပြောနေပါတယ်''
''ဟယ်လို… ဟို… ဟို ကားကြီးတိမ်းမှောက်သွားတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော်ဆက်တာပါ''

တစ်နေ့ကုန်မျှော်လင့်နေခဲ့သည်။ မိမိတို့၏ရဲဌာနအား ကားကြီးနှင့်ပတ်သတ်၍ တစ်စုံတစ်ခုသောအကြောင်းကြားလာမည့် စကားသံများ။ ယခုညနေပိုင်းအချိန်၌ ထိုစကားသံများ ဆန်းထွန်းပိုင်ဆီမှ ကြားလိုက်ရသည်နှင့် နယ်မြေပိုင်ရဲအရာရှိ ကိုထိန်ဝင်းမှာ အလောတကြီး ပြန်လည်ပြောဆိုချေခဲ့သည်။

''ဗျာ… သြော်… ဟုတ်ကဲ့ခင်ဗျ… ပြောပါ''
''ဟို…ကျွန်တော်ရန်ကုန်ကနေ ဆက်နေတာပါ မှောက်သွားတဲ့ကားကြီးက… ကျွန်တော့အဖေနဲ့ သူတပည့်တွေ ခရီးထွက်သွားကြတဲ့ ကားပါ… ကျွန်တော်လဲ အခုမှသတင်းစာထဲမှာ ဖတ်လိုက်ရလို့ သိတာ… ကားထဲက လူတွေရော ဘယ်မှာလဲဟင် အခုသူတို့ဘယ်မှာလဲ''
''ဟုတ်ကဲ့… ဒါတော့ ကျုပ်တို့လည်းမသိသေးပါဘူး မှောက်သွားတဲ့ကားက ခင်ဗျားတို့ကားဆိုရင် ကျုပ်တို့မြို့ကို အမြန်ဆုံးလာခဲ့ပါ ဒါမှကျွန်တော်တို့ဘက်က အမြန်ဆုံးအမှု့မှန်ပေါ်ပေါက်အောင် ဆက်လုပ်နိုင်မှာဖြစ်တယ်''
''ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ် … ကျွန်တော်အခုပဲလာခဲ့ပါ့မယ်… ဘယ်မြို့လဲမသိဘူးခင်ဗျ''
''မြို့က… … … … …မြို့ပါ… မိုးမချုပ်ခင်အမြန်ဆုံး လာဖို့တောင်းဆိုပါရစေ''
''ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်အခုပဲ လာပါပြီ''

    မိခင်ထံသို့ ထိုသတင်းများ အကြောင်းကြားရမည်လား။ မဖြစ်သေးခဲ့ချေ။ မိခင်တစ်ယောက်သိရှိသွားခဲ့လျင် လင်ယောကျာ်းအတွက် လွန်စွာစိတ်ပူမိမှာ အမှန်ပင်ဖြစ်သည်။ ယနေ့မနက်၌လည်း မိခင်တစ်ယောက် နေ့ထိုင်မကောင်းဖြစ်နေခဲ့သည်ကြောင့် ထိုသတင်းများအကြောင်းကြား၍မဖြစ်။ ထို့ကြောင့် မိမိတစ်ဦးတည်းသာလျင် ရဲအရာရှိကြီး လမ်းညွန်ပေးစေခဲ့သော မြို့လေးဆီသို့ ကားလေးဖြင့် အမြန်ဆုံးထွက်ခွားလာခဲ့ချေသည်။

''လမ်းလေး… လမ်းဆုံးနေပြီ ဘယ်ကိုဆက်သွားမှာတုန်း''
''မသိဘူး… ငါတို့ကို မြေညီထပ်က နပ်စ်မတစ်ယောက်တွေ့သွားတယ်… ဒုက္ခပါပဲကွာ''
''ဟာကွာ… ထီးလေးဘယ်ရောက်နေလဲ ပန်းအိတို့ရော ဘယ်ရောက်ကုန်ကြပြီလဲ… တန်ခိုးပြောပုံအရဆို ငါတို့အားလုံးကို မြင်သွားတာနဲ့ အသေသတ်ပစ်ကြမှာသေချာတယ်''
''ကိုလမ်းလေး… အခန်းရှေ့မှာ လဲနေတဲ့ နပ်စ်မလေးဘေးက ကျွန်တော်ဖုန်းတစ်လုံးကောက်လာတယ်… အမြန်ဆုံးရဲစခန်းကို အကြောင်းကြား… ရော့''
''ဟာ… တော်သေးတာပေါ့ကွာ ပေးပေး''

မြေညီထပ်၌ ဝိဥာဉ်မလေးအား မြင်တွေ့ခဲ့ရပြီး သွေးရူးသွေးတမ်းများဖြင့် ပြေးမိပြေးရာ ပြေးလာကြရာမှ အပေါ်ဆုံးထပ်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။ အပေါ်ဆုံးထပ် လှေကားအရင်းသို့ ရောက်ရှိလာခဲ့ပြီး ဆက်လက်၍ ပြေးရာလမ်းမှာလည်း ပိတ်ဆို့လျက် လမ်းဆုံးနေခဲ့သည်ကြောင့် ခြေလှမ်းများစွာ ရပ်တန့်သွားစေရင်း မောဟိုမှု့မျာနှင့် စကားများစွာ ပြောဆိုဖြစ်ကြသည်။

ခလုတ်ဖုန်းကလေးဖြစ်၏။ မောင်ကဲတစ်ယောက် လှမ်းပေးလိုက်သော ဖုန်းလေးအား လမ်းကလေးတစ်ယောက် လျင်မြန်စွာ လှမ်းယူလိုက်ရင် ဖုန်းစခရင်အား ဖွင့်လိုက်သည်။ သို့သော် ဖုန်းဘယ်ရီဟာ ၃ရာခိုင်နှုန်းခန့်သာရှိနေခဲ့ပြီး မကြာခင်အချိန်၌ ထိုဖုန်းလေးမှာ ဘယ်ရီအားကုန်တော့မည်မှာ သေချာလှသည်။

လက်အတွင်းသို့ ဘယ်ရီကုန်လုနီးပါး ဖုန်းကလေးရောက်ရှိလာခဲ့ချိန်၌ လမ်းကလေးတစ်ယောက် မည်သည့်ဆီသို့ ဆက်သွယ်ရမည်နည်း မသိ တုန်တုန်ရီရီဖြင့် ဖုန်းလေးကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုသို့စိုက်ကြည့်နေခဲ့ချိန်မှာ့ပင် ဖုန်းဘယ်ရီဟာ ၂ရာခိုင်နှုန်းဆီသို့ ထိုးကျသွားခဲ့လေပြီ။

''လမ်းလေး… ဘာလုပ်နေတာလဲ ဆက်လေ''
''ဘယ်… ဘယ်ကိုဆက်ရမလဲ မသိဘူး''
''ဟာ… ပေးပေး… ငါ့ကိုပေး''
''ဟင်… အားကုန်တော့မှာပဲ ဒုက္ခပါပဲ ဘယ်ကိုဆက်ရမလဲ ငါ့အမေဆီဆက်လိုက်မယ်''
''ဟာ… နင့်အမေဆီကိုဆက်လို့ မဖြစ်သေးဘူး ပေးပေးဒီကိုပေး''

ထူပူနေခဲ့ရသည်။ ဖုန်းသာရှိလျင် ဆက်သွယ်နိုင်မည်ဟု သိရှိထားသော်လည်း မိမိတို့၏လက်ဝယ်အတွင်းသို့ အမှန်တကယ် ဖုန်းကလေးရောက်ရှိလာခဲ့သော်လည်း မည်သူထံသို့ ဦးစွာဆက်သွယ်ရမည်နည်း မတွေးတတ်ခဲ့ချေ။ ဘယ်ရီ၂ရာခိုင်နှုန်းသာရှိတော့သော ဖုန်းကလေးအား တစ်ဦးထံမှ တစ်ဦးဆီသို့ အပေးအယူလုပ်နေခဲ့ရင်း ဖုန်းဘယ်ရီဟာ ၁ရာခိုင်နှုန်းသာလျင် ရှိတော့သည်။ လမ်းကလေးဆီမှ ငါးကလေးတောင်းယူလိုက်ရင်း ကြောင်တောင်တောင်ဖြစ်နေခဲ့သော ငါးကလေး၏လက်ဝယ်အတွင်းမှ မျှားကလေးတစ်ယောက် လှမ်းယူလိုက်ချေသည်။

ထို့နောက် ဘယ်ရီကုန်ကာ ပါဝါပိတ်တော့မည့် ဖုန်းလေးအား မျှားကလေးတစ်ယောက် လျင်မြန်စွာလှမ်းယူခဲ့ပြီး အရေးပေါ်ရဲစခန်းဖုန်းနံပါတ် ဖြစ်သော ၁၉၉ဆီသို့ဆက်သွယ်ချေခဲ့သည်။

''ဟယ်လို… ဗဟိုရဲဌာနမှ ပြောနေပါတယ်''
''ဟာ… ကျွန်… ကျွန်မတို့သူငယ်ချင်းတွေကို ကယ်ပါဦး ကျွန်မတို့အားလုံး ဒုက္ခရောက်နေကြလို့ပါ ကယ်ပါဦး''
''ဟယ်လို… ဟုတ်ကဲ့ ဘယ်လိုကူညီပေးရမလဲ ပြောပါ''
''ရှင်… ဟို… ကျွန်… ကျွန်မတို့ ဆေးရုံထဲမှာ ပိတ်မိနေကြလို့ပါ ကယ်ပါဦးရှင်''
''ဟင်… ကျေးဇူးပြုပြီး ရှင်းအောင်ပြောပြပေးပါ ဘယ်ဆေးရုံကိုပြောတာလဲ ဘယ်နေရာမှာလဲဆိုတာ ပြောပါ''
''ဟို… ဟဲ့… ဒီဆေးရုံနာမည် တန်ခိုးပြောလိုက်ပါတယ် ဘာတဲ့''
''ဟာ… ဟို … မြို… မြို့မဆေးရုံလေ''
''သြော်… ဟုတ်… ဟုတ်ကဲ့ မြို့မဆေးရုံမှာပါ''
''ဗျာ… ကျေးဇူးပြုပြီး ကျွန်တော်တို့တာဝန်အချိန်ကို မနှောက်ယှက်ပါနဲ့… မြို့မဆေးရုံဆိုတာ ဘယ်နားမှာလဲ ကျွန်တော်သိတာကတော့ ပုသိမ်မြို့နားမှ အပိတ်ခံထားရတဲ့ ဆေးရုံပဲသိတယ်''
''ရှင်… ကျွန်မတို့နှောက်ယှက်နေတာမဟုတ်ပါဘူး တ… တကယ်ပြောနေတာပါ ပုသိမ်မြို့နားက မြို့မဆေးရုံမှာပါ… ကျွန်မတို့… ''

ပြောမဆုံးသေး။ ၁ရာခိုင်နှုန်းသာ ကျန်ရှိတော့သော ဖုန်းဘယ်ရီမှာ အားကုန်သွားစေရင်း ဖုန်းပါဝါ ပိတ်သွားခဲ့ချေသည်။ ၁၉၉ဆီသို့ ဖုန်းခေါ်ဆိုမှု့ဖြင့် ဗဟိုရဲဌာနဆီသို့ ရောက်ရှိသွားခဲ့ပြီး ရဲဌာနဆီမှ ရဲအရာရှိကြီးဟာလည်း မျှားကလေးတစ်ယောက် ပြောဆိုခဲ့သော စကားများအား နားမလည်နိုင်ခဲ့ချေ။

မည်သည့်နေရာဆီသို့ လာရောက်ခါ မည်သို့ပင် အကူညီပေးရမည်မှန်း မသိသည့်အပြင် မျှားကလေး၏ပြောဆိုလိုက်သော ဆေးရုံ၏အမည်အား ကြားလိုက်ရသည့် ဗဟိုရဲဌာနမှ ရဲအရာရှိကြီးဟာ

''ဟင်… ဘာလဲဟ… ဖုန်းချသွားပါလား တမင်သတ်သတ် နှောင်ယှက်နေတာနဲ့တူတယ်… မြို့မဆေးရုံ… မြို့မဆေးရုံ… ဟင်… သြော်… ခေတ်လူငယ်တွေလဲ နောက်စရာမရှိ ဖုန်းတစ်လုံးနဲ့ ရဲဌာနတွေကိုပါ နောက်ပြောင်နေကြပါလား…''
''ခတ်တော့တာပါပဲ သူတို့ပြောတဲ့ ပုသိမ်မြို့နားက မြို့မဆေးရုံဆိုတာ ပိတ်ထားခဲ့တာ နှစ်မနည်းတော့ဘူး တမင်သတ်သတ် နောက်တာပဲဖြစ်မှာပါ''

ရုတ်တရက် တဖက်ဆီမှ ဖုန်းကျသွားခဲ့သည်ကြောင့် တာဝန်စားပွဲဝိုင်း၌ ထိုင်နေခဲ့ရင်း ရဲအရာရှိကြီးတစ်ယောက် လေသံခပ်လေးလေးဖြင့် တစ်ကိုယ်တည်း ညင်းထွားပြောဆိုနေခဲ့သည်။ ဗဟိုရဲဌာနတစ်ခု၌ တာဝန်ထမ်းဆောင်နေခဲ့သော အရာရှိတစ်ယောက်ဖြစ်သည့်အလား မြို့မဆေးရုံ၏ အကြောင်းများအားလည်း သိရှိထားခါ မိမိထံသို့ဖုန်းဆက်အကြောင်းကြားလာသော လူငယ်များမှာ နောက်ပြောင်နေခဲ့ခြင်းပင်လျင် ဖြစ်မည်ဟု ကောင်ချက်ချစေခဲ့သည်။

