ခိုင်မြဲ သစ္စာ

ခိုင်မြဲသစ္စာ (စ/ဆုံး)

ဟင် ငါ ငိုနေပါလား ခိုင်မြင့်မြတ် မိမိ ပါးပြင်ကို စမ်းကြည့်တော့ မျက်ရည်တွေ စီးကျနေသည်။
မက်ပြန်ပြီး ဒီအိမ်မက် သိတတ်စအရွယ်တည်းက ခုထိ မက်နေတဲ့ အိမ်မက်
အိမ်မက်ထဲမှာ ကောင်လေးနှင့် ကောင်မလေး တစ်ယောက် နန်းဝတ်နန်းစားများနှင့် ဘုရားစေတီ များကို ဖူးမြော် ကန်တော့ နေသည်ကို မြင်သည်မှာ ဆယ်စုနှစ်ကျော်ခဲ့ပြီ။ မျက်နှာများကိုမမြင်ရ'' ငါ ဘာလို့ ငို နေမိပါလိမ့် ''
သူ ကိုယ့်ကိုယ်ကို မေးရင်း ရီမိသည်။
ခိုင်မြင့်မြတ် ကPhysics major နှင့် ကျောင်းပြီးသွားပြီ ။
ဦးအောင်ကျော်ခိုင်နှင့် ဒေါ်မြင့်မာလာတို့၏ တစ်ဦတည်းသောသား သူ့အဖေပိုင် ခိုင်မြင့်မြတ် ဆိုတဲ့ ကားဝပ်ရှော့ကို ဦးစီးနေသူပင် ။
သူ့ အဖေနှင့် အမေက သူ့ကို မိန်းမယူ ခိုင်းနေပြီ။

''သားရေ မင်းလဲ ကျောင်းပြီးသွားပြီ နော် ပညာလဲ စုံပြီ ကြင်ယာ ရှာဖို့ဘဲ လိုတော့တယ်''

''ဟုတ်တယ် သား အဖေတို့ မသေခင် မြေးချီချင်သေးတယ် ''

''ဟား အဖေ တို့ ကလဲဗျာ ချီရပါစေ့မယ် မြေးကော မြစ်ကော
ဒါပေမယ့် ခုတော့ မယူချင်သေးဘူး အဖေနဲအမေရယ်''

''ဘာလဲ ရှာမတွေ့သေးဘူးလို့ မပြောနဲနော်သား နံပါးမှာ သမီးလေး သီရီ တစ်ယောက်လုံးရှိတာပဲ မေမေတာ့ သီိရီလေးကို အရမ်းသဘောကျတာပဲ သာူးနဲသဘောတူတယ်''

'' အမေရယ် မိန်းမယူမှာက ကျနော်ပါဗျ ပြီးတော့ သီရိနဲသားက ငယ်ငယ်တည်းက ပေါင်းလာကြတာ သားသူ့ကို သူငယ်ချင်း တစ်ယောက်ထက်မပိုဘူး အမေ''
''သား အလုပ်သွားတော့မယ်နော် အဖေနဲအမေ ''
ပြောရင်း

သူ လက်အုပ်ချီ ပြီး ကန်တော့ တော့ အဖေနဲ အမေ က ဆုပေးသည် ။
'' ငါ့ သားလေး ကျန်းမာ ချမ်းသာ ပါစေကွယ် သွားလေရာ လာလေရာ ခလုတ်မထိ ဆူး မငြိမ့်ပါစေနဲ ''
'' ပြီးတော့ မိန်းမမြန်မြန်ရပါစေဗျာ'' အဖေက အရွန်းဖောက်လိုက်တော့ သူ ရှက်ရှက်နှင့် ပြေးထွက်လာခဲ့သည်
မေမေနှင့် ဖေဖေသည် သူ့ကို သူငယ်ချင်း ပေါင်း သည်
လိုအပ်တာ ရှိလျှင် ပွင့်လွင်းစွာဆွေးနွေး တိုင်ပင်နိုင်သည်
သို့သော် စည်းကမ်းပိုင်းမှာတော့ တင်းကြပ်သည်
'' ဟင် သီရိ နင်ဘလို လုပ် ငါ့ အလုပ်ထဲကို'' သူ စကားတောင် မဆုံးလိုက် သီရိက ဖြတ်ပြောသည်

'' နင့် ဆီကို ငါက အလိုရှိမှ လာရမှာလား နင့်ဆီကို လာဖို့ ငါက ခွင့်တောင်းနေရဦိးမှာလား '' နခမ်းကို စူကာ ပြောသည်

'' ဟုတ်ရပါဘူး မယ်မင်းကြီးမရယ် ငါ့ ကို မုန့်ဝယ်ကျွေး ခိုင်းဖို့ လာတာလား ''

အဲ့လို အလိုက်သိစမ်းပါ သားရယ် '' ဟု သီရိရယ် ကျဲ ကျဲ နှင့် ပြောသည်

'' ဟွန်း မပြောချင်ဘူး '' ဟု ခိုင်မြင့်မြတ် က ဆိုတော့ '' ဟဲ့ လာသွားမယ် ငါ့ ကားနဲ မင်းကြီးလမ်းက ရခိုင်မုန့်တီ ဆိုင် မုန့်တီသွားသောက်မယ် ok ''

OK
'' မုန့်တီ နှစ်ပွဲ ပေးပါ ''

