သူငယ်ချင်း များအတွက်လင်းစုရဲ့ ဝိတ်ချနည်းလေး Share ပေးချင်ပါတယ် 😚😊
🍽🍉🍎🍌🌽✔✔ Breakfast ကို ကြက်ဥပြုတ် ၂/၃ လုံး နှင့် အသီးနှံ (ကိုယ်ကတော့ ၃ လုံးမှဝ
တယ် 😆😆 ) ။ တခါတလေ သမီးလေးစားနေကြ Oats စားတယ် .
Lunch and Dinner 🍗🍉🍊🍅🐟🐐🌽 ကို ထမင်း ၃ဇွန်း ၊ ကြက်သား or ဆိတ်သား or ငါး ၃ တုံး နှင့် အရွက် တစ်မျိုး မျိုးကြော်တာ / သုပ်တာ စားတယ် ။ (အသားချည်းပြုတ်တာ မစားနိုင်လို့ အနှစ်ဖယ်
ဆီဖယ်ပြီးစားပါတယ် )
✔အရွက်ကို အရင်စားပါတယ်။ ပြီးမှထမင်း
နဲ့အသားဆက်စားတော့ ဗိုက်ပြည့်လွယ်ရော 😋
✔Dinner ကို ၇နာရီမတိုင်ခင်စားတာပိုကောင်းပါ
တယ် ။
✔အစာစားပြီးတိုင်း နာရီဝက်လောက်နေမှ
ရေသောက်တယ်လေ ။ (ဗိုက်ပူမှာစိုးလို့ 😆 )
ရေ ကိုသတိရတိုင်းသောက်ပါတယ် ။
✔အဆာပြေကတော့ ပေါင်းဖူးပြုတ် ၊ ဒိန်ချဉ် ၊ ငှက်
ပျော ၊ဖရဲ ၊ ကျွဲကော ၊ ပန်းသီး ကိုယ့်အကြိုက် စားစရာတွေမှအများကြီးဘဲ :)
✔ရှောင်ရန် 😷😷🛇🛇ဆီကြော်တွေ အာလူးကြော် ၊ ပဲကြော်၊ အီကြာကွေး၊ ထပ်တရာ၊ အချို အစိမ့်တွေ၊
ရှမ်းခေါက်ဆွဲ (အမျိုးသမီးတွေက လက်ဖက်ကြိုက်
တော့ ပဲကြော်တွေကိုစားမိတတ်ပါတယ် )
✔အရေးကြီးတာလာပါပြီ
လင်းစုကတော့ အရင် ပိန်တုန်းက ဝတ်တဲ့အင်္ကျီလှလှလေးတွေ ကို အခန်းထဲ ကိုယ် အမြဲတမ်းမြင်တဲ့နေရာမှာချိတ်ထားတယ်လေ ။ တစ်နေ့ ပြန်ဝတ်
နိုင်ရမယ်ပေါ့ 😊😊 စိတ်ကို အမြဲ Motivate လုပ်ထားတာပါ ☺☺
( ချက်ချင်း မပိန်လျှင်စိတ်ဓာတ်ကျတတ်ကျပါတယ် )
✔နောက်တစ်ချက်က
ကိုယ်အမှန်တကယ် Diet လုပ်နေစဉ် အတောအ
တွင်း ကိုယ်တကယ်ပြောင်းလဲလာတာကို သတိထားမိတာ ကိုယ်နဲ့ အနီးကပ်ရှိနေတဲ့သူတွေပါ။ သူတို့ကသာကိုယ့်ကို ပိန်လာပြီနော်လို့ပြောရင်ပျော်ပြီး အဲ့နေ့ ညစာလုံးဝမစားတော့ဘူးဘဲ 😆😆😆။ အဲ့ဒါကြောင့် ကိုယ့်အနိးကပ်နေတဲ့ ကိုယ့်ယောက်ျား ၊ အမေ၊ ညီမတို့ကို မပိန်လည်း ပိန်တယ်လို့သာပြောခိုင်း ။
တကယ် အလုပ်ဖြစ်တယ် 😊😊။
အရေးကြီးတာ တကယ်ဝိတ်ချချင်စိတ်ပါ။ 😊😊😊
ဝိတ်ချနည်း
- on 9:15 AM
- No comments
Post a Comment