နှာ​ခေါင်း​ပေါ်မှ အမဲစက်​/မှဲ့​ခြောက်​များကိုဖယ်​ရှားနည်း

နှာခေါင်းပေါ်မှ မှဲ့ ခြောက်များကို ဖယ်ရှားနည်း
-----------

နှာခေါင်း နှင့်မျက်နှာ ပေါ်ရှိ အမဲစက်များ ဟာ ဟော်မုန်း အပြောင်းအလဲ နှင့် အလှကုန် ပစ္စည်း များ အသုံးပြု၍ ကျန်ခဲ့ရာမှဖြစ်ပေါ်လာတတ်သည်။

လွယ်ကူရိုးရှင်းသော အိမ်တွင်း ကုထုံးလေးများ ကို တင်ပြပါမယ်။

၁) မုန့် ဖုတ့်ဆော်ဒါ လက်ဖက်စားဇွန်း ၂ ဇွန်း နှင့် ရေ အနည်းငယ်ရောသမလိုက်ပါ။ အမဲစံရှိသော နေရာသို့ ပွတ်လိမ်း ပေးပါ။
ခြောက်အောင်မိနစ်အနည်းငယ်ထား၍ရေနွေး နွေးနှင့် ဆေး လိုက်ပါ။ မုန့် ဖုတ် ဆော်ဒါသည်ဝက်ခြံအ တွက်လဲကောင်းပါသည်။

၂) နောက်တစ်နည်းကတော့ ပျားရည် ပါ။ ပျားရည် ဟာ အဆီပြန်တဲ့အသားအရည်အတွက်ကောင်းပါတယ်။ ပျားရည်စစ်စစ်ကို မျက်နှာပေါ်သုတ်လိမ်း ၍ ၁၀ မိနစ် ခန့် ထားပြီး ရေဆေးလိုက်ပါ။

Credit to Dr.Marie
(သိလိုရာမေး online ဆေးခန်း)


Post a Comment