အမှတ်‌စဉ်‌၁၅ လင်းဆက်‌‌နေ

( အားလုံးဆင်နွှဲ မီးထွန်းပွဲ )

အမှတ်​စဉ်​   ၁၅
အမည်  လင်းဆက်နေ ( Mdy )
မိုးလေကင်းလွတ်
သီတင်းကျွတ်ပြီ
ဦးညွှတ်ပန်ဆင်
ဘုရားရှင်အား
လှူတန်းပွားစဉ်
ပန်းများဆီမီး ထိန်ထိန်လင်းညီးတည်း။

ဆ်ီမီးရောင်ဝါ
ထိန်ထိန်သာသာ
ဝေဆာဖူးပွင့်
ကြာပန်းတင့်တယ်
ဦးခိုက်ဆယ်ဖြာ
စိတ်ဝယ်မှာထား ရည်စူးသဒ္ဒါပွား။

ခွင့်ခါကြုံခိုက်
စိတ်မှောင်မိုက်များ
တိမ်တိုက်လိုပါ
ကင်းစင်တာမို့
လာပါတို့တွေ
ရိုကြို့ရအောင် အလင်းဆောင်လို့တည်း။

ငါးမျိုးကြာနွယ်
ထူးလို့ရယ်ပါ
မောင်မယ်တူစုံ
ဖူးခွင့်ကြုံတုန်း
ဆီမီးပုံးပွဲ
မြတ်ဆုံးနွှဲမယ် နှစ်ကိုယ်ရွယ်။

ကျမ်းခုနှစ်ဖုံ
အလုံးစုံကို
နတ်ဘုံပြည်ဝယ်
မယ်တော်နတ်သား
ဖြစ်ချိန်များဝယ်
ဟောကြားခဲ့သည် အဘိဓမ္ဓာတည်။

ရှင်မြတ်ဘုရား
လူ့ပြည်လားဝယ်
ငါးပါးအဆင်း
ကြာတစ်သင်းက
ထူး၍အကူ
ပေးတော်မူသည်
ညီတူဆီမီး ထွန်း၍တည်း။

ပန်းဆီမီးရေ
လှူတန်းစေပ
မသွေနိဗာန်
ဧကန်ဆန်မည်
ဘုရားအရိန္ဒမထေရ်ဖူးခွင့်တည်း။

             လင်းဆက်နေ
                 ( Mdy )

တင်​ဆက်​သူ  စနိုး

Post a Comment