ဆယ်​​ကျော်​သက်​​တွေရဲ့ အသက်​အန္တရာယ်​ကို ခြိမ်း​ခြောက်​လာတဲ့ Suicide Game





ဆယ်ကျော်သက်တွေ ရဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်လာ တဲ့ Suicide Game

ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ် ကို သေကြောင်း ကြံစည် ဖို့ ကြိုးပမ်းတဲ့ဖြစ်ရပ်တွေနဲ့ အွန်လိုင်း ပေါ် က ဂိမ်း တစ်ခုတို့ကြား က ပတ်သက်ဆက်နွယ်နေမှုကိုရုရှား ရဲတပ်ဖွဲ့ကလိုက်လံ စုံစမ်းလျက်ရှိပါတယ်။

ဂိမ်းထဲမှာပါဝင်ဆော့ကစားကြသူတွေဟာ အန္တရာယ်ပြု တဲ့ ဆိုရှယ်မီဒီယာအဖွဲ့တွေရဲ့ကြိုးကိုင်ချယ်လှယ်တာ ကို ခံခဲ့ရတယ်လို့ ရဲတွေက သံသယရှိနေတာပါ။ ရုရှား ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးဟာBlue Whale ဆိုတဲ့(Suicide Game)ရဲ့နောက်ကွယ်မှာရှိတဲ့ ဂိမ်း ဆရာကြီးတွေရဲ့ ကြိုးကိုင်လွှမ်းမိုးတာကို ခံခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့လမ်းကိုရွေးခဲ့ကြပါတယ်။

ဆယ်ကျော်သက်တွေဟာ ကိုယ့်ကိုယ်ကို လှီးတာ အစရှိတဲ့ဂိမ်းရဲ့အဆင့်ဆင့်TASKS တွေကို အောင်မြင်စွာ ကျော်ဖြတ်လာခဲ့ပြီးနောက်၊ဂိမ်းထဲမှာပါဝင်ခဲ့တဲ့ ရက်ပေါင်း(၅၀)ပြည့်တဲ့အချိန်မှာပဲ ကိုယ့်ကိုယ်ကို သတ် သေလိုက်ကြဖို့ အမိန့်ပေး စေခိုင်းခံခဲ့ရတာပါ။

ကျောင်းသူလေးတွေကတော့ Yulia Konstanti nova အသက်(၁၅ )နှစ်နဲ့Veronika Volkovaအသက်(၁၆)နှစ် တို့ဖြစ်ပြီး၊ပြီးခဲ့တဲ့ တနင်္ဂနွေ က ခေါင်မိုးပေါ်ကနေခုန်ချ ပြီးသတ်သေသွားခဲ့ကြတာပါ။ Ekaterinaဆိုတဲ့အသက် (၁၅)နှစ်အရွယ်မိန်းကလေးဟာလည်း အလားတူပါပဲ တိုက်ခန်းပေါ်ကနေ ခုန်ချလို့ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်လောက်ကလည်း အသက် (၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး ရထားပေါ်ကနေ ခုန်ချခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေတဲ့ ဒီလိုဖြစ်ရပ်တွေဟာ ’suicide game’ ရဲ့ လွှမ်းမိုးမှုကြောင့်လား ဆိုပြီး ရဲတွေက စုံစမ်းနေ တာပါ။

ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ Yulia ဆိုတဲ့ မိန်းကလေးက သူမရဲ့ဆိုရှယ် မီဒီယာစာမျက်နှာပေါ်မှာ ‘End’ လို့ရေးခဲ့ပြီး ဝေလငါး ပုံကို တင်ခဲ့ကာ သူမလို ဆယ်ကျော်သက်အရွယ်ကလေးတွေကို ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ တိုက်တွန်းတဲ့ သင်္ကေတတစ်ခုအဖြစ် ချန်ထားခဲ့ပါတယ်။သူမရဲ့သူငယ်ချင်းဖြစ်တဲ့ Veronika ကလည်း ‘Sense is lost… End.’ ဆိုတဲ့စာသားကို
ရေးခဲ့ပါတယ်။

