ကျက်ဘတေူဝမှ ကျွတ်လွတ်ချင်တဲ့ ရှမ်းမိသားစု

" ကျတ်ဘဝမှ ကျွတ်လွတ်ချင်တဲ့ ရှမ်းမိသားစု "

ဖြစ်ရပ်မှန် ( စ/ဆုံး)

တစ်ခါက တမာကုန်းရွာမှာပါ။ပဲခူးရိုးမနဲ့နီးတဲ့
တောင်ပေါ်ရွာလေးပေါ့။ရွာရဲ့အရှေ့ဘက်စွန်း
တောင်ကုန်းလေးပေါ်မှာ ရွာဘုန်းကြီးကျောင်း
ရှိတယ်။ကျောင်းက တောရကျောင်းလေးပါ။
ဘုန်းကြီး ရှင်ဦးသောဘိတ တစ်ပါးတည်း
သီတင်းသုံးနေထိုင်တော်မူတယ်။ကျောင်းမှာ
ရွာထဲကပ္ပီယတစ်ဦး လာရောက်နေထိုင်တယ်။
ဆွမ်းခံလည်း နှစ်ဦးအတူတူပေါ့။ကပ္ပီယကြီးက
အသက်၅၀ကျော်နေပြီ။ဘုန်းကြီးကျောင်းသား
ဦးမိုးပေါ့။ဘုန်းဘုန်းက ' ဟေ့ ကပ္ပီယကြီး'
' ဘုရား' ဘုန်းဘုန်းလည်း ' ဒီနေ့ တန်ဆောင်းမုန့်းလပြည့်နေ့လား'
' တင်ပါ့ဘုရား ဘာဖြစ်လို့လဲ ' 'ဟာမင်းကလည်း
ဒီနေ့အတွက် ဆွမ်းချိုင့်အကုန်ပို့ပြီးပလား '
'ရှင်ဘုရား တပည့်တော်အလုပ် တပည့်တော်
သိပါတယ် 'အေးအပြောကတော့အကောင်းပဲ
ြီပီးမှတလွဲလုပ်မလာနဲ့ ရွာလူကြီးအိမ်ပို့ပြီးပလား '
ဦးမိုးကြီးလည်း 'ဟုတ်ပဘုန်းဘုန်း တပည့်တော်
မေ့နေတာ သွားလိုက်အုံးမယ် ' ဘုန်းဘုန်းလည်း
' အဟွန်းးးးးသွားတော့ နေစောင်းနေပြ။ီ     
ဦးမိုးလည်း ဆွမ်းချိုင့်ယူပြီးထွက်သွားလေရဲ့။
တောင်အောက်ဆင်းပြီး တောလမ်းလေးအတိုင်းသွားရော လမ်းမှာ
ခေါင်းပေါင်း ပေါင်းထားတဲ့ရှေးတုန်းကလူလို
သျောင်ထုံးနဲ့ထွက်ပြီး ' ဗျို့ ကပ္ပီယကြီးဦးမိုးလား
ခင်ဗျ 'ဦးမိုးလည်း ' ဟုတ်ကဲ့ပါ ဘာဖြစ်လို့လဲဗျ '
လူစိမ်းကလည်း ဦးမိုးနဲ့စကားပြောရင်း ရွာဘက်
ကိုလိုက်လာခဲ့တယ်။ရွာနဲ့ဘုန်းကြီးကျောင်းက
ဝေးသကိုး။ရွာနားမရောက်သေးခင် ရှေးဆန်ဆန်
်လူကြီးက သူ့ကိုယ်သူ မိတ်ဆက်ပေးတယ်။
ကပ္ပီယကြီး' ကျွန်တော့်နာမည်က စိုင်းမိုင်းခေးပါ'
မိသားစုနဲ့ ဒီနားကတောင်ကုန်းလေးပေါ်မှာ
နေတယ် ' ဦးမိုးလည်း ကြောင်သွားတယ်။ဒီရွာက
သူ့ရွာ သူမရောက်တဲ့နေရာလည်း ခပ်ရှားပဲ။
သြော် နောက်မှပြောင်းလာတာဖြစ်လိမ့်မယ်လို့
တွေးလိုက်တယ်။ဦးမိုး ' ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲဗျ ရှမ်းလူမျိုးလား '
လူစိမ်းက ' ဟုတ်တယ်ဗျ ကျွန်တော်က
ရှမ်းလူမျိုးဗျ အသက်ကတော့ ကပ္ပီယကြီး
ဘယ်လောက်ထင်လဲ ' ဦးမိုးကလည်း ' ထင်သား
ပဲဗျ ခင်ဗျားနာမည်နဲ့ စကားပြောတာလည်း
နဲနဲဝဲတယ်လေ 'အသက်ကတော့ ခင်ဗျား၄၀
ပတ်ဝန်းကျင်တော့ ရှိမယ်ထင်တယ် ' လူစိမ်းလည်း ' ခင်ဗျားပြောတဲ့ အသက်ပဲပေါ့
ဒါနဲ့ကျွန်တော်တို့ မနက်ဖြန် ဆွမ်းကပ်ချင်လို့
အာရုံကို ဘုန်းဘုန်းကို လျောက်ထားပေးပါ '