                             *****
* ရဲအရာရှိကြီးထင်မြင်သကဲ့သို့ မဟုတ်ခဲ့သော လူငယ်များ၏သေဘေးဒုက္ခအား မည်သူများ ကယ်တင်ပေးနိုင်မည်နည်း။

* လူငယ်မလေး မျှားကလေး အကြောင်းကြားစေသော စကားများကြောင့် ဗဟိုဌာမှ ရဲအရာရှိများ ရောက်ရှိလာကြမည်လား။

* အခန်းဝ၌ လူသတ်ဆရာဝန်များနှင့် ထိပ်တိုက်ဆုံတွေ့နေခဲံ့သော လူငယ်တန်ခိုးနှင့်စာမိတို့သည်လည်း မည်သို့ပင် ရင်ဆိုင်ကြမည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ရောက်သွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်မည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၄)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၇.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၄)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

     ဗဟိုရဲဌာနတစ်ခု၌ တာဝန်ထမ်းဆောင်နေခဲ့သော အရာရှိတစ်ယောက်ဖြစ်သည့်အလား မြို့မဆေးရုံ၏ အကြောင်းများအားလည်း သိရှိထားခါ မိမိထံသို့ဖုန်းဆက်အကြောင်းကြားလာသော လူငယ်များမှာ နောက်ပြောင်နေခဲ့ခြင်းပင်လျင် ဖြစ်မည်ဟု ကောင်ချက်ချစေခဲ့သည်။

''ဟင်… ဖုန်းအားကုန်သွားပြီ''
''ဘာတဲ့လဲ မျှားလေး … ရောက်လာမယ့်တဲ့လား''
''မသိဘူး ငါပြောနေတာကို ရဲက သူ့ကို နောက်နေတယ်ထင်ပြီး ငါ့ကိုတောင်စိတ်ဆိုးသွားတယ်… ဒုက္ခပါပဲဟာ… ဘယ်လိုလုပ်ရမလဲမသိဘူး သူတို့လဲလာမှာ မဟုတ်လောက်ဘူး''
''ဟာ… ဒုက္ခပါပဲ… ဖုန်းပြန်ဖွင့်ကြည့်ပါဦး''
''မရတော့ဘူးဟ… လုံးဝကို ဖွင့်လို့မရတော့ဘူး''
''ဟာသွားပြီ သွားပြီး … တန်ခိုးဆီ ငါလိုက်သွားလိုက်ဦး … မျှားလေး လမ်းလေး မောင်ကဲ မင်းတို့အားလုံး လွတ်တဲ့တစ်နေရာမှာ ခဏသွားပုန်းနေကြ… ငါတန်ခိုးကို ခေါ်ပြီး မင်းတို့ကိုပြန်လာမယ်''
''ငါးလေး… ဖြစ်ပါ့မလား''
''ဖြစ်ပါတယ်… သွားသွား… ငါတို့အားလုံးပေါင်းမိမှ ဒီပြသနာကိုရှင်းနိုင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ် အဲ့ဒီတော့ ဒီအပေါ်ထပ်မှာပဲ မင်းတို့အားလုံးနေကြနော်… လူစုကွဲသွားလို့မဖြစ်ဘူး ငါတန်ခိုးကို ခေါ်ပြီး မင်းတို့ဆီပြန်လာမယ်''
''ငါးလေး သတိထားနော်… ဒါဆို ငါတို့အားလုံး ဒီဒေါင့်အခန်းမှာပဲ ရှိနေမယ် မင်းတို့မြန်မြန်လာခဲ့ကြ'

ဒေါင့်ဆုံးအခန်း။ ထိုဆေးရုံသို့ ဦးစွာရောက်ရှိလာခဲ့သော ဝကြီးတစ်ယောက် ဝင်ရောက်စူးစမ်းခဲ့သော အခန်းပင်ဖြစ်သည်။ ထိုအခန်း၏နံဘေး တံခါးကဲ့သို့ ပြုလုပ်ထားခဲ့သော ဖုန်းကွယ်ထားခဲ့သည့် နေရာဟာ ဆေးရုံဝန်းအတွင်းသို့ ရောက်ရှိစေနိုင်သည့် ထွက်ပေါက်တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း သာမာန်အားဖြင့် မမြင်တွေ့စေနိုင်ရန် ပြုလုပ်ထားခဲ့သည်ကြောင့် လူငယ်များဟာ သတိမထားမိ။

လူများအား ရက်စက်စွာသတ်ဖြတ်လျက် ပစ်ထားခဲ့သော ရဲခဲတိုက်အခန်းနှင့် ဆက်စပ်ထားခဲ့သည့် ဒေါင့်ဆုံးအခန်းတွင်းသို့သာ ဝင်ရောက်သွားခဲ့ကြလေသည်။
ငါးကလေးဟာလည်း သူငယ်ချင်းဖြစ်သူများအား ပြောဆိုချေခဲ့ရင်း ပထမထပ်၌ကျန်ရစ်နေခဲ့သော တန်ခိုးနှင့်စာမိတို့ထံသို့ ဆင်းသတ်သွားခဲ့ချေသည်။

ပထမထပ်နှင့် မြေညီထပ်တို့အား တာဝန်ယူရှာဖွေနေခဲ့သော ဒေါက်တာသန်းနိုင်နှင့်အဖွဲ့ဟာလည်း ပထမအထပ်သို့အရောက်။ အရေးပေါ်ခန်းအတွင်းမှ တန်ခိုးတစ်ယောက် သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ နပ်စ်မလေးအား လိုက်လံပို့ဆောင်ခိုင်းနေုခြင်းဖြစ်မည်။ ထို့ကြောင့် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အဖွဲ့ဟာလည်း ပထမထပ်သို့ရောက်ရှိလာခဲ့ရင်း ဒေါက်တာသန်းနိုင်အဖွဲ့နှင့် ဆုံတွေ့ချေခဲ့သည်။

နှစ်ဖွဲ့ဆုံတွေ့ချေခဲ့ပြီး။ လူငယ်များအား မေ့ဆေးထိုးထားခဲ့သော အခန်းဆီသို့ ဦးတည်ရောက်ရှိလာခဲ့ကြသည်။ အခန်းအတွင်းမှ အပြေးထွက်ခွာရန် ရွယ်လာခဲ့သော တန်ခိုးနှင့်စာမိတို့သည်လည်း ထိုဆရာဝန်များအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံချေခဲ့သည်။

''အောင်မာ… ဒင်းက ငါထင်တဲ့အတိုင်းပဲ ဒီကိုရောက်လာပါလား''

ဝင်းလက်နေသော လူသတ်ပုဆိန်အား ကိုင်မြောက်လျက် မဲ့ပြုံးပြုံးခါ အခန်းဝ၌ ထိုသို့ဆို၏။ အပြင်သို့ အပြေးထွက်ရန် ရွယ်လာခဲ့သော တန်ခိုးသည်လည်း စာမိအား နောက်ဆုတ်ရန် လက်ဖြင့်ဟန့်တားလျက် အခန်းတွင်းသို့ တစ်လှမ်းချင်းဆုတ်ဝင်သွားခဲ့သည်။

''ဟင်!… စွန်ရဲ ဟိုကောင်လေးတွေ မရှိတော့ဘူး ပြေးကြပြီးနဲ့တူတယ်''
''ကိစ္စမရှိပါဘူး… ပြေးပါစေ အရင်ကတော့ သူတို့အားလုံးကို ဖြည်းဖြည်းချင်းသတ်မလို့ပဲ အခုတော့ အားလုံးကို အသေသတ်ရတော့မယ်… ဒီကောင့်ကို အပျက်ရှင်းပြီးတာနဲ့ ပြေးနေတဲ့ သားကောင်းလေးတွေကို တစ်ကောင်ချင်း အရှင်ဖမ်းပြီး မီးလောင်တိုက်သွင်းပစ်မယ်''
''ဟေ့လူ… ခင်ဗျားအပြောမကြီးနဲ့… ဘုရားမှတ်လို့ ကိုးကွယ်ခဲ့တာ ဘို့ထွက်လာတော့လဲ ဖြိုပစ်ရတာပေါ့ လွယ်မယ်ထင်ရင် စမ်းကြည့်လိုက်လေ''
''ဟာဟ… ပေါ့သေးသေးတော့ မဟုတ်ပါလားရဲမောင်… မင်းကိုတောင် အနာတရဖြစ်အောင် လုပ်သွားနိုင်တဲ့ ကောင်ဆိုတော့ လျော့တွက်လို့တော့ မရဘူးကွ''

''ဟေ့လူတွေ … အရှေ့တိုးမလာနဲ့နော်… ခင်ဗျားတို့ အေးအေးဆေးဆေး လက်နတ်ချပြီးအဖမ်းခံလိုက်ပါ''
''ဘာ!… ဟားဟားဟားဟား… ငါတို့ကအဖမ်းခံရမယ်ဟုတ်လား မင်းကရဲလား ရောက်နေတဲ့အခြေနေကို နားလည်စမ်းပါကွ ကဲစန်းမြင့် ဒီကောင့်ခေါင်းကိုဖြတ်''

ဟားတိုက်ရယ်မော၏။ မေးငေါ့ခါဖြင့် လူသတ်ဓားအား ကိုင်ဆောင်ထားခဲ့သော စန်းမြင့်အား ပြောဆိုချေခဲံ့သည်။ အသေခံမည်။ တန်ခိုးသည်လည်း လွယ်လွယ်နှင့် ထိုသူများ၏လက်ဝယ်အတွင်းသို့ အညံ့မခံချင် ထို့ကြောင့် သူသည်လည်း တိုက်ခိုက်ရန် ဟန်ပြင်ထားချေသည်။ ဆရာဝန်ကြီး၏ စေခိုင်းချက်မှု့ဖြင့် ရက်စက်ကြမ်းတမ်းလှသော ဥပတိရုပ်သွင်နှင့် မောင်စန်းမြင့်သည်လည်း တန်ခိုးအား လျင်မြန်စွာဓားဖြင့် စတင်ခုတ်ချေသည်။

လွယ်ကူစွာရှောင်တိမ်းနိုင်ခဲ့ရင်း တစ်ဖက်မှ သူငယ်ချင်းဖြစ်သူ စာမိအားလည်း ထိခိုက်မှု့မရှိစေရန် ကာကွယ်ပေးနေရသေးသည်။ စန်းမြင့်၏ တိုက်ခိုက်မှု့များဟာ အကွက်မကျသော်လည်း ကျွမ်းကျင်စွာမရှောင်တိမ်းနိုင်လျင် သူ၏ဓားချက်အောက်၌ အသက်ပျေုာက်သွားစေနိုင်သည်။ တိုက်ခိုက်ခဲ့ဘူးသည်။ အရှေ့မှ လူဆိုးလူမိုက်များနှင့် သို့သော် ယခုအခါ၌ မရိုးနိုင်လောက်အောင် စန်းမြင့်နှင့်တိုက်ခိုက်နေခဲ့ရပြန်သည်။

မိမိစေခိုင်းလိုက်လျင် စန်းမြင့်၏ဓားချက်အောက်၌ အသက်ပေးခဲ့ရသော သူများမနည်းတော့ချေ။ ယခုစန်းမြင့်တစ်ယောက် တန်ခိုးနှင့်တိုက်ခိုက်နေခဲ့သည်က ကြာမြင့်နေသကဲ့သို့ ဆရာဝန်ကြီးထင်မြင်မိသည်။ တန်ခိုးနှင့်စန်းမြင့်တို့၏ အခြေနေများအား အကဲခတ်ကြည့်ရုံဖြင့် ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် ကောင်းစွာသဘောပေါက်သည်။ တန်ခိုးအား စန်းမြင့်တစ်ယောက် လွယ်လွယ်နှင့်တိုက်ခိုက်နိုင်မည်မဟုတ်။

ထို့ကြောင့် ဘေးတွင်ရှိနေသော ဆရာဝန်ယောကျာ်းသားများအား စန်းမြင့်နှင့်အတူ တန်ခိုးအား ဝိုင်းဝန်းတိုက်ခိုက်ကြရန် အချက်ပြစေခဲ့သည်။ ကိုယ်ခံပညာ ကျွမ်းကျင်စွာတတ်မြောက်ထားခဲ့သည့်တန်ခိုး မောင်စန်းမြင့်၏ ပြင်းထန်လွန်းလှသော ဓားချက်များအား ရှောင်တိမ်းနေခဲ့သည်။ ထပ်မံဝင်ရောက် တိုက်ခိုက်လာသော ဆရာဝန်များ၏ ရိုက်ချက်များအားလည်း ရှောင်တိမ်းနေခဲ့ရသေးသည်။

တန်ခိုးအဖို့ ရှောင်တိမ်းနေခဲ့ရသည်မှ လွဲ၍ ထိုသူတို့အား နာကျင်လောက်အောင်ပြန်လည် မတိုက်ခိုက်နိုင်ခဲ့။ ကောင်းနေခဲ့သော လက်တစ်ဖက်မှ စာမိအား ကာကွယ်ပေးထားခဲ့သည်။ ကျန်လက်တစ်ဖက်ဟာ ကျိုးနေခဲ့သည်ကြောင့် မည်သို့မှပင် သူတစ်ယောက် နာကျင်လောက်အောင်ပင် ပြန်လည်မခုခံနိုင် လျောင်တိမ်းရုံမျှသာ ခုခံနေရသည်။

''ကိုတန်ခိုး… ကျွန်တော်ကို မကာကွယ်ထားနဲ့ အစ်ကိုသူတို့ကိုပဲ ရအောက်တိုက် ကျွန်တော့ကိုစိတ်ချ''
''ဖြစ်ပါ့မလား… ''
''ရတယ်အစ်ကို… သူတို့အထိနာမှ ကျွန်တော်တို့အပြင်ထွက်လို့ရမှာ''
''ကောင်းပြီ ငါ့အနောက်မှာပဲနေ''

