သောင်​​ပေါ်က နှစ်​ချို့သရဲကြီး

သောင်​​ပေါ်က နှစ်​ချို့ သရဲကြီး

  ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် နန်းတော်ကုန်းကျေးရွာရဲ့ အရှေ့ဘက်မှာ ဧရာဝတီမြစ်ကြီးက အိနြေ္ဒရှင် ပီသစွာ စီးဆင်းလျက်ရှိနေ ပါသည်။ကိုဒီဒူးတယောက် ဧရာဝတီမြစ်လယ်၌ပေါ်ထွ န်းနေသော သောင် ပြင်ပေါ် ညဘက် ပဲခင်းစောင့် ငှက်ပျောတောကို လှည့်လည်ကြည့်ရှု့ရင်း အန္တရာယ်ကင်းလောက်သည့်အခါမှ တဲအတွင်းပြန်ဝင်ကာ ရေနွေးသောက်ရင်း အသံဗလံများ အားနားစွင့်နေလေသည်။


   သောင်မှာမြစ်ရဲ့ အလျားလိုက် ရှည်သဖြင့် ကိုင်းကြိုးများမှာ တကြိုးနက်တကြိုး အလှမ်းဝေးလှပေသည်။ဟိုဘက် တဲတွေကလဲ မီးမရှိ မဲမှောင်နေလေသည်။ ငါလဲ တရေးလောက်အိပ်အုံးမှဘဲ ဟု ရေရွတ်ကာ ရေနံဆီမီးခွက်အား မှုတ်ကာ ခြင်ထောင်အတွင်းသို့ ဝင်ခဲ့လေသည်။မှေးခနဲအိပ်ပျော်စဉ်မှာပင် `ကိုဒီဒူးရေ လာပါအုံးဗျာ ကျွန်တော့်ကို သူခိုးလားမသိဘူး ဇာတ်ပိုးဝင်အုပ်သွားလို့ လိုက်ရှာတာလဲ မတွေ့ဘူးဗျ ဟု မိမိ၏တဲနှင့် ခပ်လှမ်းလှမ်းမှ အားကိုးတကြီး လှမ်းခေါ်သံကြောင့် ဦးဒီဒူးတယောက် ခြင်ထောင်အပြင်ထွက်ကာ ဓာတ်မီးထိုး၍တဲအပြင်ထွက်လာခဲ့လေသည်။


ဟုပ်လို့လားဗျာ ခင်ဗျား အိပ်မက်မက် ပီးယောင်နေတာလား?ဟု မသတီသလိုအမေးကြောင့် ကိုလေးမောင် အတော်စိတ်ဆိုးသွားကာ `ဒီမှာကြည့် ကျုပ်ဇာတ်ပိုးကို ဟု ဓာတ်မီးနှင့်ထိုးကာ ပြသဖြင့်ကျိမိရာ ဟာ လက်ချောင်းရာတွေပါလား ´ဟု အထိတ်တလန့်ဖြင့် ကိုဒီဒူး မျက်နှာပျက် သွားလေသည်။`ကဲပါဗျာ လာပါ ခင်ဗျားတဲထည်းမှာ ကျုပ်အဖော် လုပ်ပီးစောင့်အိပ်ပေးမယ် လာပါစေ သူခိုး ကျုပ်နဲ့တွေ့ရင် ပြေးမလွတ်ပါဘူး ကိုလေးမောင် စိတ်ချလက်ချအိပ် ´ဟုပြေားပီး ၎င်းတဲထဲသို့ အတင်းဆွဲခေါ်ကာ ကိုလေးမောင်အား အိပ်စေသည်။ကိုဒီဒူးလဲ ဟိုအကြောင်း ဒီအကြောင်းစဉ်းစားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။


