''စက္ကောမလှိုဏ်ဂူမှ လျှို့ဝှက်ရတနာသိုက်''
*******************************
ဒုတိယတွဲ (တတိယပိုင်း)
*******************
''ရွှေစာ ပြေးပြေး ကျုပ်ကို ထားခဲ့''
''ဟေ့ ကိုမင်းခေါင် ကိုမင်းခေါင် သတိထားလေ ကိုမင်းခေါင်''
''ချွေးတွေလည်း ရွှဲလို့ပါလား
ကိုယ့်လူကြီး နေကောင်းသွားပြီပဲ ဘာဆေးဝါးနဲ့တွေ့သွားပါလိမ့်''
''ဟင် အင်းးး အင်းးး
ကျွန်တော်ဘယ်ရောက်နေတာလဲ ရွှေစာရော''
''ဟေ့လူ ကိုမင်းခေါင်
ကျုပ်ပါဗျ ဖိုးတေ ဘာတွေကယောင်ကတမ်းဖြစ်နေတာလဲ''
''ကျွန်တော် ''
သူ ဘာမှဆက်မပြောနိုင် အိမ်မက် ဟုတ်တယ် ဒါအိမ်မက်
တခုပဲ
ဒါပေမယ့် သူ၏ရင်ထဲတွင် အမည်မသိဝေဒနာတမျိုးကျန်ရစ်
နေခဲ့သည်တော့အမှန်ပင်
''ဧကရီ'' ''ရွှေစာ''
ဦးဘသောင်း၏ပြောစကားအရ ရွှေစာသည်ကောင်းသောသူ
တစ်ယောက်မဟုတ် ယုတ်စွအဆုံးသွေးစုတ်တစ်ကောင်လိုလို
အိမ်မက်ထဲတွင်တွေ့ရသည်မှာ----
ဟားးးးးးးး
''ကိုမင်းခေါင် သက်သာရဲ့လား''
''အင်း အဖျားတော့မရှိတော့ပါဘူး ခန္ဓာကိုယ်ကတော့
ကျန်းမာပါရဲ့ဗျာ''
''တောတောင်အနေအထား ရာသီဥတုနဲ့ ကျန်းမာရေးကြောင့်
သာ ထင်မိထင်ရာစွဲပြီး သွေးသားဖောက်ပြန်ပြီး အိမ်မက်မက်
တာပါဗျာ စိတ်ထဲထားမနေနဲ့ တောချောက်ခံရတယ်လို့ပဲတွေးပါ''
''ဟုတ်ပါတယ် ကိုမင်းခေါင်
ကျုပ်တို့ သွားရမယ့်နေရာက ရာဇဝင်ထဲကနေရာတခုနော်
စိတ်ရှင်းထားမှဖြစ်မယ်''
''ကျွန်တော် သဘောပေါက်ပါတယ်ဗျာ''
တောင်အောက်သို့ ကြိုးများအကူအညီဖြင့် ဆင်းသက်လာပြီး
နောက် တောလမ်းခရီးအားခြေလျင်ဆက်ရပေအုံးတော့မည်
----------------------------
''ရွှေစာရယ် လုပ်ရက်လိုက်တာ ကျွန်ုပ်က ဖခမည်းတော်ရဲ့
သမီးတော်အရင်းကြီးပါ ကျွန်ုပ်အသက်ကိုတောင်မှချမ်းသာ
မပေးတဲ့ ဖခမည်းတော်က ဟင်းးးး''
ဧကရီ တစ်ယောက် သက်ပြင်းချလိုက်ကာ
သက္ကနှင့် ရွှေစာတို့အား စိတ်မကောင်းသောပုံစံဖြင့်ကြည့်ပြီး
''အစထဲက ဆုံးဖြတ်ချက်မခိုင်မာခဲ့ရင် မပူးပေါင်းပါနဲ့လား''
စိတ်ပျက် အားလျော့စွာဖြင့် ပြောနေသော သခင်မလေးအား
သက္ကမှာမကြည့်ရက်
ဧကရီ၏ရှေ့တွင်ဒူးထောက်ကာ
''ကျွန်တော်မျိုး မှားသွားပါတယ် ယခုချိန်က စပြီး
သခင်မလေးရဲ့ အမိန့်ကို ဦးလည်မသုန် ထမ်းရွက်ပါမည်''
''သက္က''