စာမိ၏ိံ စကားသံကြောင့် တန်ခိုးသည်လည်း ကောင်းမွန်နေခဲ့သော လက်တစ်ဖက်ဖြင့် ဝင်ရောက်တိုက်ခိုက်လာခဲ့သော လူများအား အထိနာသွားစေရန် တိုက်ခိုက်စေနိုင်ခဲ့သည်။ အပြန်လှန်တိုက်ခိုက်နေခဲ့ရင်း အခန်းဝဆီသို့ တစ်ရွှေ့ရွှေ့ ရွှေ့လျားလာနိုင်ခဲ့သည်။

အလောတကြီးဝင်ရောက်တိုက်ခိုက်လာသော သူများအား တန်ခိုးတစ်ယောက် တည်ငြိမ်စွာတုန့်ပြန်နိုင်ခဲ့ရင်း အခန်းတွင်းမှ ထွက်ခွာနိုင်ရန် ကြိုးစားချေတော့မည်။ အခန်းဝတွင်လည်း ဆရာဝန်ကြီးစွန်ရဲနိုင်ဟာ လူသတ်ပုဆိန်အား ကိုင်ဆောင်ထားခဲ့ရင်း အမိအရခုတ်ရန် ချိန်ဆထားချေသည်။ ထို့ကြောင့် လွယ်ကူစွာဖြင့် ထွက်ရောက်နိုင်လိမ့်မည်မဟုတ်။

ထို့နောက် အရှိန်ပြင်းစွာ မိမိ၏ဦးခေါင်းပေါ်သ်ို့ အုပ်မိုးလာခဲ့သော မောင်စန်းမြင့်၏ ဓားချက်အား ရှောင်တိမ်းစေခါ စာမိအား လက်ဆွဲလျက်အခန်းအတွင်းမှ အလစ်ထွက်လိုက်လေသည်။

သို့သော် မလွယ်ကူချေ။ အပေါက်ဝနံဘေး၌ ပုန်းခိုစောင့်နေခဲ့သော ဆရာဝန်တစ်ယောက်၏ သံတုတ်ဖြင့် ရိုက်ဘတ်ဆီသို့ ရိုက်မိချေခဲ့သည်။ နံရိုးများစွာ ကျိုးပဲ့သွားခဲ့ပြီလား အသက်အားဖြင့် ရှု့မရလောက်အောင်ပင် တန်ခိုးတစ်ယောက် ငြိမ်သတ်သွားခဲ့ရသည်။ မိမိသေဆုံးသွားပါစေ။ ထိုအခန်းတွင်းမှ စာမိအားလွတ်စေချင်သေးသည်။

အလစ်ရိုက်ချက်ဖြင့် အခန်းတွင်းသို့ ခြေလှမ်းများဆုတ်ဝင်သွားခဲ့ရသော်လည်း ပြန်လည်ထွက်ရောက်နိုင်ရန် ကြိုးစားရမည်။ ထို့ကြောင့် အခန်းဝ၌ မိမိအားအလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သော ဆရာဝန်အား ခြေဖြင့်အကွက်ကျကျ ကန်ထုတ်ချေသည်။ တန်ခိုး၏ကန်ချက်ဖြင့် ထိုဆရာဝန်မှာလည်း ဝရမ်တာဘေးသို့ ထိုင်ကျသွားရင်း အခန်းပြင်သို့ အရောက်ထွက်နိုင်ခဲ့သည်။

ပထမအထပ်၌ ကျန်ရစ်နေခဲ့သော သူငယ်ချင်းဖြစ်သူ တန်ခိုးထံသို့ အပေါ်ဆုံးထပ်မှ ငါးလေးတစ်ယောက်သည်လည်း လှေကားအရင်းဆီသို့အရောက် တန်ခိုးနှင့်စာမိအား မြင်တွေ့လိုက်ရချေသည်။ မိမိအဘယ်သို့ ဝင်ကူရမည်နည်း။ တစ်ဖက်မှရန်သူများဟာ လက်နတ်ကိုယ်ဆီများ ကိုင်ဆောင်ထားခါ တန်ခိုးတစ်ယောက်မှာမူ လက်ဗလာနှင့်တိုက်ခိုက်နေခဲ့ရသည်။ အထိနာနေခဲ့သော တန်ခိုးအား မြင်တွေ့လိုက်ရပြီး တန်ခိုး၏လက်ယုံရည်များအားလည်း ငါးကလေးတစ်ယောက် ကောင်းစွာသိရှိထားသည်။ သူတစ်ယောက် ကောင်းစွာတိုက်နိုင်မည်မှာ မလွဲပါလေ။ သို့သော်လည်း စိုးရိမ်စွာဖြင့် လှေကားအရင်းဆီမှ တန်ခိုးအား တမ်းတခေါ်ဆောင်ခဲ့သည်။

''တန်ခိုး… ''
''ငါးလေး… စာမိကိုခေါ်ပြီး ပြေးကြတော့''

စိတ်မချ အပေါ်ဆုံးထပ်မှ နေ၍ တန်ခိုးတစ်ယောက်ကျန်ရစ်နေခဲ့သော အခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သော ငါးကလေးတစ်ယောက် စိုးရိမ်လွန်းလှသည့် ခေါ်သံများနှင့် တန်ခိုးအား ခေါ်စေသည်။

''ဟာ… တွေ့ကြသေးတာပေါ့''
''အဲ့ဒီကောင်တွေပါ သတ်ပစ်ကွာ''

ပထမထပ်ဒေါင့်ဘက်တွင်ရှိနေသော လှေကားအရင်းသို့ ရောက်ရှိလာခဲ့သော ငါးကလေးအား မြင်တွေ့လိုက်သည်နှင့် လက်ဆွဲထားခဲ့သည့် စာမိအား ငါးကလေးထံသို့ အပ်နှံစေခဲ့သည်။ မိမိမှာတော့ ထိုသူတို့နှင့် အပေါ်ထပ်သို့ လိုက်လံတတ်ရောက်မည်မဟုတ်ချေ။ စာမိနှင့်ငါးကလေး၏ အနောက်သို့ ထိုသူများ လိုက်မသွားစေနိုင်ရန် သူတစ်ယောက် ဟန့်တားမည်ဖြစ်သည်။

''တန်ခိုး… မင်းပါလာလေ''
''သွား… မင်းတို့လွတ်ရာကိုပြေးကြ… ဒီလူသတ်သမားတွေကို ငါထိန်းထားမယ် သွား… ဘာလုပ်နေကြတာလဲ သွားကြတော့လေ''
''လိုက်စမ်းကွာ… ''
''ဟေ့လူတွေ ကျုပ်ကိုကျော်ပြီးမှ လိုက်လို့ရမယ်''
''တောက်!… အဲ့ဒီကောင့်ကို ဝိုင်းသတ်… သန်းနိုင် အလယ်လှေကားကနေ အပေါ်ကိုတတ် … ထွက်ပြေးနေတဲ့ ကောင်တွေကို တွေ့အောင်ရှာ''
''အေး… အေးပါကွာ… ရဲမောင်… စွန်ရဲကိုစောင့်ရှောက်နော်… ငါစိတ်ချမယ်''

သံတုတ်များ ကိုယ်ဆီကိုင်ဆောင်ထားကြသော လူသတ်ဆရာဝန်များမှာ လှေကားအရင်း၌ရှိနေသော တန်ခိုးထံသို့ ဝင်ရောက်တိုက်ခိုက်ချေသည်။ သာမာန်ရိုက်ချက်များပင်ဖြစ်ပြီး အကွက်ကွက်ကျကျ တိုက်ခိုက်မှု့များ အဟုတ်သော်လည်း လျင်မြန်စွာ မရှောင်တိမ်းနိုင်လျင် တန်ခိုးအဖို့ လွန်စွာအန္တရယ်ကြီးလွန်းလှသည်။

ရှောင်တိမ်းနိုင်ခဲ့၏။ သို့သော် ထိုသူများအား အထိနာလဲကျသွားစေလောက်သည့်အထိ ပြန်လည်မတိုက်ခိုက်နိုင် လက်တစ်ဖက်ဖြစ်သာ ပြန်လည်ခုခံနေခဲ့ရသည်။ အများနှင့်တစ်ယောက် တိုက်ခိုက်ကြသည့်အတွက် တစ်ဦးတည်းသမားဖြစ်သော တန်ခိုးတစ်ယောက် ရေရှည်အမောမခံနိုင်ခဲ့ချေ။ ဒဏ်ရာများစွာလည်း ရရှိထားသေးသည်။

အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်သော မောင်စန်မြင့်၏ ဓားချက်အား ရှောင်တိမ်းလိုက်နိုင်ပြီး တစ်ဖက်တွင်ရှိနေသော ဒေါက်တာစွန်ရဲနိုင်၏ ပုဆိန်ရိုးဖြင့် ဦးခေါင်းဆီသို့ ရိုက်နှပ်ခြင်းခံလိုက်ရလေသည်။ ပြင်းထန်လွန်းလှသော ရိုက်ချက်ကြောင့် တန်ခိုးတစ်ယောက် မူးဝေသွားချိန်၌ သူ့အားအနောက်မှ လဲကျသွားစေရန် ခြေသလုံးဆီသို့ ထပ်မံအရိုက်ခံလိုက်ရပြန်သည်။

ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သော တန်ခိုးအား ဆရာဝန်ကြီးမှာ လည်ပင်းဆီသို့နင်းလျက် အသေသတ်စေတော့မည်။

''စွန်ရဲ… ခဏနေဦး… ငါ့ကိုသွေးထွက်အောင် လုပ်သွားတဲ့ ဒီကောင့်ကို ငါကိုယ်တိုင်ဖြည်းဖြည်းချင်းသတ်ပါရစေ ဒီကောင့်အသက် ငါ့ကိုပေး''

တန်ခိုး၏လည်ပင်းဆီသို့ ခြေဖြင့်နင်းထားရာမှ ဒေါက်တာရဲမောင်၏ ပြောစကားများအားလည်း ဆရာဝန်ကြီးတစ်ယောက် ပေစောင်းစောင်းအနေထားဖြင့် နားစွင့်စေခဲ့ရင်း ခေါင်းအားအသာငြိမ့်ပြသည်။

''ကဲ့ကွာ… သေစမ်း… သေစမ်း''
      တန်ခိုး၏မျက်နှာပြင်သို့ ဒေါက်တာရဲမောင်တစ်ယောက် သုံးလေချက်မျှ ဆင့်ကန်ချေခဲ့သည်။ သွေးသံရဲရဲဖြင့် ယခုအချိန်၌ တန်ခိုးတစ်ယောက်မှာမူ့ မလှုပ်ယက်နိုင်တော့ပဲ ပြုသမျှခံရလေတော့သည်။
''ရဲမောင်!… ဒါဆိုငါအပေါ်လိုက်သွားဦးမယ် ဒီကောင့်ကို မင်းသဘောအတိုင်းဆက်လုပ်လိုက်ချည်တော့''

ဆရာဝန်ကြီးပြောဆိုနေသော စကားများအား အသက်မျော့မျော့ဖြင့် တန်ခိုးတစ်ယောက် ကြားနေသေးသည်။ ဆရာဝန်ကြီးတစ်ယောက် အပေါ်ထပ်သို့ တတ်ရောက်သွားခဲ့သော သူငယ်ချင်းဖြစ်သူများအား ဒုက္ခပေးတော့မည်ဟု တန်ခိုးတစ်ယောက် ကောင်းစွာသိရှိစေသည်။ ထို့ကြောင့် ခြေလှမ်းစတင်လှမ်းလိုက်သော ဆရာဝန်ကြီး၏ခြေသလုံးအား ရှေ့သို့မဆက်နိုင်ရန် လဲကျနေရာမှာ လှမ်းဆွဲထားခြေသည်။

''သြော်… မင်းသူငယ်ချင်းတွေ သေမှာတော်တော်စိုးရိမ်နေတယ်ပေါ့ဟုတ်လား!… ကောင်းပြီး မင်းသူငယ်ချင်းတွေကို ဖမ်းလာပြီး မင်းအရှေ့မှာ သတ်ပြမယ်… ရဲမောင် ဒီကောင့်လက်အဆစ်တွေ ချိုးထား လုံးဝမလှုပ်နိုင်တော့အောင် လုပ်ထား မသေစေနဲ့ဦး''

ထိုသို့ပြောဆိုနေရင်း မိမိ၏ခြေသလုံးအား ဆွဲဖတ်ထားခဲ့သည့် တန်ခိုးအား ကန်ထုတ်လျက် ကောင်းနေသေးသော သူ၏လက်တစ်ဖက်မှ လက်ချောင်းလေးများအား ဆရာဝန်ကြီးမှ အားကုန်နင်းစေရင်း ထပ်မံကျိုးပစ်ချေခဲ့သည်။

မာကျောခိုင်မာသည့် ဖိနပ်တွင်ပါရှိသေ ခွာများဖြင့် တန်ခိုး၏လက်အား အံ့ကိုကြိတ်ခါ အားကုန်နင်းချိုးစေ၏။ တဆတ်ဆတ်တုန့်ခါနေ၏။ တန်ခိုး၏လက်များ။ ထို့အပြင် ကျိုးနေခဲ့သော လက်တစ်ချောင်းအားလည်း ထပ်မံ၍နင်းချိုးစေခဲ့သည်။

ထို့နောက် အပေါ်ထပ်ဆီသို့ မော့ကြည့်လျက် တိမ်းရှောင်နေကြသော လူငယ်များထံသို့ လိုက်လံဖမ်းစည်းရန်အတွက် ပြင်ဆင်ချေတော့သည်။ တန်ခိုးတစ်ယောက်သည်လည်း လွန်စွာနာကျင်သွားခဲ့ရင်း သေလုနီးပါးဒဏ်ရာများနှင့်အတူ သူ၏မျက်လုံးတစ်စုံသည်လည်း ထိုအချိန်၌ပင် စုံမှိတ်ကျသွားခဲ့ချေတော့သည်။