     ` ဒေါင် ´`ဒေါင် ´နာရီပြန် နှစ်ချက်တီးလေပီ။ ကိုဒီဒူးတယောက် မိမိ ခန္ဓာကိုယ် ပေါ် တစုံတယောက် ရောက်ရှိနေသဖြင့် အလွန်ကိုလေးလံနေလေ သည်။လက်နှင့် တွန်းချရန် လက်အားလှုပ်ရှားမှု့ပြုရန် သတိဝင်လာသော်လည်း လှုပ်မရ။ `ဟာ´ကိုဒီဒူးအကြီးအကျယ် ကြောက်ရွံ့သွားလေသည်။ဝိုးတဝါး လရောင်အောက် မြင်လိုက်ရသည်က ပုဆိုး ခါးတောက်းကျိုက် ပေါင်မှာ ထိုးကွင်းကြီးများက အကွင်းလိုက်အကွင်းလိုက် အထင်းသား။ ခေါင်းမှာ သျှောင်ကို တစ်ပတ်လျှိုထုံးထားသော အင်္ကျီမပါ အသားအရေ မဲညစ်ညစ် လူတယောက်။ ထွားကြိုင်းချက်က မိမိတို့ ၂ကိုယ်စာက အသာလေး။ ကိုဒီဒူး ပါးစပ်က ဟေ့လူ ကျုပ်ပေါ်က ဆင်းဟု ပြေားရန်ဟသော်လဲ အသံက ထွက်မလာ ။`လား လား ´ခက်ချေပီ။ မကြောက်တက်ပေမဲ့လဲ သည်လိုအခက်ကြုံနေတော့ လူသားမဟုပ်မှန်း အတပ်သိနေသဖြင့် မနောစိတ်နှင့် ဖယ်ခိုင်းလေသည်။ မဖယ်ဘူး ကွာ မင်းကိုငါသတ်ဘို့ကြိုးစားနေတာ ၃လေးခါ မနည်းတော့ဘူး မင်းအတော် ကံကောင်းနေတယ်ပေါ့ ဟုပ်လား ဒီတခါတော့ ငါ့ဂွင်ထဲ ရောက်လာပီပေါ့ကွာ ဟု ပြေားရင်း မိမိ လည်တိုင်ဆီသို့ သူ့လက်ကြီးရောက်အလာ ကိုဒီဒူး မနောစိတ်မှ ဘာ့ကြောင့် ငါ့ကိုသတ်ချင်တာလဲ မင်းနဲ့ငါ ဘာရန်ငြိုး ရှိလို့လဲဟု ပြန်မေးရာ မင်းက ဘုရားလဲ မရှိခိုးဘူး ငါ့အတွက် အမျှလဲ မဝေဘူးးနောက်ပီး ငါက ရေစီးနဲ့မျောလာရင်း ကမ်းတင်ကျန်ခဲ့လို့ သောင်ပိုင်က ငါ့ကိုပြန်မလွှတ်ဘဲ ဒီဇီးပင်မှာ နေရာပေးထားတာ ငါ့ကိုလဲ မထီမဲ့မြင်လုပ်တယ် အာ့ကြောင့် ငါသတ်ချင်တာ ´ဟု လူမဲကြီး ပြေားစကားကြောင့် ကိုဒီဒူးက `နေအုံးဟေ့လူ ကျုပ်ကိုချုပ်ထားတာ လွှတ်ပေး ကျုပ်က ခင်ဗျားပြေားတဲ့သူ မဟုပ်ဘူး။ ကျုပ်က ဟိုဘက်တဲက ဗုဒ္ဓ ဘာသာ။  ဘုရားလဲ ရှိခိုးတယ် သောင်ပိုင် တွေကိုလဲ အမျှဝေတယ် ။ ခင်ဗျားလူမှားနေပီဟု ပြေားလိုက်ကာမှပဲ မိမိလက်အားချုပ်ထားပီး ခွစီးထားသော လူမဲကြီး မှာ လူမှားမှန်းသိသဖြင့် လွှတ်ပေးကာ တဲအပြင်ထွက်ပြေးသွားလေသည်။ လှုပ်လို့ရသော အနေအထားရလာသဖြင့် ဟိုဘက်ကန်ကျိ ဒီဘက်ကန်ကျိကာ ကိုလေးမောင်အား ကန်မိသဖြင့် ကိုလေးမောင်ကနိုးလာကာ `ဟေ့လူ ဘာဖြစ်တာလဲ ´ဟု အတင်းပုတ်နှိုး၍ ထထိုင်လိုက်လေသည်။ `တော်ပီ ကျုပ်ဒီတဲမှာ မအိပ်တော့ဘူး ကျုပ်တဲကျုပ်ပြန်မယ် ခင်ဗျားဘာသာ ဆက်အိပ်တော့ဟု ကိုဒီဒူးပြေားကာ မိမိတဲသို့ အပြေးတပိုင်းနှင့် ပြန်ပြေးလာခဲ့လေတော့သည်။


