''စက္ကောမလှိုဏ်ဂူမှ လျှို့ဝှက်ရတနာသိုက်''
*********************************
ဒုတိယတွဲ (ဒုတိယပိုင်း)
******************
မိုးအကုန်ဆောင်းအကူးပေမယ့် အထက်ပိုင်းမှာမိုးများ
မကြာခန ရွာသွန်းနေဆဲ
တဖက်မြစ်ကြောင်းကနေသွားလျှင်ခရီးရှည် လူသက်သာ
ပေမယ့် လူများ၏ အမြင်ကိုရှောင်ရန် ခရီးတို ကြမ်းတမ်းသော
တောင်တက်လမ်းကိုရွေးချယ်လိုက်ကြသည်
ငယ်ရွယ်သူများဖြစ်သောကြောင့်လည်း စွန့်စားလိုစိတ်အပြည့်
ဖြင့် တွေ့ကြုံရမည့်အခက်ခဲကိုရင်ဆိုင်ဖြတ်သန်းရန်အပြည့်
ရက်နှစ်ပတ်စာ ဆန်နှင့် ပဲနီခြောက် လေးဘူးစီ အမာခံရိက္ခာ
အဖြစ်ရာထားပြီး အသားခြောက်များ အရက်ပုလင်းများကို
လည်း ခရီးဆောင်အိတ်ဆန့်သလောက်ထည့်ယူပြီး
လမ်းခရီးတွင်
လိုအပ်မည့် အသုံးဆောင်များကို အိတ်ပိုတစ်အိတ်ထဲထည့်ကာ
အလှည့်ကျသယ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြသည်
ထိုနေရာတွင်
အလုပ်ရှင် အလုပ်သမားဟူ၍မရှိ တစ်ဦးကိုတစ်ဦး ညီရင်း
အကိုပမာ သဘောထား၍ ပန်းတိုင်တူ တခရီးထဲသွားမည့်
တမိသားချင်းအလား တစ်စိတ်ထဲ တစ်ဝမ်းထဲရှိနေကြပြီ
အရေးအကြီးဆုံးမှာ ရိက္ခာလုံလောက်မှုဟုဆိုသော်လည်း
မကြာခန ဖွဲဖွဲကျနေသောမိုးမွှားလေးများအောက်တွင်
ဆီးနှင်းမပြတ်ဖုံးလွှမ်းနေသော တောင်ပေါ်သို့တက်ရမည့်ခရီးမှာ
ထင်သလောက်မလွယ်ကူ
မတ်စောက်ခြင်းမရှိသော်လည်း ပြေလျှောလျှောအတက်လမ်း
သည်ပင်လျှင် မိုးဖွဲများကြောင့် ခြေကုပ်ယူရန်အလွန်ခက်ခဲလှ
သည်
ဖိုးကူးမှာ အသင့်ယူဆောင်လာသော ကြိုးခွေကိုဖြေချလိုက်ပြီး
''ကိုယ့်လူတို့ ဒီနေရာကစပြီး ခြေကုပ်ရဖို့ အရမ်းခက်သွားပြီ
ကျုပ် တစ်ယောက်ထဲတုန်းက သံစို့ရိုက်ပြီးတက်ခဲ့ပေမယ့်
အခု ရာသီဥတုအခြေအနေအရ အက်ရာထင်ခံလို့မရတော့
ရထားတွဲပဲလုပ်ကြတာပေါ့''
''မီးရထားကြီး ဂျုန်းဂျုန်းဂျက်ဂျက်ပေါ့ ပျော်စရာကြီး''
ဖိုးတေမှဝင်နှောက်ရာ
''ကလေး ကလား ''
''ပျော်ပျော်နေ ရေခဲပဲ ခြေတော့မချော်စေနဲ့ တယောက်နဲ့
