ခေါစာ သို့မဟုတ်​ သရဲကိုအစာ​ကြွေးခြင်း

ခေါစာ(သို့)သရဲကိုအစာကျွေးခြင်း


ကျွန်တော်တို့ရွာနားမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ် အဲဒီညောင်ပင်ကို ညဘက်မှောင်လာရင်  ဘယ်သူမှမသွားရဲဘူး
 ကားတွေဆိုင်ကယ်တွေဆို  ခဏခဏမှောက်တာ
 မှောက်တိုင်းလည်း ရှင်တဲ့သူနည်းတယ် 
ရွာထဲမှာနေကြတဲ့ ကျွန်တော်အပါအဝင် လူတိုင်းလိုလိုနာမည်ပေးထားတာက ညောင်သရဲလို့ပေးထားတာ 
ခုလည်း ညနေစောင်းရုံရှိသေးတယ် စကောတစ်ချပ်ခေါင်းပေါ်တင်ပြီး 
နောက်က မိန်းကလေးအဖော်နှစ်ယောက်နှင့်အတူ လမ်းလျှောက်သွားသော
 ရွာထဲက ဒေါ်ဖွားစောကို လှမ်းမြင်လိုက်လို့ နူတ်ဆက်မလို့ရှိသေးတယ် ဟိုဘက်တစ်အိမ်တောင်ကျော်နေပြီ လှမ်းလိုက်တဲ့ခြေလှမ်းတွေကလည်းမြန်လိုက်တာ ကျွန်တော်လည်း နေရာတကာ စပ်စုတတ်တဲ့သူမို့ အမှီပြေးလိုက်ပြီး 
``အဒေါ် ဘယ်သွားမလို့လဲ´´
 ``ညောင်ပင်ကို သွားမလို့ ´´
 ``ဗျာ´´ 
``ဗျာမနေနဲ့ နင်ပါလိုက်ခဲ့
့ ယောက်ကျားလေးအဖော်ပါတော့ ပိုကောင်းတာပေါ့´´ စပ်စုမိတာ မှားတောင်မှားတယ်
 အဖော်တောင်ခေါ်နေတာ ငြင်းလို့ကလည်းမဖြစ် 
သူ့တူမ မိယွန်းကို ကျွန်တော်ကပိုးနေတာဆိုတော့ မျက်လုံးမှိတ်ပြီး လိုက်မယ်ဟုပြောပြီး ခေါင်းညိမ့်ပြလိုက်ရလေတော့တာ 
မလိုက်ရဲဘူး ငြင်းပြန်ရင်လည်း သရဲဘောကြောင်တဲ့ကောင်ဆိုပြီး 
သူတူမနဲ့ အောင်သွယ်မပေးရင် 
ကျွန်တော်ပဲရင်ကွဲနာကျသေမှာ အဲဒလိုငြင်းမရတဲ့အချက်တွေကြောင့်
 မျက်စိမှိတ် ခေါင်းငြိမ့်ပြလိုက်ရလေတော့သည်
  ``ဟဲ့ လိုက်မယ်ဆို မြန်မြန်လာလေ ဟိုရောက်လို့ ပိုပြီးမှောင်သွားရင် မကောင်းဘူး´´ ……………
ရွာထဲမှာ သွားနေတုန်းကတော့
 ကြောက်စိတ်ကတအားမဆိုး
 ရွာပြင်ရောက်ခါမှ ချွေးတောင်နည်းနည်းဆို့လာသလိုလို ခြေလှမ်းတွေလည်း ကပ်စေးစေးဖြစ်လာတာလားမသိ လမ်းလျှောက်ရတာတောင် သိပ်အားမရနိုင်တော့ပေ
 ``အဒေါ် မရောက်သေးဘူးလား ကြာလိုက်တာ´´ ကျွန်တော့်စကားကြောင့် ဒေါ်ဖွားစော နောက်ကိုတောင်လှည့်ကြည့်ပဲ
 ``ဖိုးမောင်ရယ် နင်က မနေ့တစ်နေ့ကမှရောက်လာတဲ့သူကျနေတာပဲ အထူးအဆန်းလုပ်မေးနေရသေးတယ် ညောင်ပင်ဘယ်မှာရှိတယ်ဆိုတာ သိလိုက်သားနဲ့ငါ့လာမေးနေရသေးတယ် ´´