  မနက်မိုးသောက်သော် ကိုဒီဒူး ကိုလေးမောင်အား ခေါ်ကာ မိမိတို့ရွာရှိရာ နန်းတော်ကုန်းတဘက်ကမ်းသို့ လှေဖြင့် ပြန်ကူး၍ အိမ်နားပတ်ဝန်းကျင်က လူကြီးသူမများအား ပြေားပြကာ ကိုလေးမောင်အတွက် အန္တရာယ်ရှိကြောင်း အသိပေးပီး ထို အကောင်ကြီးအား နှင်ထုတ်ရန် တိုင်ပင်ကြလေသည်။
    

နတ်ကတော် တယောက်အား ခေါ်ကာ ဓနုဖြူမြို့ နဂါးကိုးကောင်ဆရာတော်က ထိုအကောင်ကြီးအား ဝင်ရောက်ပူးကပ်စေသည်။ `ဟဲ့ ခုဝင်ရောက်နေတဲ့ပုဂ္ဂိုလ် က ဘယ်ကလဲ ဘာလို့ နှောက်ယှက်နေတာလဲ ´ဟု မိန့်ရာ တပည့်တော်က အထက်ဘက်ကပါ ဆရာတယောက်က အတိုက်အခိုက် လုပ်ပီး သစ်နဲ့အတူထားရှိတာကြောင့် ထိုသစ်မျောရာသို့ လိုက်ပါပီး ကမ်းတင်ကျန်ရစ်သော သည်သောင်ပေါ်တွင် နေထိုင်ရပါတယ် ဆရာတော်ကိုကြောက်ပါတယ် နောက်မို့ဆို ဒီမသာကို အရှင်မထားဘူး ငါက သတ်ပစ်မှာ ဟု ကြောက်မက်ဖွယ် အသံသြသြကြီးနှင့်ပြေားလေသည်။


နတ်ဝင်သည် မှာဆံပင် ဂုတ်ထောက်ရှိသဖြင့် သရဲဝင်ပူးသောအခါ ဆံပင်များ မျက်နှာပေါ်အုပ်ဆိုင်းနေလေသည်။ နင့်အသက်ဘယ်လောက်ရှိပီလဲ 129နှစ်ရှိပီ ဒီမှာကျိပါ ဟု ဆံပင်များ ဖြဲရဲ၍ ၎င်း၏မျက်နှာဆိုးကို ပင့်ကာ ပါးစပ်အား ဖြဲပြရာ မိမိတို့လို လူပိန်းများကတော့ သာမာန် လူပါးစပ်ပင်။သို့သော် ဆရာတော်က `ဟအား နင့်အစွယ်က အတော်ရှည်နေပီပဲ နင်မကျွတ်ချင်ဘူးလားဟု´မေးရာ ကျွတ်ချင်ကြောင့် မိမိနေသော ကိုင်းကြိုးပေါ်က ကိုလေးမောင်မှာ မူစလင်ဖြစ်၍ ဘုရားမရှိခိုး အမျှမဝေ မိမိအား စော်ကားသော အမူအရာ ပမာ မခန့် ပြုလုပ်ခြင်းကြောင့် အသက်နုတ်၍ နေရာခြင်း လူလဲရန်ကြိုးစားနေကြောင်း ပြေားလေသည်။ ထိုအခါ ဆရာတော်က မပူနဲ့ နင့်ကို ငါတို့ အလှူလုပ်ပေးမယ် သာဓုခေါ်မလား ဟုမေးရာ 
`ကျွတ်ချင်တယ် ဒါပေမဲ့ အထက်အမိန့်က ကျွတ်တမ်းမပေးသေး ရင် နေရပ်ကိုပြန်ပို့ပေးပါဟု ပြေားရာ ဆရာတော်က ကောင်းပီ နင့်ကို တစ်ပတ်အချိန်ပေးမယ် တစ်ပတ်အတွင်း ငါ့ကို အိပ်မက်လာပေး ဟုပ်ပလား ဟုမေးရာ သဘောတူကြောင်းပြေားပီး ထွက်သွားလေသည်။


