ဂျူဗလီ​ဟော

HISTORYအမေ့ဖျောက်ခံ သမိုင်းဝင် အဆောက်အအုံ (သို့) ဂျူဗလီဟော

သမိုင်းစာပေ တွေထဲမှာ မပါမဖြစ်နေရာတစ်ခု ဖြစ်ခဲ့တာကြောင့်ပါ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းများတွင်လည်း ဒီနာမည်က အမြဲလိုလိုပါခဲ့ပါတယ်။ ကဲ အခုရော ဒီအဆောက်အအုံ ဘယ်ရောက်သွားပြီလဲ
 
ဂျူဗလီဟော

ဂျူဗလီဟော လို့ ဆိုလိုက်လျင် လူကြီးလူငယ်မရွေး ကြားဖူးနားဝ ရှိကြမှာပဲဖြစ်ပါတယ်။ သမိုင်းစာပေ တွေထဲမှာ မပါမဖြစ်နေရာတစ်ခု ဖြစ်ခဲ့တာကြောင့်ပါ။ဗိုလ်ချုပ်အောင်ဆန်း အကြောင်းများတွင်လည်း ဒီနာမည်က အမြဲလိုလိုပါခဲ့ပါတယ်။ကဲ အခုရော ဒီအဆောက်အအုံ ဘယ်ရောက်သွားပြီလဲ။ လူအများစု သိမှာမဟုတ်တော့ပေ။

ဂျူဗလီ ကို မြန်မာလိုဆိုရင် ရတု လို့ခေါ်ရမယ် ထင်ပါတယ်။ ၀ိတိုရိယ ဘုရင်မကြီးရဲ့ ၂၅ နှစ် မြောက်(ငွေရတုသဘင်) အထိန်းအမှတ် အနေနဲ့ ဒီအဆောက်အအုံ ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ကျော် ၁၈၉၃ ခုနှစ် ဇန်နဝါရီ(၃၁) မှာ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ်မှာ အပြီးသတ်တည်ဆောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုအချိန်တုန်းက မြို့တော်ခန်းမလို အဆောက်အဦးများမရှိပဲ အဆင့်မီ အဆောက်အအုံဟူ၍ ဂျူဗလီဟော တစ်ခုတည်းသာ ရှိခဲ့ပါတယ်။ အင်္ဂလန်က ပြဇာတ်ရုံ တွေလိုပဲ ဒီအဆောက်အအုံမှာလည်း ဇာတ်ခုံစင်မြင့်၊ ပရိသတ်ခန်းမ၊ ပရိသတ်အတွက် ပတ်လည်စင်မြင့် နဲ့ အခြားခန်းမဆောင်တွေလည်း ပါရှိပါတယ်။ ဇာတ်ခုံပေါ်မှာ မီး နဲ့ ကန့်လန့်ကာ အတွက်ခေတ်မီပစ္စည်းများလည်း တပ်ဆင်ထားတာကြောင့် အစည်းအဝေး၊ ကပွဲ၊ ဟောပြောပွဲ နဲ့ အခြားအခမ်းအနားများစွာကို ကျင်းပနိုင်ခဲ့တဲ့ ထိုခေတ်အခါက ခေတ်အမီဆုံး အဆောက်အဦး ဖြစ်ခဲ့ပါတယ်။

BySoe Ko KoPosted on October 27, 2016
သမိုင်းစာပေ တွေထဲမှာ မပါမဖြစ်နေရာတစ်ခု ဖြစ်ခဲ့တာကြောင့်ပါ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းများတွင်လည်း ဒီနာမည်က အမြဲလိုလိုပါခဲ့ပါတယ်။ ကဲ အခုရော ဒီအဆောက်အအုံ ဘယ်ရောက်သွားပြီလဲ
   COMMENTS
ဂျူဗလီဟော

ဂျူဗလီဟော လို့ ဆိုလိုက်လျင် လူကြီးလူငယ်မရွေး ကြားဖူးနားဝ ရှိကြမှာပဲဖြစ်ပါတယ်။ သမိုင်းစာပေ တွေထဲမှာ မပါမဖြစ်နေရာတစ်ခု ဖြစ်ခဲ့တာကြောင့်ပါ။ဗိုလ်ချုပ်အောင်ဆန်း အကြောင်းများတွင်လည်း ဒီနာမည်က အမြဲလိုလိုပါခဲ့ပါတယ်။ကဲ အခုရော ဒီအဆောက်အအုံ ဘယ်ရောက်သွားပြီလဲ။ လူအများစု သိမှာမဟုတ်တော့ပေ။

