စ‌က္ကောမလှိုင်‌ဂူ ၁

''စက္ကောမလှိုင်ဂူနှင့်လျှို့ဝှက်ရတနာသိုက်''
******************************
(ဒုတိယတွဲ--ပထမပိုင်း)
*****************

လူသူမနီးသောမြို့စွန်ရှိနေအိမ်တစ်လုံးမီးလောင်မှုတွင်
ထိုအိမ်ပြာကျမှ ရပ်ကွက်ရှိလူများသိရှိကြပြီး စုရုံး
ရောက်ရှိလာတတ်၍ လူများမရောက်မီ မင်းခေါင်နှင့်ဖိုးတေတို့နှစ်ယောက်မှာ့
  အခင်းဖြစ်ပွားသည့်နေရာနှင့် ခပ်ဝေးဝေး
သို့ ထွက်ခွာနိုင်ခဲ့သည်

လူနေအိမ်ခြေများကိုတတ်နိုင်သမျှရှောင်ကွင်း၍
ထိုနေရာနှင့် ဝေးနိုင်သမျှဝေးအောင် ပြေးထွက်လာရာ
တောထဲသို့  ရောက်မှန်းမသိရောက်ရှိလာခဲ့ကြသည်
ညမှာ  သန်းခေါင်ကျော်၍သန်းလွှဲအချိန်သို့ပင်ရောက်ခဲ့ပြီ
အိပ်ရန်မဆိုထားနှင့်  အိပ်စရာနေရာပင်ရှာမတွေ့

''ကိုမင်းခေါင်
ဟိုမှာ  ကြည့်ပါအုံး''
''ဟင်''
မှောင်နှင့်မည်းမည်းတွင် ကြီးမားသောမည်းမည်း
သဏ္ဍာန်အရိပ်ကြီးတခု
အဆောက်အအုံတခုဟုထင်သည် ဖိုးတေသာမပြော
လျှင် ကျွန်တော် သတိထားမိမည်မထင်

''လူနေအိမ်တော့မဖြစ်နိုင်ဘူး  လာဗျိုးစုံစမ်းရအောင်''

ရှေ့မှဦးဆောင်ထွက်ခွာသွားသောဖိုးမောင်နောက်သို့
သူဖင့်နွှဲ့စွာ လိုက်ပါသွားခဲ့သည်
ည၏သဘာဝအလင်းဖြင့်သာ မဲမဲသဏ္ဍာန်အရိပ်
အကြီးကြီးအား  အဆောက်အအုံတခုအသွင်မြင်
နေရခြင်းဖြစ်သည်  လူသူမနီးတောဟုယူဆရသော
နေရာတခုတွင် ထိုသို့အဆောက်အဦးရှိနေသည်မှာ
ပုံမှန်အခြေအနေတော့မဟုတ်နိုင်

''အိမ်ရှင်တို့  အိမ်ရှင်တို့''
အထဲမှ ဘာသံမှပြန်မလာ  ဒါနဲ့ဖိုးမောင်လည်း
အသံကိုထပ်မြှင့်လိုက်ကာ
''ဗျိုးးးး
အိမ်ရှင်တို့  အိမ်ရှင်တို့   ဘယ်သူမှမရှိကြဘူးလား''

''ဝေါ----ဝရော-----ဝေါ----ဝေါ''
လူသံဟူ၍
မကြားရပဲ  သွပ်ခေါင်မိုးပေါ်သို့  ခဲမိုးရွာသကဲ့သို့အသံ
များသာ  ကြားရသည်

''ဖိုးတေရာ
ခေါ်မနေပါနဲ့တော့  ငါတို့သစ်ပင်တစ်ပင်အောက်မှာ
ပဲဖြစ်သလိုအိပ်ကြတာပေါ့''
''မဟုတ်တာဗျာ
ကျုပ်ကြားဖူးနားဝတခုရှိတယ်ဗျ  အခုလိုနေရာမျိုးမှာ
အင်္ဂလိပ်လက်ထက်က အရာရှိကြီးတွေအမဲပစ်ထွက်တဲ့အခါ
နားခိုဖို့  အခုလိုနေရာတွေမှာဘိုတဲတွေဆောက်ခဲ့
ကြတယ်ဆိုပဲဗျ
ဒီအဆောက်အဦးကြီးက ဘိုတဲပဲဖြစ်ရမယ်
လာ  တက်ကြည့်ရအောင်''
လက်နှိပ်မီးဖွင့်ကာ
အဆောက်အဦးပေါ်သို့ တက်သွားသောဖိုးမောင်နောက်
သို့ လိုက်ခဲ့ရပြန်ပါပြီ

''ထင်တဲ့အတိုင်းပဲဗျိုး  လူမရှိဘူး''
''ဒါဆိုအခုနက ကြားခဲ့တဲ့ ခဲသံတွေကရော''
''မေ့ထားလိုက်ပါ အာစရိရာ''