မာထန်သော ရွှေစာ၏ အခေါ်ကြောင့် သက္ကမှာတွန့်ကနဲဖြစ်
သွားသည်
''ကျွန်ုပ်လည်းပေးဆပ်ခဲ့ပြီးပါပြီ သခင်မလေးဘဝတလျှောက်
လုံး ကျွန်ုပ်၏ ရင်အစုံလည်း ကြေမွခဲ့ပြီးပါပြီ ဖခင်ရော
ချစ်သူရော အသက်တွေစတေးခဲ့ရပြီးပြီ ကျွန်ုပ်မှာလည်းစိတ်
နဲ့ ခန္ဓာကင်းကွာလုဆဲဆဲပါပဲ
အခုထပ်ပြီး မခံစားနိုင်တော့ပါဘူး''
ရွှေစာ ငိုပွဲဆင်လေပြီ
ဧကရီ့  မှာတော့ ငိုစရာ မျက်ရည်ပင်ခမ်းခြောက်နေခဲ့ပြီ
ရွှေစာ့အနီးသို့သွားကာ သူမ၏ ပခုံးအားဆုတ်ကိုင် နှစ့်သိမ့်
ပေးလိုက်သည်
ရွှေစာသည် ရုတ်တရတ် ဧကရီ၏ရင်ခွင်ထဲသို့ဝင်ကာ ကလေး
ငယ်တစ်ယောက်လိုငိုကြွေးနေသည်
''အားးးး ရွှေ ရွှေစာ သင် သင် ငါ့ကိုလုပ်ရက်တယ်''
ရွှေစာသည် အောင်နိုင်သူတစ်ယောက်ပမာ သို့မဟုတ်
အရူးတစ်ယောက်ပမာ အော်ဟစ်ရယ်မောရင်း
''အခု နင်ဘာတတ်နိုင်သေးလဲ ဟင် ဟားးးဟားးဟားးဟားး
ရက်စက်တဲ့ ဖခင်ကမွေးထားတဲ့သွေးသားရင်းချာက
ငါတို့ကိုမေတ္တာနဲ့ အုပ်ချုပ်မယ် ဟုတ်လား ရယ်စရာစကားတွေ
ဧကရီရယ် ဟားးးဟားးးဟားးးဟားး''
သက္ကမှာ ရုတ်တရတ်ပြောင်းလဲသွားသောအခြေနေကြောင့်
ကြောင်အမ်းအမ်းဖြစ်နေရာမှ ဝမ်းဗိုက်တွင်ဓားမြှောင်တန်းလန်း
ဖြင့် ဆုတ်ကိုင်လဲကျနေသော ဧကရီ့ထံသို့ပြေးသွားကာ
ပွေ့ထူလိုက်သည်
''သက္က''
''အမိန့်ရှိပါသခင်မလေး''
''ငါ့အခြေအနေငါသိတယ် ငါမနေရတော့ဘူးဆိုတာ''
''မဟုတ်တာ သခင်မလေး''
''တိတ်စမ်း ငါပြောတာသေချာနားထောင်
နင်တို့ ဒီနေရာကနေ တဖဝါးမှ မခွာစောင့်ရှောက်ရင်း နေရစ်
ရမယ် သေဆုံးသွားခဲ့လည်း ဝိဥာဉ်အဖြစ်နဲ့ စောင့်ရမယ်
ငါနဲ့ ငါ့မောင်တော်ရောက်လာမှ သင်တို့ဝိဥာဉ်တွေ ကျွတ်လွတ်စေ''
''သခင်မလေး သခင်မလေး
ဟာ မသေရဘူး သခင်မလေး မသေရဘူး''
အရူးတစ်ယောက်လို အော်ဟစ်ရင်း သက္က တစ်ယောက်
အသက်မရှိတော့သော ဧကရီ၏ ခန္ဓာကိုယ်အား အသာအယာ
ချကာ ရွှေစာ့ထံသို့ တဟုန်ထိုးပြေးသွားလေသည်
အခြေအနေကို တွက်ဆမိသော ရွှေစာမှာလည်း နေရာတွင်
မရှိတော့ ပြေးလေပြီ
''ရွှေစာကို မိလာပါပြီ လူယုံတော်ကြီး''
''အေး ထားခဲ့''
ဖုန်အလူးလူး သွေးအလိမ်းလိမ်းနှင့်ရွှေစာမှာ သရဲသဘက်
တစ်ကောင်အလား
''ရွှေစာ ရွှေစာ မလောက်လေးမလောက်စားဥာဏ်လေးနဲ့
ပြေးချင်သေးတယ်ပေါ့''