"အသုံးမ၀င်တော့ဘူးလို့ ခံစားလာရပြီလား"…ဆိုတဲ့ စိတ်ကျတဲ့ စာသားတွေ ကိုလည်း မကြာခဏဆိုသလို ပုံမှန်တင်လေ့ရှိပါတယ်။ကိုယ့်ကိုယ် ကိုသတ်သေ တဲ့ အခင်းဖြစ်ပွားရာနေရာမှာ ဗီဒီယိုရိုက်ကူးနေတယ်လို့ သံသယရှိတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက် ကိုတော့ ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကလည်း ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးနေပါ တယ်။ကိုယ့်ကိုယ်ကို သတ် သေဖို့ ကြိုးစားတဲ့ အမှု(၃)မှုကို တိုင်ချက်ဖွင့်ထားပြီး အဲ့ဒီ (၃)မှုထဲက ဆိုရှယ်မီဒီယာမှတစ်ဆင့် ဂိမ်းဆော့နေတဲ့ ကျောင်းသူတွေ ပါ ပါတယ်။

ဒီအမှုတွေထဲက ဆယ်ကျော်သက်တွေကိုတော့ ကယ် ဆယ်ထားပြီးဖြစ်ပါတယ်။ကျောင်းသား၊ကျောင်းသူတွေ ဟာ ‘group of death’ ဆိုတဲ့အဖွဲ့ထဲမှာပါဝင်နေကြပြီး၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ စေခိုင်းတာတွေရှိတယ်… ဆိုတဲ့ ဖုန်းဆက်အကြောင်းကြားတာကို ရခဲ့ဖူးတယ်လို့ ကျောင်းရဲ့ဒါရိုက်တာဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ဂိမ်းထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မိန်းကလေးကပြောရာမှာတော့ Vkontakte ဆိုတဲ့ ဆိုရှယ်မီဒီယာနက်ဝါ့ခ်ကနေ ဂိမ်းထဲ မှာ ပါဝင်ဖြစ်ခဲ့ကြောင်း၊ဂိမ်းရဲ့ ‘tasks’ တွေကိုတော့အဖွဲ့ ရဲ့အုပ်ချုပ်သူက ပေးတာဖြစ်ကြောင်း၊လက်ပေါ်မှာ ဓါးနဲ့ စာရေးဖို့၊ခုန်ချဖို့အဆောက်အအုံမြင့်မြင့်ရှာဖို့ အစရှိတဲ့ အန္တရာယ်များတဲ့ TASKSေ တွကို ခိုင်းစေခဲ့ပါတယ်။ သူမကတော့ အမိန့်ပေးတာတွေကို တစ်ခါမှ လိုက်
မလုပ်ခဲ့ဘူးလို့ ပြောခဲ့ကာ၊တခြားသူတွေကတော့ ကြောက်လို့လိုက်လုပ်တာတွေရှိတယ်လို့ပြောခဲ့ပါတယ်။ ဂိမ်းထဲမှာ ၀င်ဆော့တာ ရက်(၅၀)ပြည့်လာရင် ကိုယ့် ကိုယ်ကို သတ်သေခိုင်းတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ နှစ်ကလည်း ရု ရှားနိုင်ငံတစ်ဝန်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်အကြိမ်ရေ(၁၃၀) ထက်မနည်း ရှိခဲ့ကာ ဒီကိစ္စတွေဟာလည်းထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်မှာလည်း ကြိုးကိုင်သူတွေရှိနေမှာကို
ရဲတွေ က စိုးရိမ်နေကြပါတယ်။

(၂၀၁၅)နိုဝင်ဘာနဲ့(၂၀၁၆)ဧပြီလတို့ကြားမှာ ကလေးငယ်(၁၃၀)ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ Novaya Gazeta သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ ထဲက အားလုံးနီးပါးဟာ အင်တာနက်ပေါ်က တူညီတဲ့ groups တွေထဲက အဖွဲ့ဝင်တွေဖြစ်နေခဲ့ပါတယ်။

Ref;Daily Mail
Credit_Shwemom
Edkza@TZAG


Post a Comment