ဒေါ်ဖွားစောပြောလိုက်မှ
 ဘေးကကောင်မလေးနှစ်  ယောက်တောင် ပါးစပ်ကိုလက်နှင့်အုပ်ပြီး တခိခိနဲ့ 
သူတို့ကိုအံကြိတ်ပြလိုက်မှ ရယ်တာရပ်သွားတာ ``မရောက်တာကြာတော့ မေ့သွားတာပါ အဒေါ်ရဲ့ အဟီးးး´´ စကားတပြောပြောနှင့်လမ်းလျှောက်လာတာ ညောင်ပင်နားတောင်ရောက်တော့မယ် အဝေးကကြည့်လိုက်ရုံပဲရှိသေးတယ်
 ဆံပင်စုတ်ဖွားအရူးမကြီး ထိုင်နေတာနဲ့တူကိုနေတာ အလိုလိုနေရင်း ကျောမချမ်းပဲနေမလား တဖြည်းဖြည်းနီးလာလေ ပိုကြောက်ဖို့ကောင်းလေပဲ အစာရေစာငတ်နေတဲ့အချိန် ထမင်းဟင်းကို ဘယ်သူများလာပို့မလဲဆိုပြီး မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေတဲ့လူတယောက်ဆီကို တန်းတန်းမတ်မတ် ထမင်းလာပို့တဲ့အတွက် ဝမ်းသာနေတဲ့လူလိုပဲ 
ခုလည်း ညောင်ပင်ကြီးကိုကြည့်ရတာ သူ့အတွက်ထမင်းဟင်းလာပို့လို့ 
ဝမ်းသာနေတဲ့အတိုင်း
 အကိုင်းအခတ်တွေက လေမတိုက်ပါပဲ တလှုပ်လှုပ်နဲ့ ကျွန်တော်တောင် ကြက်သီးမွှေးညှင်းတောင်ထသွားတယ် ဘေးက ကောင်မလေးတွေကိုကြည့်လိုက်တော့လည်း မျက်လုံးတွေကတောင်ကြည့်မြောက်ကြည့်နဲ့ တစ်ခုခုကိုကြောက်နေကြတာ အဒေါ်ကိုလှမ်းကြည့်တော့လည်း 
ကလေးတွေကြားထဲ ကြောက်ပြနေရင် မကောင်းပါဘူးဆိုတဲ့စိတ်ကို တော်တော်ချုပ်တည်းထားပုံရတယ်
 လရောင်အလင်းကြောင့် နဖူးနားမှာ ချွေးစေးတွေထွက်နေတာကိုတော့ အသေအချာမြင်လိုက်ရတာ………………

စကောကို ဘေးနားချ စကောပေါ်မှာ ငှက်ပျောဘက်လေးကိုခင်းပြီး
 ပါလာတဲ့ဟင်းတွေထမင်းတွေကို တစ်ပုံစီပုံနေတာ
 ``အဒေါ် ဒါကဘာလုပ်တာလဲဟင်´´ 
 ဒီတခါမေးတာက တကယ်မသိလို့မေးမိတာ
 အဒေါ်ကလည်း စိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးပါတယ် 
``ဒါကို တော့ဓလေ့အရပြောရရင် ခေါစာပစ်တာလို့ခေါ်တယ် စကားသိပ်မများနဲ့တော့ ငြိမ်ငြိမ်လေးနေ အိမ်ရောက်မှရှင်းပြမယ်´´
 အဒေါ်လည်းလုပ်စရာရှိသည်များကို လုပ်နေတာမို့ ကျွန်တော်လည်း ဗိုက်အောင့်လာတာနဲ့
 ညောင်ပင်ကို တစ်ပတ် ပတ်ပြီး အနီးအနားကချုံပုတ်တစ်ခုထဲကို
 ခဏလေးတောတိုးမိတာ ထိုင်မလို့ကြံတုန်းရှိသေးတယ် ဘေးနားက တချွတ်ချွတ်နဲ့ အသံကြားနေရတာ
 ဒါဆို ခေါစာလာပစ်တာကိုပဲ လာစားဖို့အတွက် အဆင်သင့်ပြင်နေတာလားတော့မပြောတတ်တော့ပေ ``အားးးးအားးးး´´