''နင် နင်ငါ့ကိုဘာလုပ်မလို့လဲ သတ်မယ်လို့တော့မပြောနဲ့
နော် အဟင်းးးးဟင်းးဟင်းးး ငါက သခင်မလေးရဲ့အထိန်းတော်
သင်တို့က ကျေးကျွန်တွေဆိုတာတော့ မမေ့ကောင်းဘူး
ထင်ပါရဲ့ အဟတ် ဟတ် ဟားး ဟားးးဟားးးဟားး''
''အေး
ဟုတ်တယ် ရွှေစာ သင်ဟာ သခင်မလေးရဲ့အထိန်းတော်ဆိုတာ
ငါမငြင်းဘူး သခင်မလေးကို မင်းသတ်လိုက်တာလည်းအမှန်ပဲ
မနက်ဖန်
သခင်မလေးရဲ့ ဈာပနာမှာ မီးမသဂြို င်္လ်ခင် မင်းအပြစ်
ဝန်ခံရမယ် သခင်မလေးရဲ့ မှာစကားကိုလိုက်နာပါ့မယ်လို့
ကတိပေးရမယ် အဲ့ဒီလိုလုပ်ခဲ့မယ်ဆိုရင် ငါတို့မင်းရဲ့အမိန့်
အောက်မှာနေမယ် မလုပ်ခဲ့ဘူးဆိုရင်တော့ ''
ရွှေစာသည် သူမ၏လည်ပင်းပေါ်မှ အေးစက်သောအထိအတွေ့
ကို ခံစားမိလိုက်သည်
''မနက်ဖန် သခင်မလေးရဲ့ ဈာပနမှာ မင်းကိုပါအဖော်အဖြစ်
ထည့်ပေးလိုက်မယ် မယုံမရှိနဲ့ ပြေးဖို့ကြံစည်တာနဲ့
စက်ရုပ်မြင်းပျံကိုလွှတ်ပေးလိုက်မယ် ကြားလား''
ရွှေစာမှာ အင်းမလုပ် အဲမလုပ် အံတကြိတ်ကြိတ်ဖြင့်
နေနှင့်အုံးပေါ့ကွာ ဟူသောပုံစံ
''ကျွန်တော်မျိုးမ ရွှေစာသည် သခင်မလေးကို သတ်ရန်အထိ
ရည်ရွယ်ခြင်းမရှိပါ ကျွန်ုပ်၏ ဆုံးရှုံးမှုမှန်သမျှသည် သခင်မလေး
၏ အတ္တမှ ဖြစ်တည်လာသော အစိတ်အပိုင်းတခုဟုယူဆ
သော ခနတာအမှားကြောင့် ကျူးလွန်မိခဲ့ခြင်းဖြစ်ပါသည်
်
ထိုအမှားအတွက် သခင်မလေးချမှတ်သွားသော
အမိန့်အတိုင်း ရွှေစာ၏ ဘဝအဆက်ဆက် သေဆုံးပြီးနောက်
ဘဝ ဘဝ တွေရှိခဲ့သော် ဤလှိုင်ဂူမှာပင် ဆက်လက်တည်ရှိ
ပြီး သခင်မလေးနဲ့သခင်လေး ရောက်လာသည်အထိ
စောင့်ရှောက်ပေးပါ့မယ်''
''ရော့''
သက္က ကမ်းပေးလာသော မီးတုတ်အားယူ၍ ရွှေစာသည်
ဧကရီ၏ ရုပ်ကလပ်အား တင်ထားသော ထင်းပုံအားစတင်ပြီး
မီးရှို့လေသည်
စိုစွတ်သော ထင်းများဖြင့် ဖွဲ့တည်ထားသော ထင်းပုံမှာ
တော်တော်နှင့် မီးမစွဲ
အေးမြသော ရာသီဥတုအောက်တွင် ရွှေစာချွေးပျံလေပြီ
ဘယ်လိုမှ မီးတင်မရသည့်နောက်ဆုံးတွင် ဧကရီ၏ ရုပ်ကလပ်
အား ဂူအတွင်းပိုင်း ရတနာများမြှုပ်နှံထားရှိရာနေရာတွင်
မှန်ခေါင်းတလားနှင့် ထားရန်ဆုံးဖြတ်လိုက်ကြသည်
''သက္က''
''ဟင် သခင်မလေး သခင်မလေးမသေဘူးနော်''
ဝမ်းသာအားရဖြင့် ဧကရီ၏ အနီးသို့ ပြေးလာသောသက္ကအား
ဧကရီမှ ဟန့်တားထားလိုက်သည်
