သင့်​အချစ်​​ရေး ပြိုကွဲ​တော့မယ်​ဆိုတာ မီးနီပြ​နေတဲ့ အချက်​ ၇ ချက်

သင့်အချစ်ရေး ပြိုကွဲတော့မယ်ဆိုတာ မီးနီပြနေတဲ့ အချက်များ

အချစ်ရေး ခိုင်မြဲဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ သူစိမ်းနှစ်ယောက် လက်တွဲတာဖြစ်တဲ့အတွက် စိတ်သဘောထားမတိုက်ဆိုင်တာတွေ ၊အမူအကျင့်မတူတာတွေရှိနေနိုင်ပါတယ်။ တစ်ချို့အတွဲတွေက ပြတ်စဲလိုစိတ်ရှိကြပေမယ့် အချိန်ကြာတဲ့အထိ နောက်ဆုံးမှာ လက်တွဲသွားတတ်ကြပါတယ်။ လူတိုင်းကတော့ လွယ်လွယ်နဲ့ ဘယ်သူမှ အဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။ ပြတ်ဆဲတော့မယ့် သင်တို့Relationship တစ်ခုမှာ ပြတ်ဆဲတော့မယ်အကြောင်းကို ပြနေတဲ့ မီးနီတစ်ချို့ရှိပါတယ်။


၁။ဆန့်ကျင်ဘက်အမြင်တွေရှိနေတာ
ဆန့်ကျင်ဘက်ဆိုတာဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့်ဒီနေရာမှာဆန့်ကျင်ဘက်ဖြစ်နေတာ သိပ်တော့မကောင်းလှပါဘူး။ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီဆိုရင် ရှေ့ဆက်ဖို့ အလုပ်မဖြစ်နိုင်ပါဘူး။ဥပမာအနေနဲ့ဆိုရင် မ၀ါဒီတစ်ယောက်နဲ့ ရှေးရိုးဆန်တဲ့ ပါတနာတစ်ယောက်ကိုပဲတွဲမြင်ကြည့်ပါ။ ဒါကြောင့်တစ်ယောက်ယောက်နဲ့ပတ်သက်ပြီး သင်အသည်းအသန်မခံစားရသေးခင်မှာ ဒီလိုအခြေအနေတွေကို စဉ်းစားထားဖို့လည်းလိုပါတယ်။


၂။မကြာခဏ ငြင်းခုန်ရတာ
အသေးအမွှားလေးတွေကအစ မကြာခဏငြင်းခုန်နေရတယ်ဆိုရင် သင်တို့နှစ်ယောက်က ဘယ်လိုမှ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့သူတွေမဖြစ်နိုင်ပါဘူး။ဒီလို ခဏခဏငြင်းနေရတာကြာရှည်မှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။


၃။သင်တို့ရဲ့ဆက်ဆံရေးက ကြောက်စရာကောင်းနေတာ
သင်တို့နှစ်ယောက်စလုံးက ခံစားလွယ်တာ ဒါမှမဟုတ် အလွန်အမင်း ဖြေရှင်းတတ်တာတွေက ပြဿနာရဲ့ အပေါ်ယံ လက္ခဏာတွေပါ။ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားသရွေ့ ဘယ်တော့မှနီးကပ်မှာမဟုတ်ပါဘူး။ အများစုက ပျော်ရွှင်နေကြတယ်လို့ သတ်မှတ်ထားတဲ့ စုံတွဲအများစုဟာ သူတို့ရဲ့ပြဿနာတိုင်းကို ရင်ဖွင့်ပြီး အတူဖြေရှင်းနေကြတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် သင်တို့နှစ်ယောက်ကြားထဲက ဆက်ဆံရေးကို ရင်းနှီးအောင်ကြိုးစားပါ။


၎။တစ်ယောက်ရဲ့မိသားစုကို တစ်ယောက်က မနှစ်သက်တာ
လူနှစ်ယောက်က တစ်ယောက်ရဲ့ မိသားစုကို တစ်ယောက် မနှစ်သက်မြို့ဘဲ ပြည့်စုံတဲ့ Relationship ကိုပိုင်ဆိုင်နိုင်ပါတယ် ဒါပေမယ့် စိတ်ထဲမှာတော့ မကျေနပ်မှုလေးတွေတော့ ရှိကိုရှိမှာပါ။ကြာလာရင် စိတ်ထဲကမကျေနပ်မှုလေးတွေက ပြဿနာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်ကို လက်တွဲမယ်ဆိုရင်တစ်ယောက်နဲ့တစ်ယောက်သူ့မိသားစုကိုယ့်မိသားစု အဆင်ပြေအောင်နေတာက အပြန်အလှန်လေးစားရာရောက်သလို ရေရှည်မှာ နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။

၅။သင့်ရဲ့ အတိတ်က ပြောစရာဖြစ်နေတာ
တစ်ခါတစ်ရံမှာ သင့်ရဲ့ အတိတ်ကို ပြန်ပြန်ပြီးသွားနေတာကလည်း စိတ်ပျက်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုပါ။ သင်အနေနဲ့ငယ်ငယ်က ရည်းစားတွေပွေရှုပ်ခဲ့တာဟာ ရန်ဖြစ်ဖို့ ကောင်းတဲ့  Reasonတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။ သ၀န်တိုတာက ကုသဖို့ခက်ပါတယ်။ဒီအချိန်မှာ သင်လုပ်ရမှာက သူတို့စိတ်ချရအောင်နေဖို့ပါပဲ။ ရည်းစားဘယ်လောက်ရှုပ်ခဲ့တာ၊ဘယ်လောက်တောင် မျက်နှာပွင့်တာဆိုတာတွေယောင်လိုတောင် မပြောပါနဲ့ သူတို့တွေးချင်တာတွေးပြီး ပြဿနာ ဖြစ်တတ်လွန်းလို့ပါ။

၆။စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုကို အခြေခံထားတာ
ရုပ်ပိုင်းဆိုင်ရာ စွဲဆောင်မှုက ခဏပဲကြာရှည်ခံတာပါ။အချိန်တွေကြာလာတဲ့အမျှ Relationshipရဲ့ အခြေခံအုတ်မြစ်ကယိုင်နဲ့တတ်လာပါတယ်။ အဲဒီလိုအချိန်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ဆိုင်တဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်မှု ၊ချစ်ခင်မှုတွေကပဲ ထိန်းပေးနိုင်တာပါ။လှတာပဲမက်လို့မရပါဘူး။ စိတ်ထားနဲ့ သင့်အပေါ်ထားရှိတဲ့ နားလည်မှု၊ချစ်ခင်မှုတွေပါ ညီမျှနေဖို့ လိုပါတယ်။

၇။တစ်ဖက်သတ် Relationshipဖြစ်နေတာ
တစ်ဖက်သတ်တည်း ဖြစ်နေတာကကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါက မမျှတတဲ့အပြင် ကြာရှည်ခိုင်မြဲဖို့မထိန်းနိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အပေးအယူမရှိတာက နှစ်ဦးနှစ်ဖက်လုံးကို ပင်ပန်းစေတဲ့အပြင် ကြာတဲ့အခါ ပိုဝေးကွာသွားစေပါတယ်။

သင့်အနေနဲ့ Relationship မှာ ဒီလိုအချက်လေးတွေရှိလို့ အဆင်မပြေတော့ဘူးလို့ခံစားနေရရင် တစ်ယောက်နဲ့တစ်ယောက် ညှိကြည့်လိုက်ပါဦး။

Ref:popsugar
Trend Myanmar


Post a Comment