ဖိုးတေမှာ  ထူးဆန်းသောအကြောင်းအရာများနှင့်စိမ်းသူမဟုတ်
မင်းခေါင်အားအကျယ်ချဲ့ပြီးဖြေရှင်းခြင်းမပြုတော့ပဲ
ကြမ်းပြင်ရှိဖုန်များအားလှည်းကျင်းကာ
သင့်တော်ရာနေရာ တခုရွေး၍  အိပ်ယာခင်းလေတော့
သည်   ပင်ပမ်းမှုတို့ကြောင့် များမကြာမီမှာပဲနှစ်ဦး
စလုံးအိပ်ပျော်သွားကြသည်မှာတရေးမျှမနိုး

''ဗျိုးးးအာစရိ  အိပ်လှချေလားဗျ''
''ဟင်
အင်   အင်းးး   ဝါးးးးဘယ်အချိန်ရှိနေပြီလဲ''
ဝါးးးကနဲတချက်သန်းဝေကာ ကျွန်တော်ထထိုင်
လိုက်သည်   
နံက်ခင်းကိုကျော်လွန်ပြီး နေမှာ မွန်းတည့်လုပြီ
ညကပင်ပမ်းထားသောအရှိန်ကြောင့်ထင်သည်
တချိုးတည်းအိပ်လိုက်မိသည်မှာ
အသေကောင်လိုပင်  မတော်တဆများတစ်ယောက်
ယောက်ကလာသတ်သွားလျှင်ပင်သိမည်မဟုတ်
တစိမ်းနယ်မြေတွင်
အသိလက်လွတ်အိပ်မိသည့် ကိုယ့်ကိုယ်ကိုပင်
မကျေမနပ်ဖြစ်မိသည်

''ငြိမ်လှချေလား  ကိုယ့်ဆရာ  ဘာတွေတွေးနေတာ
လဲ   ဒီမှာကောက်ညှင်းထုတ်လေးနဲ့ ဆတ်သား
ခြောက်ကလေးကို  ရေနွေးပူပူနဲ့  အဆာပြေစား''
''ဟင်''
ကျွန်တော်ထပ်ပြီး  ဟင်ရပြန်ပါပြီ
ဒီလိုနေရာမှာ  ဒါတွေဘယ်ကရပြန်ပြီလဲ
ဘာပဲပြောပြော အစားအသောက်ဟုအသံကြားသည်နှင့်
ထကြွလာသောပိုးမျိုးရှစ်ဆယ်ကြောင့်
ပူနွေးနေသေးသော  ကောက်ညှင်းချက်ကို ဆုတ်လုံးကာ  ဆားဖြင့်တို့ပြီး
ဆီမပါပေမယ့်  သဘာဝအရသာအပြည့်ပါသောဆတ်သားခြောက်ကင်ဖြင့်လွေးကာ
ရေနွေးပူပူကို တဖူးဖူးမှုတ်သောက်လိုက်သည်

ကလေးငယ်တစ်ယောက်လို
စားသောက်နေသော မင်းခေါင်ကို ပြုံးပြီးကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်နေသူက
ဖိုးတေရယ်လေ 
မင်းခေါင်ကထိုအခြင်းအရာကို မြင်ဖြစ်အောင်မြင်လိုက်သည်