''ငါပြောစရာရှိလို့ လာခဲ့တာ ''
''မှန်ပါ အမိန့်ရှိပါ သခင်မလေး''
''ဒီဂူကို ငါ့လက်အောက်က တစ္ဆေများနှင့် ဆက်လက်စောင့်
ရှောက်မယ် မောင်မင်းတို့က ဂူရဲ့ လျှို့ဝှက်ချက်ကို
လျှို့ဝှက်သော ကျွန်းပျောက်ကြီးမှာ ထိန်းသိမ်းပါလေ သက်ဆိုင်
သူရောက်လာမှ ပစ္စည်းများနှင်းအပ်ပြီး
ဒီဂူကိုပြန်လာကြ ထိုကျွန်းအား ငါ၏အစွမ်းဖြင့် ဖျောက်ပေး
ထားမယ် ပဋ္ဌာန်းဆက်ရှိသူသာ မြင်စေရမည်
ငါ၏ အမိန့်''
အခိုးငွေ့သဏ္ဍာန်ဖြင့်ပျောက်ကွယ်သွားသော သခင်မလေးအား
ကြည့်ကာ သက္ကမှာ အိမ်မက်ယောင်သူပမာ
သို့ရာတွင် သခင်မလေး၏ မှာကြားချက်များကိုတော့
ရှင်းလင်းပြတ်သားစွာ မှတ်မိနေသည်
----------
အေးစက် စိုစွတ်သောဂူအတွင်းတွင်
မတ်တပ်ရပ်လျက်ရှိသော ဖြူဖြူသဏ္ဍာန် အရိပ်တခု၏ ရှေ့တွင်
ဒူးတုတ်ခစားလျက်ရှိသော သဏ္ဍာန်တခု
ဧကရီ နှင့် သက္က
''မောင်မင်းတို့ ပြန်လာကြပြီလား ဂူနဲ့ပတ်သတ်တဲ့
အရေးကြီးပစ္စည်းတွေရော သက်ဆိုင်သူထံ အပ်နှံပြီးပြီလား''
''မှန်ပါ
သခင်မလေး ကျွန်တော်မျိုးလျှောက်တင်ရန် မဝံ့ပါ''
''ငါ့အား သစ္စာရှိလူယုံဖြစ်သော သင်နှင့် မောင်တော်သာလျှင်
မြင်တွေ့ရအောင် သစ္စာပြုထားခြင်းဖြစ်တယ်
သင် မှ မလျှောက်တင်လျှင်ငါ အဘယ်သို့သိရမှာလဲ''
''မှန်ပါ ယခုညပင်ရောက်ရှိလာသောလူစိမ်းတဦးမှ
လှိုဏ်ဂူသော့နှင့်အတူ သခင်လေးရဲ့ လက်စွပ်ကိုပါရသွားခဲ့ပါပြီ''
''ဟယ်
ငမိုက်သား လာနှင့်စေအုံး ယန္တယားကိုကျော်ဖြတ်ပြီးရင်
ငါ့အမိန့်အောက်က တစ္ဆေတွေကိုဖြတ်ကျော်ရအုံးမှာပါလေ
ဟားးး ဟားးးး ဟားးး ဟားးး''
''သခင်မလေး''
''ပြော သက္က''
''ကျွန်တော်မျိုးမရှင်းလင်းတာရှိပါတယ် လျှောက်တင်ပါရစေ
သခင်မလေးရဲ့ အမိန့်တော်ထဲမှာ
ကျွန်းပျောက်ကြီးကို ပထမဆုံးရှာတွေ့တဲ့သူက သက်ဆိုင်သူ
လို့ပါရှိပါတယ် ထိုသူ့ထံအားပစ္စည်းများ အပ်နှံရမယ်လို့လည်း
ပါရှိပါတယ် အခုလာရောက်မယ့်သူက သက်ဆိုင်သူ ပဋ္ဌာန်း
ဆက်ရှိသူ မဟုတ်ဘူးလား သခင်မလေး''
''အင်းးး
သက္က သက္က မောင်မင်းတို့ လူ့သက်တမ်းကုန်ဆုံးပြီးနောက်
ပြင်ပလောကနှင့် အဆက်မပြတ်စေခြင်းငှာ
ပြင်ပ၏ အလင်းအမှောင်ကို သိစေခြင်းငှာ လတလရဲ့ လပြည့်
ညတိုင်း ကျွန်းကို ရေအထက်ရောက်စေအောင်
်