                           ******
အချိန်ကား ညနေဆည်းဆာ နေဝင်လုနီးပါးဖြစ်လျက် ညနေဆောင်းမှ မိမိထံသို့ ဖုန်းဆက်အကြောင်းကြားလာခဲ့သော လူငယ်များ၏ပြောစကားကြောင့် ဗဟိုရဲဌာမချုပ်မှ ရဲအရာကြီးတစ်ယောက် စိတ်ထဲ၌ ဘဝင်မကျနိုင်ချေ။ အမှန်တကယ်ပင်လား။ သို့မဟုတ် လူငယ်များများပိပိ ဟန်ဆောင်ကောင်းစွာနှင့် မိမိအား နောက်ပြောင်နေခဲ့ခြင်းလား။ နောက်ပြောင်နေခဲ့ခြင်းဆိုလျင် မိမိတစ်ယောက် ကောင်းစွာနေနိုင်ခဲ့စေသော်လည်း အမှန်တကယ်ပင်ဆိုလျင် ထိုလူငယ်များ ဒုက္ခရောက်နေကြမည်မှာ မလွဲချေ။ ထို့ကြောင့်

''အင်း!… မဖြစ်သေးပါဘူး နယ်ပိုင်ရဲစခန်းကို အကျိုးအကြောင်း သွားကြည့်ခိုင်းထားလိုက်တာ ပိုကောင်းပါတယ်လေ… မဟုတ်ဘူးဆိုတော့လဲ တစ်မျိုးပေါ့''

တာဝန်စားပွဲ၌ ခေါင်းအားတစ်ငြိမ့်ငြိမ့်ပြုလုပ်နေခဲ့ရင်း ထိုသို့စဉ်းစားချေမိသည်။ ထို့ကြောင့် စားပွဲအပေါ်မှ တယ်လီဖုန်းအား ကိုင်ဆောင်လိုက်ရင်း ရန်ကုန်-ပုသိမ် ကြားရှိ အပိုင်စခန်းဆီသို့ ဆက်သွယ်ချေခဲ့သည်။

''ဟယ်လို… (     )အပိုင်စခန်းက စခန်းမှူးထိန်ဝင်းပြောနေပါတယ်''
''ဟုတ်ကဲ့ ကျွန်တော်ဗဟိုရဲဌာနချုပ်ကပါ ပုသိမ်မြို့အနီးတဝိုက်မှာရှိနေတဲ့ ပိတ်ထားတဲ့ဆေးရုံကြီးတစ်ခုမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြတယ်လို့ ကျုပ်ဆီ အကြောင်းကြားထားကြပါတယ် လူငယ်တွေပိပိ စနောက်နေတာဖြစ်မယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်''
''သူတို့ စနောက်ခြင်းဟုတ်မဟုတ် ကျွန်တော့ဆီအကြောင်းပြန်ပေးပါ… ပြီးတော့နယ်မြေအပိုင် စခန်းမှူးကြီးကိုယ်တိုင်လဲ အဲ့ဒီဆေးရုံပတ်ဝန်းကျင်နားကို ဦးဆောင်ပြီး တစ်ချက်လောက် သွားရောက်လေ့လာပေးပါ ပြီးရင် ကျွန်တော်ဆီ အကြောင်းပြန်ပါ'
''ဟုတ်ကဲ့ပါခင်ဗျ… ကျွန်တော်တို့အခုပဲ သွားလိုက်ပါ့မယ်''

လူငယ်တစ်ဦး မိမိထံသို့ ဖုန်းဆက်အကြောင်းကြားနှင့်ပတ်သတ်ပြီး စိတ်ထဲ၌ဘဝင်မကျနေခဲ့သော ဗဟိုရဲဌာနမှ ရဲအရာကြီးတစ်ယောက်မှာတော့ သတ်ဆိုင်ရာ နယ်မြေအပိုင်စခန်းဆီသို့ ဆက်သွဟ် အကြောင်းကြားပြီးမှသာလျင် သူတစ်ယောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချနိုင်စေခဲ့သည်။

နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက်မှာလဲ တိမ်းမှောက်သွားခဲ့သော ကားကြီး၏ပိုင်ရှင် မိမိထံသို့ရောက်ရှိလာမည်ဖြစ်သောကြောင့် သူတစ်ယောက်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင်းမှာပင် ဗဟိုရဲဌာနချုပ်မှ ရဲအရာရှိကြီး၏ စေခိုင်းချက်သည်လည်း ရောက်ရှိစေခဲ့သည်။ ထို့ကြောင့် စေခိုင်းချက်အားလည်း သွားရောက်လုပ်ဆောင်ရဦးမည်ဖြစ်သည်။

''ကဲ!… ဆရာကြည်ဦး ကျွန်တော်တို့စခန်းကို တိမ်းမှောက်သွားတဲ့ ကားကြီးနဲ့ပတ်သတ်ပြီး ကားကြီးရဲ့ပိုင်ရှင် မကြာခင်ရောက်လာလိမ့်မယ် သူ့ကိုစခန်းမှာ ခဏစောင့်ခိုင်းထားနော်… အထက်က တာဝန်ပေးလို့ ကျုပ်သွားရဦးမယ် မကြာဘူးအခုပြန်လာမှာပါ''
''ဟုတ်ကဲ့ဆရာ… စိတ်ချပါ… ဆရာတစ်ယောက်တည်း သွားမှာလား''
''အင်းဟုတ်တယ်!… တာဝန်က သိပ်အရေးမကြီး ရတယ် ကျုပ်တစ်ယောက်တည်းပဲ သွားလိုက်မယ်''
''ဟုတ်ကဲ့ဆရာ''

အထက်မှ တာဝန်ပေးလိုက်သည်ကြောင့် ရဲအရာရှိကြီးမှာလည်း နယ်ထိန်းကြည်ဦးအား လိုအပ်သည်များမှာကြားလျက် စခန်းအတွင်း၌အသင့်ရှိနေခဲ့သော ဆိုင်ကယ်လေးအား မောင်းနှင်စေခဲ့ရင်း ညွှန်ကြားရာဆီသို့ ဦးတည်ထွက်ခွာသွားချေခဲ့သည်။
   
                            ****
ဆရာဝန်ကြီး၏စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်နှင့်အတူ လူသတ်ဆရာဝန်နှစ်ဦးသည်လည်း အပေါ်ထပ်များသို့ တိမ်းရှောင်သွားခဲကြသော လူကယ်များ၏အနောက်သို့ လက်နတ်များ ကိုယ်ဆီကိုင်ခါ ပထမထပ်အလယ်လှေကားမှတဆင့် လျင်မြန်စွာဖြင့် တတ်ရောက်သွားခဲ့ကြသည်။ ထိုသူများ မည်သည့်အခန်းတွင်း၌ ဝင်ရောက်ပုန်းခိုနေကြသနည်း။ ဆေးရုံဝဏ်းအတွင်း ထွက်ခွာသွားနိုင်ဦးမည်မဟုတ်။

ဒုတိယထပ်နှင့် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခုခုအတွင်း၌သာ ပုန်းခိုနေကြဦးမည်မှာ သေချာလှသည်။ ပုန်းပါစေ။ ထိုသူများ ကြာရှည်စွာပုန်းခိုနိုင်လိမ့်မည်မဟုတ်။ အစားအစာ။ရေ လိုအပ်လာလိမ့်မည်။ ထိုသူများအား မည်သူများမှ ကယ်တင်ပေးနိုင်လိမ့်မည်မဟုတ်ဟု ကောင်းစွာသိရှိထားခဲ့ရင်း လူသတ်လက်နတ်များ ကိုယ်ဆီကိုင်ဆောင်လျက် ဒုတိယထပ်အခန်းများအား တစ်ခန်းချင်းစီ လိုက်လံရှာဖွေနေခဲ့သည်။

အောက်ထပ်တွင်ကျန်ရစ်နေခဲ့သော တန်ခိုးအား သွားရောက်ခေါ်ဆောင်လာမည့် ငါးကလေးအားစောင့်စားလျက် အပေါ်ဆုံးထပ်ခေါင့်ဆုံးအခန်းတွင်းသို့ မျှားကလေးနှင့်အတူ လမ်းကလေး မောင်ကဲတို့မှာ ဝင်ရောက်ပုန်းခိုနေခဲ့ကြသည်။ အခန်းအတွင်းသို့ ထိုသူများဝင်ရောက်လိုက်သည်နှင့် ညည်းထွားသံတစ်ချို့အား ကြားလိုက်ရသည်။ ထိုအသံဟာ ဝေဒနာတစ်စုံတစ်ခုအား ခံစားနေရပြီး တစ်စုံတစ်ခုသော အကူညီလိုအပ်နေခဲ့သည့် ညည်းထွားသံပင်ဖြစ်ချေသည်။

''ဟင်း… ဟင်း… ဟင်း… ဟင်း''
''ဟင်… ဘာသံပါလိမ့်''
ညနေစောင်းချိန်ဖြစ်သည့်အလား ထိုညည်းထွားကြားလိုက်ရသည့် လူငယ်များမှာ ရုတ်တရက်ထိတ်လန့်သွားစေခဲ့သည်။ တစ္ဆေခြောက်သည်လား။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိစေရင်း အသံကြားရာဆီသို့ ဦးတည်မည်ဖြစ်သည်။ လမ်းကလေး ဦးဆောင်သည့် အနောက်တွင်မူ မျှားကလေးတစ်ယောက် ကပ်လျက်ရှိနေခဲ့သည်။ အခန်းကြီးဟာ ကျယ်ဝန်းလှသော်လည်း ထွန်းလင်းထားသော မီးချောင်းတစ်ချောင်းတည်းဖြင့်သာ တစ်ခန်လုံးသို့ ထိန်ထိန်သာအောင် လင်းနေချေသည်။

လိုက်ကာ အပြာရောင်များ ကာရံထားသည့်အနောက်မှ ထိုညည်းထွားတစ်ချို့ ကြားနေရခြင်းဖြစ်သည်။ ထို့ကြောင့် လိုက်ကာအနောက်သို့ လမ်းကလေးတစ်ယောက် အသာနာစွင့်လိုက်ပြီး ထိုလိုက်ကာ အနောက်မှ ကြားနေခဲ့ရသည့် အသံပင်ဖြစ်သည်ဟု ခေါင်းအားငြိမ့်ပြခါ အချက်ပြစေသည်။ သို့နှင့် လိုက်ကာအား ဖြည်းညင်းစွာ တို့ထိလျက် လျင်မြန်စွာ ဆွဲဖွင့်လိုက်ချေသည်။

''ဟင်… ''
''ဟာ… ''
''ဘယ်… ဘယ်… ဘယ်လိုဖြစ်ရတာလဲ''

လိုက်ကာ၏အနောက်ဘက်တွင် မြင်တွေ့လိုက်ရသည်က မျက်ကွင်းများစွာ ညိုမည်းနေခဲ့ရင်း မျက်ဖြူလှန်တတ်နေခါ အသက်အားဖြင့်မသေသေး။ သေလုမျောပါးဖြစ်နေသော ထိုသူများ၏သူငယ်ချင်းဖြစ်သူ ပန်းအိတစ်ယောက်ပင်ဖြစ်ချေသည်။

''ဆရာ… ဒီကောင်လေးတွေ ဒီအထပ်မှာ မရှိတာတော့ သေချာသွားပြီး''
''အင်း! ဒီကောင်တွေ ကြာကြာမပုန်းနိုင်ပါဘူး တွေ့တာနဲ့ လက်မနှေးနဲ့နော် အသေသာသတ်ပစ်''
''ဟူတ်ကဲ့ဆရာ… ''
''ကောင်းပြီး ဒါဆိုဒီကောင်တွေ အပေါ်ဆုံးထပ်မှာ ရှိနေတာတော့ သေချာပြီ ကဲသွားမယ်''

ဒုတိယအထပ်ရှိ အခန်းများအား ထိုသူသုံးဦး လိုက်လံရှာဖွေခဲ့ရင်း ပုန်းရှောင်းနေခဲ့ကြသော လူငယ်များအား မတွေ့ခဲ့ချေ။ ထို့ကြောင့် ဒေါက်တာသန်းနိုင်မှာမူ ထိုလူငယ်များ အပေါ်ဆုံးထပ်တွင်သာ ရှိနေလိမ့်မည်ဟု သူတစ်ယောက် ကောင်းစွာရိမ်စားမိချေခဲ့သည်။ သို့နှင့် အပေါ်ဆုံးထပ် လှေကားဆီသို့ ပတ်ဝန်းကျင်၏ အသံများ နားစွင့်နေခဲ့ရင်း စတင်တတ်ရောက်လာချေခဲ့သည်။

သေလုမျောပါးဖြစ်နေခဲ့သော ပန်းအိ၏ အဖြစ်အားမြင်တွေ့လိုက်ရပြီး လွန်စွာတုန်လှုပ်သွားခါ သူငယ်ချင်းဖြစ်သူအား ဦးခေါင်းဆီသို့ လက်လျိုလျက် မောင်ကဲတစ်ယောက် ပွေ့ဖတ်လိုက်သည်။

''ဟာ… သွေး… သွေးတွေပါလား''
''ပန်းအိ… ပန်းအိ နင်ဘယ်လိုဖြစ်တာလဲ ပန်းအိ''
စိတ်မကောင်းကြီးစွာဖြစ်သွားခဲ့ရင်း သွေးထွက်လွန်ခါ သေလုမျောပါးဖြစ်နေခဲ့သော ပန်းအိအား မေးမြန်းချေခဲ့သည်။ မျက်ဖြူလှန်နေသော မျက်လုံး။ ထိုမျက်လုံးလေးအထက်မှ မျက်ခုံးကလေး တွန့်ဆုတ်သွားရင်း ပန်းအိ၏နှုတ်မှ