တယောက် ထိန်းပေးနိုင်အောင် ကြိုးတွဲတာပါ
အလေးချိန်ပေါ့အောင် ကြိုးဝေးဝေး ကိုက်များများခွာပြီးတွဲ''
''အိုကေ
ဒီအနေထားလောက်ဆို ရပြီလား''
''ရပြီ ဆရာရေ့ ရှေ့ဆုံးကခေါင်းတွဲ ကိုဖိုးကူး စထွက်တော့''
လူငယ်များပီပီ အခက်ခဲများကို အပြုံးများဖြင့်ဖြတ်ကျော်နေကြ
သည်မှာ အားရဖွယ်
''ဟင်
ငါများမျက်စိအမြင်မှားနေသလား''
မင်းခေါင် မျက်လုံးကိုပွတ်သပ်ပြီးသေချာကြည့်မိသည်
မိန်းကလေးတစ်ယောက်
မိုးဖွဲဖွဲကြားမှာ မပီဝိုးတဝါးမြင်လိုက်ရသည် သူတို့မှာခြေမချော်
အောင်ထိန်းလျှောက်နေရသော တောင်စောင်းတွင်
အခက်ခဲမရှိ ဖြတ်သန်းနေသော သူမ
''ကိုမင်းခေါင် ရပ်မနေနဲ့လေ''
ဖိုးတေအသံကြားမှ
သူသတိဝင်လာကာ လမ်းကိုသေချာကြည့်ပြီးဆက်လျှောက်မိ
သည်
တောင်ထိပ်သို့ရောက်သော် ပါလာသောရိက္ခာခြောက်များထုတ်
ကာ ဆန်နည်းနည်းနှင့်ပဲကိုရောပြီးအစိမ်းဝါးလေသည်
ဖိုးတေက အနီးရှိရေခဲတုံးကိုကောက်ကာ
ဝါးမည်အပြု
''ဟာ ဟေ့ ဟေ့လူ အဲ့ဒီလိုမလုပ်ရဘူး
ရော့ရော့ ဒီမှာ''
ဖိုးကူးကမ်းပေးသော ရေဘူးမှရေများကိုဖြည်းဖြည်းချင်းမော့်
သောက်နေရာမှ
''ဒါလည်း ရေခဲရေပဲလေဗျာ ဘာထူးလို့လဲ''
''ထူးပါပြီကောဗျာ
ရေခဲပြင်မှာ ရေဆာလို့ဆိုပြီး ယောင်လို့တောင်မှရေခဲတုံးကောက်
မစားလိုက်မိစေနဲ့ လည်ချောင်းကွဲပြီသာမှတ်
ဟိုမှာတွေ့လား အရွက်မရှိပဲ ရေညှိတက်နေတဲ့အပင်တွေ
အဲ့ဒီရေညှိတွေကို ပြုတ်စားလို့ရပေမယ့် ဝမ်းသွားတတ်တယ်
မီးဖိုလို့မရ ရတဲ့အကြောင်းကတော့ မေးမနေနဲ့
ရိက္ခာခြောက်ကိုပဲ အားပြုစားကြဗျို့''
မိုးဖွဲဖွဲလေးများမှာ တဖြည်းဖြည်းနဲ့စိတ်လာပြီး လမ်းခရီးမှာလည်း
ပိုမိုခက်ခဲလာကြသည် သတိကြီးစွာလျှောက်နေရသော်လည်း
ဘေးမှ လိုက်ပါလာသော အဖြူရောင်မိန်းကလေးကိုလည်း
တချက် တချက် ခိုးကြည့်မိသည်
ညဘက်အမှောင်မရောက်မီ ယခုတက်နေသောတောင်ထိပ်
သို့ရောက်ဖို့က ပိုပြီးအရေးကြီးသည် ဖိုးကူးနှင့်ဖိုးတေတို့မမြင်
သောအဖြူရောင်မိန်းကလေးကို
