ထက်​မြတ်​တဲ့မိန်းမဆိုတာ ​ယောက်ျားလခထုတ်​ရက်​ သိတဲ့မိန်းမ

ထက်မြက်တဲ့ မိန်းမ ဆိုတာ ယောက်ျား လခထုတ်ရက် သိတဲ့မိန်းမ။

ထက်မြက်တဲ့ မိန်းမ ဆိုတာ မိန်းမ စိတ်မဆိုးပါဘူး ယောက်ျားရဲ့ ဆိုပြီး အရင်က ရည်းစားဟောင်းတွေအကြောင်း ချော့မေးပြီး မေ့လောက်မှ ထ၀ုန်းတဲ့ မိန်းမ။

ထက်မြက်တဲ့ မိန်းမ ဆိုတာ အတူသောက်မယ် ယောက်ျားရေ ဆိုပြီး အမြည်းမှန်သမျှ လိုက်ကြိတ်တဲ့ မိန်းမ

ထက်မြက်တဲ့ မိန်းမ ဆိုတာ ပါ့စ်ဝါ့ တောင်းစရာမလိုပဲ ရော့ကြည့်လေ ဆိုပြီး ဖုန်းထိုးပေးလာအောင် ပြောနိုင်တဲ့ မိန်းမ (နားညည်းလို့ ပဲ ပေးပေး)

ထက်မြက်တဲ့ မိန်းမ ဆိုတာ စားချင်တာလေး ချက်ကျွေးပြီး ဆူပါမားကက်မှာ လိုချင်တာ ၀ယ်ပေးအောင် ချူနိုင်တဲ့ မိန်းမ။

ထက်မြက်တဲ့ မိန်းမ ဆိုတာ ဟင်းဟင်း……   ငါပဲလေ

Credit to Khin Nandar Kyaw
photo credit


Post a Comment