''ဘာတွေများသဘောကျနေတာတုန်းဗျ''
''ဘာရယ်မဟုတ်ပါဘူးဗျာ
ကျုပ်တို့ရဲ့ရေစက်ကို  အံ့သြမိလို့ပါ  အစက အလုပ်ရှင်တစ်ယောက်လိုရိုသေ
မိတယ်   နောက်တော့ အသက်သခင်ကျေးဇူးရှင်အဖြစ် အားကိုးယုံကြည်မှုတွေ
တိုးလာခဲ့တယ်   အခုအချိန်ကျတော့  စိတ်ကပြောင်းသွားသဗျာ''
''ဟာဗျာ
ညကအဖြစ်ပျက်ကြောင့်  ကျွန်တော့်ကိုကျေးဇူးရှင်အဖြစ်တော့မသတ်မှတ်ပါနဲ့
ကျွန်တော့်ရဲ့  ယုံလွယ်မှုကြောင့်  ကိုဖိုးတေဒုက္ခရောက်တော့မလို့ကံကောင်းလို့
ပါဗျာ  အခုကျတော့ဘာဖြစ်လဲဆက်ပါအုံးဗျ''
'
မင်းခေါင်စကားအားပြန်မဖြေသေးပဲ  ပြုံးစစမျက်နှာပေးနှင့်ရေနွေးကိုတဖူးဖူးမှုတ်
သောက်နေသော ဖိုးတေ၏ ပုံစံမှာ တဖက်လူစိတ်တွင် မရိုးမရွဖြစ်စေသည်
''ဟာဗျာ
ဒီလူကြီးပြောမှာမပြောသေးပဲ  ဘာတွေသဘောကျပြီးပြုံးနေတာလဲ
ယောကျာ်းအချင်းချင်းကြီးနော်  မဟုတ်တာမတွေးနဲ့''
''အဟက်  ဟက်  ခွီးးခလွီးး''
မင်းခေါင်စကားကြောင့်  သောက်လက်စ ရေနွေးပင်သီးသွားခဲ့ရသည်
''ကျွန်တော်ထင်တာလည်း
အပြစ်မပြောနဲ့  ဘာတဲ့ အသက်သခင်ကျေးဇူးရှင်အဖြစ် အားကိုးယုံကြည်မိတယ်
တဲ့   ပွင့်ပွင့်လင်းလင်းပြောနော်  ကိုဖိုးတေ  ရှေ့ဆက်ရမယ့်ခရီးအများကြီးကျန်
သေးတယ်  ကျွန်တော့်ကိုကြိတ်ကြွေနေတာလား''
''ဟားးးးဟားးးးဟားးးဟားးးး
ဖြစ်ရတယ်  ကိုမင်းခေါင်ရယ်  သူများကတဘဝလုံးအတွက်ရည်ရွယ်တာပါနော်
အပျော်မကြံပါဘူး  ဟွန်း''
''ဟာ  ဒီလူကြီး ညစ်ပတ်ကြီး  မထင်ရဘူး   ဟားးးးဟားးးဟားးးဟားးး''

နှစ်ယောက်သားပြိုင်တူရယ်မောလိုက်သံက ဘိုတဲအပြင်သို့ပင်လွင့်ပျံ့သွားသည်
မုန်တိုင်းကြားမှလွတ်မြောက်ခဲ့သော  လူစွမ်းကောင်းတို့  လေပြည်ညှင်း၏အရသာ  ကိုအပြည့်အဝခံစားနေသော  သေတွင်းထွက်လူနှစ်ဦး

''လင်းစမ်းပါအုံးဗျ
အခုကျတော့ ကျုပ်ကိုဘယ်လိုမြင်လဲဆိုတာ''
''အော်
ကိုမင်းခေါင်စားသောက်နေတဲ့ပုံကိုကြည့်ပြီး  ကလေးတစ်ယောက်လိုမြင်မိတယ်
ဗျာ  ကျုပ်ရဲ့သွေးသားတစ်ယောက်လိုလည်း ချစ်ခင်မိပါတယ်
အဲ့ဒါကိုပြောချင်တာပါ''
''ဟိုက်''
ကိုယ့်နဖူးကိုယ်ရိုက်ကာ ဟိုက်တစ်လုံးသာ တ လိုက်မိသည်
''ဆိုလိုတဲ့သဘောက 
ကျုပ်ကို  ကိုဖိုးတေရဲ့သားလို သဘောထားတယ်ဆိုတဲ့သဘော
သေပါပြီဗျာ''
''ကိုယ့်သားကို  အသေခံတဲ့အဖေ  ဘယ်မှာရှိလို့လဲ''
''ဟားးးးးးး  ဒီလူကြီးတော့  ''
မင်းခေါင်က  ထိုင်ရာမှထကာ ဖိုးတေအား လုံးထွေးသတ်ပုတ်လေတော့သည်
ဖိုးတေမှာတဟားဟားအော်ရီရင်း မင်းခေါင်အားရှောင်တိမ်းပြီး ဘိုတဲအောက်သို့
ဆင်းပြေးလေသည်
''ဟာ   ဟေ့   ဟေ့လူဘာဖြစ်    အားးးး''
ဘယ်အချိန်ကရောက်ရှိနေသည်မသိသော လူစိမ်းတစ်ဦးနှင့်တိုက်မိပြီး
နှစ်ဦးသားမြေပြင်ပေါ်သို့လုံးထွေးကျသွားသည်
ဖိုးတေ၏နောက်သို့ပြေးလိုက်လာသောမင်းခေါင်မှာလည်းထိုမြင်ကွင်းကြောင့်
ခြေလှမ်းများတန့်သွားခဲ့ရသည်
ထိုသူသည်မည်သူနည်း