 ဟာ ဒုတိယအကြိမ်အံ့သြရပြန်တာ စောစောကတချွတ်ချွတ်အသံကတော့ ထားပါ
 ခုက တအားအားနဲ့ ဘာဖြစ်နေမှန်းကိုမသိတော့ အသံကြားရာကို ခြေသံခပ်ဖွဖွလေးနင်းပြီး လရောင်လေးနဲ့လှမ်းကြည့်လိုက်မှ လူတစ်ယောက် လဲနေပြီး ပါးစပ်ကလည်း ညည်းနေတာ
 ``ဟေ့လူ ဘာဖြစ်နေတာလဲ ´´ 
အနားကပ်ပြီးမေးတာတောင် ဒီဘက်ကိုလှည့်မကြည့် နောက်တစ်ခါထပ်မေးလိုက်မှ မျက်နှာမသာမယာနဲ့ပြန်လှည့်ကြည့်ပြီး
 ``သစ်ကိုင်းနဲ့ပုဆိုး ငြိနေတာ သရဲဆွဲတယ်ထင်ပြီး လန့်အော်မိတာပါဗျာ´´
 ``ခင်ဗျားကတော့လုပ်ပြီ ဒါနဲ့ တစ်ယောက်တည်း ဘာလာလုပ်တာလဲ ´´
 ``ဘာမှမလုပ်ပါဘူးကွာ ဟိုးဘက်မြို့ကလာတာ လမ်းမှာလမ်းစရိတ်ပြတ်လို့ ကားသမားမောင်းချတာနဲ့ဆင်းပြီးလမ်းလျှောက်ရင်း ဒီနားရောက်လာတာပဲ´´
 တနယ်တကျေးကဆိုတော့လည်း
 ဒီညောင်ပင်အကြောင်း သိနိုင်မှာမဟုတ် ပြောပြလိုက်ရင်လည်း တအားကြောက်နေမှာကိုလည်း စိုးရိမ်ရသေး
 ``ခု အဆင်ပြေပြီမဟုတ်လား ကျွန်တော်လည်း ဟိုဘက်နားကိုချုံတိုးလိုက်အုံးမယ်´´
 ``ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ´´
 ဒီလူကိုကြည့်ရတာ မြင်ဖူးနေသလိုပဲ ဘယ်မှာမြင်ဖူးမှန်းကိုတော့မသိ ဆွေမျိုးထဲကလိုလို အသိမိတ်ဆွေထဲကလိုလိုနဲ့ ဘယ်လိုမှမခွဲခြားတတ်ပေ စိတ်ထဲသံသယရှိတာနဲ့ နောက်ပြန်လှည့်ပြီး
 ``ဒါနဲ့ ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ´´ ``ကျွန်တော့်နာမည်က ကျော်ကြီးပါ လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီညောင်ပင်နားမှာလေဗျာ မမှတ်မိတော့ဘူးလား´´ ဒီလူပြောတဲ့စကားတွေက ကျွန်တော့်ကိုတော်တော်လေးကိုရင်းနှီးနေတဲ့ပုံစံ ပြီးတော့ ဒီညောင်ပင်နားမှာလေဗျာဆိုတဲ့စကားကကော ဘယ်လိုအဓိပ္ပာယ်လဲမသိ
 ``နေပါအုံး ဒီညောင်ပင်နားမှာဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ´´
 ``သြော် တစ်ခြားမဟုတ်ပါဘူး ကားတစ်စီး ညောင်ပင်ကိုဝင်အောင်းသေးတယ်လေဗျာ
 အထဲမှာပါတာက တစ်ယောက်တည်း ဒါဆိုသိလောက်ပြီမဟုတ်လား´´
 လွန်ခဲ့တဲ့တစ်နှစ်လောက်က
 ဒီညောင်ပင်ကို ကားဝင်တိုက်တာလည်း သူပြောသလိုဟုတ်နေတာပဲ
 ပြီးတော့ ကားထဲမှာလည်း
 လူတစ်ယောက်တည်းပါတာလည်း
