အားလုံးသိထားသင့်​​သောကျင့်​ဝတ်​ ၁၀ပါး

အားလုံးသိထားသင့်သည့် ကျင့်ဝတ်(၁၀)ပါး
========================================
(၁) သားသမီးဝတ်
ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊မွေခံထိုက်စေ၊လှူ မျှဝေ၍၊
စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့ သား။

(၂) မိဘဝတ်
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်ဝတ်ငါးအင်၊ ဖခင်မယ်တို့ တာ။

(၃) တပည့်ဝတ်
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီလုပ်ကျွေး၊
သင်ထွေးအံရွှတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

(၄) ဆရာဝတ်
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန် ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ဆရာတို့ ၊ကျင့်ဖို့ ဝတ်ငါးဖြာ။

(၅) မိတ်ဆွေဝတ်
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊
နှုတ်မြွတ်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ။

(၆) အကြီးအကဲဝတ်
ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ထောက်ရှု၊
ဤခြောက်ခု၊ကြီးသူ့ နာယကဂုဏ်ခြောက်ဝ။

(ရ) ရှင်ရဟန်းဝတ်
မကောင်းမြစ်တား၊ ကောင်းရာညွန်လတ်၊ အသစ်ဟောကြူး၊
နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု ၊
ရဟန်းမှု ခြောက်ခုလွန်သေချာ။

(၈) လူဒါယကာကျင့်ဝတ်
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ ကျင့်လေဒါယကာ။

(၉) လင့်ဝတ်
မထေမဲ့ကင်း၊ အပ်နှင့်ဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နှိုးကြင်၊ငါးအင်လင်ကျင့်ရာ။

(၁၀) မယားဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊မိစ္ဆာကြည့်ရှောင်၊
လျော်အောင်ဖြန့် ချီ၊ပျင်းရိမမူ၊ဝတ်ငါးဆူ၊အိမ်သူကျင့်အပ်စွာ။

Credit


1 comments:

Post a Comment