''ကျုပ်နာမည်  ဖိုးကူးပါ   ဟောဒီကမိတ်ဆွေကြီးနဲ့တော့သိပြီးပါပြီ''
ဖိုးတေအား ငဲ့ကြည့်၍ ပြောလိုက်ရာ
မင်းခေါင်က  ဖိုးတေကို ဘယ်လိုလဲဟူသောပုံဖြင့်မေးဆတ်ပြလိုက်သည်
''ဒီလို
ကိုမင်းခေါင်ရ 
ကျုပ်မနက်အိပ်ယာနိုးတော့ မနက်စာအတွက်တောထဲဝင်အမဲပစ်မယ်ဆိုပြီး
အထွက်  ခင်များကိုလည်းတစ်ယောက်ထဲမထားခဲ့ချင်  ဝေခွဲမရဖြစ်နေတုန်း
ဟောဒီက ကိုဖိုးကူးနဲ့တွေ့တာပဲ
သူက  အခြားလူလည်းမဟုတ်ဘူးဗျ  အဲ့ဒီအကြောင်းတော့သူပြောပါလိမ့်မယ်
မိတ်ဆွေကြီးအမဲ ပစ်မထွက်ပါနဲ့အုံးတဲ့  ကျုပ်မိတ်ဆွေတို့အတွက်နံက်စာပါလာ
ပါတယ်  ဒါလေးပဲသုံးဆောင်ကြပါ  ဆိုပြီး ခုတင်က ကိုမင်းခေါင်စားခဲ့တဲ့ကောက်
ညှင်းချက်နဲ့  ဆတ်သားခြောက်ဖုတ်ကိုပေးခဲ့တာပဲဗျ''
''အော်
ဒါနဲ့  အခြားလူမဟုတ်တာလည်း  လင်းစမ်းပါအုံး''
''ကိုဖိုးကူးရေ
ကိုယ်တိုင်သာပြောပြလိုက်ပါဗျာ  ကျုပ်တောထဲဝင်အုံးမယ်ဗျို့''
ပြောပြောဆိုဆိုပင်
သေနတ်ထမ်းကာတောထဲထွက်သွားသောကြောင့်  ဘိုတဲအလယ်တွင်
မင်းခေါင်နှင့်ဖိုးကူးနှစ်ယောက်သာကျန်ရစ်ခဲ့ရသည်
''ပြောရရင်တော့
ဇာတ်လမ်းက အရှည်ကြီးပဲ  ကိုမင်းခေါင်ရ  ကျုပ်က ကိုမင်းခေါင်အဖေခေါ်သွား
ခဲ့တဲ့  လမ်းပြရဲ့သားပါ  ဒီနယ်မြေနဲ့အကျွမ်းတဝင်ရှိသူဆိုပါတော့
ကျုပ်အဖေပျောက်သွားပြီး  နှစ်လနီးပါးကြာတော့ ဦးဘသောင်း အိမ်ပြန်ရောက်
ပြီလို့သတင်းကြားပါလေရော
ကျုပ်လည်း အဲ့ဒီလူကြီးဆီ အပြေးသွားပြီးကျုပ်အဖေအကြောင်းမေးတာပေါ့
သူက  သူဘာမှမသိဘူး  ဘာမှလာမမေးနဲ့  ဆိုပြီးအရူးတစ်ယောက်လိုပဲ
ကျုပ်ကိုနှင်ထုတ်တယ်  ကျုပ်ဘယ်ပြန်နိုင်မလဲဗျာ  ရှိတာမှ အဖေတခုသားတခု
သူ့ပတ်ဝန်းကျင်မှာပဲနေထိုင်ရင်း သူ့အခြေနေကိုစောင့်ကြည့်နေခဲ့တာ
ကြာလေမူမမှန်လေပဲ''
''ဘယ်လိုမူမမှန်တာလဲ  ''
''ညဘက်ဆို  အိမ်ကြီးထဲက  ဖယောင်းတိုင်မီးရောင်တွေထွက်ပေါ်လာပြီး
ဝူးဝူးဝါးဝါးအော်သံတွေ ယောကျာ်းတစ်ယောက်ရဲ့ အောင်ပြီ  အောင်ပြီဆိုတဲ့
အသံတွေ  ကြားရတယ်  နောက်ပြီး  မနက်လင်းရင်အထုတ်ကြီးအထုတ်ငယ်နဲ့
ဆရာတပည့်နှစ်ယောက် အလုပ်ရှုပ်ကြတော့တာပဲ''
''ဘာထုတ်တွေလို့ ထင်လဲ''
''ဒါတော့မတွေးတတ်ဘူးဗျ  ဒီပတ်ဝန်းကျင်မှာရှိသမျှ  တိရိစ္ဆာန်တွေတော့
ခွေးတစ်ကောင်တောင်မကျန်တော့တာတော့သတိထားမိတယ်  ဟက် ဟက်ဟက်ဟား''
''ဟားးးးး''
''တောထဲကပြန်ရောက်ပြီးကတည်းက  အဲ့ဒီလူကြီး ရူးသွားပြီလားမသိပါဘူး
ဗျာ  ကျုပ်အဖေသတင်းများရမလားလို့မကြာခန သူ့ဆီသွားမိပါတယ်
ခြံစောင့်ကိုမနည်းပြောရတယ်  နောက်တော့ ဦးဘသောင်းဆီမရောက်ပဲ
လှည့်ပြန်ခဲ့ရတဲ့အခေါက်တွေများလာခဲ့တယ်  ဒါနဲ့ပဲ ဒီအနီးပတ်ဝန်းကျင်မှာပဲ
နေထိုင်ပြီး အဲ့ဒီလူကြီးရဲ့အခြေအနေကို လေ့လာနေခဲ့တာ ဒီနေ့အထိပဲဆိုပါတော့''
''ဒါဆို
မနေ့ညက ဘာတွေဖြစ်တယ်ဆိုတာရော ကိုဖိုးကူးသိလိုက်ရဲ့လား''
မင်းခေါင်သည်သွေးတိုးစမ်းသည့်သဘောဖြင့်
စကားတောက်လိုက်သည်
''သိပ်သိတာပေါ့ဗျာ
ရန်ကုန်ကဧည့်သည် ရောက်လာတယ်ဆိုတာနဲ့ ကျုပ်ဘယ်လောက်ဝမ်းသာသွား
တယ်မှတ်လဲ  ကျုပ်အဖေကိုရှာနိုင်မယ့်လမ်းစ ရပြီဆိုပြီး စောင့်ကြည့်နေခဲ့တာ
အဲ့ဒီလူကြီးပုံမှန်မဟုတ်တာကိုသတိပေးချင်ပေမယ့် မိတ်ဆွေလေးတို့ကအပြင်
ထွက်မလာတော့ ကျုပ်ကဘာမှမပြောနိုင်ဘူးဖြစ်သွားတယ်
ညဘက်မှာ အသံတွေကြားပေမယ့် အခါတိုင်းလိုပဲအောက်မေ့မိပြီး ပေါ့ပေါ့ဆဆ
တွေးမိတယ်  မီးတောက်တွေထွက်လာမှ  ပုံမှန်အခြေနေမဟုတ်မှန်းသိပြီးမိတ်ဆွေလေး
တို့အတွက်စိတ်ပူသွားခဲ့မိတယ်  ကူညီဖို့ကျုပ်အဲ့ဒီကိုသွားခဲ့ပါတယ်ဗျာ
ဒါပေမယ့်  နောက်ကျသွားခဲ့တယ်   ဒါနဲ့ မိတ်ဆွေလေးတို့ရှိနိုင်မယ့်နေရာကို
လိုက်ရှာရင်း ကိုဖိုးတေနဲ့တွေ့ရတာပဲ  နံက်စာအတွက်အားမနာပါနဲ့
လောလောဆည် မိတ်ဆွေလေးတို့အပြင်ကိုမထွက်ကြပါနဲ့အုံး လိုအပ်တာမှန်သမျှ
ကျုပ် ဝယ်ခြမ်းပေးပါ့မယ်''
''ကျေးဇူးအထူးပါဗျာ  ကိုဖိုးကူးကိုပဲအကူအညီတောင်းရတော့မှာပဲ''
''ဟဲ ဟဲ ဟဲ  ရပါတယ်ဗျာ
ခရီးစဉ်အတွက်လိုအပ်တဲ့ရိက္ခာတွေအပြင်  လမ်းပြအဖြစ်လည်းလိုက်ပါဆောင်ရွက်
ပါရစေ''
''အတိုင်းထက်အလွန်ပေါ့ဗျာ
ဒါနဲ့  လမ်းခရီးကျွမ်းကျင်ရက်နဲ့ ဘာကြောင့်ခုချိန်ထိ ကိုဖိုးကူးရဲ့အဖေကိုလိုက်မရှာ
တာလည်းဟင်      ဟို  စိတ်တော့မရှိပါနဲ့  သိချင်လို့ပါ''
''ဟူးးးးးးး''
ဖိုးကူးမှာ သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး  အေးစက်နေပြီဖြစ်သော ရေနွေးတကျိုက်
မော့်သောက်ကာ စကားဆက်သည်
''ရှာပါသော်ကောဗျာ
တခေါက်ရှာလည်း  လှိုဏ်ဂူဆိုတာကိုမတွေ့  ဦးဘသောင်းဆီသွားတွေ့နဲ့လုပ်နေ
လိုက်တာ  နောက်ဆုံးဝင်ခွင့်ရတဲ့အခေါက်မှာ
မင်းဘယ်လိုရှာရှာ ရေစက်မပါရင်မတွေ့နိုင်ဘူးတဲ့  ရေစက်ကမကြာခင်ရောက်တော့
မှာ မင်းအဖေ  သေလားရှင်လားအတပ်မပြောချင်ပေမယ့် ရေစက်ပါတဲ့သူနဲ့တော့
လိုက်သွားရမယ်တဲ့
သူပြောတာကို နားမရှင်းပေမယ့် အခု မိတ်ဆွေလေးတို့ရောက်လာတော့
ရှင်းသလိုလို ရှိသွားပါပြီ''
''ရေစက်
ဟားး  ဟားးး  ဟားးး  ဟားးး  ဟားးး''
''ဘာတွေများသဘောကျနေတုန်း ကိုမင်းခေါင်ရ
ဆတ်တကောင်ထမ်းကာရောက်ရှိလာသော ဖိုးတေကြောင့် စကားစပြတ်သွားပြီး
ဖိုးကူးက ဆတ်သေကို ကျွမ်းကျင်စွာကိုင်တွယ်၍ အရေခွာယူလိုက်သည်
အမဲကောင်ကို ဆားဖြင့်နှံ့စပ်စွာဖြူးနယ်ကာ တံစို့တွင်ထိုးပြီးကောင်လုံးလိုက်ကင်
လေသည်
ထို့နောက် ဖိုးကူးသည် သူယူလာသော အိတ်ထဲမှ ရှည်မျောမျောပုလင်းလေးတလုံး
ကိုထုတ်ကာ လက်ဖနောင့်ဖြင့်ပုလင်းဖင်ကိုတချက်ပုတ်ကာ အဖုံးကိုလှည့်ဖွငိ့လိုက်
လေတော့သည်

