အမှတ်‌စဉ်‌၁၆ စိုင်း‌ဝေ

အားလုံးဆင်​နွှဲ မီးထွန်းပွဲ
------------------ဗုံ​ထောက်​သံ
အမှတ်​စဉ်​   ၁၆ စိုင်း​ဝေ (ပုတီးကုန်း)

(သီတင်းကျွတ်​လဖွဲ့ ဗုံ​ထောက်​သံ)

က​လောင်​-စိုင်း​ဝေ(ပုတီးကုန်း)

(၁)သာသနာ ထွန်းသာလှ​စေလို့ ၊ ညွှန်းဝါလ ကျွတ်​လာ ၊
ခွန်းစာသ ထွဋ်​ဝဠာရွယ်​၊ ဆွတ်​ပါကွယ်​ မဂ်​ပန်း ။
ထက်​တစ်​ဆန်း နတ်​ပြည်​သာကို(အလိုကွယ်​) မှတ်​သည်​ဗျာ စိတ်​​ပျော်​မဲ့နန်း ။    ။

(၂)လူစုံညီ   ဖူးကာရွတ်​​စေဖို့ ၊ ဦးလွှာညွှတ်​ ကြတာ၊
ခူးပါဆွတ်​ လသာသာဝယ်​ ၊ ညခါခါ ​ပြောကြား၊
ဟောတရား  သီလယူရန်​ (အလိုဗျာ) ပြည်​မှလူ ​ကျောင်း​တော်​သို့သွား ။      ။

(၃)သန်း​ခေါင်​ယံ အချိန်​​ရောက်​ပြီမို့ ၊ ဝတိံ​မြှောက်​ ​ညွှတ်​ကာ ၊
ထိန်​အ​တောက်​ လွှတ်​တာမှာကွယ်​ ၊ ထွဋ်​အာကာ ထက်​လွှဲ ၊
ဆက်​အနွှဲ စီးလုံးညံတယ်​ (အလိုကွယ်​) မီးပုံးပျံ ပူ​ဇော်​တဲ့ပွဲ ။

(၄)ဝမ်းဟာလာ ဆာမှာစိုးစေလို့ ၊ ခါခါထိုး ချက်​​နေ ၊
ပြာလွှာခိုး တက်​​စေပါကွယ်​ ၊ မပျက်​​လေ ဆက်​စွဲ ၊
လက်​တစ်​လွှဲ ပြန်​ရုတ်​ပါတယ်​ (အိုဗျာ ) ဆန်​ပြုတ်​ပါ  ​​လွှေး​စေဖို့နွှဲ ။      ။

(၅)လပြည့်​ခါ ဆယ့်​ငါးရက်​​ပေမို့ ၊ ဖွဲ့ထားချက်​ လူ​တွေ ၊
ဘွဲ့များထက်​ မတူ​လေကွယ်​ ၊ အပူ​တွေ ဖယ်​ရှား ၊
ကွယ်​အများ  ညီပြီးမြိုင်​ကာ(အလိုဗျာ) ဆီမီးဖြိုင်​ ထွန်းစို့လာထား ။       ။
(​ဟေး....လာ..​မောင်​...ရို့....ဝါး..........)

စိုင်း​ဝေ(ပုတီးကုန်း)

တင်ဆက်သူ-မိုးညဖြူ

Post a Comment