ဟုတ် ရမယ်နော် ခဏလေး စောင့်ပါ''
'' ဟုတ်ကဲ့ ရပါတယ် ဗျ '' ဒီဆိုင်လေးက မုန့်ဖတ်ကို ၀ယ်သူ လာမှ ညစ်တာမို့ နည်းနည်းတော့ စောင့်ရသည်
ရခိုင် မုန့်တီစားချင်ရင်တော့ ဒီဆိုင်က အကောင်းဆုံးပင်
'' ငါတို့တွေ ကျောင်းလဲ ပြီးသွားပြီနော် ခိုင်မြင့်မြတ်က ဆိုသည်။
''
အင်း အဲ့ တော့ ဘာဖြစ်လဲ''

'' ဘာဖစ်ရမှာလဲ အဖေနဲ အမေက ငါ့ကို မိန်းမ ယူခိုင်းနေပြီ''
သီရိ ပြုံးနေမိသည် သူ ဘာပြောချင် လဲ ဆိုတာ သိနေသည် မဟုတ်ပါလား သူ့ မိဘတွေ ကလဲ သူမကိုသဘောကျပီးသားပင် ဘာမှ ပြောစရာမလို သူနှင့်သာဆို နေနှင့်လ ရွှေနှင့်မြ
'' ငါ မပြောသေးဘူးဟာ ပြီးတော့ ငါမှာ ချစ်ရမဲ့ သူလဲ မရှိသေးဘူး ''
ဟင် နင်ချစ်ရမဲ့သူက နင့်ရှေ့မှာထိုင်နေတာလေ နင်မသိဘူးလား နင့်ကို ငယ်ငယ်တည်းက ချစ်ခဲ့သူပါဟာ သီရိ ရင်ထဲမှာ အသံတိတ်ပြောနေမိသည်
'' မုန့်တီ ရပြီ ''
သူတို့ ၀ိုင်းကို မုန့်တီ လာချပေးသည်
'' စား စား ၀အောင်စားနော် ငါ ၀ယ်တိုက်မှာ ''
သူမ မျက်ရည်ဝိုင်းနေမိသည် နင် ငါ့ကို မချစ်ဘူးပေါ့ မြင့်မြတ်ရယ်
'' ဟာ ဒီကောင်မလေး အစပ်တောင် မစားရသေးဘူး မျက်ရည်ဝဲနေပြိ ''
အင်း ဟုပြောပြီး သူမ မျက်လုံးကို အရင်အမြန်ခပ်လိုက်ပြီး ခေါင်းငုံ့ကာ မုန့်တီသာ စားနေမိသည်
မုန့်တီသည်လဲ အရသာမရှိ ရင်ထဲမှာ နာကျင်နေသည်
သို့သော် အချစ်ဆိုသည်မှာ ကိုယ်က ချစ်နေဖို့က အဓိကပါပဲ ဟု သူမကို သူမ ဖြေသိမ့်လိုက်သည်
သူမ မော့ကြည့်လိုက်တော့ ယောက်ျားပီိသသော ချောမောလှပသော ခိုင်မြင့်မြတ် မုန့်တီကို အားရပါးရ စားနေသည် သူ့မျက်နှာ ထက်တွင်တော့ ချွဲသီးတွေ ခိုလျက်

သူ ဘာကြောင့်မှန်း မသိ အဖေဇာတိ ဖြစ်သော ရခိုင်ပြည်နယ် မြောက်ဦး မြို့သို့ သွားချင်စိတ်တွေ တဖွားဖွားပေါ်နေသည်
သူက ဗမာ အစစ်မဟုတ်
အဖေက ရခိုင် အမေက ဗမာ
မြောက်ဦးသားဖြစ်သော အဖေကဲမြောက်ဦးက  ရန်ကုန်သို့ ကျောင်းလာတက်ရင်း ရန်ကုန်သူ အချောအလှ အမေနှင့်ဖူးစာ ဆုံခဲ့ခြင်းပင် ထို့ကြောင့် သူသည်လည်း ရခိုင် ဗမာ
ကပြားတစ်ယောက်ဖြစ်သည်။
ဒီိနေ့ နိုးတာ စောလှ ချည်လား သားရဲ့
အရင် အလုပ်ပိတ်တဲ့ ရက် တနင်္ဂနွေ နေ့ဆို တစ်ရက်လုံး လိုလို သူအိပ်နေတတ်သောကြောင့် အမေက မေးခြင်းဖြစ်သည်
'' ဟဲဟဲ အမေတို့ကို ခွင့်တောင်းစရာ ရှိလို့ ''

'' ဘာများလဲ ငါ့သားရ ပြောပါဦိး''
အဖေက ထမင်းစားခန်းထဲ ၀င်လာရင်းလှမ်းပြောသည်

'' သား မြောက်ဦး ကို သွားချင်လို့ ''
'' ဟေ သွားပေါ့ သားရ ''

'' မရပါဘူး ကျမ သားလေးကို စိတ်မချဘူး''

'' အမေကလဲဗျာ သားက ခလေးမှ မဟုတ်တော့ တာ ပြ်ီးတော့ သား ညီမ၀မ်းကွဲကိုလဲ တွေ့ဖူးချင်တယ် ငယ်ငယ်တုန်းက ပဲ ရောက်ဖူးတာ ခု အသက်ကြီးနေပီ သား သွားချင်တယ် အမေ ခွင့်ပြုပေးပါနော် ''
သူ ခခယယ လေး လက်အုပ်ချီ ပြီးပြောလိုက်တော့

