မှဲ့နဲ့ အချစ်ရေး

🌟#မှဲ့_ကပြောပြတဲ့_သင့်ရဲ့_အချစ်ရေး✨

"နဖူး..ပေါ်က မှဲ့ပိုင်ရှင်"…💢😉
(သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်
ယောက်ရတတ်တယ်။ အဲ့ချစ်သူက အနိုင်ယူတာ ခဏခဏ
ငိုအောင် စိတ်ညစ်အောင် လုပ်တာကြုံရတတ်တယ်။ဒါပေမယ့်
အဲ့ချစ်သူကပဲ သင့်ကို သစ္စာရှိရှိ ချစ်မယ့်သူ ဆိုတာမမေ့နဲ့)

"မျက်ခုံး..တစ်ဝိုက်က မှဲ့ပိုင်ရှင်"…💢😉
(အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်တယ်။ စန်းပွင့်ပြီး
လူချစ်လူခင် ပေါတယ်။ အသေရရ အရှင်ရရ ချစ်ပြမယ့်သူ
တွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်
မယ်။ တကယ်တမ်း အချစ်နဲ့ပက်သက်ရင် ကံနိမ့်တတ်တာ
ကိုယ်ကိုယ်တိုင်ပဲ သိတယ်)

"မျက်လုံးအိမ်..ထဲက မှဲ့ပိုင်ရှင်"…💢😉
(မာနကြီးတယ်။ ရည်းစားတစ်ယောက်ကို လွယ်လွယ်မထား
တတ်ကျဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာ ~ မုန်းပြီဆိုရင်လည်း
သံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်း ပြတ်
သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး)

"နားရွက်..ပေါ်က မှဲ့ပိုင်ရှင်"…💢😉
(ကတိတစ်ခုကို တည်မှကြိုက်တယ်။ ချစ်စရာကောင်းတဲ့ ဆွဲ
ဆောင်မှု တစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားကြတယ်။ ချစ်သူ
သက်တမ်း ကြာရှည်စွာဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာ
တွေ ဖန်ဆင်းပေးတတ်တဲ့ ချစ်သူကြောင့် ဘဝတစ်လျှောက်
ရင်ခုန်သံတွေ ဆူညံနေရလိမ့်မယ်)

"နှာခေါင်း..ပေါ်က မှဲ့ပိုင်ရှင်"…💢😉
(သာယာတယ်လေ။ သိပ်ချစ်ပြတာ ကိုယ့်ဘက်က..ပြန်ရတယ်
လေ နောင်တတွေ အပြုံလိုက်။ ငိုခဲ့ရလွန်းလို့ ကျလိုက်တဲ့
မျက်ရည်တွေ…ရေအားလျှပ်စစ်ပါ ထုတ်လို့ရလောက်တယ်။
ဒါလည်း မှတ်လားမေးကြည့်လိုက်ပါဦး)

"နှုတ်ခမ်း..နားက မှဲ့ပိုင်ရှင်"…💢😉
(ဘယ်လိုနေနေ လှနေရော။ ဖျက်ခနဲ ရီလိုက်တာက သူတို့ရဲ့
အားသာချက် လက်နက်ပဲ။ အဲ့အပြုံးကို မြင်လိုက်ရတဲ့သူတိုင်း
သေမလို ရှင်မလို ဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်က ပြင်းတယ်။
လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူက ရက်စက်စွာ
ဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်)

"ပါး..ပေါ်က မှဲ့ပိုင်ရှင်"…💢😉
(ရည်းစားရဖို့ ဘယ်တော့မှအောက်ကျမခံဘူး။ သေလောက်
အောင်ချောနေ လန်ထွက်နေပါစေ သဲသဲလှုပ် ချစ်မပြတတ်ဘူး
ကိုယ်က ချစ်တဲ့သူထက် ကိုယ့်ကို ချစ်တဲ့သူနဲ့ပဲ ဖူးစာပါရော)

"လည်ပင်း..နားက မှဲ့ပိုင်ရှင်"…💢😉
(ချစ်မယ့်သူတွေ ပေါတယ်။ချောမောလှပတဲ့သူတွေ ဖြစ်ပေမယ့်
ရည်းစားဆို ကိုယ့်ထက်ပိုချောတဲ့သူ မရတတ်ကြဘူး။ အထူး
ခြားဆုံးက အသံ။ စွဲမက်စရာ ဖြစ်နေတတ်တာ 9+ ပဲ။
ကိုယ့်ထက် အသက်ပိုကြီးတဲ့"ကြီး/မြီး"ေတြက အေသအလဲ
ကြွေခြင်း ခံရတတ်တယ်။ မျက်ရည် အကျမလွယ်တတ်ဘူး)

                                           💢😉

Post a Comment