For Girls

🌸တန်​ဖိုးကြီးတဲ့ ပန်းက​လေး​များသို့ ..🌸

တကယ်​​တော့ မိန်းက​လေးဆိုတာ ..
သူမကို မြတ်​နိုးတန်​ဖိုးထားတတ်​တဲ့လူတစ်​​ယောက်​ရဲ့လက်​ထဲမှာရှင်​သန်​သင့်​တဲ့ ပန်း​လေးတစ်​ပွင့်​နဲ့တူတယ်​ ..

ကိုယ်​ကဘယ်​​လောက်​လှလှ ပညာတတ်​တတ်​ မြင့်​မြတ်​​နေပါ​စေ .. တန်​ဖိုးမသိတဲ့လူလက်​ထဲ​ရောက်​သွားရင်​ အလိုလိုတန်​ဖိုးမဲ့သွားတတ်​တယ်​ ..

ချစ်​လွန်းလို့ ​အရမ်းနားလည် မှု့ပေး လိုက်ရင် ကိုယ်ဘဲ ခံစား နာကျင်ရတယ် မိန်းက​လေး​တွေ ​တော်​​တော်​များများမှာ​တွေ့ရတယ်​ ..
စဉ်းစားကြည့်​​စေချင်​တယ်​ ..ကိုယ်​က​ပေးဆပ်​​နေတာနဲ့ တန်​ရဲ့လားဆိုတာ ..

> တခါမှားသွားလို့ တဘဝလုံးသူ့လက်​ထဲမှာ ​ကိုယ့်​ဘဝကိုဒီထက်​စုတ်​ပြတ်​သပ်​​နေ​အောင်​ ​ရေစုန်​​မျှောပစ်​မယ်​ဆို  ကိုယ်ဘဲ မှားမှာ​ပေါ့ .. အမှားထဲမှာ ဆက်​မှား​နေရင်​ အမှန်​ဆိုတာ ရှိလာပါ့မလား ..။

မိန်းက​လေးဘဝကက​လေ ကိုယ့်​ကိုတန်​ဖိုးထားမြတ်​နိုးတတ်​တဲ့သူနဲ့ပဲ ဆုံဆည်းသင့်​တာ ..။

လိုတာထက်​ပိုပြီး ​အောက်​ကျခံဆက်​ဆံ
နေရပြီဆိုရင်​ ..ပြတ်​သားနိုင်​ဖို့ ကြိုးစားပါ .. ဥပက္ခာပြုနိုင်​ဖို့ကြိုးစားပါ .. ကိုယ့်​ကို လှပတဲ့ဘဝမျိုး​ဖြစ်​အောင်​ ​ပေးဆပ်​ခဲ့တဲ့မိဘမျက်​နှာကိုမြင်​​ယောင်​ပါ ..။

ကိုယ့်​တန်​ဖိုးကို နားမလည်​တဲ့သူအတွက်​ ဒီထက်​ပိုပြီး မ​ပေးဆပ်​ပါနဲ့ ..။ ကိုယ့်​တန်​ဖိုးကိုဘယ်​သူမှ မသိချင်​​နေ ကိုယ်​တိုင်​သိပြီးတန်​ဖိုးထားတတ်​ပါ​စေ ..။

တန်ဘိုးကြီးသော ပန်းတိုင်း တန် ဘိုးရှိအောင်
နေတတ် ရပါမည်......
Credit
#မုန်းမာန်ခ

Post a Comment