' ရတာပေါ့ ကျွန်တော်လျောက်ထားလိုက်မယ် '
ဦးစိုင်းမိုင်းခေးလည်း ' ကျွန်တော်ဒီနေ့မနက်
၎နာရီလောက်လာပင့်မယ် ဘုန်းကြီးကျောင်း
ရှေ့ကို စောင့်နေပေးပါ ' ဦးမိုးလည်း 
' စောတာပေါ့ဗျာ ' လူစိမ်းက 'ကျွန်တော်မှာခဲ့
တယ်နော် သွားပြီကပ္ပီယကြီးရေ ရွာထိပ်လည်းရောက်ပြီ '  ' ဟုတ်ကဲ့ပါဗျာ '
ပြောလည်းပြီးနောက်လည်းကြည့်တော့ မရှိတော့ဘူး။ ' ဒီလူအတော်မြန်တာပဲ ' ဆိုပြီး
ရွာထဲ ဆွမ်းချိုင့်သွားပို့လိုက်တယ်။ု
ကျောင်းရောက်တော့  ' ဘုန်းဘုန်း ဒီနေ့မနက်
၎နာရီအာရုံဆွမ်းကပ်ကြွရမယ်'
' ဘယ်ကိုလဲဟ ' ' ရှမ်းအိမ်ကိုပါဘုရား သူလာ
ပင့်မှာပါ ' နောက်ပြီးဦးမိုးလည်း ဝေယျာဝစ္စလုပ်
ဘုန်းကြီးဦးသောဘိတလည်း ဘုရားရှိခိုး
တရားထိုင်ပြီး အနားယူကြတော့သည်။မနက်
၎နာရီ ဦးမိုးလည်းအိုးမောင်းခေါက် ကျောင်းရှေ့
မှာဦးစိုင်းမိုင်းခေးရောက်နေပြီ။ဘုန်းဘုန်းကို
လျောက်ပြီး နှစ်ဦးသား သူမောင်းတဲ့လှည်းနဲ့
လိုက်သွားခဲ့တယ်။အိမ်ကလည်း တောလမ်းအတိုင်း မောင်းသွားတာမဝေးဘူးဗျ။
အိမ်ရောက်တော့ အမျိုးသမီးတစ်ဦးရေခပ်နေတယ်။ဦးစိုင်းမိုင်းခေးက ' ရှင်ဘုရား တပည့်တော်ဇနီး နန်းခမ်းဝါပါ '
ဘုန်းဘုန်းလည်း ' သြော် အေးအေး ဒကာကြီး
ဒီမှာနေတာကြာပြီလား ' 'ရှင်ဘုရား အတော်ကြာ
ခဲ့ပါပြီ ' ပြောရင်းနဲ့အိမ်ပေါ်တက်တော့ ကလေးနှစ်ယောက် အဘိုးကြီးကနေမကောင်းတာလား
လဲနေတယ်။ဘုန်းကြီးလာတော့ မိန်းမကိုခေါ်
ကလေးနှစ်ယောက်ကို အဘိုးကြီးတွဲခိုင်းပြီး ဆွမ်းကပ်တော့တယ်။ဟင်းကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ဘုန်းကြီးလည်း ဦးမိုးနဲ့
ဆွမ်းဘုန်းပေးပြီး တရားဟောတော့ ဘုရားစင်
မတွေ့ဘူး။မေးတော့ ဘုန်းဘုန်းထိုင်နေတဲ့နေရာ
မှာဟောပါတဲ့။အံ့သြတဲ့စိတ်နဲ့ တရားဟောပြီး
အမျှဝေတော့တယ်။
"အားလုံး ကြားကြားသမျှ အမျှ ယူတော်မူကြပါ
ဂုဏ်တော် သာဓုသာဓုသာဓု"သူတို့လည်းသာဓုခေါ်လို့ပြီး
ဝုန်းးးးး ဆိုပြီးအသံကြီးထွက်လာပြီး
ဦးစိုင်းမိုင်းခေးတို့မိသားစုလုံးဝပျောက်သွား
တော့တယ်။ဘုန်းကြီးဦးသောဘိတနဲ့ ကပ္ပီယ
ဦးမိုးတို့လဲ တောင်ကုန်းပြောင်ပြောင်လေးပေါ်
ရောက်နေတော့တယ်။ဘုန်းကြီးလည်း
သိလိုက်ပြီ။ရှမ်းမိသားစု ကျတ်ဘဝက ကျွတ်လွတ်ချင်လို့ ဆွမ်းကပ်တာပဲ ။မိုးလည်း
လင်းနေပြီပြန်ကြမယ် ကပ္ပီယကြီးရေဆို ပြီး
ပြန်လာခဲ့ပါတော့တယ်။

  နာမည်လွဲရေးထားတာပါ .....
      အမှားပါရင်ခွင့်လွှတ်ပေးပါ .....
            စာဖတ်သူများ စိတ်ချမ်းသာပါစေ.....

Post a Comment