   တပတ်ပြည့်ရန် တသ်ရက်အလိုမှာပင် ဆရာတော်အိပ်မက်ရလေ သည်။ကိုလေးမောင်တို့ အိမ်သို့ဆရာတော်ကြွလာသော် ကိုလေးမောင်တို့မှာ မူစလင်ဖြစ်သော်လည်း ဗမာကြားတွင်နေထိုင်သူများမို့ ရိုသေမှု့တော့ရှိကြသ ည်။ ဆရာတော်အား ဖျာခင်းပေးကာ ကဲ ဒါကာကြီးတို့ဆိုင်ကယ်ငှါး သူ့ကို ငါ့တို့မြို့ပြင်ပို့ပေးရမယ် ဘုန်းဘုန်းကိုယ်တိုင်လိုက်ပို့ပေးမယ် အခုချက်ချင်း စီစဉ်ပါဟု မိန့်သဖြင့် သတ္တိ ကောင်းသော ဆိုင်ကယ် ကယ်ရီသမားအား ငှါးလေသည်။ ဘယ်သူများလဲလို့ သာဂိ ကိုး။ သာဂိက ဆိုင်ကယ်ကယ်ရီ ဆွဲစားနေသူတယောက်။ ဘုန်းဘုန်း တာပေါ်သို့ကြွကာ `ကဲ ဒါကာကြီး နေရပ်ပြန်ချင်ရင် ဘုန်းကြီးလိုက်ပို့မယ် ခုဆိုင်ကယ်ပေါ်ကိုတက် ဘားမှမဖြစ်စေရဘူး ဘုန်းကြီးအာမခံတယ် တက်ပါ ဒါကာကြီးဟု မိန့်ပီး သိပ်မကြာ ဆိုင်ကယ်မှာ အိကနဲ နိမ့်ကျသွားရာ သာဂိတယောက် မျက်လုံးပြူးကာ ခြောက်ချားသွားလေသည်။ မကြောက်နဲ့ဒါကာ သာဂိ သူမင်းကို အန္တရာယ်မပြုပါဘူးကွာ ဟုမိန့်ကာမှ သာဂိ အနည်းငယ်အသက်ရှု ရလေတော့သည်။ ကဲစထွက်မယ်ဟေ့ ဟု ဆရာတော်မိန့်သဖြင့် ဆိုင်ကယ်စက်နှိုး၍ စထွက်ရာ သာဂိဆိုင်ကယ်မှာ ရှေ့မတက် ယက်ကန်ယက်ကန် နှင့်ပင် ။ ဘုန်းဘုန်းက သိသဖြင့် ကဲ ကူညီလိုက်ပါကွာ ဟုပြေားအပီး ဆိုင်ကယ်မှာ အနည်းငယ်ရှေ့ရောက်ပီး အရှိန်ရသဖြင့် အိပဲ့အိပဲ့နဲ့ပင် တဖြေးဖြေးရွေ့သွားလေသည်။ သာဂိအတော်ထိန်းမောင်းနေရသည်မှာ ကျိရုံနှင့်သိသည်။ ချွေး သီးချွေးပေါက်တွေကျကာ အံကြိတ်၍ ထိန်းမောင်းရင်းနှင့်ပင် မြို့အပြင်ရောက်ပီး သွားလိုရာသွားဟု ခွင့်ပေးကာ ဆရာတော်တို့ပြန်ကြွလာကြသည်။


ကဲ ကိစ္စတွေလဲ ပီးပီ ဘုန်းကြီး လဲ ပြန်ကြွတော့မယ်ဟု မိန့်သဖြင့် ဆရာတော်အား သာဂိကလိုက်ပို့ပါရစေ ဟု ခွင့်တောင်းကာ လိုက်ပို့ရင်း ဆရာတော်အားမေးမြန်းလေသည်။ 
  အရှင်ဘုရား dအကောင်ကြီးကျွတ်နိုင်ပါ့မလား ဟု မေးရာ ကျွတ်ချင်ပေမဲ့ ဟိုဆရာက ခွင့်မပြုလို့ သူ့ခမျာ မကျွတ်ရရှာပါလားကွာ ဟု ပြေားသဖြင့် သာဂိ တယောက် စိတ်ထည်းတွေးမိတာက နောက်တခါ ကယ်ရီဆိုလျင် လူပဲတင်တော့မယ် သရဲဆိုပါက ဘယ်တော့မှ မလိုက်ဟု ဆုံးဖြတ်ချက်ချ လိုက်မီပေသည်။ 


ဖုန်းနှင့်ရိုက်ရသည်မို့ စာအပြည့်အစုံမရေးနိုင်၍ သည်းခံဖတ်ပေးပါ

ဆက်လက်ကြိုးစားပါအုံးမည် 
  

ဒေါင်းဖြူသား KZ


Post a Comment