စိတ်​ပူတက်​​သော​ယောက်ျား

စိတ်ပူတတ်တဲ့ ယောက်ျား

ခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူတတ်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကံကောင်းတာပေါ့။ သူတို့တွေဟာ သင့်ဘဝအတွက် မရှိမဖြစ် လိုအပ်တဲ့ သူတွေဖြစ်ပါတယ်။

၁။ ခဏခဏ ဖုန်းဆက်တယ်
မိမိခရီးသွားတာ ဖြစ်ဖြစ်၊ အပြင်ကို သွားတာဖြစ်ဖြစ် ခဏခဏ ဖုန်းဆက်ပြီး မေးတဲ့ ခင်ပွန်းမျိုး ချစ်သူမျိုးတွေဟာ စိတ်ပူတတ်တဲ့ ယောက်ျားမျိုး ဖြစ်ပါတယ်။ စိတ်ပူတဲ့ အတွက်ကြောင့်
ခဏခဏ ဖုန်းဆက်ခြင်း ဖြစ်ပါတယ်။

၂။ နာမကျန်း ဖြစ်တဲ့အခါ
မိမိက အနည်းငယ် နာမကျန်း ဖြစ်တဲ့ အခါမှာ စိတ်ပူတတ်တဲ့ ယောက်ျားများ အနေနဲ့ကတော့ ဘေးကနေပြီးတော့ ပြုစု ယုယပေးပါလိမ့်မယ်။ မိမိစားချင်တာတွေ လုပ်ပေးလိမ့်မယ်၊ မိမိအတွက် အသေးစိတ်ကို သူတို့တွေက ပြုစု ယုပေးပါလိမ့်မယ်။

၃။ စိတ်ပူတာကြောင့် ဒေါသထွက်တယ်
မိမိခင်ပွန်း (သို့) ချစ်သူဟာ စိတ်ပူလွန်းပြီး ဒေါသတကြီး အော်ငေါက်တာတွေ ရှိချင် ရှိပါလိမ့်မယ်။ ဒါတွေဟာ တကယ်တော့ စိတ်ပူလို့ ဖြစ်သွားရတာပါ။ သူ့ကို နားလည် ပေးလိုက်ပါ။

၎။ မွန်းကျပ်သလို ခံစားရမယ်
စိတ်ပူပြီး မိမိကိုယ် ပြုစုယုယတယ်၊ ဖုန်းတွေ ဆက်တယ် စသဖြင့် လုပ်ပေးတဲ့ ယောက်ျားမျိုးကြောင့် တစ်ခါတစ်လေ မွန်းကြပ်သလိုမျိုး ခံစားချင် ခံစားရလိမ့်မယ်။ သူတို့ရဲ့ချစ်တဲ့ စိတ်ကို နားလည်အောင်
ကြိုးစားပါ။

၅။ တစ်ခါတစ်လေ ကလေးဆန်တယ်
စိတ်ပူတတ်တဲ့ ယောက်ျားတွေဟာ တစ်ခါတစ်လေဆို အော်တယ်၊ ပြီးရင် ငိုချင်ရင်လည်း ငိုချလိုက်တာပဲ သူတို့တွေဟာ ကိုယ့်ချစ်သူအတွက် ကလေးဆန်လွန်းတဲ့ ကလေးဆိုးကြီးတွေ ဆိုလည်း မှားမယ်မထင်ပါဘူး။

ဓာတ်ပုံ - Wikihow
ကျော်လင်းနိုင် (ရိုးရာလေး)


Post a Comment