အမှတ်‌စဉ်‌ ၁၃ ဖိုးဥာဏ်‌

အားလုံးဆင်နွှဲမီးထွန်းပွဲ
******************

အမှတ်​စဉ်​  ၁၃
ဖိုးဥာဏ်

အဘိဓမ္မာ ၊ ဒေသနာကို
ငါတို့ဘုရား ၊ မိနတ်သားအား    
ဟောကြားသိစေ ၊ ကျေးဇူးကျေသော်
လူ့ပြေဌာန ၊ တရားပြဖို့
ဝတိံသာမှ ကြွသောနေ့။     

ဗြဟ္မာတစ်တန်း ၊ နတ်တစ်တန်းဖြင့်
ဆောင်းတန်းရွှေငွေ ၊ လယ်ဗွေမှာကား
ပတ္တမြားလျင်၊ ဘုရားမြတ်စွာ
နတ်ဗြဟ္မာနှင့် ၊ လူ့ရွာကြွသည်
ဝါလ ကင်းလွတ် သီတင်းကျွတ် ။

မြင်းမိုရ်တောင်ဖျား ၊ နတ်များအပေါင်း
သောင်းသောင်းဖျဖျ ၊ဝန်းရံခလျက်
လ လည်းပြည့်ပြည့် ၊ ထိုတနေ့ဝယ်
တိုးဝှေ့ဖူးမျှော် ၊ လူ့ပြည်သော်မှ
ပူဇော်ဆီမီး ၊ ထိန်ထိန်ညီး၏ ။

ရေစီးခေတ်ပြောင်း ၊ ချိန်ခါနှောင်းသော်
သူကောင်းများစွာ  ၊ ထိန်းသိမ်းလာ၍
ဝါလကင်းလွတ် ၊ သီတင်းကျွတ်ဝယ်
အထွဋ်မြတ်ထား ၊ တို့ဘုရားကို
ညွှတ်တွားကော်ရော် ၊ဆီမီးတော်ဖြင့်  
ပူဇော်ရှိခိုး  အမြဲတည်း  ။       ။    

                                     ဖိုးဉာဏ်

တင်ဆက်သူ-မိုးညဖြူ

Post a Comment