အချက်​​တွေကို​သေချာကြည့်​ပါ သင့်​အ​နေနဲ့ ၅မှတ်​​ကျော်​ရင်​ဆီးချိုစစ်​ပါ

(၅) မှတ်ကျော်ရင် ဆီးချိုစစ်ပါ

>> မေးခွန်းနံပါတ် (၁)
သင့်အသက်ဘယ်လောက်ရှိပြီလဲ?
အသက် (၄၀) အောက်ဆိုရင် အမှတ်မပေးပါနဲ့
(၄၀-၄၉) နှစ်ဆိုရင် (၁) မှတ်
(၅၀-၅၉) နှစ်ဆိုရင် (၂) မှတ်
အသက် (၆၀) ကျော်ရင် (၃) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၂)
ယောက်ျားလား၊ မိန်းမလား?
အမျိုးသမီးဆိုရင် အမှတ်မပေးပါနဲ့
အမျိုးသားဆိုရင် (၁) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၃)
အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ဆီးချိုရှိတယ်လို့ စစ်ဆေးတွေ့ရှိဖူးလား?
မဖြစ်ဖူးရင် အမှတ်မပေးပါနဲ့
ဖြစ်ဖူးရင် (၁) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၄)
သင့်ရဲ့ အဖေ၊ အမေ၊ ညီ၊ အစ်ကို၊ ညီမ၊ အစ်မ တစ်ယောက်ယောက်မှာ ဆီးချိုရောဂါရှိနေသလား?
မရှိရင် အမှတ်မပေးပါနဲ့
ရှိရင် (၁) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၅)
သင့်မှာ သွေးတိုးရောဂါ ရှိနေသလား?
မရှိရင် အမှတ်မပေးပါနဲ့
ရှိရင် (၁) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၆)
သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှား နေတတ်လား?
နေတယ်ဆိုရင် အမှတ်မပေးပါနဲ့
မနေဖူးဆိုရင် (၁) မှတ်ပေးပါ

>> မေးခွန်းနံပါတ် (၇)
ကိုယ်အလေးချိန် ဘယ်လောက်ရှိသလဲ?
အောက်ကပုံမှာ ကြည့်ပြီး အမှတ်ပေးပါ
အရပ် ကိုအရင်ကြည့်ပါ ပြီးရင် မိမိကိုယ်အလေးချိန်ပါတဲ့အကွက်ရဲ့ အမှတ်ကိုယူပါ

မေးခွန်း (၇) ခုကရတဲ့အမှတ်တွေကိုပေါင်းလိုက်ပါ
----------
(၅) မှတ်နဲ့ အထက်ရနေပြီဆိုရင် ဆီးချိုရှိနိုင်ခြေများနေပါပြီ
ဆရာဝန်နဲ့ ပြပြီး စစ်ဆေးမှုခံယူပါ

Reference: American Diabetes Asociation

မဖြစ်သေးရင် စားသောက်နေထိုင်ပုံတွေ ပြုပြင်ပြီး အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်

Happy healthy and wealthy


Post a Comment