အခြားသူများလည်းတွေ့စေအောင် အခြားလူများကိုလည်း
မောင်မင်းတို့ အဆက်သွယ်ရှိအောင် ငါကိုယ်တိုင် အဖထံ
ခွင့်တောင်းပေးခဲ့တာပဲ
မောင်မင်းတို့ဆီ အလည်အပတ်ရောက်ခဲ့တဲ့ လူအရေအတွက်
ကို မောင်မင်းတို့ အသိဆုံးပါ''
''မှန် မှန်ပါ့''
''အခုရောက်လာတဲ့လူကျမှ အထိမ်းမှတ်ပစ္စည်းများ ယူဆောင်
သွားခဲ့တာ သစ္စာဖောက် တစ်ယောက်ယောက်ရဲ့လက်ချက်
ဖြစ်သလို ပဋ္ဌာန်းဆက်ပါသော သူတစ်ဦးဦးနဲ့ဆက်သွယ်
ခဲ့ပုံပဲ ဘယ်သူများပါလိမ့်''
ဧကရီသည် သူမ၏မျက်လုံးများကိုမှိတ်ကာ စိတ်အစဉ်ကို
မျောလွင့်လိုက်သည်
သူမ၏မျက်နှာလေးမှာ ညကာလ လရောင်အောက်တွင်
ပြုံးလာလိုက် မျက်မှောင်လေးကျုံ့လိုက်ဖြင့် တခုခုကို
ဝေခွဲမရဟန်
သက်ပြင်းလေးအသာ အယာချကာ
''သက္က အခုရောက်ရှိလာမယ့် လူသားကို ဘေးမသီစေပဲ
ငါ့ထံအရောက်ခေါ်ခဲ့''
''မှန်ပါ''
----------
ဖန်ပြဒါးလုံးအားဆုတ်ကိုင်လျက် ဘသောင်းနှင့်မြတ်ထွန်းတို့
မှာ ခြေချရာနေရာမှ နိမ့်ကျွံကျကာ
လေဟာပြင်ထဲသို့
''ဘသောင်းရေ ဘသောင်း မင်းဘယ်မှာလဲ''
သူငယ်ချင်းဖြစ်သူအား တကြော်ကြော်အော်ခေါ်နေပေမယ့်
မြတ်ထွန်းမှာ သူ၏မျက်လုံးများအား မဖွင့်နိုင်
အမည်မတပ်နိုင်လောက်အောင် လင်းအားပြင်းလွန်းလှသော
အလင်းများကြောင့်ဖြစ်သည်
အချိန်အတော်ကြာမှ ကျင့်သားရသွားသည့်အလား
ပတ်ဝန်းကျင်အနေအထားကို သူမြင်တွေ့လာရသည်
''ဟင် ရွှေစာ
အဲ့ဒါဘာလုပ်တာလဲ မြတ်ထွန်းကိုလွှတ်လိုက်''
''အဟင်းးးးဟင်းးးဟင်းးးး လွှတ်မှာပါရှင်
ဒါပေမယ့် အခုမဟုတ်သေးဘူး''
ရွှေစာမှာ ဘသောင်းအားချုပ်ကိုင်လျက် မြတ်ထွန်းအနီးသို့
တရွေ့ရွေ့တိုးကပ်လာသည်
ရွှေစာနှင့်မြတ်သောင်း၏ ကြားတွင် မျက်စိစူးမတတ်
အရောင်တဖျတ်ဖျတ် ထွက်နေသော ရတနာပစ္စည်းများရှိနေသည်
ဘသောင်းမှာလည်း မိန်းမသားဖြစ်သောရွှေစာ၏ လက်မှ
ဘယ်လိုမှ ရုန်းမထွက်နိုင်
''ကိုဘသောင်း'' တိုးညှင်းသော ရွှေစာ၏ ခေါ်သံ
''ဗျာ''
''ဒီ ရတနာတွေကို ရှင်မလိုချင်ဘူးလား''
''ဗျာ''
''ရှင်တို့လူသားတွေအတွက် အင်မတန် တန်ဖိုးရှိတဲ့ ပစ္စည်း
တွေပါ မလိုချင်ဘယ်ရှိပါ့မလဲနော် ဟားးးဟားးးဟားးဟား''
''မင်းး မင်းးဘသောင်းကိုလွှတ်လိုက် ငါ့ကိုကြိုက်သလိုပြုပါ''
''ဟင်းးးဟင်းးဟင်းး ဆန္ဓမစောပါနဲ့ရှင်''
