အမှတ်စဉ် ၃၇
{မေတ္တာနှောင်ကြိုး}
*အားလုံးဆင်နွှဲ မီးထွန်းပွဲ*
နည်းလာထုံးတမ်းအရ
ဘုရားကျမ်းရွတ်ဖတ်သံတွေလည်း
ခပ်သဲ့သဲ့ဆည်းလည်းသံတွေနဲ့
သာယာစွာကုန်ဆုံးခဲ့တဲ့ရတုခွင်
ဘယ်သူတွေ့ ဘယ်သူမြင်လျှင်
ဘဝင်မှာပျော်လို့ နိဗ္ဗာန်ဆော်နိုင်ပေါ့.....
မြတ်စွာဘုရားမှအစ
လူ့ဘဝငယ် ကျေးဇူးတွေအတွက်
နတ်ပြည်တက် တရားထူးဟောအပြန်လမ်း
မီးပန်းရောင်စုံလင်းလို့
နတ်ပြည်တောင်ထိန်ထိန်လင်းခဲ့တယ်ထင်ပါ့......
နွေလသန်ပေါက်ဖို့
အာကာမင်းက ဖန်းဆင်းတဲ့ရာသီ
စောင်းတန်းသုံးသွယ်မှာ
ရွှေ ငွေ ပတ္တမြား ရံထားလို့
နတ် ဗြဟ္မာ သိုင်းဝန်းနဲ့
သင်္ကဿနဂိုသို့အပြန်လမ်း
ထူးခြားစွာနတ် ဗြဟ္မာအားလုံးနဲ့
လူသားအားလုံးက အပြန်လှန်တွေ့မြင်နိုင်ခဲ့တယ်......
မီးရှူးတစ်မျိုး မီးပန်းတစ်ဖုံနဲ့
ဖူးမျှော်ပူဇော်ရင်း
မီးပုံးပျံတွေ လွှတ်တင်တဲ့မြင်ကွင်း
ဝဠာအတွင်း မီးတိုင်ထောင်ခဲ့သည့်အလား......
တစ်နှစ်မှတစ်ခါ တစ်ခါမှတစ်ရက်
ဘယ်ရတက်တွေ ရမ္မက်ဆွေနေလည်း
ဤနေ့ကား
လူ့ပြည်လူ့ရွာစခန်းတစ်ဒေသလုံးမှာ
အသောက ပန်းပင်တွေပေါက်တဲ့ နေ့မြတ်ထင်မှား
လူသားအားလုံးရဲ့မျက်နှာတွေ ဝင်းကြည့်လို့
ဆီမီးတွေလဲ လင်းခဲ့ကြတယ်......
မကြာတော့ပါဘူး.....
နာရီပြန် လေးပတ်လည်ရင်
ဆယ့်ခြောက်ရက် လပြည့်နေ့ကို
မေ့မပစ်လိုက်ပါနဲ့ရောက်လာတော့မှာပါ.......
အေး......အဲဒီနေ့ရောက်လျင်
မိဘတွေထံကန်တော့ပြီး
နေအဝင်ကိုစောင့်စား
အနောက်တစ်လွှားမှာ ပုဇွန်ရောင်သမ်းတာနဲ့
ငါတို့နဲ့အတူ
မင်းရွာမင်းလမ်း မင်းအိမ်စခန်းကိုဆီမီးထွန်းပြီး
ထိန်ထိန်ညီးနေတဲ့ ဦးမျှော်ကြည့်
ရွာဦးဘုရားကို နံ့သာထွန်းဖို့လဲမမေ့နဲ့ပေါ့.......
ဆင်းရဲသူ ချမ်းသာသူ
အားငယ်သူ ပြုံးပျော်သူ
ဘယ်ဘွဲ့ဘယ်ဂုဏ်မခွဲခြားဘူး
ညနေ့ခြောက်နာရီတိုင်းမှာ
ငါတို့အတူ မီးထွန်းပွဲကျင်းပကြမယ်
နောင်နှစ်အတွက် အမှတ်တရတွေ လည်မှာဆွဲလို့ပေါ့.......။ ။
{မေတ္တာနှောင်ကြိုး}
*နှောင်း*
Post a Comment