စားရင်းသောက်ရင်း စကားစမြည်ပြောကြရင်းနှင့်
ရင်းနှီးမှုများပိုမိုလာခဲ့ပြီး အရှိန်လေးရလာတော့အာသွက်လျှာသွက်ရှိလာရာ
တောကြီးထဲတွင် ထီးထီးကြီးတည်ရှိနေသောဘိုတဲအကြောင်းသို့
ရောက်ရှိသွားကြသည် ဖိုးကူး၏ပြောစကားအရ
ထိုဘိုတဲသည် သရဲအလွန်ခြောက်ကြောင်းတော်ရုံလူထိုနေရာသို့မလာရဲကြောင်း
နေ့ဘက်တွင်ပင်မည်သူမျှမဖြတ်ရဲကြောင်း ကျွဲနွားများဖြတ်သွားလျှင်ထူးဆန်းစွာ
ပျောက်ဆုံးသွားတတ်ကြောင်း ပြောပြလေရာ
ထို့ထက်ပိုထူးဆန်းသည့်နယ်မြေသို့သွားရောက်မည့်မင်းခေါင်နှင့်ဖိုးထူးတို့အတွက်
ရီစရာဟာသတပုဒ်အလား ပြိုင်တူရယ်မောလိုက်ကြသည်
ထိုစဉ်
''ဝေါ-----ဝရော-------ဝေါ----ဝုန်းးးးး''