''ငါ… ငါ… ငါမသေချင်သေးဘူး''
''ပန်းအိ သတိထားပါဦး နင်မသေရဘူး နင့်ကိုငါတို့ကယ်မယ်''
''မပန်းအိ!… သတိထားပါဦး မပန်းအိ''
''ငါ… ငါ့ကို ဆ… ဆ… ရာဝန်တွေ… သ… သ… သတ်ကြတာ''
''ဟင် ဆရာဝန်တွေ သတ်ကြတာ… ဟာကွာ… ရက်စက်လှချည်လား ပန်းအိ နင့်ကိုငါတို့ကယ်မယ် ငါတို့ကယ်မယ်''
''မောင်ကဲ… နင်… နင်တို့… ပြေး… ပြေး''
''ဟာပန်းအိ… သတိထားဦးလေ ပန်းအိ သတိထားဦးလေ''

ခရီးမှအပြန် သူမလုပ်စရာများရှိနေသေးသလား။ ပွေ့ဖက်ထားခဲ့သော မောင်ကဲ၏လက်ဝယ်အတွင်းမှ ထစ်ငေါ့နေခဲ့သော လေသံများဖြင့် ''မသေချင်သေး''ပြီဟု ပြောဆိုခဲ့သည်။ ယူကြုံးမရ။ သို့သော်လည်း ပွေ့ဖက်ထားခဲ့သော မောင်ကဲ၏လက်ပေါ်တင်သာ ပန်းအိတစ်ယောက် ထစ်ငေါ့နေခဲ့သော စကားများပြောမဆုံး။ မရဏလမ်းဆီသို့ ထွက်ခွာသွားခဲ့ရလေသည်။

သေချာလေသည်။ ပို၍ပင်သေချာလေသည်။ တန်ခိုးတစ်ယောက်ပြောဆိုခဲ့သော စကားများ။ ထို့ကြောင့် အခန်းအတွင်းရှိ လူငယ်သုံးဦး သွေးပျက်မတတ် တုန့်လှုပ်သွားစေရင်း ဤသို့ပင် သေချင်းဆိုးလှသော သေတွင်းအထဲမှ မည်သို့ပင် ထွက်ရောက်ရမည်နည်း။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိ၏။ လက်ဝယ်အတွင်းမှ ပန်းအိသည်လည်း သေဆုံးသွားခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရင်း ထိုကဲ့သို့သော အတွေ့ကြုံများနှင့် မည်သည့်အခါမှ မကြုံတွေ့ခဲ့ဘူးသော မောင်ကဲတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။

''ဆရာ… ဟိုဘက်ဒေါင့်ဆုံးအခန်းမှာ အသံသဲ့သဲ့ကြားတယ် အဲ့ဒီအခန်းထဲမှာရှိနေတာဖြစ်မယ်''
''ဟင်း… တွေ့ကြသေးတာပေါ့… အားလုံးသတိထားကြနော် ဒီကောင်တွေကိုလျော့တွက်လို့မရဘူး တံခါးကို ငါအသာလေးဖွင့်မယ်''
''တံခါးဖွင့်လိုက်လို့ အဝမှာတွေ့တာနဲ့ ဘာမှမေးမနေနဲ့တော့ အပျက်ရှင်းကြားလား''
''စိတ်ချဆရာ''

အပေါ်ဆုံးထပ် ဒေါင့်ဆုံးအခန်းဆီမှ အသံတစ်ချို့အား သဲ့သဲ့ကြားလိုက်ရသည်ကြောင့် အပေါ်ဆုံးထပ်သို့ တတ်ရောက်လာခဲ့သော လူသတ်ဆရာဝန်များ ကြားလိုက်ရပြီး ထိုအခန်းဆီသို့ စတင်ဦးတည်သွားချေခဲ့သည်။

''ဒေါက်ဒေါက်… ''
''ဟင်!… ''
''လာ… လာ… လာကြပြီ ငါတို့ကိုသတ်တော့မယ်''
''မောင်ကဲ မောင်ကဲ စိတ်ထိန်းစမ်း… မျှားလေး သူ့ကိုပါးစပ်ပိတ်ထား… အသံမထွက်စေနဲ့''
''လမ်းလေး ဘယ်လဲ''

တုန်လှုပ်နေခဲ့သော မောင်ကဲ။ သွေးပျက်သွားလေသလား။ တံခါးခေါက်သံအား ရုတ်တရက်ကြားလိုက်ရသည်နှင့် ထိတ်လန့်သွားစေကာ နှုတ်မှ ယောင်ယမ်းစကားများပြောဆိုနေခဲ့၏။ ထို့ကြောင့် အသံမထွက်လာစေရန် သူငယ်ချင်းဖြစ်သူမျှားကလေးအား လမ်းကလေးတစ်ယောက် နှုတ်ခမ်းနှင့်လက်ညိုးကပ်ပြစေရင်း အသံကြားရာ တံခါးဆီသို့ လက်ညိုးထိုးပြစေသည်။ တံခေါက်လာခေါက်သူ မည်သူနည်း။ အသက်ရှင်လျက်ရှိနေသေးသော မိမိ၏သူငယ်ချင်းဖြစ်သူများသည်လား။

သို့မဟုတ် လူသတ်သမားများလားဟူ၍ ကောင်းစွာသိရှိစေရန် သူတစ်ယောက် တံခါးနားသို့ ချည်းကပ်မည်ဟု လက်ဟန်များဖြင့် ပြောဆိုချေသည်။ ထို့နောက် အနီးရှိ အုတ်ခဲကျိုးအား ကောက်ယူစေရင်း တံခါးအနားသို့ ချည်ကပ်ခါ တံခါးဖွင့်ရန်ရွယ်လိုက်ချေသည်။
                           ******

* လူငယ်တန်ခိုးတစ်ယောက် မည်သည့်အခြေသို့ ရောက်ရှိသွားရမည်နည်း။

*အခန်းတံခါး လာခေါက်သူများနှင့် လူငယ်များထိပ်တိုက်တွေ့ဆုံသွားလျင် မည်သို့ပင်ဖြစ်လာဦးမည်နည်း။

*ဗဟိုရဲဌာနချုပ်မှ စေလွတ်လိုက်သော နယ်မြေပိုင်ရဲအရာရှိကြီးတစ်ယောက် အချိန်မှီရောက်ရှိလာဦးမည်လား။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂၉.၂.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၅)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

လူသတ်သမားများလားဟူ၍ ကောင်းစွာသိရှိစေရန် သူတစ်ယောက် တံခါးနားသို့ ချည်းကပ်မည်ဟု လက်ဟန်များဖြင့် ပြောဆိုချေသည်။ ထို့နောက် အနီးရှိ အုတ်ခဲကျိုးအား ကောက်ယူစေရင်း တံခါးအနားသို့ ချည်းကပ်ခါ တံခါးအားဖွင့်ရန်ရွယ်လိုက်ချေသည်။

    ညနေဆောင်းအချိန်ကျော်လွန်ခါ ညဦးပိုင်းအချိန်သို့ ကူးပြောင်းလာခဲ့ပြီးဖြစ်သည်။ ထောင်ချောက်ကဲ့သို့ပြင်ဆင်ထားခဲ့သော အခန်းလွတ်အတွင်းသို့ ဝင်ရောက်သွားရာမှ မြေညီထပ်တိုင်အောင် ပြုတ်ကျသွားခဲ့သော ထီးကလေးတစ်ယောက် ယခုအချိန်ထိ သတိမလည်လာသေးချေ။

   အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့ရင်း ကောင်းနေခဲ့သော ဘယ်ဘက်လက်အား ခန္ဓာကိုယ်မှ ဖိမိထားချေသည်။ မျက်နှာတစ်ခြမ်းနှင့် မှောက်ယှက်အနေထား ပြုတ်ကျနေခဲ့ပြီး ဦးခေါင်းတွင်လည်း သွေးဆို့ဒဏ်ရာတစ်ချို့ ရရှိထားခဲ့သည်။ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ မျက်နှာဖြင့်ပြုတ်ကျသွားခဲ့သည်ကြောင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းတွင်မူ ပွန်းပဲ့ဒဏ်ရာများ များပြားစွာရရှိထားချေသည်။

    မေ့မျောနေခဲ့သော ထီးကလေး၏အနား၌ ဝိဥာဉ်မလေးသီရိမေဟာ ပြာယာခတ်စွာရှိနေခဲ့ရင်း လက်ဖျားနှင့်တစ်ချက်မထိ။ နှုတ်မှလဲ အသံမထွက်သော စကားတစ်ချို့ ပြောနေရှာသည်။ သူမ၏အမူယာမှာ ထီးကလေးတစ်ယောက် အမြန်ဆုံး နိုးထလာစေချင်သည်။ ထို့ကြောင့် မေ့မျောနေခဲ့သော ထီးကလေးအား သူမလှုပ်နှိုးလိုက်မိ၏။

''အား!… ''
   မေ့မျောမှောက်လဲနေသော ထီးကလေး၏ အနား၌ ပြာယာခတ်နေရာမှ သီရိမေတစ်ယောက် စိတ်မရှည်စွာနှင့် လှုပ်နိုးလိုက်မိသည်။ ထီးကလေး၏ ခန္ဓာကိုယ်အား ကိုယ်ထိလက်ရောက် ထိမိလိုက်သည်နှင့် သီရိမေဟာ အဝေးသို့လွှင့်စင့်သွားခဲ့သည်။ သူမ၏စိတ်အတွင်း၌ ထိုသူ၏ခန္ဓာကိုယ်အား မိမိတစ်ယောက် ကိုယ်ထိလက်ရောက်ပြုမူမိလျင် ထိုကဲ့သို့ လွှင့်စင်သွားရမည်ဟု သိရှိထားခဲ့သော်လည်း ပြန်လည်သတိရလိုချင်သော စိတ်ဖြင့်လှုပ်ကိုင်နှိုးမိလိုက်သည်။ ထို့ကြောင့် နာကျင်စွာနင့် အဝေးသို့လွှင့်စင်သွားစေသည်။

''ရှင်ထပါတော့ ရှင်မြန်မြန်ထပါတော့… ရှင့်သူငယ်ချင်းတွေ သေကုန်တော့မယ် ရှင်ထပါတော့''
''ကျွန်မ… ရှင့်ကို ထိလို့မရဘူး ရှင်ကြားလား ကျွန်မပြောနေတာ ရှင်ကြားရဲ့လား''
''ရှင်ရယ်… ထပါတော့နော်''

   ဘာရယ်ကြောင့်မှန်းမသိ။ မေ့မျောနေခဲ့သော ထီးကလေးအား ပတ်ချာလှည့်လျက် ထိုသို့ပြောဆိုနေခဲ့သည်။ သို့သော်လည်း ထီးကလေးမှာမူ သူမပြောဆိုသော စကားသံများအား မကြားနိုင်။ မေ့မျောတိုင်းသာလျင် မေ့မျောနေချေခဲ့သည်။ သတိလည်လာစေရန် ထီးကလေး၏ ခန္ဓာကိုယ်အား သူမ မကိုင်ရဲတော့ချေ။ အကြိမ်ကြိမ်အခါခါ လှုပ်ကိုင်နှိုးမိခဲ့သည်။ ထို့ကြာင့် အကြိမ်ကြိမ်ခါခါ ထိုကဲ့သို့ လွှင့်စင်သွားခဲ့ပြီး နာကျင်လွန်းသည့်ဝေဒနာများအား သူမခံစားသွားခဲ့ရသည်။

    မည်မျှပင်နာကျင်သွားခဲ့သနည်းဟု မမှန်းဆနိုင်။ သူမ၏စိတ်အတွင်း၌ ထီးကလေး၏ခန္ဓာကိုယ်အား ထပ်မံ တို့ထိရမည်ကိုပင် လွန်စွာတုန်လှုပ်နေခဲ့သည်။ ထို့ကြောင့် မေ့မျောနေခဲ့သော ထီးကလေး၏ အနားတွင်မူ ပြန်လည်သတိရလာမည့် အချိန်ကိုသာလျင် သူမတစ်ယောက် ထိုင်လျက်သာ စောင့်စားနေခဲ့ရတော့သည်။

                          ********
   အပေါ်ဆုံးထပ် ဒေါင့်ဆုံးအခန်းဆီမှ အသံသဲ့သဲ့ကြားလိုက်ရသည်ကြောင့် လူသတ်ဆရာဝန်များမှာ ထိုအခန်းဆီသို့ ဖြေးညင်းစွာလျောက်လှမ်းသွားရင်း ဒေါက်တာသန်းနိုင်မှ အခန်းတံခါးအားလျင်မြန်စွာ့ဖြင့် ဆွဲဖွင့်ရန် ရွယ်လျက်ထားခဲ့သည်။

   ထို့နောက် ကျန်နှစ်ဦးမှာမူ အခန်းတံခါးပွင့်လာသည်နှင့် အခန်းဝ၌ရှိနေသော သူအား ရိုက်နှပ်ရန် အသင့်ရွယ်ထားချေခဲ့သည်။

   ဒေါင့်ဆုံးအခန်း၌ပုန်းခိုနေခဲ့ကြသော လမ်းကလေးသည်လည်း အခန်းတံခါးနားသို့ ဖြေးညင်းစွာချည်းကပ်သွားရင်း တံခါးဖွင့်ရန် လက်တစ်ဖက်မှရွယ်၍ ကျန်လက်တစ်ဖက်မှ အုတ်ခဲကျိုးဖြင့် ရွယ်လျက်ထားချေခဲ့သည်။ ထို့နောက် အခန်းတံခါးအား လျင်မြန်စွာဆွဲဖွင့်လိုက်သည်နှင့်

''အား!…''
''ဟာ!… သွားပြီး''

   ဒေါက်တာသန်းနိုင်တစ်ယောက် အခန်းတံခါးအား လျင်မြန်စွာဆွဲဖွင့်လိုက်သည်နှင့် အခန်းဝ၌ရှိနေသော လူရိပ်အား ရိုက်နှပ်ရန်ချိန်ဆထားသည့် ဆရာဝန်တစ်ဦးမှာ မည်းမည်းမြင်ရာ အားကုန်ရိုက်ချစေခဲ့သည်။ သို့သော် ထိုသူများထင်မြင်သကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော လူငယ်များပင်မဟုတ် မိမိတို့၏ဆေးရုံမှ နပ်စ်မလေးတစ်ဦးပင်ဖြစ်နေချေခဲ့သည်။