မြတ်ထွန်းအားစကားပြောပြီးပြီးချင်း ဘသောင်း၏လည်ပင်း
အား ရုတ်တရတ် ကိုက်ခဲလိုက်သည်
''အားးးးးး''
''ရွှေစာ မင်းးမင်းးး''
မြတ်ထွန်းမှာစကားမဆက်နိုင် ဘသောင်း၏လည်တိုင်မှကျဆင်း
လာသောသွေးများကို အားပါးတရ စုပ်ယူနေသော
ရွှေစာအား ကြည့်ကာ မင်သက်ကြောင်အမ်းနေတော့သည်
''စိတ်မရှိပါနဲ့ ကိုဘသောင်း ကျွန်မရဲ့ ဆန္ဒကိုဖြည့်ပေးတဲ့
ရှင့်အတွက်မနစ်နာစေရပါဘူး
ဟောဒီ ကရတနာတွေကို ရှင်နိုင်သလောက်သည်သွားပါ
နောက်ထပ်ညွှန်ကြားမှုတွေကိုတော့ ကျွန်မကိုယ်တိုင်
်
လာရောက်ပြောကြားပါ့မယ် ကျွန်မမရောက်နိုင်သေးတဲ့နေ့
တွေမှာ တွေ့ချင်ရင် လူသွေးနဲ့ ပူဇော်မှုပြုပြီးဆင့်ခေါ်နိုင်တယ်
နောက်ပြီး
ရှင် အခုကျွန်မသောက်လိုက်တဲ့သွေးကိုအစားထိုးဖို့အတွက်
အမြဲလိုလို သွေးဖြည့်ပေးရလိမ့်မယ် လူသွေးဆိုပိုကောင်း
တာပေါ့
ဟားးးး ဟားးးး ဟားးး ဟားးး ဟားးး''
ရွှေစာသည် ဘသောင်းအားလွှတ်ပေးလိုက်ပြီးနောက်မြတ်ထွန်း
ဆီသို့ တဖြည်းဖြည်းချင်းတိုးသွားသည်
မြတ်ထွန်းမှာ ရတနာပစ္စည်းများပေါ်မှာ ခြေလှမ်းနောက်ဆုတ်
နောက်ဆုတ်ဖြင့် ဆုတ်လေရာ
တစုံတခုဖြင့်တိုက်မိပြီး ရပ်တန့်သွားခဲ့ရသည်
မြတ်ထွန်းတိုက်မိသောအရာမှာ နှစ်ပေါင်းများစွာမပုပ်မသိုးပဲရှိ
နေသော ဧကရီ၏ ရုပ်ကလပ်မှန်အခေါင်းတလား
''ဟားးး ဟားးးး ဟားးး ဟားးးး သခင်လေးရဲ့ သွေးသားရင်းချာ
ကြီးရဲ့ သွေးကို ဖြည့်ပြီး ငါ့ရဲ့အစွမ်းတွေတိုးမြှင့်ရတော့မယ်
ဘသောင်းကတော့ ငါ့အတွက်ရေရှည် သွေးရှာပေးမယ့်သူမို့
မသေအောင် သွေးအနည်းငယ်ပဲ
သောက်ခဲ့ပေမယ့် ပဋ္ဌာန်းဆက်ကြီးကိုတော့
ဟားးးး ဟားးး ဟားးး ဟားးး''
''ရပ်လိုက်စမ်းး''
သြဇာသံအပြည့်ပါသော အသံတသံ
ရွှေစာသည် မြတ်ထွန်းထံသို့ သွားနေသော ခြေလှမ်းများကို
ရပ်တန့်လိုက်ပြီး
အသံရှင်အား လိုက်လံရှာဖွေရာ
''ဟင်''
-----------ဆက်ရန်---------
ဤဇာတ်လမ်း၏ အစပထမ ကိုရေးသားပေးခဲ့သော
ဇာတ်လမ်းကိုပုံဖော်ပေးခဲ့သော ဆရာ ရာဝန
လှကျော်ဇင်အား ကျေးဇူးအထူး အထူး တင်ရှိပါကြောင်း
လိုအပ်သည်များကို ဖြည့်စွက်ဖတ်ပေးပြီး အားပေးကြသော
စာဖတ်ပရိတ်သတ်များကို ချစ်ခင်လေးစားလျက်
Zar Zar Win
ရာရာ
---
Post a Comment