ဘိုတဲခေါင်မိုးပေါ်သို့  သဲခဲများ အဆက်မပြတ်ကျလာသံများကြားရသည်
ထူးဆန်းသည်မှာ ပေါက်ပြဲနေသော အမိုးမှ မည်သည့်အရာမှ ကျဆင်းလာခြင်းမရှိ
အားလုံးမင်သက်မိနေချိန်တွင် ပထမဦးဆုံး သတိဝင်လာသူက ဖိုးတေ ပင်
ဘိုတဲပေါ်မှပြေးဆင်းပြီး ပတ်ဝန်းကျင်အားသေချာကြည့်ရာ့
ထိုဘိုတဲ၏ တဖက်တွင်ရှိနေသော အဆောက်အဦးဆီမှ  ဘုတ်  ဘုတ်  ဘုတ်ဟူသော
စည်းချက်ညီညီထွက်ပေါ်လာသောအသံကိုကြားလိုက်ရသည်
ဖိုးတေ၏နောက်မှ ပြေးဆင်းလာသော ဖိုးကူးနှင့်မင်းခေါင်တို့လည်း ထိုအသံကို
ကြားလိုက်ရသည်  ရုတ်တရတ်ကြီးပြေးဆင်းလာခဲ့ခြင်း
ဖြစ်သောကြောင့် လက်ထဲတွင်မည်သည့်လက်နက်မျှပါမလာကြချေ
''ကိုမင်းခေါင်
ကျုပ် သေနတ်သွားယူချေအုံးမယ်ဗျာ ဘယ်မှမသွားကြနှင့်အုံး  ဒါဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး
မှောင်တောင်မမှောင်သေးပဲ သရဲချောက်တာ လုံးဝမဖြစ်နိုင်ဘူး''
ဖိုးတေနောက်မှ ဖိုးကူးလည်းလိုက်ပါသွားကာလက်နက်များယူဆောင်ပြီး
သုံးယောက်သား အသံထွက်ပေါ်လာရာဆီသို့

''ဘုတ်  ဘုတ်   ဘုတ်  ''

သူတို့ခြေသံလုံလုံဖြင့် ထိုအဆောက်အဦးဆီသို့နီးနိုင်သမျှနီးအောင်ချဉ်းကပ်မိသောအခါ
အသံမှာပိုမိုကျယ်လောင်စွာကြားရသည်