သူတစ်ယောက်ထဲ ဘာ့ကြောင့်မြင်နေရသလဲဆိုတာမတွေးတတ်
လူမဖြစ်နိုင်
''WOW ရောက်ပြီကွ
လေကလည်း ကြမ်းလိုက်တာကွာ မိုးတိတ်လို့တော်သေးတယ်''
''မီးဖို ဘို့တော့မစဉ်းစားနဲ့ဆရာတို့ရေ မမှောင်ခင်
အိပ်စရာနေရာလေး ပြင်ဆင်ကြရအောင်''
တဟူးဟူးတိုက်ခတ်နေသော လေအေးများကြားဝယ်
အအေးဒဏ်သက်သာစေရန်နှင့် ညဘက်ကျဆင်းသောနှင်းများ
အကြားတွင် မြုပ်မနေစေရန် ခိုင်ခန့်သည်ထင်သော ကျောက်
စွန်း နှစ်ခုကြားတွင် မိုးကာတဲကို တဖက်ရက်ဘေးစောင်းကာ
ငုတ်ရိုက်ပြီး အောက်ဘက်တွင်လည်း
အစို ဓာတ်သက်သာစေရန် မိုးကာများခင်းကာ အသင့်ပါလာ
သည့် ကူရှင်ကဲ့သို့ အသုံးပြု၍ရသော လေအိတ်မွေ့ယာကိုယ်
စီကိုခင်းပြီး ညစာအဖြစ် ပဲနှင့်ဆန်ကိုအစိမ်းမစားတော့ပဲ
ကြပ်တင်ကာယူဆောင်ခဲ့ကြသည့် အသားခြောက်များနှင့်အတူ့
ပုလင်းဖောက်ကြလေတော့သည်
်
ကြာရှည် ထိုင်နေရန်မဖြစ်သောကြောင့် မကြာခနဆိုသလို
ကိုယ်လက်လှုပ်ရှားမှုပြုပေးရန် သီချင်းဆိုသူကဆို
ပါးစပ်ဆိုင်းလိုက်သူလိုက်ဖြင့်
စုပေါင်းကကွက်ကို ကနေကြသည်မှာ ပျော်ပွဲစားထွက်လာသူ
များနှင့်ပင်တူနေသည်
''ဖျောက် ဖျောက် ဖျောက် ဖောက် ''
မိုးကာအမိုးပေါ်တွင်
နှင်းပွင့်များကျဆင်းနေသောအသံမှာ တိတ်ဆိတ်သောညအခါ
တွင် ကျယ်လောင်လွန်းလှသည်
သုညဒီဂရီ မရှိတရှိအအေးဒဏ်အောက်တွင် မင်းခေါင်မှာအိပ်
မပျော်နိုင် အပူပိုင်းဒေသမှလာသောသူပီပီ သူလိုအပ်သော
နွေးထွေးမှုကိုမရရှိ အိပ်မပျော်ပဲလှဲနေရသဖြင့် အအေးဒဏ်ကို
ပိုမိုခံစားနေရသည်ထင့်
့
မိုးကာတဲအပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်
စိုစွတ်အေးမြသော လေပြင်းတချက်ကဆီးကြိုနှုတ်ဆက်လေရာ
မိုးကာတဲ အတွင်းသို့ပြန်ဝင်မည်အပြု
တစုံတယောက်၏ ဆွဲထားခြင်းကိုခံရသည်
ဆွဲထားသောအရာမှာ အားမပါပေမယ့် မင်းခေါင်ရုန်းမထွက်ဖြစ်
''ဘယ်သူလဲ''
တိုးညှင်းသောသူ့အသံမှာ နူးညံ့ပျော့ပျောင်းခြင်းမရှိ
''နှမတော်ပါ''
''ဟင်''
စိတ်ထဲကသာ ဟင် လိုက်ရသည် နှုတ်မှအသံထွက်မလာ