   အသံသဲ့သဲ့ကြား၍ လူသတ်ဆရာဝန်များ ဦးတည်သွားရောက်ခဲ့သော အခန်းဟာ လမ်းကလေးနှင့်မျှားကလေး မောင်ကဲတို့ရှိနေခဲ့သော အပေါ်ဆုံးထပ် ညာဘက်ဒေါင့်ခန်းပင်မဟုတ် ဘယ်ဘက်ဒေါင့်အခန်းပင်ဖြစ်သည်။

  ထို့ကြောင့် ဘယ်ဘက်ဒေါင့်အခန်းအတွင်း၌ ဆရာဝန်ကြီး ခိုင်းစေလိုက်သော အလုပ်တစ်ခုအား လာရောက်လုပ်ကိုင်နေပေးခဲ့သူ နပ်စ်မလေးအား လူမှားရိုက်နှပ်မိချေခဲ့သည်။ ထိုနပ်စ်မလေးဟာလည်း အခန်းအတွင်း၌ လိုအပ်သည်များ ပြုလုပ်ပေခဲ့ပြီး အခန်းတွင်းမှ ထွက်ခွာရန်တံခါးဖွင့်လိုက်သည့် အချိန်နှင့်တိုက်ဆိုင်စေခဲ့ပြီး အားပြင်းလွန်းလှသော သံချောင်းဖြင့်ဦးခေါင်းအား ရိုက်နှပ်ခံလိုက်ရလေသည်။ ထိုကြောင့် အခန်းဝ၌ပင် သွေးများစွာဖြာထွက်လျက် တဆတ်ဆတ်တုန်ခါရင်း သေဆုံးသွားခဲ့ရချေသည်။

''ဟင်… မှားသွားပြီဆရာ''
''ဟာ… ဟိုကောင်လေးတွေမဟုတ်ပါလား ဆရာမ ဆရာမ''
''ခေါ်မနေနဲ့တော့ မင်းရိုက်လိုက်တာ သေသွားပြီ''
''ဟင်… သေ… သေသွားပြီဟုတ်လား''
''ဟုတ်တယ် … ဒီနပ်စ်မက ဒီမှာဘာလာလုပ်နေရတာလဲ… သွားပြီး အားလုံးလွဲကုန်ပြီ''

  အုတ်ခဲကျိုးအား ကိုင်ဆောင်ထားခဲ့ပြီး အခန်းတံခါးအားလျင်မြန်စွာ ဆွဲဖွင့်လိုက်သည်နှင့် အခန်းဝ၌ တံခါးခေါက်နေသူများဟာ ငါးကလေးပင်ဖြစ်ချေသည်။ ကိုင်ဆောင်ထားခဲ့သော အုတ်ခဲကျိုးဖြင့် ရိုက်နှပ်ရန် ချိန်းဆထားခဲ့သော မိမိ၏လက်အား လျင်မြန်စွာအရှိန်ထိန်းလိုက်ရသည်။

''ဟင်ငါးလေး လာလာ… မြန်မြန်ဝင်… ''
   ပထမအထပ်တွင် ကျန်ရစ်နေခဲ့သော တန်ခိုး၏အနောက်သို့ လိုက်ပါသွားခဲ့သော ငါးကလေးတစ်ယောက်ဟာလည်း စာမိအားလက်ဆွဲလျက် အပေါ်ဆုံးထပ်သို့ တတ်ရောက်လာချေခဲ့သည်။ ပတ်ဝန်းကျင်အား အကဲခတ်လျက် သူငယ်ချင်းဖြစ်သူများ ဝင်ရောက်သွားခဲ့သော အခန်းအား အချက်ပေးလျက် မိမိရောက်ရှိကြောင်း အကြောင်းကြားစေခဲ့သည်။ မိမိစိုးရိမ်နေခဲ့သော လူသတ်သမားများ မဟုတ်သည့်အတွက် လမ်းကလေးမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချခါ အခန်းတွင်းသို့ လျင်မြန်စွာခေါ်ဆောင်စေခဲ့သည်။

''တန်ခိုးရော… တန်ခိုးမပါဘူးလား''
''တန်ခိုးမှာ ဒဏ်ရာတွေနဲ့ ငါတို့ကို အရင်ပြေးခိုင်းလိုက်တာ သူလိုက်လာလိမ့်မယ်''
''စာမိ… မင်းရောသက်သာရဲ့လား''
''သက်သာသွားပါပြီ ကိုတန်ခိုးကို ကျွန်တော်သွားပြန်ခေါ်ပါရစေ''
''စာမိ… မသွားနဲ့ တန်ခိုးပြန်လာမှာပါ''

''ဟင်!… ပန်းအိ… ဘယ် ဘယ်လိုဖြစ်ရတာလဲ''
''ဟာ… မျှားလေး ပန်းအိဘယ်လိုဖြစ်ရတာလဲ''
''ဘယ်လိုဖြစ်ရမှာတုန်း… သူအသတ်ခံလိုက်ရတာ… ဆရာဝန်တွေ သတ်ပစ်လိုက်ကြတာပဲ''
''ဟင်… ဟာကွာ… မောင်ကဲ… မောင်ကဲ မင်း… မင်းဘာဖြစ်နေတာလဲ''
''စာမိ… ငါတို့… ငါတို့သေရတော့မယ် ငါတို့သေရတော့မယ်''
''မောင်ကဲ… မင်းစိတ်ကို ငြိမ်ငြိမ်ထားစမ်း ငါတို့က ဘာဖြစ်လို့သေရမှာလဲ မင်းစိတ်ကိုအေးအေးထား''

''ပန်းအိကို သူတို့တွေ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြပြီကွာ ငါတို့ကိုလဲ မကြာခင်အခုလို သတ်ပစ်ကြတော့မှာ ငါကြောက်တယ် ငါကြောက်တယ်''
''ကိုလမ်းလေး… ကိုငါးလေး အစ်မ… ကျွန်တော့သူငယ်ချင်းကို ထိမ်းပေးကြပါဦး ဒီကောင်က ငယ်ငယ်လေးတည်းက ကြောက်တတ်တာ အခုသူ… သူသွေးပျက်သွားပြီနဲ့ထင်တယ်''

''မျှားလေး… သူ့ကိုနင့်သေချာအသံမထွက်အောင် ထိန်းပေးထား ငါတန်ခိုးဆီပြန်သွားမယ်''
''လမ်းလေး… မင်းသွားလို့မဖြစ်ဘူး … သူတစ်ယောက်တည်းဆိုရင် တန်ခိုးသူဟာသူ ရှောင်တိမ်းနိုင်လိမ့်မယ် ငါတို့ရှိနေရင် ဖြစ်မှာမဟုတ်ဘူး''
''ဒါဆို ငါတို့ဘာဆက်ကြလုပ်မှာလဲ''
''ဆေးရုံထဲက ထွက်နိုင်အောင် လုပ်ရမှာပေါ့… အခုငါတို့ ဒီအခန်းထဲကနေ ထွက်မယ် ပြီးရင် ထွက်ပေါက်ကိုတွေ့အောင်ရှာရမယ်''
''ထီးကလေးရော ထီးကလေးကိုရော သူတို့သတ်ပစ်လိုက်ကြပြီလား''
''မဖြစ်နိုင်ဘူး ထီးကလေး လွယ်လွယ်နဲ့မသေနိုင်ဘူးဆိုတာ ငါယုံကြည်တယ်… ငါတို့အားလုံး လွတ်မြောက်အောင် သူတစ်ခုခုကြိုးစားနေတာပဲဖြစ်မယ်''

''ကဲ… သူငယ်ချင်းတို့… ငါတို့အားလုံး ဒီအခန်းထဲကနေထွက်မယ် အကယ်၍များ ငါတို့ကို တစ်ယောက်ယောက်မြင်သွားတာနဲ့ လူစုခွဲပြီး လွတ်ရာကိုပြေးဟုတ်ပြီလား''
''နေဦးဟ… ငါတို့အောက်အခန်းမှာရှိနေတုန်းက ငါ့ဆီကို နပ်စ်မလေးတစ်ယောက် ရောက်လာတယ်… ငါတို့အားလုံကို ဒီဆေးရုံကနေ ပြေးခိုင်တယ် ပြီးတော့''
''ပြီးတော့ ဘာဖြစ်လဲ''
''ပြီးတော့ ထွက်ပေါက်က အပေါ်ဆုံးထပ် ဒေါင့်ဘက်မှာဆိုလား ပြောသွားသေးတယ်''
''ဟင်… ဟာ… မဖြစ်နိုင်တာ နပ်စ်မဆိုတော့ ဒီပုဒ်ထဲက ဒီပဲဘဲဖြစ်မှာပေါ့ သူလဲ လူသတ်သမားပဲဖြစ်မှာ''
''မဟုတ်လောက်ဘူး!… ဘာပဲဖြစ်ဖြစ် အဲ့ဒီနပ်စ်ပြောသွားတဲ့အတိုင်း အပေါ်ဆုံးထပ်မှာပဲ ထွက်ပေါက်ရှိနေလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်''

''ဟင် … လမ်းလေး… ဟိုမှာတံခါးပေါက်တစ်ခုပါလား မျှားလေးပြောတဲ့ ထွက်ပေါက်ဆိုတာများလား''
''အေးကွ… ငါသွားကြည့်မယ်''
''ငါးလေး နေဦး ငါပါလိုက်မယ်''

  ထိုအခန်းတွင်းမှ လူငယ်များအားလုံး အပြင်သို့ထွက်ရောက်ခါ ဆေးရုံအတွင်းမှ အလွတ်ပြေးကြရန် ထွက်ပေါက်အားရှာဖွေမည်ဖြစ်သည်။ မျှားကလေးသည်လည်း ဝိဥာဉ်မလေးသီရိမေပြောဆိုခဲ့သော အကြောင်းများအား ပြန်လည်သတိရစေခါ သူငယ်ချင်းဖြစ်သူအား ပြောဆိုချေခဲ့သည်။ သို့သော်လည်း သူငယ်ချင်းဖြစ်သူများမှာ ထိုဆေးရုံရှိလူများအား မည်သူ့ကိုမှ မယုံနိုင်တော့ချေ။

ထို့နောက် အခန်းတွင်း၌ပင် တိုင်ပင်စကားများပြောဆိုကာ ထွက်ခွာမည်အလုပ် ဘယ်ညာပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်ကြည့်နေသော ငါးကလေး၏ လက်ညိုးညွှန်ရာဆီသို့ ကြည့်မိလိုက်ချေသည်။ သူ၏လက်ညိုးအဆုံးဟာ လိုက်ကာသဖွယ် ပြုလုပ်ထားသော တံခါးပေါက်တစ်ခုပင်ဖြစ်ချေသည်။

ထိုတံခါးပေါက်ဟာ အပြင်သို့ရောက်ရှိနိုင်မည့် ထွက်ပေါက်လေလား။ မဟုတ်။ ဆေးရုံသို့ လမ်းမှားရောက်ရှိလာသူများအား ရက်စက်စွာသတ်ဖြတ်လျက် ပစ်ထားခဲ့သော ထိုအခန်းနှင့်တွဲလျက်ထားသည့် ရေခဲတိုက်အခန်းပင်ဖြစ်သည်။ သို့သော် လူသယ်များမှာ မျှားကလေးတစ်ယောက် ပြန်လည်ပြန်ဆိုပြသော အကြောင်းနှင့် ဆက်လျင်းစေခဲ့ပြီး ထွက်ပေါက်ပင်ဖြစ်သည်လား ဟူ၍ထင်မြင်မိသည်။

သို့နှင့် စူးစမ်းမှု့ပြုလုပ်ရန် ငါးကလေးတစ်ယောက် ထိုတံခါးပေါက်ဆီသို့ ဦးတည်လျောက်လှမ်းသွားသည်နှင့် လမ်းကလေးသည်လည်း သူ၏အနောက်မှ လိုက်ပါချေခဲ့သည်။ မျှားကလေးနှင့် စာမိ၊ သွေးပျက်ထိတ်လန့်နေသည့် မောင်ကဲတို့မှာ အခန်းဒေါင့်လေး၌သာ ငြိမ့်သတ်စွာရှိနေခဲ့သည်။

အခန်းတံခါးဟာ လွယ်ကူစွာဖြင့် ဖွင့်ဟချေနိုင်သည်။ ထို့ကြောင့် တံခါးလေးအား အသာတွန်းဖွင့်လိုက်သည်နှင့် လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်အပေါ်သို့ အေးစိမ့်မှု့များ သတ်ရောက်သွားစေခဲ့သည်။ သေချာလေသည်။ ထိုအခန်းဟာ ရေခဲတိုက်အခန်းပင် ဖြစ်ချေသည်။ ကျန်ရစ်နေခဲ့သော သူငယ်ချင်းဖြစ်သူများအား ထိတ်လန့်မှု့များ မရှိစေရန် မိမိတို့အား မျှော်ကြည့်နေသည့် မျှားကလေးအား လက်ဟန်များဖြင့် ခေတ္တစောင့်ပါဟု မှာကြားစေသည်။

''ဟာ… ဆရာ… ဆရာပါလား''
ဦးစွာမြင်တွေ့လိုက်ရ၏။ ကျူရှင်ဆရာကြီး၏အလောင်းအား။ ထပ်မံမြင်တွေ့လိုက်ရသည်က သူငယ်ချင်းဖြစ်သူ ဝကြီး၏အလောင်းပင်ဖြစ်ချေသည်။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ရင်း လွန်စွာထိတ်လန့်လောက်စေသည်။ ကျူရှင်ဆရာကြီးနှင့် ဝကြီးအား ရက်စက်စွာသတ်ဖြတ်လျက် ထိုအခန်းတွင်းသို့ ပစ်ထားခဲ့ပြီး သူငယ်ချင်းဖြစ်သူ ထီးကလေးနှင့်တင်ဇာနွယ်နှစ်ဦးသားမှာတော့ မည်သည့်နေရာတွင်ရောက်ရှိနေခဲ့ကြသနည်း။