နေဝင်ပြီဖြစ်သော်လည်း ကျန်နေသောအလင်းရောင်ဖြင့် တဲအတွင်းသို့ကောင်းစွာမြင်နေရသောကြောင့်
ဓာတ်မီးမသုံးပဲ သုံးဦးသားတဲအတွင်းသို့သတိကြီးစွာထားပြီးဝင်လာခဲ့ကြသည်
''ဘုတ်   ဘုတ်   ဘုတ် ''
အသံမှာလည်း
အလွန်ပင်နီးကပ်နေချေပြီ
အသံထွက်ပေါ်လာရာမူကား မတွေ့ရသေး
အကယ်၍
အန္တရာယ်တစုံတရာတွေ့ရပါကအချင်းချင်းကူညီရန်အတွက်လူစုမကွဲစေရန်သုံးဦးသားကျောချင်းကပ်ကာ
အသင့်အနေထားဖြင့်အတွင်းပိုင်းသို့ဝင်ရောက်လာခဲ့သည်
''ရှူးးးး  ရှူးးးးး  ရှူးးးးး''
ပြင်းထန်သောနှာမှုတ်သံကိုပါတဆက်တည်းကြားလိုက်ရသောကြောင့် ရှေ့ဆက်မတိုးတော့ပဲအခြေနေကိုစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်ကြသည်
အပြင်မှ အလင်းရောင်များလည်းကွယ်ပျောက်လုပြီတဖြည်းဖြည်းနှင့်အမှောင်ထုကကြီးစိုးလာပြီဖြစ်သည်

''ဖိုးကူး
တွေ့လား  အဲ့ဒါကို''
''အင်း
တွေ့တယ်   အမှောင်ထဲမို့မြင်ရတာဖြစ်မယ်''
''သရဲတော့မဟုတ်ဘူးဗျ ကိုယ့်ဆရာတို့''

အမှောင်ထဲတွင်  ရဲရဲနီပြီး စိမ်းဖန့်ဖန့်အရောင်ပြေးနေ
သော မီးလုံးနှစ်လုံး
''ဘုတ်   ဘုတ်  ဘုတ်    ရှူးး  ရှူးးး  ရှူးးး''
အသံများမှာ
နီးသည်ထက်နီးလာပြီး သူတို့ကလည်းထိုအရာနှင့်နီးနိုင်သမျှတိုးကပ်သွားကြသည်
''ဝေါ------ဝရော-----ဖြော----ဝုန်းးးဒုန်းးး''
တဲကြီးတခုလုံး
သိမ့်သိမ့်ခါသွားသည်ကို သူတို့သုံးယောက်လုံးခံစားမိလိုက်သည်
သူတို့တွေ့ကြုံနေရသည်မှာ သရဲမဟုတ်လျှင်အလွန်ကြီးမားသည့်အန္တရာယ်ကောင်တစ်ကောင်ဖြစ်မည်ဟု သုံးသပ်မိလိုက်ကြသည်
အစောပိုင်းကထက် ပိုမိုသတိကြီးစွာထားပြီးမီးလုံးနှစ်လုံးဆီသို့ချဉ်းကပ်ရာ

''ရှူးးးရှူးးးးးရှူးးးးး  ဖလပ်  ဖလပ်  ဖလပ်''
''ဟင်''
မီးလုံးနှစ်လုံးမှာ အရိပ်မည်းကြီးနှစ်ခု၏ဖုံးလွှမ်းမှုခံရလိုက်
ပြန်ပြီးလင်းလာလိုက်နှင့်
ထိုအချိန်တွင်
ဖိုးတေသည် ထင်မှတ်မထားသောလျင်မြန်မှုဖြင့်ရှေ့သို့တိုးသွားကာ
မီးလုံးနှစ်လုံးကြားကိုချိန်ရွယ်ပြီး သေနတ်မောင်းကိုဖြုတ်ချလိုက်လေတော့သည်
''ဒိုင်းးးးး''
ပဲ့တင်ထပ်သွားသောသေနတ်သံနှင့်အတူ
''ဝေါ-----ဝေါ------ဝုန်းးး''
တဲအမိုးပါပြိုကျလာသဖြင့်
သုံးဦးသား ထိုတဲထဲမှ အပြေးအလွှားထွက်လိုက်ရသည်
အပြင်သို့ရောက်သော်
''ကဲ
ကိုဖိုးကူး  ခင်များတို့ပြောနေတဲ့သရဲတော့ကြွသွားရှာပြီ
ကျွဲပျောက်  နွားပျောက်တင်ပဲမဟုတ်ဘူး လူတွေပါပျောက်နိုင်တယ်ဗျ''
''ဟင်  အင်  အင် အဲ့ဒါကြီးက ဘာကြီးတုန်းလင်းစမ်းပါအုံး''
''မနက်ကျကြည့်ပေါ့ဗျာ
အခုတော့ ကျုပ်တို့သောက်ထားသမျှလေးကုန်နေပြီ
ထပ်ဖြည့်လိုက်ကြအုံးစို့ရဲ့
မနက်ခရီးဆက်ရအုံးမယ်လေ  ရိက္ခာခြောက်တွေလည်းစုပြီးပြီမဟုတ်လားဗျ''
''မနက်ဖန်တရက်တော့နေပါအုံးလေ
အသားလေး ဘာလေးကြပ်တင်ပြီးယူသွားရအောင်ဆန်နဲ့ပဲနဲ့တင်မတင်းတိမ်နိုင်ပေါင်ဗျာ  သောက်စရာလေးလည်းစုအုံးမယ်ဗျို့ '
''ဒီလူကတော့ တကယ့်လူပဲဗျ
ဟားးး  ဟားးး  ဟားးး  ဟားးး''