ည
မှောင်ကြီးမည်းမည်းထဲမှာ လူသူမရောက်နိုင်သော တောတောင်
ကြားတွင် မိန်းကလေးတစ်ယောက်၏ ဆွဲထားခြင်းခံရပြီး
နှမတော်ပါ တဲ့
အသံ၏ချိုသာမှုနှင့်ဆန့်ကျင်ဘက် သူ့ရင်တခုလုံး ဒိန်း ကနဲ
ဆောင့်ခုန်သွားပြီး မျက်နှာတခုလုံးမှာလည်း ရေနွေးပူနှင့်ပက်
လိုက်သလို
ချစ်သူရည်းစားပင် မထားခဲ့ပဲ အဖေရှာပုံတော်ဖွင့်ရန် စိတ်နှစ်
ထားခဲ့သောမင်းခေါင်တစ်ယောက်
''ဘယ်က နှမတော်လဲ''
်''ခစ်ခစ်''
''ပြောလေကွာ''
''ဘဝဟောင်းက မောင့်ရဲ့ချစ်သူပါ''
''ဘာရယ်
ပုံပြင်တွေလာပြောမနေနဲ့ ငါကလေးလေးမဟုတ်ဘူး''
ပြောပြောဆိုဆို
ဆွဲထားသော သူမ၏လက်ကလေးကိုပုတ်ထုတ်ကာမိုးကာတဲ
အတွင်းသို့ဝင်ရောက်ကာ တဲတံခါးဇစ်ကိုသေချာပြန်ပိတ်လိုက်
သည် မပိတ်လို့လည်းမဖြစ် ပြင်ပမှလေအေးများဝင်ရောက်
လာလျှင် အိပ်ရင်းနှင့်သွေးခဲကာ သေသွားနိုင်သည်
်
အိပ်ယာထက်ရောက်သည်ထိ သူ့ရင်တွေမငြိမ်သက်သေ်းဲ
လူမဖြစ်နိုင်ဟု ယူဆပြီးကြောက်တာလား??? ဟင့်အင်း မဖြစ်နိုင်
ဒါဆို
ဒီခံစားချက်က ဘာလား ဟူးးးးး
သူ
ဆက်မတွေးချင်တော့ မျက်လုံးစုံမှိတ်ကာအိပ်ပျော်အောင်ကြိုး
စားမိသည် ချိုလွင်သောသူမ၏အသံလေးကိုတော့ကြားယောင်
မိနေဆဲ
အိမ်မက်ထဲတွင်လည်း သူမနှင့်ဝေးသွားလိုက် နီးကပ်လိုက်
ဖြင့် အအေးဒဏ်ဆိုသည်ကို သူမခံစားမိတော့
သူမအရိပ်ကလေး ပျောက်သွားမှာကိုပဲစိုးရိမ်မိနေသည်
''ကိုယ့်ဆရာတို့ ထကြတော့ ခနနေ ဆီးနှင်းတွေအရည်ပျော်
တော့မယ်''
ဖိုးကူး၏အသံကြောင့် လူးလဲထလိုက်ရသော်လည်း သူ့တကိုယ်
လုံးမလှုပ်ချင်
ကိုယ်အပူချိန်ကျဆင်းနေသလိုလိုပင်
ပါလာသော ဆေးဝါးများ အကူညီဖြင့် သက်သာသယောင်ရှိသော်
လည်း အေးမြသောလေပြင်းများကြောင့် တချက်တချက်
စိမ့်ကနဲ ကြက်သီးများပင်ထမိသည်
ရပ်နေလျှင်ပိုဆိုးမည်ဖြစ်သောကြောင့် ခြေလှမ်းများအားမရပ်ရဲ
''ကိုမင်းခေါင် ရရဲ့လား''
''ရပါတယ်ဗျာ ကျားပါဗျ''
''ရနိုင်သလောက်လျှောက် ကိုမင်းခေါင်ရေ ရပ်လို့မဖြစ်ဘူး''
