စာ​မေးပွဲ​ဖြေဆိုသူများ စိတ်​ဖိစီးမှု​လျော့ချနည်း

စာမေးပွဲဖြေဆိုသူများစိတ်ဖိစီးမှုလျော့နည်း

     လူအများစုမှာ စာမေးပွဲကြောင့် စိတ်ဖိစီးမှု
အနည်းအများတော့ ခံစားကြရမှာပါ။ စာမေးပွဲ
ဖြေဆိုတဲ့နေ့  မတိုင်မှီ မှာ စိတ်ဖိစီးနည်းနည်း
ရှိတာဟာကောင်းကျိုးရစေပါတယ်။ စိတ်ဖိစီး
မှုမရှိရင်သင်ထားတဲ့သင်ခန်းစာများကိုပြန်
လည်ကျက်မှတ်လေ့လာဖိုတွန်းအားနည်းနေ
တတ်လိုပါ။စာမေးပွဲနဲမကင်းနိုင်တဲ့သူတွေအ
တွက် စာမေးပွဲရက်တွေဟာပျော်ရွင်ဖွယ်မ
ကောင်းတဲ့နေ့ တွေပါဘဲ။ဒီလိုရက်တွေမှာစိတ်
ဖိစီးမှုကိုကောင်းကောင်းထိန်းချုပ်ပြီး သင်ခန်း
စာတွေကိုလေ့လာမှတ်သားနိုင်ရင်တော့
အောင်စာရင်းမှာ ကောင်းတဲ့ရလဒ်ကိုရှိမှာပါ။

စာမေးပွဲတွင်း စိတ်ဖိစီးမှု ပူပန်းမှု ခံစားရတဲ့အ
ခါ စာကျက်မှတ်ရခက်ခဲခြင်း|နံနက်ခင်းအိပ်
ယာကမထနိုင်ခြင်း|ကျက်ပြီးသားသင်ခန်းစာ
များမေ့လွယ်ခြင်း|နာကျင်ကိုက်ခဲခြင်း|
အစာစားလိုခြင်းမရှိခြင်း|
အားကစားလှုပ်ရှားမှုစိတ်
ဝင်စားမှုနည်းပါးခြင်း|ဂနာမငြိမ်ခြင်း|နှလုံးခုန်
နှုန်းမြန်ခြင်း|ခေါင်းကိုက်ခြင်းနှင့် မှူးဝေးအား
နည်းခြင်း စသော လက္ခဏာများဖြစ်ပေါ်လာ
တတ်ပါတယ်။ဒီလက္ခဏာတွေထဲက (၃)မျိုး
နှင့်အထက်ခံစားရင်တော့ စိတ်ဖိစီးမှုကို ဂရု
တစ်စိုက်ထိန်းချုပ်ဖို့ လိုနေပါပြီ။

    စာမေးပွဲတွင်စိတ်ဖိစီးမှုလျော့နည်းအောင်
အောက်ပါနည်းလမ်းများကိုအသုံးပြုပါ။

၁။ ကောင်းမွန်စွာစားသောက်ပါ။
     စာမေးပွဲတွင်း စွမ်းအင်ပိုမိုလိုအပ်ပါတယ်။
     လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီး
     ဟင်းရွက်များများစားပေးပါ။ကောင်းမွန်
     ပြည့်ဝတဲ့နံနက်စားဟာ စာကျက်မှတ်နေရ
     သူတွေကိုအပြည်လန်းဆန်းစေပါတယ်။စာ
     ကျက်မှတ်ရလွန်းလိုငြီးငွေ့ သလိုခံစားရင်
     သစ်သီးဖျော်ရည်အေးအေး ( သို့  )နွားနို့ 
     ပူပူတစ်ခွက်သောက်ပေးပါ။

၂။ စိတ်ဖိစီးမှုခံစားရတာကိုသတိပြုမိပါစေ။
     စိတ်ဖိစီးမှုခံစားရတဲ့အခါ မခံစားရသလို
     လျှစ်လျှူရှူမထားဘဲ ခံစားနေရတဲ့စိတ်ဖိစီး
     ပူပန်မှုတွေ ပြေပျောက်သွားအောင် အား
     ပေးဖေးမပေးပါ။အားပေးတတ်သောမိဘ
     ဒါမှမဟုတ် မိတ်ဆွေတစ်ဦးဦးနှင့် စကားစ
     မြည်းပြောဆိုလိုက်ပါ။