အသက်ရှင်လျက်မှ ရှိနေကြသေးရဲ့လား။ စကားဖြင့်မပြော လူငယ်နှစ်ဦးသားမှာတော့ အဓိပ္ပာယ်ရှိစွာနှင့် ထိုအခန်းတွင်း၌ပင် တစ်ကိုတစ်ဦး ကြည့်မိလိုက်ချေသည်။

ထိုလူငယ်နှစ်ဦး ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သည်နှင့် အပြင်၌ကျန်ရစ်နေခဲ့သော လူငယ်သုံးဦးအနက် သွေးပျက်သွားခဲ့သော မောင်ကဲတစ်ယောက်မှာမူ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလျက် နှုတ်မှလည်း အသံမထွက်သည့် စကားများပြောဆိုနေခဲ့သည်။ သူအား နွေးထွေးစွာ ထွေးဖတ်ထားခဲ့သည့် မျှားကလေးတစ်ယောက်မှာတော့ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော လူငယ်နှစ်ဦးအား တမျောမျော်ငေးကြည့်နေရာမှ ပတ်ဝန်းကျင်၏အသံများအားလည်း နားစွင့်နေခဲ့ရသေးသည်။

''ကြောက်တယ် ကြောက်တယ် ကြောက်တယ် ငါကြောက်တယ် ငါကြောက်တယ်… ငါမသေချင်ဘူး ငါ့ကိုမသတ်နဲ့ ငါ့ကိုမသတ်ပါနဲ့''
''မောင်ကဲ… သူငယ်ချင်း သတိထားပါဦး ငါတို့ရှိတယ်လေ''
''ဟင့်အင်း ဟင့်အင်း ငါကြောက်တယ် ငါ့ကိုကယ်ပါဦး''
''အစ်မ မျှားလေး လုပ်ပါဦးဗျာ''
''မောင်ကဲ… ငါတို့ရှိတယ်လေ အသံမထွက်ပါနဲ့ တစ်ယောက်ယောက်ကြားသွားရင် ငါတို့အားလုံးသေရလိမ့်မယ်''

နွေူထွေးစွာပုခုံးလေးအားဖတ်လျက် ထိုသို့ပြောဆိုလိုက်သော မျှားကလေး၏ စကားသံကြောင့် မောင်ကဲတစ်ယောက် ခေတ္တငြိမ်သတ်သွားခဲ့၏။

''ဟူး… ကြာလိုက်တာ''
အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသော လူငယ်နှစ်ဦးအား သူမတမျော်မျော်ငေးကြည့်နေရင်း တိုးတိတ်စွာပြောထွက်လာခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ။ ထိုအခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော လူငယ်နှစ်ဦး အဘယ့်ကြောင့် ပြန်လည် ထွက်ခွာမလာရသနည်း။ စိတ်မြန်လက်မြန်ရှိလှသည့် သူမတစ်ယောက် လိုက်ပါသွားလိုက်ချင်သေးသည်။ သို့သော်လည်း သွေးပျက်နေခဲ့သော မောင်ကဲအား စိတ်မချသည်ကြောင့် အခန်းတွင်းမှ ထွက်ရောက်လာမည့် လူငယ်နှစ်ဦးကိုသာ တမျော်မျော်ငေးကြည့်နေခဲ့တော့သည်။

တန်ခိုးအားရက်စက်စွာ ပြုမူခဲ့ရင်း ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်အပါအဝင် ဆေးရုံရှိ လူသတ်လက်ရင်နေခဲ့သော နှပ်စ်မနှစ်ဦးသည်လည်း လက်နတ်များကိုယ်ဆီကိုင်ဆောင်ခါ လူငယ်နှစ်ဦး တတ်ရောက်သွားခဲ့သော လှေကားအတိုင်း ဒုတိယထပ်တစ်ခုလုံးအား မြေလှန်ရှာဖွေခဲ့ပြီးနောက်။ ကျန်ရှိနေသေးသော အပေါ်ဆုံးထပ်ဆီသို့ လူငယ်များအား ထပ်မံရှာဖွေရန် ခြေသံပြင်းပြင်းတတ်ရောက်လာလေသည်။
အပေါ်ဆုံးထပ် လှေကားဒေါင့်အခန်းအတွင်း၌ ရှိနေခဲ့သော လူငယ်များသည်လည်း လှေကားဆီမှအပေါ်ထပ်သို့ ခြေသံခပ်ပြင်းပြင်း တတ်ရောက်လာခဲ့သော အသံများအား ကြားလိုက်ရချေသည်။ စာမိအား မျက်ရိပ်မျက်ကဲများဖြင့် တိုးတိတ်စွာငြိမ်သတ်ရန် မျှားကလေးတစ်ယောက် ပြောဆိုခဲ့ရင်း မောင်ကဲတစ်ယောက် ယောင်ယမ်းစကားများ မပြောဆိုရန်လည်း ချော့မော့ထားခဲ့သေးသည်။

ငါးကလေးနှင့် စာမိ တတ်ရောက်သွားခဲ့သော လှေကားအတိုင်း လူသတ်ဆရာဝန်များဟာလည်း တတ်ရောက်လာစေရင်း လူငယ်များရှိနေသည့် အခန်းအရှေ့သို့ရောက်ရှိလာချေသည်။
''ဆရာ… ကျွန်တော်တို့ တစ်ခန်းချင်းဝင်ရှာမှဖြစ်မယ် ဒီကောင်တွေက သိပ်လည်တယ်ဆရာ… တော်ရုံတန်ရုံ ကျွန်တော်တို့ရှာတွေ့နိုင်မှာ မဟုတ်လောက်ဘူး''
''အင်း… ကောင်းပြီ… ဟင်ဟိုမှာသန်းနိုင်တို့ ဘာဖြစ်လာတာလဲမသိဘူး''
''စွန်ရဲ… တွေ့လား''
''မတွေ့သေးဘူး… ငါလဲအခုမှ ဒီအထပ်ကိုရောက်လာတာ မင်းတို့ရော''
''မတွေ့သေးဘူးကွ… ငါ… ငါတို့ လူမှားသွားတယ်''
''ဟင်!… ဘာမှားသွားတုန်း''
''မင်းရဲ့နားနေခန်းဘေးက အခန်းလွတ်မှာ အသံကြားတာနဲ့ ငါတို့လဲ ဟိုကောင်လေးတွေထင်လို့… အသေသတ်လိုက်တာ ဒါပေမယ့် နပ်စ်မလေးဖြစ်နေတဟ်''
''ဘာ!… ဒီအထပ်ရဲ့ ထောင့်ဆုံးအခန်းမှာရှိနေတဲ့ ဆရာမလေးလား''
''ဟုတ်… ဟုတ်တယ်''

''ဟင်!… အဲ့ဒါသွေးဆက်ထားတဲ့ ကောင်မလေးကို ငါစောင့်ကြည့်ခိုင်းထားတာ ဟာကွာ''
''ဘာ!… ဖြူလေးနဲ့ သွေးဆက်ကုထားတဲ့ ကောင်မလေးကို ပြောတာလား''
''ဟုတ်တယ်… ''
''ဟင်ဘယ်လိုဖြစ်တာလဲ အဲ့ဒီကောင်မလေးကို ဖြူလေးကုတင်းဘေးမှာပဲ ငါထားခဲ့တာလေ… မင်းနေရာရွေ့လိုက်တာလား''
''ဟုတ်တယ်… အခန်းချင်းကပ်ရပ်မှာ ငါရွေ့ထားခဲ့တာ မင်းကွာ… ထားပါတော့ မင်းလဲ တမင်လုပ်တာမှ မဟုတ်ပဲ''
''ကဲဆရာမ!… အဲ့ဒီခန်းထဲမှာရှိတဲ့ ကောင်မလေးကို စောင့်ကြည့်ထားပေးပါ… ဆရာတို့အားလုံး ပြီးတာနဲ့ လာခဲ့မယ်''
''ဟုတ်ကဲ့ဆရာ… ဆရာ့အခန်းဘေးက အခန်းနော်''
''ဟုတ်တယ်!… ကဲစန်းမြင့် သေသွားတဲ့ နပ်စ်မကို ရေခဲတိုက်ထဲ ထည့်ဖို့လုပ်တော့… သန်းနိုင် မင်းအောက်ထပ်အခန်းတွေကို သေချာမွေပြီးသွားပြီးလား''
''အင်း… အခန်းအားလုံး မွှေပြီးသွားပြီး… ဒါပေမယ့် ဒီကောင်တွေရဲ့ အရိပ်ယောင်တောင် ရှာမတွေ့ဘူး''
''သေချာပြီ… ဒါဆိုဒီကောင်တွေ အပေါ်ထပ်မှာပဲရှိနေမှာသေချာတယ်… တွေ့တာနဲ့ မသတ်နဲ့ဦး ငါအရှင်လိုချင်တယ်''

''ဟိုကောင်လေးရော… သေသွားပြီးလား''
''မသေသေးဘူး အောက်မှာ ရဲမောင်နဲ့စောင့်ကြည့်ခိုင်းထားတယ် တော်တော်အသက်ပြင်းတဲ့ အကောင်… သူ့သူငယ်ချင်းတွေကို သူ့အရှေ့မှာ စိတ်ရှိတိုင်းလုပ်ချင်သေးတယ် ဒီတော့ အခုပျောက်နေတဲ့ကောင်လေးတွေကို အသေမသတ်နဲ့ သူတို့ဘက်က ခုခံမှာသာ အပျက်ရှင်းလိုက်ကြ ကြားကြလား''
''ဟုတ်ကဲ့ဒေါက်တာ'

မိမိတို့ပုန်းခိုနေကြသော အခန်းရှေ့၌ ဆေးရုံရှိဆရာဝန်များ၏ ပြောစကားများအား အခန်းအတွင်း၌ ငြိမ်သတ်နေခဲ့ကြသော လူငယ်များကြားသိလိုက်ရချေသည်။ အဘယ်သို့တိမ်းရှောင်ရမည်နည်း။ ထိုလူသတ်သမားများ ပြောဆိုပုံအရဆိုလျင် တန်ခိုးတစ်ယောက် မည်သို့ပင်ဖြစ်သွားခဲ့သနည်း။ မျှားကလေးတစ်ယောက် လွန်စွာစိုးရိမ်မိသည်။

''ကဲ… စန်းမြင့်… မင်းနဲ့တစ်ခြားသူတွေ အခန်းအားလုံးကို ဝင်မွေ… တွေ့တာနဲ့ အရှင်ဖမ်းခဲ့ပေး… ကြားလား''
''သန်းနိုင်… မင်းက ဆေးရုံအပေါက်မှာ ဟန်မပျက်သွားနေပေး… ပတ်ဝန်ကျင်ကို ဂရုစိုက်''
''မင်းကရော!… ''
''ရေခဲတိုက်အခန်းကို ငါမသင်္ကာဘူး ဝင်ကြည့်ဦးမယ်''
''ကောင်းပြီး စွန်ရဲ ဂရုစိုက်နော်''

သေချာလေပြီ။ ထိုသူများ လူစုခွဲလျက် မိမိတို့အားလိုက်လံရှာဖွေတော့မည်။ ရေခဲတိုက်အခန်းဆိုသည်မှာ မိမိတို့အားလုံး ဝင်ရောက်ပုန်းခိုနေခဲ့သော အခန်းနှင့်တွဲလျက်ထားခဲ့သည့် အခန်းပင်ဖြစ်သည်ဟု မျှားကလေးတစ်ယောက် မသိရှိသေးချေ။

သို့သော်လည်း ထိုသူများ အခန်းတစ်ခုချင်းစီသို့ ဝင်ရောက်ရှာဖွေတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် မိမိနှင့်သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော ထိုအခန်းတွင်းသို့လည်း ဝင်ရောက်လာကြမည်မှာ မလွဲချေ။ အဘယ်သို့ပြုလုပ်ရမည်နည်း။

ထိုအခန်းတွင်း၌ရှိနေသော တံခါးပေါက်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသော သူငယ်ချင်းများသည်လည်း အဘယ်ကြောင့်ပြန်လည် ထွက်မရလာရသေးသနည်း။ သူမသွားရောက်ပြောဆိုရမည်လား။ သို့သော် အချိန်မမှီလောက်ချေ။ ထို့ကြောင့်မောင်ကဲအား လက်ဆွဲလျက် စာမိအပါအဝင် လူသတ်သမားများ ဝင်ရောက်လာကြမည့် တံခါးပေါက်နားသို့ ဖြေးညင်းစွာ ချည်းကပ်သွားခဲ့သည်။

သူမ၏ရည်ရွယ်ချက်မှာ အခန်းတံခါးအား အပြင်မှတွန်းဖွင့်လိုက်သည်နှင့် မိမိနှင့်စာမိအပါအဝင် မောင်ကဲတို့မှာ တံခါးအနောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် တံခါးအနားသို့ အရောက်လှမ်းသွားရင်း မောင်ကဲအား မထိတ်လန့်စေရန် အသံမထွက်သည့် ဟန်အမူယာများဖြင့် ပြောဆိုချေခဲ့သည်။
သူမထင်မြင်ခဲ့သော အတိုင်းသာလျင် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော ဆရာဝန်ကြီးမှာ အခန်းတံခါးအား အသာတွန်းဖွင့်လိုက်သည်။ ထို့ကြောင့် မိမိနှင့်သူငယ်ချင်းဖြစ်သူများ တံခါးအနောက်သို့ ရောက်ရှိသွားခါ ပုန်းခိုပြီးသားဖြစ်သွားချေသည်။

