အဆိပ်​အတွက်​ အဆိပ်​ကျနည်းလမ်းများ

အဆိပ်အတွက် အဆိပ်ကျနည်းလမ်းများ

အဆိပ်ဖြေဆေးဆိုတာ လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ခေတ်မီလာပေမယ့် သက်စောင့်အဖြစ် ရှေးအခါက အသုံးပြုခဲ့ကြတဲ့အဆိပ်ကျနည်းလမ်းများကို သိမှတ်ထားနိုင်ဖို့အတွက် ဖော်ပြလိုက်ရပါတယ်။
မြွေဆိပ်၊ ကင်းဆိပ်များကို ကျဆင်းစေလိုပါက ဂေါ်ဖီထုပ်အမြစ်ကို ပြာချပြီး စားပေးပါ။ ကင်းမြီးကောက်လို အဆိပ်ရှိတဲ့သတ္တဝါကိုက်ပါက (ကြက်သွန်နီ)ကို ဓားနှင့်ကွင်းလှီးပြီး အစေးထွက်လာပါက ထိပ်ဝမှာ ကွမ်းစားထုံးသုတ်ကာ ကိုက်တဲ့နေရာကိုပွတ်၊ အရည်ညစ်ပြီး၊ သုတ်လိမ်းပေးနိုင်ပါတယ်။
မြွေဆိပ်၊ ကင်းဆိပ်တို့ကို ပျောက်ကင်းစေတဲ့ မြန်မာ့ဆေးနည်း နောက်တစ်မျိုးကတော့ ဆူးပန်းအပွင့်ကိုကြိတ်ပြီး သောက်ရင် ပျောက်စေနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် မြွေကင်းကိုက်တဲ့နေရာကို ကုလားချဉ်ပေါင်ကိုကြိတ်ပြီး အုံပေးနိုင်ပါတယ်။
အဆိပ်သင့်အနာအတွက်တော့ ခံပင်အမြစ်ကို ရေနှင့်သွေးပြီး သောက်နိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ အစာတစ်ခုခုစားမိပါက မြင်းခွာရွက်၊ ပိတ်ချင်းတို့ကို အမျှစီထောင်းပြီး ရေနွေးနှင့်သောက်ပေးပါက အဆိပ်ပြေစေနိုင်ပါတယ်။
ခွေးရူးအဆိပ်ပြေနည်းများကတော့ ခွေးရူးကိုက် ဒဏ်ရာပေါ်ကို ထန်းလျက်၊ နှမ်းဆီတို့နဲ့ ငဖြူကြီးအစေးတို့ကို ရောပြီး မကြာခဏ လိမ်းပေးပါက ခွေးဆိပ်ပြေစေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဆူးဖြူရွက်သတ္တုရည်ကို နွးနို့၊ ထောပတ်နဲ့ ကတိုးအနည်းငယ်တို့ကို သောက်ပေးပါကလည်း ခွေးဆိပ်ကျစေနိုင်ပါတယ်။
အဆိပ်သင့်ရောဂါအတွက်ဆိုရင် ကုက္ကိုအတွင်းခေါက်၊ အမြစ်ခေါက်၊ အစေ့အပွင့်တို့ကို နွားကျင်ငယ်ရည်နဲ့ တစ်နေ့သုံးခါတိုက်ပေးပါ။ ပိတုန်း၊ ပျား၊ငါးကြီးများ ကိုက်ပါက ကျောက်ချဉ်ကို သွေးပြီး လိမ်းပေးပါက ပျောက်ကင်းပါတယ်။
ပင့်ကူနက်ကိုက်ခြင်းခံရပါက ဆန်လှော်ကို စားပေးပါကအဆိပ်ကျစေပါတယ်။ ကင်းမြီးကောက်အဆိပ်တက်ပါက နနွင်းကိုမီးမှာထည့်ပြီး အခိုးကို ရှုပေးရပါတယ်။
ယခုနည်းလမ်းများဟာ မြန်မာ့ဆေးဆရာကြီးများရဲ့ ဆေးကျမ်းရင်းအစောင်စောင်က ထုတ်နုတ်ဖော်ပြထားတဲ့ အကောင်းဆုံးအဆိပ်ကျနည်းလမ်းများဖြစ်ပြီး ဆေးရုံဆေးခန်းနဲ့ဝေးတဲ့ နေရာမျိုးတွေရောက်တဲ့အခါ သက်စောင့်အဖြစ် အသုံးပြုနိုင်ဖို့ ဖော်ပြပေးခြင်းသာ ဖြစ်ပါကြောင်း။

Credit - ဆဋ္ဌမအာရုံမဂ္ဂဇင်း


Post a Comment