''ဟင် ခန
ကိုမင်းခေါင် ဖိနပ်က ''
''နှင်းစားသွားတာ ထင်တယ် ''
''အဲ့ဒါဆိုးတာပဲ ခြေချောင်းတွေ နှင်းကိုက်လို့မဖြစ်ဘူး''
''ကျုပ် အဲ့ဒါတွေကြိုမြင်လို့ ပြင်ဆင်လာခဲ့တာ
ရော့ ကိုမင်းခေါင်
ဒါ သားရေနဲ့လုပ်ထားတဲ့ ရေခဲပြင်အကြမ်းခံ လက်ဖြစ်
ရှူးဖိနပ်''
ဖိုးကူး ထုတ်ပေးသော သားရေရှူးကိုလဲလှယ်ဝတ်ဆင်ပြီးသော်
လည်း ကိုယ်ပူချိန်ကတက်မလာ
အချိန်မှာ မွန်းတည့်နေပြီဖြစ်သော်လည်း နေရောင်မမြင်ရ
မိုးမရွာ၍ တော်သေးသည်
နှုတ်မှ ဖွင့်မပြောသော်လည်း အသက်ရှူသံပြင်းပြင်းကြောင့်
မင်းခေါင်၏ အခြေအနေကိုရိပ်စားမိသော ဖိုးတေက
''ကိုမင်းခေါင်
ဒီလိုဆိုမဖြစ်တော့ဘူး အနွေးဓာတ်ကူးမှဖြစ်တော့မယ်''
''ဗျာ''
''မဗျာနဲ့ လာ ရှက်မနေနဲ့ အဝတ်ချွတ်''
''အန်''
''ဟားးး ဟားးး ဟားးး ဟားးး ဟားးး''
ဖိုးတေနှင့်မင်းခေါင် တို့နှစ်ယောက်ဖြစ်ပုံကိုကြည့်ပြီး
ဖိုးကူးမှာ တဟားဟားအော်ရီနေသည်
တွဲထားသောကြိုးများကိုဖြုတ်ကာ ဖိုးတေနှင့်မင်းခေါင်တို့သည်
မိုးကာအကျီ င်္ဇစ်များဖွင့်လိုက်ပြီး
တယောက်လက်နှစ်ဖက်ကို တယောက်ချိုင်းကြားသို့ထိုးသွင်း
လိုက်ကြသည် တယောက်နှင့်တယောက်ရင်ချင်းဆက်အမွှာအလား
ပူးကပ်ထားကြသည်
အသားချင်းပူးကပ်ကာအပူပေးသော ထိုပုံစံအားမည်သူကစတင်
ထွင်လိုက်သည်မသိ အတော်အတန်နွေးထွေးမှုတော့ရရှိသည်
်
ဖိုးကူးမှာ ရှေ့သို့ဆက်မသွားပဲ ခြေထောက်မြောက်ကြွမြောက်ကြွ
ဖြင့်ခုန်နေသည် ရပ်နေ၍မဖြစ် သွေးခဲသွားနိုင်သည်
''ဟာ ဟေ့လူကြီး ရှေ့သိပ်မတိုးနဲ့လေ''
''အောင်မယ် သူနွေးအောင်လည်း ကပ်ပေးရသေးတယ်
ဘာလဲ သူများကိုငြိုငြင်တာလား သွား လူဆိုး''
''ဟားးးး ဟားးးး ဟားးး ဟားးးး
ဒီနှစ်ယောက်တော်တော်ချစ်ကြပုံပဲ အနွေးဓာတ်ရရင်ခရီး
ဆက်ကြအုံးစို့ ဒီည တညကျော်ရင်
ကိုမင်းခေါင်ရဲ့ မြေပုံထဲကနေရာကိုရောက်ပါပြီ ''
''ဟောဟိုကမြင်နေရတဲ့တောင်ကိုကျော်ရအုံးမှာလား''
''မကျော်ရတော့ဘူးဗျ
ကျုပ်တို့က ဖြတ်လမ်းကလာတာဆိုတော့ ရက်အနည်းငယ်