 ဟုတ်တာပဲ
 အဲဒီလူတစ်ခါတည်းပွဲချင်းပြီးသေသွားတာက ကျွန်တော်တို့မျက်စိရှေ့လေးတင်သေသွားတာ ခေါင်းကဦးနှောက်တွေတောင် ထွက်ကျတာ အများကြီးပဲ
 ဒါ ဒါ ဒါဆိုရင် ဒီလူကသရဲပေါ့ 
ခုလိုတွေးမိကာမှ ပိုတောင်ကြောက်လာတယ် ``မကြောက်ပါနဲ့ဗျာ ခင်ဗျားကိုတွေ့တွေ့ချင်း ကျွန်တော်ကခင်လို့ပါ ခုလည်း ကျွန်တော်တို့တွေကျွတ်ချိန်တန်လို့ အားလုံးနေရာရွေ့ရတော့မှာ နူတ်ဆက်ခဲ့ပါတယ်´´ 
ပြောပြီးစကားနဲ့မရှေးမနှောင်း မျက်စိရှေ့မှာတင် အငွေ့တစ်ခုလိုအသွင်မျိုး ပျောက်ကွယ်သွားခဲ့တယ်…………

စကားပြောကောင်းနေတာနဲ့ ချုံတိုးဖို့မေ့သွားတယ်  ခုမှသတိရပြီး ကိစ္စကို သိုသိုသိပ်သိပ်ရှင်းလိုက်ရတာ
 ပြီးတာနဲ့ ညောင်ပင်အောက်ကိုပြန်လာတော့
 ဒေါ်ဖွားစောက မပြီးသေး
 ``ဟဲ့ ဖိုးမောင် ကြာလိုက်တာ ဘယ်ထိတွေသွားနေတာလဲ မြန်မြန်လာ ဒီမှာ ခေါစာပစ်ရတော့မယ်´´ 
ကျွန်တော်လည်း ဒေါ်ဖွားစောနားဝင်ထိုင်ပြီး ကြုံခဲ့တဲ့အကြောင်းအရာတွေကိုတော့
 မပြောချင်တာနဲ့ မပြောပဲ ငြိမ်နေလိုက်မိတယ်
 ရှေ့မှာချထားသော စကောကိုလှမ်းကြည့်လိုက်ရာ  လူနှစ်ယောက်စားရင်တောင် 
မကုန်တဲ့ထမင်းအဖြူကတစ်ပုံ 
ဟင်းကလည်း သုံးမျိုးတောင်
 ဆီတော်တော်သုံးထားတဲ့ပုံစံ
 ကြည့်လိုက်တာနဲ့ စားချင်စရာ
 ဘေးနားမှာ ရေဘူးတစ်ဘူးတောင်အဆင်သင့် လက်သုတ်ဝတ်ကလည်းတစ်ထည်
 ဒီဟာတွေအကုန်လုံး ပြင်သာထားတာ ဘာအတွက်ဘာကိုရည်ရွယ်ပြီး လုပ်နေတာလဲဆိုတာကိုမသိသေးတာနဲ
့ ``အဒေါ် ဒါက ဘာလို့လုပ်တာလဲဟင်´´ ``ပြန်ကာမှမေးပါဆိုတာ ခုက ခဏသည်းခံအုံး´´
 ``ဟုတ်´´
 အဒေါ်ပြောသလို ဘာမှမမေးပဲ 
အသာလေးငြိမ်နေမိလိုက်တာ 
ခဏကြာတော့ ဒေါ်ဖွားစော
 ပါးစပ်ကပွစိပွစိနဲ့ ပြောနေတာလား တိုင်တည်နေတာလားတော့မပြောတတ် တခါတလေကြားလိုက်ရသလို 
တခါတလေကျတော့လည်း ဘာမှကိုမကြားရ ဘေးကကောင်မလေးတွေကလည်း လက်အုပ်ကလေးတွေချီပြီး အာရုံပြုနေတာ ဘာကိုအာရုံပြုမှန်းကိုတော့ ကာယကံရှင်မှလွဲ၍ မည်သူမျှသိနိုင်မည်မဟုတ် 
တစ်အောင့်လောက်ကြာတော့ ဒေါ်ဖွားစောပါစပ်မှ တစ်ခွန်းပြောသံကိုတော့ ပီပီပြင်ပြင်ကြားလိုက်ရတာ ``အင်္ဂါသမီးလေးအတွက် ကျန်းမာရေးကောင်းအောင် ဆောင်ရွက်ပေးပါ ခုလိုဆောင်ရွက်ပေးတဲ့အတွက် ခေါစာလာပစ်ပြီး ကျွေးမွေးရခြင်းဖြစ်ပါတယ် စားသောက်တော်မူပါ ညောင်ပင် အရှင်သခင်ကြီးရှင့်´´
