အ​လျော့​ပေး၍ချစ်​တက်​ပါ​စေ

အလျှော့ပေး၍ ချစ်တတ်ပါစေ ************************ အဓိကကတော့ သမီးရည်းစားတွေကြားက အတွေ့ရအများဆုံးအခြေအနေကို ပြောပြရေးချချင်တာမျိုးပေါ့နော် .. နားလည်မူလေး ငုပ်ကွယ်တဲ့ ခန မှာ ဒေါသထွက်ကြ အော်ကြဟစ်ကြ အပြစ်တွေဖော်ကြ .. အဲ့ထက်ပိုပြီး ပြင်းထန်လာရင် ဆဲကြတယ် .. အဖေ အမေတွေပါ ကိုင်တုပ်ပြီး ဆဲမိကြတယ် ..အဆိုးဆုံးက တွန်းထိုး ရိုက်ပုတ်ကြတာမျိုးအထိပေါ့ .. ဒါဟာ Relationship ချိတ်ဖူးသူတိုင်း နီးပါးမှာ တွေ့ကိုတွေ့ရမယ့် ကိစ္စတွေ .. စိတ်အခန့်မသင့် နားလည်မူယိုင်နဲ့ပြီး သဘောထားမတိုက်ဆိုင်တဲ့ ခနလေးမှာ တစ်ယောက်က ဝုန်းဆို မီးထတောက်ရင် အခြားဖက်က လဲ ဝုန်းဆိုပြန်ချဲလိုက်ကြတာမျိုး .. သံသယအားက ကောင်းနေတော့ ဒေါသကို လေပင့်ပြီး အရှိန်ပြင်းစေတာကိုး .. ကဲ .. စပြီ .. ရန်ဖြစ်ကြပြီ ဆိုတာနဲ့ ... အနိုင်ရလိုစိတ်နဲ့ ရန်ဖြစ်ကြတာထက် တဖက်က အလျှော့ပေးမလားဆိုပြီး အလျှော့မပေးလို့ဆိုပြီး အော်ကြဟစ်ကြ ဆဲကြ .. တယောက်အပြစ်တယောက်ဖိနင်းပြောကြ နဲ့ ... သံသယစိတ်က မီးရှို့ပေးတော့ ဒေါသက ပိုပြင်းပြီး အဖေ အမေတွေပါ ထည့်ပြီး ဆဲလာကြတယ် .. အဆိုးဆုံးက လက်တွေပါ ပါလာတဲ့အထိ .. တွန်းထိုး ရိုက်ပုတ်ကြတယ် .. အခုခေတ်ဆို Facebook ပေါ်တက် Public နဲ့တင်ပြီး ရန်ဖြစ်ကြတာမျိုးအထိ လုပ်တတ်ကြတယ် .. ဒေါသ ထွက်နေပြီလေ .. လုပ်သင့် မသင့် ထက် ဒါမျိုးလုပ်ရင် သူ အမှန်မြင်မယ် ဝန်ခံမယ် အလျှော့ပေးမယ်လို့ ယူဆမိနေပြီ ကိုး ... အဲ့ဒီ ရန်ဖြစ် စကားများအော်ဟစ်နေကြတဲ့အချိန်ဆိုရင် ကိုယ်နဲ့ရန်ဖြစ်နေသူကို ခနထား .. ကိုယ့်ကိုယ်၌ကို ပြန်ကြည့်ကြည့်ရင် ပူလောင်နေတာ .. ရင်ဘက်ထဲမှာလဲ ပူလို့ .. ခေါင်းထဲမှာလဲ ပူလို့ .. မျက်နှာက အကြောတွေ မျက်လုံးက အကြောတွေဆို တင်းပြီး စပ်လို့ .. ပင်ပန်းတယ်ဗျ .. တဖက်က ကိုယ့်ရဲ့ ချစ်သူလဲ ထပ်တူပင်ပန်းတယ် .. ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုရော စိတ်ကိုရော နှိပ်စက်နေတာလို့ပဲ မြင်တယ် .. အလားတူပဲ .. ကိုယ့်ချစ်သူရဲ့ ခန္ဓာကိုယ်ရော စိတ်ကိုပါ နှိပ်စက်နေတာလို့ပဲ သတ်မှတ်ချင်တယ် .. တယောက်အပေါ်တယောက်အနိုင်ရချင်လို့လားဆိုတော့လဲ မဟုတ်ဘူး .. အဓိကက Relationship တွေထဲက 90% လောက်က အဲ့လိုတွေဖြစ်ကြလို့ ပြတ်ကြလား , လမ်းခွဲလိုက်ကြလားဆိုတော့လဲ မဟုတ်ဘူး .. အားရပါးရ ရန်ဖြစ်ဆဲဆိုကြပြီး ခနအကြာ တရက်အကြာ တပတ်အကြာမှာ ပြန်ပြီး အဆင်ပြေသွားကြတော့ ဆဲခဲ့ပြောခဲ့ သိက္ခာကျခဲ့သမျှပဲ အဖတ်တင်ကျန်ခဲ့တာချည်းပဲ .. အဲ့ဒီတော့ဗျာ .. တကယ်မှ မပြတ်စဲနိုင်ကြပဲနဲ့တော့ သိက္ခာအကျမခံကြပါနဲ့ .. သိက္ခာမကျပါစေနဲ့ .. ကိုယ့်ကိုယ်ကိုယ်လဲ မနှိပ်စက်ကြပါနဲ့ .. ကိုယ့်ချစ်သူကိုလဲ မနှိပ်စက်ကြပါနဲ့ . အလျှော့ပေးပြီး ကြေအေးမယ့်လမ်း ရွေးတာကို ငါသိက္ခာကျသွားပြီ ငါ့ကိုအထင်သေးသွားမှာလား ငါရှေ့လျှောက်အနိုင်ခံရတော့မှာလားလို့ မတွေးကြပါနဲ့ .. ပြသနာကို ပညာရှိစွာ ချဉ်းကပ်တတ်သူမို့သာ လုပ်ဆောင်နိုင်တာပါ .. အလျှော့ပေးပြီး ပြေလည်ကြေလည်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ပါစေ လို့ တိုက်တွန်းအကြံပြုပါရစေဗျာ .. စိတ်ချမ်းသာမူများ မွေးဖွားကြံဆောင်နိုင်ကြပါစေ 🙏🏻 #ကိုယ်တွေ့ဖြစ်ရပ်များမှ 😝 မှတ်စုကြမ်း -#ညီရိုး


Post a Comment