ဂျူဗလီ ကို မြန်မာလိုဆိုရင် ရတု လို့ခေါ်ရမယ် ထင်ပါတယ်။ ၀ိတိုရိယ ဘုရင်မကြီးရဲ့ ၂၅ နှစ် မြောက်(ငွေရတုသဘင်) အထိန်းအမှတ် အနေနဲ့ ဒီအဆောက်အအုံ ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ကျော် ၁၈၉၃ ခုနှစ် ဇန်နဝါရီ(၃၁) မှာ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ်မှာ အပြီးသတ်တည်ဆောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုအချိန်တုန်းက မြို့တော်ခန်းမလို အဆောက်အဦးများမရှိပဲ အဆင့်မီ အဆောက်အအုံဟူ၍ ဂျူဗလီဟော တစ်ခုတည်းသာ ရှိခဲ့ပါတယ်။ အင်္ဂလန်က ပြဇာတ်ရုံ တွေလိုပဲ ဒီအဆောက်အအုံမှာလည်း ဇာတ်ခုံစင်မြင့်၊ ပရိသတ်ခန်းမ၊ ပရိသတ်အတွက် ပတ်လည်စင်မြင့် နဲ့ အခြားခန်းမဆောင်တွေလည်း ပါရှိပါတယ်။ ဇာတ်ခုံပေါ်မှာ မီး နဲ့ ကန့်လန့်ကာ အတွက်ခေတ်မီပစ္စည်းများလည်း တပ်ဆင်ထားတာကြောင့် အစည်းအဝေး၊ ကပွဲ၊ ဟောပြောပွဲ နဲ့ အခြားအခမ်းအနားများစွာကို ကျင်းပနိုင်ခဲ့တဲ့ ထိုခေတ်အခါက ခေတ်အမီဆုံး အဆောက်အဦး ဖြစ်ခဲ့ပါတယ်။

ဂျူဗလီဟော

ထိုခေတ်က နာမည်ကျော်ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ ဇာတ်ပွဲများကို ဒီနေရာမှာ ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် ကျင်းပခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီဘွဲ့နှင်းသဘင်ပွဲမှာ လယ်တီဆရာတော် ဘုရားကြီးအား ဗြိတိသျှအစိုးရက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆပ်ကပ်ခဲ့ ပါတယ်။

၁၉၅၂ ခုနှစ် ဇွန်လ (၁) ရက် နေ့မှာ အမျိုးသားပြတိုက်ကို ဒီနေရာမှာ စတင်ထူထောင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက် အမျိုးသားစာကြည့်တိုက်ကို လည်း ဂျူဗလီဟောမှာပင် ဖွင့်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်မိန့်ခွန်းများ ပြောတဲ့နေရာ၊ နောက်ဆုံး ဗိုလ်ချုပ် နဲ့ အာဇာနည်တွေရဲ့ ၉ လ ကြာ ဈာပန အခမ်းအနား ထားရှိကျင်းပတာလည်း ဒီအဆောက်အဦး မှာပဲ ဖြစ်ပါတယ်။ ။ အခြားအရေးပါတဲ့ အစည်း အဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများစွာကိုလည်း ဒီနေရာမှာပဲ ကျင်းပခဲ့ပါတယ်။

ဂျူဗလီဟောကို အာဇာနည်များရဲ့ဈာပနကျင်းပရာနေရာ အဖြစ်ကြားဖူး ကြမည်ဖြစ်သော်လည်း တည်နေရာကို မေးမြန်းလျင် ယနေ့ လူငယ်များ ပြောဆိုနိုင်ခြင်းမရှိသလောက် ဖြစ်နေမှာပါ။ သမိုင်းဝင် အဖြစ်အပျက်ပေါင်းများစွာနဲ့ ဆက်စပ်နေခဲ့တဲ့ ဒီသမိုင်းဝင် အဆောက်အအုံ ဟာ ၁၉၈၅ ခုနှစ်မှာ အဖျက်ခံခဲ့ရပြီး ယင်းနေရာဟာ စစ်သမိုင်းပြတိုက် ဖြစ်သွားခဲ့ပါတယ်။ ရွှေတိဂုံဘုရားလမ်း နှင့် ပန်တျာလမ်းထောင့် စစ်သမိုင်းပြတိုက် နေရာဟာ အရင်က ဂျူဗလီဟောအဆောက်အအုံရှိခဲ့တဲ့နေရာ ဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။

Ref
လှသမိန်- ဂျူဗလီဟောပြောသည့်သမိုင်း
တင်နိုင်တိုး- ကိုလိုနီခေတ် ဂျူဗလီဟောမှ ကိုးဒါနအလှူပွဲ
ငယ်ထွေး(ကလေး)- မမေ့အပ်သော သမိုင်းဝင် အမှတ်တရ နေရာများ

Credit to Aye say

Post a Comment