'' သွားပါစေ မိန်းမရာ သားလဲ သွားတတ်နေပါပီ ဟိုမှာ ငါ့ ညီမ တစ်ယောက်လုံးရှိတာပဲ သူတို့သားလာမယ်ဆိုရင် သိပ်ဝမ်းသာမှာ ''

'' ဟုတ်ကဲ့ပါ ဦးအောင်ကျော်ခိုင်ရယ် ရှင်တို့သားအဖ သဘောပါတော်''
'' ဒါမှ ငါ့ မိန်းမကွ '' ဟု အဖေက ရယ်ကျဲ ကျဲ ပြောလိုက်တော့ အမေက မျက်စောင်းလှလှ ရွယ်သည်
သူတို့ ထမင်းဝိုင်းလေးကာ ရီမော ပျော်ရွှင်လျက်

သူ မြောက်ဦးသွားဖို့ သီရိဆီ ဖုန်းဆက်ရဦးမည်
ဖုန်းမြည်သံကြောင့် သီရိ ကောက်ကိုင်လိုက်သည်
'' hello''
'' hello သီရိ ငါ နင့် ပြောစရာ ရှိလို့ ''
အင်း ပြောလေ
''
ငါ အဖေ့ဇာတိဖြစ်တဲ့ မြောက်ဉ်ီးကို အလည်သွားမလို့ အဲ့တာ အပြန်လက်ဆောင် ဘာဝယ်ခဲ့ရမလဲ''

'' ငါလဲ လိုက်မယ် ဟဲ ဟဲ ''
'' ဟင် နင်ကလဲ နင့်အလုပ်ကကော''  အေးဆေးပါဟာ ထားခဲ့လို့ရတယ် ဘာလဲ နင်က မခေါ်ချင်လို့လား ငါက မြောက်ဦး မှာ ရှိတဲ့ ဘုရားတွေ ဖူးချင်လို့ပါဟာ

'' ခေါ်ချင်ပါတယ် ဟယ် လိုက်ခဲ့ပါ မယ်မင်းကြီးမရယ် ''

'' အာ့ဆို ဒါဘဲနော် မေမေ့တို့ကိုပြောလိုက်ဦးမယ်''
ဟုပြောပြီး ဖုန်းချသွားသည်
ဟူးးး ခိုင်မြင့်မြတ် သက်ပြင်းအရှည်ကြီးသာ မှုတ်ထုတ်လိုက်သည်
သီရိ ကတော့ မလွယ်ကြော။

အဖေနှင့် မေမေ ကို ကန်တော့ တော့ အိမ်ကို အစောကြီး ထဲက ရောက်နေသော သီရိလဲ သူနှင့်အတူ ကန်တော့ တော့ '' သားနှင့်သမီး ဘေး အန္တရယ် ကင်းပါစေကွယ် လိုရာခရီး ရောက်ပါစေကွယ်''
'' ဟုတ်ကဲ့ ပါ အမေနဲအဖေ ''
သူနဲ သီရိကို ဘာလိုလို ဆုပေးတော့ သီရိကတော့ ပြုံးနေသည်
ခိုင်မြင့်မြတ်ကတော့ မပျော်ပါ စိတ်ရှုပ်ထွေးရင်း များစွာဖြင့်
သူတို့ ရွှေပြည်သစ် Express အထူးကားဖြင့် နံနက် ၈နာရီက ရန်ကုန်က ထွက်လာခဲ့သည်.
'' ဟဲ့ ခရီးထွက်ရတာ ပျော်စရာကြီိးနော် ''
အင်း ဟု သူက ပြောတော့ အသံကလဲ ညောင်နာနာနဲ့  ငါတော့ အိပ်ပြီ ပြောရင်း သီရိတစ်ဖက်လှည့်သွားသည်
သူလဲ ဟိုဘက် ဒီဘက်လှည့်ရင်း ဘလိုအိပ်ပျော်သွားမှန်း မသိ အိမ်မက်ထဲမှာ တော့ သူနှင့်အတူ ကောင်မလေးတစ်ယောက် ဘုရားစေတီ နားထဲမှာ ထိုင်ရင်း စကားပြောနေကြလေသည်
ဟင် အာ့ဆို အိမ်မက်ထဲက ကောင်လေးက ငါဆို ကောင်မလေး က ဘသူလဲ သီရိလား မဖြစ်နိုင်ဘူး သူ ကောင်မလေး မျက်နှာကို အသည်းအသန် ကြိုးစားရှာဖွေသော်လဲ အချည်းနှီးသာ
'' မြောက်ဦးမှာ ဆင်းမဲ့ ခရီးသည် များကြိုတင် ပြင်ဆင်ပါ ရောက်ခါနီးနေပါပြီ'' ကားစပယ်ယာ အသံကြောင့် သူနိုးလာသလို သီရိလဲ နိုးနေပီ '' ငါတို့ ရောက်တော့မယ်'' ဟုပြောရင်း သူအလိုလို
ရင်ခုန်နေမိသည်
မကြာမီ ပင် မြောက်ဦး ကားဂိတ်သို့ ၀င်လေသည်
နံနက် ၆ နာရီ ထိုးပြီ ဖြစ်သည်
သူတို့ ဆီ လျှောက်လာနေသော သူ့ညီမ ၀မ်းကွဲ နှင်းဖြူ နှင့် အဖော်၂ယောက်
'' ကိုကြီး ပင်ပန်းသွားပြီလား ဒါ သမီး သူငယ်ချင်း ၂ယောက် နောက်မှ မိတ်ဆက်ပေးမယ် ကိုကြီး အိတ်တွေပေး ကိုကြီးက အောင်ကျော်ဇင် နဲလိုက်သွား ဒီက အမ က''
'' သီရိပါ ''
'' အော် အင်း မသီိရိ ကျမနဲ လိုက် သစ္စာခိုင် က အထုတ်တေ
ယူပြီးလိုက်ခဲ့''
'' ဟုတ်ကဲ့ပါ အမရယ် ကျမ လိုက်ခဲ့ပါ့မယ် '' ဟု အဓိပ္ပါယ် ရသော ရခိုင်ဘာသာ စကားနှင့် သစ္စာခိုင် ဆိုသော ကောင်မလေးက ပြန်ပြောလေသည်
သူတို့ ဆိုင်ကယ် တွေနှင့် လာရောက်ကြိုကြခြင်းဖြစ်သည်
မြောက်ဦိး မြို့ အ၀င်တည်းက လွတ်လပ်ရေး မီးရူးတန်ဆောင် ဆရာတော် ဦးဥတ္တမ ၏ ကြေးသွန်းရုပ်ကို ကျက်သရေ ရှိစွာ တွေ့ရသည်
အိမ်ကို ရောက်တော့ ဒေါ်လေးက ပြုံးရွှင်စွာဖြင့်ဆီးကြိုနေသည်
'' နားလိုက်ကြဦး ကလေးတို့ေ၇ နောက်နေ့တွေဆို ဘုရားကို လိုက်ဖို့ပေးမယ် '' ဟု့ပြောလေသည်