နဲ့ရောက်နိုင်တယ်
ကိုမင်းခေါင်ရဲ့ အဖေသွားတာက ရေလမ်းကနေ
မေခမြစ်ရဲ့ အထက်ဘက်မှာရှိတဲ့ ဟန်မြစ်ကိုဖြတ်လာခြဲ့ပီ့း
အောက်ဘက်တောထဲကနေပတ်သွားတာဆိုတော့ ခရီးကြန့်
ကြာခဲ့တာပေါ့
ကဲ အချိန်ရှိတုန်း ခရီးဆက်ကြအုံးစို့ရဲ့''
''အင်းးးး ဟင်းးးးး ဟင်းးးး အင်းးးးး''
ခရီးပန်းမှုနှင့်ရာသီဥတုဒဏ်ကြောင့်
မင်းခေါင် ဖျားလေပြီ
သူ့အတွက်ပြင်ပေးထားသော အိပ်ယာထက်တွင် တအင်းအင်း
ညည်းငြူရင်း သတိရတစ်ချက် မရတစ်ချက်
''မောင်တော် ''
တိုးလျသောအသံ
''ဟင်းးးး အင်းးးး အင်းးးး အင်းးး ''
''မောင်တော် ထ ထ နှမတော်နဲ့လိုက်ခဲ့''
''ဟင် ငါကဘယ်ကိုလိုက်ရမှာလဲ ဒီမှာမှ မလှုပ်နိုင်ရတဲ့
------ဟင်
ဘာ ဘာ ဖြစ်တာလဲ ငါ့တကိုယ်လုံးပေါ့ပါးသွားပါလား
ငါသေသွားပြီလား''
''မောင်တော်မသေပါဘူး နှမတော်ရဲ့လက်ကိုဆွဲလိုက်ပါ''
သူ ဘာမှထပ်မမေးတော့
အသံရှင်မိန်းကလေး၏ လက်ကိုဆွဲကိုင်လိုက်သည်
အေးမြသောလက်တစ်စုံ၏အထိအတွေ့ကို ခံစားရလင့်ကစား
သူ့စိတ်ထဲတွင်
နွေးထွေးသောအပူလှိုင်းတခု ဖြတ်ပြေးသွားသည်
ထို့နောက်တွင်
သူဘာမှ မသိတော့ပါ
သူပထမဦးဆုံးမြင်လိုက်ရသည်က လှပသိမ်မွေ့လွန်းသော
လုံမပျိုတစ်ဦး သူ့အားနှစ်လိုဖွယ်ရာပြုံးပြနေသည်
''ဧကရီ''
သူခပ်တိုးတိုးရေရွတ်မိသည် ဧကရီ ဟုခေါ်သော
လုံမပျိုလေးက သူ့ထံ တန်းတန်းမတ်မတ်လျှောက်လာပြီး
''မောင်တော်
နှမတော်တို့ရဲ့ လျှို့ဝှက်အစီအစဉ်ကြီး ဒီညမှာပဲစတင်ပြီ
အားလုံးပဲ မောင်တော့်အစီမံအတိုင်းနာခံဖို့အသင့်ပါ''
''စိတ်အေးအေးသာထားပါ
နှမတော် မောင်တော်တို့ အကြံစည်အောင်မြင်မှာပါ''
မှောင်မဲတိတ်ဆိတ်နေသော တောတွင်းတနေရာတွင် အနောက်
စူးစူးသို့ ထွက်ခွာသွားနေသော လူတစု
''ဒီးးးးးး ဒီးးးးး ဒီးးးးး ဝီ ဝီ ဝီ ရွှီ-----ဝေါ---ဝရော---''
''ပြေး ပြေးတော့ နှမတော်
အနောက်စူးစူးဘက်ကိုသာဦးတည် မောင်တော် တွေ့အောင်
လာရှာမယ် မြို့တည်မယ့်ရတနာတွေနဲ့အတူ
နှမတော် စောင့်နေ မောင်တော်ရောက်အောင်လာခဲ့မယ်''