၃။ သူငယ်ချင်းနဲ့ သွားမယှဉ်ပါနှင့်။
    တစ်ကယ်လို့ သင်သူငယ်ချင်းကသင်ခန်း
    စာတစ်ခုကိုလေးကြိမ်ဘဲကြည့်ရသေးတယ်
    လိုသင်ရှေ့မှာညည်းထွားနေရင်နှစ်ကြိမ်
    လောက်ဘဲလေ့လာခဲရတဲ့သင်ကိုအကြီးအ
    ကျယ်ထိတ်လန့် သွားစေနိုင်ပါတယ်။လူ
    တစ်ဦးနှင့်တစ်ဦး သင့်ခန်းစာလေ့လာပုံချင်း
    မတူပါဘူး။တစ်ချိုကဖြည်းဖြည်းမှန်မှန်လေ့
     လာပြီး အားလုံးကိုမှတ်မိနေတတ်ပါတယ်။
    မြန်မြန်နဲအကြိမ်ရေများများလေ့လာပေ့မယ်
    ကျက်မှတ်ပြီးသား မေ့သွားတတ်တဲ့သူများ
    လည်ရှိပါတယ်။ဒါကြောင့် သင့်ရွေးချယ်
    ထားတဲ့စာကျက်မှတ်တဲ့နည်းလမ်းဟာသင့်
    အတွက်ကောင်းဆုံးပါဘဲ။

၎။ အိပ်ရေးဝအောင်အိပ်ပါ။
      အိပ်ယာမဝင်ခင် ခန္ဓာကိုယ်ကို အကြော
     လျော့ပြီးအနားယူပါ။အိပ်ယာထဲရောက်တဲ့
     အခါစာမကျက်ပါနဲတော့။အိပ်ချိန် (၈)နာရီ
     ရှိမှသာ မှတ်သားဥာဏ်စွမ်းအားကောင်း
     မွန်ပြည့်ဝတတ်ပါတယ်။

၅။ မကောင်းတဲ့အလေ့အထတွေရှောင်ပါ။
     အရက်|စီးကရက်နှင့်စိတ်ကြွဆေးများ မှီဝဲ
     ရင် ပို့ ပြီးစိတ်ဖိစီးမှုကိုခံစားရတာ ဦး
     နှောက်ကိုထိုင်းမှိုင်းလေးလံစေပါတယ်။

၆။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
     ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ
     ဟာစိတ်ဖိစီးမှုကိုအကောင်းဆုံးကုသနည်း
     တစ်မျိုးဖြစ်ပါတယ်။သင့်အချိန်ဇယားထဲမှာ
     အားကစားအစိစဉ်ကိုထည့်သွင်းပြီးပြုလုပ်
     အောင်ကြိုးစားပေးပါ။

၇။ အသက်ပြင်းပြင်းမရှူပါနဲ့ ။
     အသက်ပြင်းပြင်းရှူတာဟာစိတ်ပူပန်ထိတ်
     လန့် မှုကို ပိုဆိုးစေပါတယ်။စာမေးပွဲဖြေဆို
      ချိန်မှာ အာရုံစူးစိုက်လိုမရအောင်စိတ်ဖိစီး
      နေရင်တော့ နာခေါင်းကနေ အသက်ရှူ
      သွင်း/ရှူထုတ်တာကို ခဏတာအာရုံပြုပြီ
      တစ်ကနေ ငါးထိရေရွတ်လိုက်ပြီ စိတ်ငြိမ်
       မှုကိုရယူပါ။

၈။ စာမေးပွဲဖြေဆိုချိန်မှာစိတ်မညှစ်ပါစေနဲ့ ။
     စာမေးပွဲဖြေဆိုပြီလို တစ်ပုဒ်တစ်လေပုစ္ဆာ
     မှားတွက်မိခဲ့တာမျိုး|မေးခွန်းနဲအဖြေမ
     ကိုက်ညီတာမျိုးကြုံခဲ့ရင်စိတ်မညှစ်ပါနဲ
     တော့|နောက်တစ်နေ့ ဖြေရမယ့်ဘာသာ
     ရပ်အတွက် အနှောက်အယှက်ဖြစ်စေနိုင်ပါ
     တယ်။စာမေးပွဲမဖြေဆိုနိုင်ဘူးဆိုရင်
     တောင့်စိတ်ဖိစီးမှုပူပန်မှုတွေနဲ့  စိတ်မညှစ်
     ပါနှင့် စာမေးပွဲဆိုတာဘဝရဲအစိတ်အပိုင်း
     တစ်ရပ်ပါ။နောက်ထပ်ကြုံရမယ် စာမေးပွဲ
     ပေါင်းများစွာဖြေဆိုနိုင်ဖို့ ကိုသာအားမွေး
     ပြင်ဆင်ထားသင့်ပါသည်။

     Aung Win Hlaing


Post a Comment