'' ဟုတ်ကဲ့ပါ ဒေါ်လေး ''
အိမ်ကြီိးက ၂ထပ် ပျဉ်ထောင်အိမ် အိမ်ကြီးရခိုင် ဆိုတာ ဒီလိုမျိုး
အိမ်ကိုပြောတာဖြစ်မည် အိမ်မှာ လူသုံးယောက်နှင့် အခန်းများစွာ ဖွဲ့ထားသည်
သူအတွက်က အပေါ်ထပ် ဘုရား ခန်းနားက အခန်းတွင် နေရာ ချပေးသည် သီရိအတွက်က နှင်းဖြူ ဘေးနားက အခန်း
ကိုကြီးတို့ နားလိုက်ကြဦးနော် မမသီရိက အ၇မ်ချောတာပဲ
ကျေးဇူးပါ ညီမ
သူရေချိုးပြီး အိပ်ပျော်နေတာ ဘယ်လောက်ကြာသွားပြီ မသိ နှင်းဖြူ လာနိုးမှ နိုးသည်
'' ကိုကြီးထတော့လေ ဘာတေ ဒီလောက်ပြုံးနေတာတုန်း နေစောင်းနေပြီ စည်တော်သံ တောင် တီး ပြီးပြီ မမသီရိလဲ နိုးနေပြီ ''

'' အော် အင်း ညီမလေး '' ဟင် ငါ ပြုံးနေတယ် ဆိုပါလား ငါ
အိမ်မက်မက်နေတာ ဟို အိမ်မက် ဒါပေမယ့် ကောင်မလေး မျက်နှာကို မမြင်၇ပါ ဒီ ရက်ပိုင်း အဲ့ အိမ်မက်ပဲ ဆက်တိုက် မက်နေသည် မင်း ဘသူလဲ ကောင်မလေး ရယ် မင်းက ငါ့ ဖူး စာချင်လား သူ အသံတိတ် ပြောနေမိသည်
ထမင်းဝိုင်းတွင် ဟင်းတွေက စုံလင်လှ သည်
'' ဟင်းတွေ က စုံလှ ချည် လား နှင်းဖြူ ရ ''
'' အို ကိုကြီးကလဲ တစ်ခါတစ်လေ လာတာကို နှင်းဖြူ မပင်ပန်းပါဘူး Special ချက်ထားတာနော် အ၀စား ရမယ် မမသီရီ အားမနာ နဲအ၀ စားနော်''

'' သမီးရယ် ဟင်းထည့်ပေးလိုက်လေ စကားချည်းများမနေနဲပါ ''

ဟုတ်ကဲ့ပါ မေမေ ဟဲဟဲ ဟု ရယ်ကျဲကျဲ ပြောသည်။ နှင်းဖြူ က
ချစ်စရာ  ကောင်းသော ကောင်မလေး ပင်
ခိုင်မြင့်မြတ် ထမင်းစား မြိန်လှသည်
ထမင်းစားပြီးနောက်အိမ်ရှေ့ ကွပ်ပစ်ပေါ် ထိုင်နေစဉ်
သီရိ ဘေးနားသို့ ရောက်လာသည်

'' နင့်ညီမ က အချက်အပြုတ် တော်သားပဲ အရမ်း ဂရု စိုက်တာ
ပဲနော် ''

'' ဟုတ်တယ်ဟ ရခိုင် လူမျိုးတွေ က အရမ်း ဖော်ရွေကြတယ် ရိုးသားကြတယ် ဒါပေမယ့် မဟုတ်မခံလူမျိုးဟ သူတို့ကို လာစရင်တော့ ပြန်တုံ့ပြန်တတ်တယ် ''