သူ
ဧကရီအား မှာကြားပြီးနောက် သူ၏လူယုံသက္ကနှင့်အတူ
စက်ရုပ်မြင်းပျံအားစီးနင်းစေပြီး နောက်ပါအချို့နှင့်
လွတ်ရာသို့ပြေးခိုင်းလိုက်သည်
်
ဧကရီ၏ ဖခမည်းတော်စေလွှတ်လိုက်သော လူသတ်စက်
ယန္တယားတို့မှာ နောက်မှထပ်ချပ်မကွာလိုက်ပါနေရာ
ဧကရီ၏ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် ထိုသို့စေခိုင်း
ခြင်းဖြစ်သည်
်
သူ၏တန်ပြန်စက်ရုပ်များမှာလည်း တိုက်ပွဲပေါင်းများလာသည့်
အတွက်ချွတ်ယွင်းချက်များ ရှိနေပြီ စက်ရုပ်နှင့်လူသားတိုက်
ပွဲမှာ ဘယ်လိုမှ ဘက်မမျှ
''သခင်လေး သတိထားး ''
''ညီတော် ညီတော်ရဲ့ နောက်မှာ ဟာ အားးးးး''
ရင်ဆိုင်တိုက်ခိုက်နေသော စက်ရုပ်အားကျောခိုင်းမိသည့်တခန
အကိုတော်၏ အသက်ကိုပေးဆပ်လိုက်ရသည်
သူ၏ ပေါ့လျော့မှုကြောင့် အကိုတော်၏အဖြစ်ကိုမြင်လိုက်ရသော်
သခင်လေး ခေါ် သူရိယစိတ်တွင်
ကြေကွဲမှုမှတဆင့် ဒေါသအိုးပေါက်ကွဲလေပြီ
မည်းမည်းမြင်ရာ အရူးတစ်ယောက်လို ဓားဖြင့်လိုက်လံခုတ်
ပိုင်းလေသည်
''အားးးးးးးး''
''ဟာ သခင်လေး ''
''သခင်လေး ကျသွားပြီဟေ့ ဆုတ် ဆုတ်ကြ
တောင်နံရံကြီးကြီးတခုကို အကာကွယ်ယူပြီး ပုန်းကြ''
လူသတ်စက်ရုပ်တို့မှာ
သက်ရှိအလား ဆုတ်ခွာရာအရပ်ထိ လိုက်လံသုတ်သင်ကြသည်
''ဟင်းးးးဟင်းးးး အင်းးးအင်းးး ''
''သခင်လေး
အသက်ရှိသေးရဲ့နော် သခင်လေးရဲ့နောင်တော်ရောဟင်
နောင်တော် ရော အသက်ရှင်သေးရဲ့လား''
''ရွှေ ရွှေစာ သခင်မလေးနောက်ကိုလိုက်မသွားဘူးလား''
''လိုက်သွားပါတယ်သခင်လေး
သခင်မလေး လွတ်မြောက်သွားပါပြီ မောင်တော်ရော
အသက်ရှိသေးလား ဟင် သခင်လေးရဲ့နောင်တော်လေ''
''တောင်းပန်ပါတယ်ရွှေစာ
အကိုတော် ကျုပ်ကြောင့် ကျဆုံးသွားခဲ့ပါပြီ''
''ဟင်''
ရွှေစာမှာ စကားမဆက်နိုင်
''ရွှီ------ဖျော------ဝရော------ဝေါ----''
''ရွှေစာ ပြေးတော့ ပြေးးး ပြေးးး ကျုပ်ကိုထားခဲ့''
ဆက်ရန်
Zar Zar Win
ရာရာ
-------ု
Post a Comment