အခန်းတံခါးဖွင့်လျက် ဝင်ရောက်လာခဲ့သော ဆရာဝန်ကြီးမှာလဲ အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည့်နှင့် ပတ်ဝန်းကျင်အား ဘယ်ညာ အကဲခတ်လျက် ကြည့်ရှု့လေခဲ့သည်။ တံခါးအနောက်သို့ ရောက်ရှိနေသော လူငယ်များသည်လည်း အသတ်ရှု့နေသည့် အသံကိုပင် ကျယ်လောင်မသွားစေရန် ထိန်းချုပ်နေခဲ့ရသည်။ မိမိနှင့်အတူ သူငယ်ချင်းဖြစ်သူတန်ခိုးတစ်ယောက် ထိုအခန်းအတွင်း၌ ရှိနေခဲ့မည်ဆိုလျင် ယခုဝင်ရောက်လာခဲ့သော လူသတ်ဆရာဝန်ကြီးအား တိုက်ခိုက်လျက် အခန်းတွင်းမှ အလွတ်ပြေးနိုင်မည်မှာ သေချာလှသည်။

ယခုသူမတစ်ယောက် ထိုအခန်းတွင်းမှ ကိုယ်လွတ်ရုံးပြေးမည်ဆိုလျင် သေဘေးမှလွတ်မြောက်နိုင်သည်။ သို့သော်လည်း ထိုကဲ့သို့အတွေးမျိုးပင် သူမ၏စိတ်အတွင်း၌ မရှိခဲ့ သေလည်းအတူ ရှင်ခဲ့မည်ဆိုလျင်လည်း သူငယ်ချင်းများနှင့်အတူတကွ ရှိနေချင်သေးသည်။ ကိုယ်လွတ်ရုံး၍ မပြေးရက်ခဲ့ချေ။ ထို့ကြောင့် မိန်းမသားဖြစ်နေခဲ့သော မျှားကလေးမှာမူ သွေးပျက်နေခဲ့သော မောင်ကဲနှင့်စာမိအား တံခါးလေးအနောက်၌ပင် ဦးဆောင်စောင့်ရှောက်ထားချေခဲ့သည်။

ရေခဲတိုက်အခန်းဖြစ်သည်ဟု မထင်မှတ်ထားခဲ့သော လူငယ်နှစ်ဦးမှာမူ ထိုအခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် အဖြစ်ဆိုးစွာ သေဆုံးနေခဲ့သော မိမိတို့၏မိတ်ဆွေများအား မြင်တွေ့လိုက်ရသည်သာမက အတန်ကြာ တစ်ဦးကိုတစ်ဦး မည်သည့်စကားတစ်လုံးမျှ မပြောဆိုနိုင် အဖြစ်ဆိုးံးစွာ သေဆုံးနေခဲ့ကြသော လူများအားလည်း ထိုအခန်းတွင်း၌ထပ်မံ၍ တွေ့ရှိခဲ့ရသေးသည်။

''ငါးလေး… ငါးလေး!…ဒါ ဒါရေခဲတိုက်အခန်းကွ ဟေ့ကောင် ဘာတွေကြောင်နေတာလဲ ငါပြောနေတာကြားလား''
''ဟင်!… မင် မင်းဘာပြောလိုက်တာလဲ''
''ဒါရေခဲတိုက်အခန်းလို့ပြောတာ… ငါတို့မြန်မြန်ထွက်မှဖြစ်မယ်''
''နေဦး… ဆရာအလောင်းနဲ့ဝကြီးအလောင်းမှာ ငါတို့အတွက် အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုရှာကြည့်လိုက်ဦးမယ်''
''လုပ်လုပ်!… မြန်မြန်လုပ်''

မျက်မှောင်ကြုတ်လိုက်၏။ မသေမရှင်ဖြစ်နေသေးသော ပန်းအိအား မိမိကိုယ်တိုင်တင်ဆောင်ထားခဲ့သည့် နေရာ၌ရှိမနေပဲ အဘယ့်ကြောင့် နေရာရွေ့နေရသနည်း။ မှတ်သားချက်တစ်ခုအဖြစ် ထိုအခန်းတွင်း၌ အမှတ်သားပြုလုပ်ထားခဲ့သော အုတ်ခဲကျိုးမှာလဲ မိမိထားသည့်နေရာတွင်မဟုတ်။ အလှမ်းဝေးစွာ ထိုအုတ်ခဲကျိုးမှာလဲ ရွေ့လျားနေခဲ့သည်။သေချာလေပြီ။ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသော လူငယ်များ ထိုအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်မှာ မလွဲနိုင်ချေ။ တွေဝေမှု့များနှင့် အနောက်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်၏။ သို့သော်လည်း မည်သူမရှိခဲ့ချေ။

ခေါင်းအားတဆတ်ဆတ်ငြိမ့်လျက် မိမိဦးတည်ဝင်ရောက်ရန် ဦးတည်လာခဲ့သော ရေခဲတိုက်အခန်းဆီသို့ လှမ်းကြည့်မိလိုက်သည်။ အခန်းတံခါးပွင့်လစ်နေခဲ့သည်အား မြင်တွေ့လိုက်ရ၏။ အပြုံး… အပြုံးဆိုစေကာမှု့ ဆရာဝန်ကြီး၏ အပြုံးဟာ သာမာန်လူကောင်းတစ်ဦးနှင့်မတူ လူငယ်များ ထိုအခန်းတွင်းသို့ ဝင်ရောက်နေကြသည်မှာ သေချာသွားပြီဟူသော မဲ့ပြုံးလေးဖြင့် သာလှမ်းသွားချေသည်။

အခန်းအတွင်း၌ရှိနေသော လမ်းကလေးမှာမူ ကျူရှင်ဆရာကြီး၏အလောင်းအား ရှာဖွေခဲ့ရင်း အိတ်ကတ်အတွင်း၌ မှန်ကွဲနေခဲ့သော လက်ကိုင်ဖုန်းလေးကိုသာ ရရှိစေခဲ့သည်။ မြင်သာမြင်မကြင်ရသည့် အဖြစ်မျိုးပင်။ အတွင်း၌စက်ပစ္စည်းတစ်ခုမှ ချွန့်ယွင့်ခြင်းမရှိခဲ့ပဲ မှန်သားပြင်ကွဲရှနေခဲ့သည်ကြောင့် ဆက်သွယ်၍မရနိုင်ခဲ့ချေ။
''ကလောက်…''
ရေခဲတိုက်အခန်းအတွင်းသို့ ဖြေညင်းစွာလျောက်လှမ်းလာခဲ့သော ဆရာဝန်ကြီးတစ်ယောက် အခန်းအတွင်းရှိ ပစ္စည်းတစ်ခုအား တိုက်ခိုက်မိစေရင်း ဆူညံတစ်ချို့ထွက်ပေါ်သွားချေခဲ့သည်။ ထို့ကြောင့် အခန်းအတွင်း၌ရှိသော လူငယ်နှစ်ဦးမှာလဲ အဓိပ္ပာယ်ရှိစွာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်စေရင်း အခန်းဝဘောင်သို့ အပြေးကပ်လိုက်ချေသည်။

မိမိတို့၏သူငယ်ချင်းဖြစ်သူများသည်လား။ သို့မဟုတ် မည်သူဖြစ်မည်နည်း။ မည်သူမည်ဝါ ဖြစ်နေပါစေ။ မိမိတို့၏ဘက်မှ သတိထားသင့်သည်ဟူသော အတွေးမျိုးဖြင့် အခန်းအတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာခဲ့လျင် မိမိတို့အား ရုတ်တရက် မမြင်တွေ့စေနိုင်ရန် အခန်းဝဘောင်သို့ နှစ်ဦးသား တစ်ဖက်ဆီအသာ ကပ်လိုက်ချေသည်။
                  *****
            ညနေခြောက်နာရီခွဲခန့်ရှိနေပြီးဖြစ်သည်။
                 သိရှိထားခဲ့၏။ မိမိ၏နယ်မြေ အပိုင်၌ မည်သည့်နေရာတွင်မူ ဆေးရုံရှိ၍ မည်သည့်နေရာတွင်မူ သုသာန်ရှိနေသည်။ ထို့ကြောင့်ပိတ်ထားသည့် မြို့မဆေးရုံတည်နေရာသို့လည်း ကိုထိန်ဝင်းတစ်ယောက် ကောင်းစွာသိရှိထားခဲ့သည်။ သို့သော် မြို့မဆေးရုံ၏ ဖြစ်ကြောင်းများအား သူတစ်ယောက် ကောင်းစွာမသိရှိခဲ့ချေသည်။ အထက်မှညွန်ကြားသည့်အတိုင်း ထွက်ခွာလာခဲ့ရင်း ထိုဆေးရုံတည်ရှိရာဆီသို့ ရောက်ရှိလာလေသည်။

ဗဟိုရဲဌာနချုပ်မှ အထက်အရာရှိ တာဝန်ပေးစေသည်။ ပိတ်ထားသည့် မိမိ၏နယ်မြေအပိုင် မြို့မဆေးရုံ၌လူငယ်တစ်စု ဒုက္ခရောက်နေသည်ဟုဆိုသည်။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး စနောက်ခြင်း ဟုတ်မဟုတ် မိမိအား သွားရောက်လေ့လာစေခိုင်းခဲ့သည်။ သို့သော် အထက်အရာရှိညွန်ကြားလိုက်သည်က ပိတ်ထားခဲ့သော မြို့မဆေးရုံ။ ယခုမိမိရောက်ရှိလာခဲ့သည်က မီးများစွာထွန်းလင်းနေခဲ့ပြီး ဖွင့်လစ်နေခဲ့သော မြို့မအမည်နှင့် ဆေးရုံအရှေ့တွင်ဖြစ်သည်။ မျက်မှောင်ကြုံတ်မိ၏။

မိမိတစ်ယောက် ဆေးရုံမှား၍ ရောက်ရှိလာခဲ့ခြင်းလား။ ဆိုင်ကယ်အား ဆေးရုံအရှေ့၌ ရပ်တန့်စေခဲ့ရင်း ဆေးရုံးဝဏ်းအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းစတင်လှမ်းလိုက်ချေသည်။

ဆရာဝန်ကြီး စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်တစ်ယောက် မြေညီထပ် ကောင်ဒါစာပွဲ၌ အခန့်သား ထိုင်နေခဲ့ရင်း ဆေးရုံဆီသို့ လမ်းမှားရောက်ရှိလာဦးမည့် ခရီးသွားများအား ဟန်ဆောင်မှု့ကောင်းစွာ စောင့်ကြိုနေလေသည်။ ရဲအုပ်ထိန်ဝင်းသည်လည်း မိမိတစ်ယောက် ဆေးရုံမှား၍ရောက်ရှိလာခဲ့လေသလား။ မဖြစ်နိုင်ပါဘူးလေ။ ဘာကြောင့်ပဲဖြစ်ဖြစ် ပို၍ပင်သေချာစွာသိရှိစေရန် ဆေးရုံဝန်းအတွင်းမှ တွေဝေမှုများနှင့် လျောက်လှမ်းလာရင်း ဆေးရုံတံခါးပေါက်ဆီသို့ ဦးတည်လာစေခဲ့သည်။

ဆေးရုံဝဏ်းအတွင်းသို့ ယူနီးဖောင်းဝတ်စုံဖြင့် ကိုထိန်ဝင်းတစ်ယောက် လျောက်လှမ်းလာခဲ့သည်အား ကောင်ဒါစားပွဲမှနေ၍ မြင်တွေ့လိုက်သော ဒေါက်တာသန်းနိုင်မှာမူ ဓားမြောင်တစ်ချောင်းအား ခါးထိုးလျက် တံခါးဖွင့်ရန် တံခါးပေါက်ဆီသို့ ဦးတည်လှမ်းသွားချေခဲ့သည်။

''အိုး!…ရဲအရာကြီး မင်္ဂလာပါဗျာ''
''ဟင်… သြော်… ဟုတ်… ဟုတ်ကဲ့ မင်္ဂလာပါ… ''
''ဘာကိစ္စများရှိလို့တုန်းဗျ… လာ… အထဲကိုကြွပါဦး''

ရုတ်တရက် တံခါးပွင့်လာသည်ကြောင့် ကိုထိန်ဝင်းတစ်ယောက် ခါးကြားမှ ခြောက်လုံးပြူးသေနတ်အိတ်ဆီသို့ လက်ရောက်ရှိသွားခါ ခြေတလှမ်းမျှနောက်ဆုတ်သွားချေသည်။ ဆေးရုံဝင်ပေါက်အနားသို့ ရဲအရာရှိကြီး ရောက်ရှိလာခဲ့သည်နှင့် ဟန်ဆောင်ကောင်းလှသော ဒေါက်တာသန်းနိုင်မှာလည်း ကိုထိန်ဝင်းအား လှိုက်လှဲစွာကြိုဆိုလေသည်။

ဆေးရုံမှ သက်ဆိုင်ရာ ခန့်ခန့်ညားညားဆရာဝန်တစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်းဝင်းမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။ ထို့နောက် ဆေးရုံအဝမှ ဆေးရုံအတွင်းသို့ မိမိအား နှုတ်ဆတ်လျက် ဖော်ရွေစွာခေါ်ဆောင်သော ဒေါက်တာသန်းနိုင်၏အနောက်မှ လိုက်ပါရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာချေခဲ့သည်။

                         *******
* တာဝန်အရ ရောက်ရှိလာလဲ့သော ရဲအရာရှိကြီးတစ်ယောက် ဒုက္ခရောက်နေခဲ့သော လူငယ်များကယ်တင်ပေးနိုင်မည်လား။

*ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်ရန် ဦးတည်လာသော လူသတ်ဆရာဝန်ကြီးနှင့် ရေခဲတိုက်အခန်းတွင်း၌ ရှိနေခဲ့သော လူငယ်နှစ်ဦး မည်သို့ပင်ဖြစ်ကြဦးမည်နည်း။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…

                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        (၂.၃.၂၀၁၆)
             မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


Post a Comment