'' လမ်းတစ်လျှောက် တောင်ကုန်းတွေပေါ်မှာ ဘုရား စေတီတွေ ချည်းပဲနော် ''

'' ဟုတ်တယ်ဟ မြောက်ဦးမြို့ က နောက်ဆုံးမင်းဆက်တွေ ရဲ့ နန်းတည်ရာမြို့လေ အာ့ကြောင့် ရှေးဟောင်း အမွေအနှစ်တွေ အများကြီ်းတွေ့ နိုင် တာပေါ့ ရခိုင်ပြည် နယ် တစ်နံတစ်လျားမှာ  ဘုရားစေတီတွေ အများကြီိး ရှိဒယ် ဒါပေမယ့် မြောက်ဦိးမြို့လောက်တော့ မများဘူး အာ့ကြောင် #သဇင်ပန်းခိုင်တမြိုင်မြိုင်ရခိုင်ဘုရားပေါင်းလို့ တင်စားထားတာလေ ရှေးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မြောက်ဦိးကို ရခိုင်လူမျိုးတွေက တစ်ကူးတစ်က လာကြတယ် မရောက်ဖူးရင် လူဖြစ်ကျိုး မနပ်ဘူးလိုခံယူထားကြတာလေ'' ဟု စကားအရှည်ကြီးပြောကာ ခိုင် မြင့်မြတ် သီရိရှင်းပြနေမိသည်။
'' ညနေစောင်း က စည်တီးတာ ဆိုလားပဲ ကြားလိုက်သေးတယ်
အဲ့တာ ဘာ အဓိပ္ပါယ်​ လဲ ''
'' အဲ့တာ စည်တော်သံလို့ ခေါ်တယ် ဟ
ရှေးခေတ် တည်းက တီးခဲ့ကြတာလေ
အောင်စည်တော်ပေါ့ဟာ ''
'' အော် အဲ့လိုကိုး ''

ကိုကြီးနဲ မမက ဒီရောက်နေတာကိုး နှင်းဖြူ က အိမ်အပေါ်ထပ်မှာ လိုက်ရှာနေတာ စားကြအုံးကိုကြီိးနဲမမ'' ဟု
ဆိုကာ နှင်းဖြူရေနွေးကြမ်းနှင့် မုန့်ပဲ သရေစာတွေ အများကြီး ချပေးထားသည်
'' ဟဲ့ အောင်ကျော်ဇင် နဲ သစ္စာခိုင် လာလေ'' ဟု ခေါ်သည်။ မနက်က နှင်းဖြူ နှင့် အတူ သူ့ကိုလာကြို ကြသော နှစ်ယောက်ပင် ။
'' ကိုကြီိး ဒါ သမီး သူငယ်ချင်း၂ယောက်လေ သူ က အောင်ကျော်ဇင် သူက သစ္စာခိုင် မြန်မာစာ ဒုတိယနှစ် အဝေးသင် တေပ ကိုကြီဲး '' နှင်းဖြူ က ပြုးံရွှင်စွာ ပြောသည်။
'' ခိုင်မြင့်မြတ် တဲ့ ငါ့အကိုဝမ်းကွဲ သူက ကိုကြီိး သူငယ်ချင်း မမ သီရီတဲ့မှတ်ထားနော်
'' အော် အင်း တွေ့ရတာ ၀မ်းသာ ပါတယ်ဗျ''
ဟုတ်ကဲ့ ၂ယောက်လုံး ပြိုင်တူ နှုတ်ဆက်ကြသည်။
သစ္စာ ခိုင်ကတော့ အပြုံးလေးဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
'' ကိုကြီးတို့ကို  ဘုရားတေမနက်ဖြန်ျကျရင် လိုက်ပို့ပေးမယ်နော် ဘုရားသမိုင်းကြောင်းတေ သိချင်ရင် သစ္စာခိုင် ကိုမေး သက်လားကိုကြီိး သူက အကုန်သိတယ် torist guide လဲ လုပ်နေ တာ''

'' နှင်းဖြူ ကလဲ မြှောက်ပြောနေပြန်ပီ အဲ့လောက် ထိ မဟုတ်ပါဘူး သိချင်တာ ရှိရင်တော့ သစ္စာကို မေးပါ ရှင့် ''
'' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ''
ခိုင်မြင့်မြတ် ကျေးဇူးတင်စကားဆိုသည်။

ရပါတယ် ရှင့် ဧည့်ဝတ်ကျေပွန်ရမှာက ကျမတို့ တာဝန်ပါပဲ

ထို့နောက် အလာပသလာပ ပြောနေကြတာ၂နာရီိ လောက်ကြာသည်
'' နှင်းဖြူ ရေ ပြန်တော့မယ် နော် ဒီက အကိုတို့ အမတို့လဲ ပြန်ပီရှင့် မနက်ဖြန် တွေ့ကြမယ်နော် ''
ဟုတ်ကဲ့ ကောင်းပါပြီ ဗျာ '' ဟု ခိုင်မြင့်မြတ် ပြုံးရွှင်စွာေ၊ြ
နေမိသည် ဖြစ်နိုင်လျှင် သူမနှင့်စကားတွေ ပြောချင်နေမ၏သည် ဘာကြောင်မှန်း သူမကို မြင်ဖူး သလိုလို စိတ်ထဲက ရင်နှီးနေမိသည်
'' အောင်ကျော်ဇင် သွားမယ်လေ
အော် အင်း
နှင်းဖြူ သွားပြီ သက်လား ''
အေးအေး သစ္စာခိုင်ကို သေချာလိုက်ပို့လိုက်ဦိး အေးပါ နှင်းဖြူရယ် '' အေါင်ကျော်ဇင်က နှင်းဖြူ ကို ပိုရန်ကော
ဟူသော အကြည့်နှင့်ကြည့်ကာ ပြောသည်။
ျါ် ကောင်းကင်ထက်တွင် လမင်းကြီိးကတော့ သာယာလျက်