 အမယ် တယ်ဟုတ်ပါလား စာသံလေသံနဲ့ပဲ……… ဒေါ်ဖွားစောပြောတဲ့စကားထဲမှာ စားသောက်တော်မူပါဆိုတော့ ကျွန်တော်လည်းဘေးပတ်ဝန်းကျင်ကို 
အကဲခတ်ကြည့်တာ ဘယ်သူများလာစားမလဲပေါ့ အချိန်သာနည်းနည်းလင့်သွားတယ် 
ဘာမှလည်းမထူးခြားသေး 
``ဖိုးမောင်ပြန်ကြမယ် ပြန်ရင်လည်း နောက်ကဘာသံကြားကြား
 နောက်လှည့်မကြည့်နဲ့နော် မကြည့်ကောင်းဘူး´´ ဒေါ်ဖွားစောနှင့် ကလေးမလေးနှစ်ယောက်လည်း ထိုင်ရာမှထပြီး သုတ်သုတ် သုတ်သုတ်နဲ့ ထပြန်တော့ ကျွန်တော်လည်း ထပြန်ရတော့မှာပေါ့ 
နောက်ကိုလည်း လှည့်မကြည့်ဖြစ်ပါဘူး
 ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင်ကလည်း ခက်တော့လည်းခက်သားဗျ မကြည့်ပါနဲ့ဆိုတာကိုမှ ကြည့်ချင်တဲ့အကျင့်ရှိတာ
 ခုလည်း နောက်လှည့်မကြည့်ပါနဲ့ဆိုမှ လမ်းလျှောက်ရင်း နောက်ကိုအသာလေးလှမ်းကြည့်လိုက်တာ
 စိတ်တွေတောင် ကယောင်ချောက်ခြားဖြစ်သွားတာအမှန် စကောဘေးနားမှာ မည်းမည်းအရိပ်ကြီး ထိုင်ပြီးစားနေတာ ကြည့်နေလို့မှမကြာသေး နောက်ထပ် မည်းမည်းနှစ်ကောင်ပါ ထပ်ဆင်းလာတာ
 စကောဘေးနားမှာ ခဏလေးနဲ့ အကောင်တွေများလာတာ သိပ်တော့မကြာလိုက်ဘူး စားပြီးတာနဲ့ ညောင်ပင်ပေါ်ပြန်တတ်သွားတာ ဆက်မကြည့်ရဲတော့တာနဲ့ ရွာထဲအမြန်ဝင်သွားလိုက်ရင်း စိတ်ထဲတစ်ခုတွေးမိတာလေးက သူတို့လည်း စားရေးသောက်ရေး အဆင်မပြေဖြစ်တဲ့အခါ ဒီလို လူတစ်ဘက်သားကို ဒုက္ခပေးပြီးမှ စားသောက်ရတဲ့သရဲတွေရှိတယ်ဆိုတာကိုတွေးတောရင်း မနက်ဖြန် အတွက် မိယွန်းကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုပဲ စိတ်ဝင်စားမိနေလေတော့သည်။

နောက်တစ်နေ့မနက်မှာတော့ 
မိယွန်း တစ်ကယ်ကိုပဲ ပြန်ကောင်းသွားတယ် တိုက်ဆိုင်တာလားတော့မပြောတတ်ပေ 
လောကမှာ ဆေးပညာဘယ်လိုပဲတိုးတတ်တိုးတတ် ကျွန်တော်တို့လိုရွာလေးတွေမှာတော့ ကျန်းမာရေးမကောင်းဖြစ်လာရင် ဆေးရုံလည်းသွားပြတယ် ဒီလိုလေးတွေလည်း ခေါစာပစ်တတ်တဟ်ဆိုတာလေးတွေလည်း ရှိတယ်ဆိုတဲ့အကြောင်း တင်ပြရင်းးးးးးးးးး

ပြီးပါပြီ


Credit : သရဲကြီး


Post a Comment