မနက်လင်းသော်
မနေ့ညက ပြိုပျက်သွားသောတဲကြီးထဲတွင် အလွန်တရာကြီးမားသည့်မြွေကြီးတစ်ကောင် ငှက်တစ်ကောင်အားပါးစပ်တွင်ခဲလျက်သေဆုံးနေသည်ကိုတွေ့လိုက်ရသည်
နောက်ရက်ခရီးဆက်ရန်အတွက် ပစ်မလွဲဖိုးတေမှသားကောင်ရရန်တာဝန်ယူလျက်ဖိုးကူးမှာလည်း ရနိုင်သမျှသော တကိုယ်စာသည်နိုင်သမျှသောအရက်မျိုးစုံအားစုဆောင်းထုပ်ပိုးပြီး   အမဲဖျက်ရာမှထွက်လာသောသားရေချပ်များကို
အမြန်ခြောက်စေရန် ကြပ်တင်ခြင်း ပျော့ပျောင်းစေရန်ရေစိမ်ခြင်း  လိုအပ်သမျှကိုလှီးထုတ် ဖြတ်ချုပ်နှင့်အလုပ်ရှုပ်နေခိုက်

မင်းခေါင်မှာမူကား
ဦးဘသောင်းထံမှရရှိခဲ့သော လမ်းပြမြေပုံကိုထုတ်ယူကာကြည့်ရှု့လေ့လာနေသည်
ထိုထဲတွင်ပါရှိသော ၎င်း၏ ဖခင်အဖြေထုတ်မသွားနိုင်သည့် စာလုံးသေးလေးများ၏အဓိပ္ပါယ်ကို အဖြေရှာလျက်ရှိနေသည်
ထိုစဉ်
အေးစက်သောလေများတိုးဝှေ့တိုက်ခတ်လာပြီးထူးဆန်းသောအမွှေးနံ့တခု ရရှိခံစားမိလိုက်သည်
ယ္ခုလိုနေရာမျိုးတွင် ဖိုးထူး၏သားရေကြပ်တင်နံ့မှတပါးအခြားမွှေးရနံ့ရစရာအကြောင်းမရှိ
သူ  ဘိုတဲပေါ်မှ အောက်သို့ဆင်းကာ ထိုရနံ့ပိုင်ရှင်အားရှာဖွေမိသည်  လေးပြင်းတချက်အဝှေ့တွင် သစ်ပင်ကွယ်မှဖြူဖြူသဏ္ဍာန်တခု ရွေ့လျားသွားသည်ကိုရိပ်ကနဲမြင်လိုက်ရာ
သူ
ပြေးလိုက်မည်အပြု
''ကိုမင်းခေါင်
ဘယ်သွားမလို့လဲ ''
ဘယ်အချိန်ကရောက်နေသည်မသိသောဖိုးတေ
သူ့ပခုံးကိုဆုတ်ကိုင်ကာမေးလိုက်တော့မှ အသိဝင်လာသူတစ်ဦးပမာ
''အော်
အင်းးးး အင်းးး   ဘာရယ်မဟုတ်ပါဘူး မြေပုံကစာအဖြေရှာရင်းနဲ့ ငြီးစီစီဖြစ်လာလို့လမ်းဆင်းလျှောက်တာပါ''
''သတိထား
ကိုမင်းခေါင်ရေ  ဒီတောက သူ့နိမိတ်ကျော်တာနဲ့ဖမ်းစားတတ်တယ် တောအထာကသူ့နေရာနဲ့သူရှိတယ်''

ီဖိုးတေအား သူ ဘာမှပြန်မပြောတော့ပဲ ဘိုတဲဘက်ပြန်လာခဲ့လိုက်သည်
စိတ်ထဲတွင်တော့ ဘဝင်မကျမိ

ဆက်ရန်

Zar Zar Win

ရာရာ

---------------

Post a Comment