သစ္စာခိုင် အိပ်မပျော်ပါ မျက်လုံးမိတ်ထားသော်လည်း ခိုင်မြင့်မြတ် ဆိုသော လူကြီ်း ကိုသာ မြင်ယောင်နေမိသည်
မျက်နှာကြီးပြုံးဖြီိးကာ ရွန်းရွန်းစားစားကြည့်နေသော  သူ့ပုံရိပ်တေသာ စိုးမိုးလျက်။
Message၀င်သံကြောင့် ခိုင်မြင့်မြတ် ဖွင့်ကြည့်လိုပ်တော့
သီရီ ဆီက ဖြစ်သည်
မကျေနပ်ဘူး
ဟင် ဒီိကောင်မလေး ဘာဖစ်တာပါလိမ့်
သစ္စာခိုင်ဆိုတဲ့ ကောင်မလေး ကို ကြည့်နေတာများ မျက်လုံးကျွတ်ကျ မလားပဲ
သူ reply ပြန်လိုက်သည်
'' ဟုလား ငါ့ ပုံစံက အဲ့လိုဖြစ်နေလား ဟားဟား ''
အိပ်တော့ သီိရိ မနက်ဖြန် ဘုရားတေ ဖူးရဦိးမယ်
Good night my fri gyi ''
မြင့်မြတ်ရယ် နင့်ရင်ထဲမှာ ဘသူရှိဒယ်ဆိုတာ ငါ မြင်နေရပါပီိဟာ သူမ အသံတိတ် ရေရွတ်ရင်း ဖုန်း screen ပေါ်သို့ မျက်ရည် စက်တွေ ကျဆင်းနေလေသည်
'' မမသီရီရေ ထတော့လေ ဘုရားသွားမယ် နေမထွက်ခင်းလေး အစောကြီိးတည်းက သွားမှ ကောင်းမှာ ''
'' နှင်းဖြူရယ်အမ မလိုက်တော့ ဘူး သက်လား ညည့်နက်မှ အိပ်ဖြစ်လို့နော် '' အော် အင်းမမ
နှင်းဖြူ အတင်းအကျပ် မခေါ်တော့ပါ သူမ ကိုကြီိး အပေါ် မမသီရီ သဘောထားတွေ မြင်နေရသည်မဟုတ်ပါလား

'' ကိုကြီိးက အောင်ကျော်ဇင် နဲ လိုက်
နှင်းဖြူ နဲ သစ္စာ က တစ်စီိးသွားမယ်''

'' ဟင် သီရိကော
မလိုက်တော့ဘူး တဲ့ ကိုကြီိး ''
အော် အင်း သူ ၇င်ထဲ မကောင်းပါ ညက ကိစ္စ ကြောင့်ဖြစ်မည်
သီရိ ရယ် ငါ့ကို ခွင့်လွတ်ပါဟာ
'' ဘုရားတွေ ဖူးမယ် ဆိုရင် ကျောက်တော် မြို့မှာ ရှိတဲ့ မဟာ မြတ်မုနိ ဘုရားကို အရင်ဆုံး ဦိးခိုက်ရတယ် '' အဲ့ ဒီိ ကို အရင်သွားမယ် ဟု သစ္စာခိုင်​ က ဆိုသည်။
သူတို့ ဆိုင်ကယ် နဲ ထွက်လာကြတာ တစ်နာရီိ လောက်စီတော့ မြောက်ဦး မှ ကျောက်တော် မြို့သို့ ရောက်သည်
မဟာမြတ်မုနိဘုရား က သပ္ပါယ် လိုက်တာကွာ
အင်း ဟုတ်တယ် မျက်နှာတော် က ပြုံးရွှင်နေတာပဲ
မြင်သူတိုင်း ၇င်ကိုအေးမြစေတယ်
အင်း ဟုတ်တယ် နော်
မဟာ မြတ်မုနိ ဘုရားအကြောင်း ကိုယ့်ကို ရှင်းပြပါလား
ဟုတ်ကဲ့
စန္ဒသူရိယ မင်းက ဒီဘုရားကိုတည်ခဲ့တာလေ
ဂေါတမ ဘုရားရဲ့ ကိုယ်ပွားပေါ့
စန္ဒသူရိယ ဘုရင်နဲ မြတ်စွာဘုရား တို့ဟာ ရှေးဘ၀က သူငယ်ချင်း တော်စပ်ဖူးကြတယ်တဲ့ အကြောင့် ဂေါတမ ဘုရားဖြစ်တော် မူတဲ့ အခါ သူရဲ့ ရှေးအတိတ်ဘ၀က သူငယ်ချင်း ဖြစ်တဲ့ စန္ဒသူရိယ မင်းရဲ့ တွေ့ဆုံဖို့ တောင့်တမှုကြောင့် ရခိုင်ပြည်သို့ ကြွချီတော် မူခဲ့တယ်လေ ဟိုမှာတွေ့ရတဲ့ ကျောက်တော် တောင်ဆိုတဲ့ နေရာ မှာ ဗုဒ္ဓ ဘုရားရှင်ဟာ ရပ်တော် မူခဲ့တာပေါ့
ဘုရားရှင် ပြန်တော်မူတဲ့ သူ့ကိုယ်စားအဖြစ် ခု ရှိနေတဲ့ မဟာမြတ်မုနိဘုရား ကို ကိုယ်စားထားခဲ့တာပေါ့ '' ဟု သူမ ရှည် လျားစွာ ရှင်းပြလိုက်သည်
ှကျေးဇူးပါကွာ
လာ လက်ဆေးကန်သွားရအောင်
ကန်ထဲတွင် ငါးတွေ အများကြီး ရှိသည်
ဒီကန်ထဲက ငါးတွေ ဘေးမဲ့ ပေးထားတာ
အင်း good တယ်
သစ္စာ ရေ အမှတ်တရ ဓာတ်ပုံ ရိုက်ရအောင်
အေး သူတို့အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသည်
ီပြီိးတော့ ကျောက်တော် တောင်ဆီိသို့ ချီတက်ကြသည်
သူတို့ မြောက်ဦိးကို ပြန်လာတော့ ၁၁နာရီိပင်ထိုးနေပြီိ
သူတို့ ရှစ်သောင်းပုထိုးတော်ကြီိး ခြေရင်းတွင် ထမင်းစားကြသည်
ရှစ်သောင်းအပေါ်တက်ရအောင်လား
Ok
သူတို့ ဂူထဲ ၀င်လာတော့ နံရံမှာ ထွင်းထုထား၊သော ကျောက်ဆစ် လက်၇ာ များကို တွေ့ရသည်
ခေတ်တစ်ခေတ်ရဲ့ အကြောင်းကို ထို အ၇ာတွှေမှ တွေ့နိုင်သည်
ဂူ ပြင် ထွက်လာရင်း ဒုက္ကန်သိမ်ဘုရားကို မျက်နှာ မူကာ ထိုက်နေမိကြသည်
ရှစ်သောင်းပုထိုးတော်ကြီိးက အံ့မခန်းပဲနော် ဒီလောက်ကျောက်တုံး အကြီိးကြီိးတွေနဲ တည်ဆောက်ထားတာ
ဟုတ်တယ် ကိုခိုင်မြင့်မြတ်
အဲ့ခေတ်က လူတွေက တကယ်ကို သန်မာထွားကျိုင်း ကြတယ်လို့ မှတ်သားဖူးတယ်
ဒီပုထိုးတော်ကြီိး အကြောင်းရှင်းပြပါလား
ဟုတ်ကဲ့
သျှစ်သောင်း ပုထိုးတော် ကြီိးကို မင်းဗာဘုရင် က တည်ခဲ့တာ
ရန်အောင်ဇေယျ ပုထိုးတော်ကြီိးလို့လဲခေါ်တယ်
ဘင်္ဂလားနယ်ကို သိမ်းပိုက်အောင်မြင်တော်မူတဲ့ အထိမ်းအမှတ်နဲ လေ
'' အော် ''
ရှေ့မှာ မြင်နေရတဲ့ ပုထိုးတော်ကိုတွေ့လား ဒုက္ကန်သိမ်ဘုရီာလို့ခေါ်တယ် ဒီဘက် ဘေးနားက နို့ပုံစေတီိတော် စောမဲကျီ မိဖုရားတည်ခဲ့တာလေ
သူ သူမ ကို မချီိးကျူးးပဲ မနေနိုင်ပါ
'' သစ္စာ မင်းက အရမ်းလေ့လာထားတာပဲနော် အကုန်လုံး လိုလို သိနေတယ်,''
သူမ က ပြုးံရွှင်စွာဖြင့် ပြန်ပြောသည်
'' ကိုယ့်လူမျိုး ရဲ့ သမိုင်းကြောင်းကို သိထားသင့်တယ် ထင်လို့ပါ
ဒါမှ နောက်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်မှာပေါ့ ''
'' ဟုတ်ကဲ့ ပါဗျာ '' ခိုင်မြင့်မြတ် သူမ နှင့် စကားပြောနေရလျှင် အလိုလို ပျော်ရွှင်နေမိသည်
'' ကိုကြီးနဲ သစ္စာ ရေ တခြားဘုရားတွေ ဆက်သွားရအောင် ''
အင်း လာပြီိ
ထိုနေ့ က သူမတို့ ကိုးသောင်းပုထိုးတော်ကြီိး ကို ဖူးကာ ပြန်လာက်ြသည် ဘုရားတွေ အများကြီိး ကျန်ပါသေးသည် နောက်နေ့တွေလဲ ဆက်သွားရဦိးမည်
သစ္စာခိုင် ဆိုသော ၇ခိုင်သူ ညိုချော လေးနှင့် ထပ်ပြီိးဆုံချင်ပါသေးသည်
မြင့်မြတ် နင် အရမ်းပျော်နေလား
ဟင် နင်ဘာကို ဆိုလိုချင်တာ လဲ
ငါနဲနင်ငယ်ငယ်တည်းက ပေါင်းလာတာပါ ဟာ
နင် သစ္စာခိုင် ဆိုတဲ့ ကောင်မလေးကို ချစ်နေပြီမလား
ငါသိပါတယ်
ငါ့ကိုခွင့်လွှတ်ပါဟာ ငါ သစ္စာ ကို
ချစ်လား မချစ်လား သေချာမသိပေမယ့်
ငါ သစ္စာ နဲ စကားပြောနေရရင်
ပျော်တယ် '' ခိုင်မြင့်မြတ် အားနာစွာ ဆိုသည်။
နောက်တစ်နေ့ သစ္စာ  တို့ မာန်ငါးမာန် အပါအ၀င် ဘုရားတေ ဖူးကြသည်
သစ္စာခိုင် သူနှင့်အတူ သွားရ ဘုရားအကြောင်းတွေ ရှင်းပြရနှင့် မမောနိုင်ပါ
နောက်တစ်နေ့တွင် သီိရိ အလုပ်ရှိသေးသည်ဟု အကြောင်းပြကာ ရန်ကုန်ကို ပြန်လာခဲ့လိုက်သည်
ခိုင်မြင့်မြတ် စိတ်မကောင်းပါ သီရိရယ် ငါတောင်းန်၊ပတယ် သူငယ်ချင်းရာ အချစ်ဆိုတာ ဖန်တီိးယူလို့မှ မရတာနော
သူမတို့ မြောက်ဦိးမြို့နှင့်နီ်းသော မင်းပြားမြို့နယ် ရှိ ကျိန်းတောင် ဇှီဝါ ဓာတ်တော်ကို ဖူးမြော် ကြသည် အလွန်တန်ဖိုးကြီးသော ရှေးဟောင်းဘုရားတစ်ဆူပင် ပြီိးတော့ သူမ တို့ တံတောင်မြောင်ဟုခေါ်သော ရေတံခွန် တွင် ရေ ကစားကြသည်
သူမတို့ ပြန်လာတော့ မောမောအိပ်ပျော်သွားကြလေသည်
'' ဒုက္ကန်သိမ်ဘုရားကို မျက်နှာမူ၍ သျှစ်သောင်း ပုထိုးတော်ကြီိး အပေါ်တွင် နန်းဝတ်န်န်းစား များနှင့် ထိုင်နေကြသည်
သူတို့နှစ်ယောက်၏ မျက်နှာ တွင်တော့ ပြုံးရွှင်လျက်
'' မောင်တော် ဘုရား နှမ တော်တို့ ဘ၀ဆက်တိုင်းမခွဲကြရအောင် သစ္စာဆိုကြရအောင်
ကောင်းပါပြီိ နှမတော် မောင်တော်လဲ နှမတော်နှင့် ဘ၀ဆင်တိုင်းပေါင်းဖက်ချင်ပါတယ်ကွယ်
သျှစ်သောင်း ပုထိုးတော်ကြီိး ကိုတိုင်တည်၍ သူတို့၂ဦိး၏ ချစ်ခြင်းတရားကို သစ္စာ ဆိုကြသည်
ထိုသူ၂ဦသည်ကာခိုင်မြင့်မြတ်နှင့် သစ္စာခို်င်ဖြစ်နေသည်
ထိုအိမ်မက်ကို ခိုင်မြင့်မြတ် နှင့် သစ္စာခိုင် ၂ယောက်လုံး မြင်မက်ခြင်းဖြစ်သည်
သျှစ်သောင်း ပုထိုးတော်ကြီိး အပေါ်တွင် လူနှစ်ယောက်ရပ်နေကြသည်
'' သစ္စာ မင်းကို ကိုယ်ချစ်တယ်''
'' ဟင် ရှင်''
'' ဟုတ်တယ် သစ္စာ မင်းကို ကိုယ်ခုဘ၀မှာ မှ ချစ်ခဲ့တာ မဟုတ်ဘူး ဟို ရှေးဘ၀ အဆက်တည်းက ချစ်လာခဲ့တာပါ ''
သူမ သူ့ကို ပြုံးရွှင်စွာ ကြည့်ပြီိး
'' ဟုတ်တာပေါ့ ရှင်နဲကျမ ရှေးဘ၀တေ ကတည်းက ချစ်ခဲ့ကြတာ အိမ်မက် တေက သက်သေပဲလေ''
'' ဒါဆို ကိုယ့်ကို ချစ်တယ် ပေါ့နော် ''
'' ဖြေစရာ လိုသေးလို့လား ''
သစ္စာ က ရှက်ပြုံးလေး နှင့်ဆိုသည်။
'' မရဘူးကွာ ပါးစပ်က ပြောနော် ''
'' အို... ကို ခိုင်မြင့်မြတ် ကလဲ ဘုရားပေါ်မှာ နော် ''
' အာ့ဆို ခေါင်းလေးညိတ်ပြ '' ဟု
ကလေးဆိုးလေးလို ပူဆာနေသောကြောင့်
သစ္စာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
သူတို့နှစ်ယောက်၏ ချစ်ခြင်းတရားတွေသည်ကား ကမ္ဘာမြေ တည်သရွေ့ ဆက်လက်ခိုင်မြဲနေမည်သာ။

      
    ပြီိးပါပြီိ
စာဖတ်သူတွေ အားလုံးရွှင်လန်းချမ်းမြေု့ကြပါစေ
ဝေဖန်ပေးကြပါဦိး
                                 ပံသုစံ.(ရူပ)
                                               14.8.16

Post a Comment