ဘာဘဲဖစ်ဖစ်
မျက်ရည်လွယ်ရင် မဖတ်ကြပါနဲ့  လို့ 
ဖတ်ပြီးရင်လည်း မငိုကျပါနဲ လို့
သူ နဲ့  ကျွန်မ  စတင်သိခဲ့တာက
ကျွန်မ သူ့ ကို  သတိထားမိတာက  သူက  အသည်းကွဲ  ကဗျာတွေ  စာတွေ  ကို  ရေးလေ့ရှိတဲ့
သူမို့  ပါ
သူ က  လူထူးဆန်းတစ်ယောက်ပေါ့ အချစ်နဲ့   ပက်သက်ပြီး  ကြောက်လန့်   နာကျင်နေတဲ့ 
မယုံကြည်တဲ့  သူတစ်ယောက်လို  သူ့  အချစ်ကြောင်းတွေကို  statusတင်လေ့ ရှိတယ်
ကျွန်မ  သူ့   ကို  ဘယ်ဘဝရဲ့ ရေစက်ကြောင့် မှန်းမသိဘူး
အလိုလို သနားမိ  သံယောဇဉ်ဖြစ်မိတယ်
ကျွန်မ  တစ်နေ့  တစ်နေ့  သူ့  wallကို ဘယ်နှခါမှန်းမသိ ဝင်ကြည့်မိ တယ်
သူ  ကတော့  သတိမထား မိဘူးလေ
ကျွန် မ သူ့  ကို  တစ်နေ့ မှာ အရဲ စွန့် ပြီး  messengerမှာ  စကားသွား ပြောခဲ့တယ်
အဲ့ ကစပြီး  ကျွန်မ  သူ့ အကြောင်း ကို  တဖြည့်းဖြည်း သိလာခဲ့တယ်
သူ  ဟာ  အသည်းကွဲထားတဲ့   အချစ်ငတ်နေတဲ့ သူ တစ်ယောက်ဆိုတာ  က ကျွန်မ  သူ့   အပေါ်အချစ်တွေ တိုး လာစေဖို့   အကြောင်းရင်းဖြစ်ခဲ့တယ်
ဒီလို နဲ့  ကျွန်မ တို့   အပြင်မှာ  တွေ့ ခဲ့ကြတယ်  အရမ်းချစ်ကြတဲ့  onlineချစ်သူ  တွေပေါ့
လူတိုင်း အားကျတဲ့  စုံတွဲ လေး ဖြစ်ခဲ့တယ်
သူ့   မှာ ကျွန်မ  မကြိုက်တဲ့  ချက်တွေ  အများကြီး ရှိနေပေမယ့် ကျွန်မ  သူ့ အပေါ် အချစ်မလျော့ခဲ့ဘူး  အမြဲ  သူ့ အနား မှာ ရှိနေပေးခဲ့တယ်
သူ ကလည်း  ကျွန်မ အပေါ် သစ္စာရှိတယ်  ကျွန်မ ကလွဲပြီး  ဘယ်မိန်းမ ကိုမှ  စိတ်မဝင်စား အလေး မပေးခဲ့ဘူး   ဒါတွေက  ပဲ  ကျွန်မ  သူ့   အပေါ် မခွဲရက်မခွာရက်ဖြစ်စေခဲ့တာပေါ့
သူနဲ့ ကျွန်မ  ရန်ဖြစ်  စကားများ လည်း ခဏပဲ  ၃နာရီထက်မပို ဘူး ပြီးရင်  ပြန်ချော့ ပြန်ချစ်ကြတာပါပဲ 
ဒီလို နဲ့  ချစ်သူ သက်တမ်း  ငါးလ ပြည့် လာခဲ့တယ်
အချစ်တွေ   သံယောဇဉ်တွေ  တဖြည်းဖြည်း တိုးလာတယ်
သူ  ကလည်း  ကျွန်မ ကို  အပြည့် အဝယုံသလို
***သူစိမ်း ယောက်ျားလေး  တစ်ယောက်နဲ့   ကျွန်မ  လက်တွဲလမ်းလျှောက်နေရင်တောင်  သူ က  ကျွန်မ  သူငယ်ချင်း  လို့  ပဲထင်တယ်တဲ့  သေတာတောင်  ကျွန်မ  သူ့  အပေါ်သစ္စာ မဖောက်ဘူး  ဆိုတာ  သူ ယုံတယ်တဲ့***ဒါ  ကျွန်မ အပေါ်သူ ပေးထားတဲ့  ယုံကြည်မှုပေါ့
ကျွန်မ  ဘက်ကလည်း ဘယ်တုန်း ကမှသူ့ အပေါ် သစ္စာမဖောက်ခဲ့ သလို  ဘယ်ယောက်ျား နဲ့ မှလည်း  အရေးတယူ အရောမဝင်ခဲ့ဘူး
သူလည်း  ဒီလို ပါပဲ
ကျွန်မအပေါ် သစ္စာ  ပြောစရာမလို အောင်ကို  ပြည့်ဝခဲ့တယ်
ကျွန်မ  facebook account passwordမှန်သမျှသူ  သိသလို  ကျွန်မ  နဲ့  စိတ်ဆိုးစိတ်ကောက်ဖြစ်တိုင်း သူ ကျွန်မ accountထဲဝင်ပြီး  only meနဲ သူ့ ပြောချင်တဲ့စကားတွေ  ကို statusတင်ထားတတ်တယ်
ကျွန်မ  စိတ်ဆိုးပြေလို့  လိုင်းပေါ်တက်ရင်  ကျွန်မwallမှာ သူ only meနဲ့  တင်ထားတဲ့စာ တွေ့  မှ  ကျေနပ်တယ်  သူ ချော့ထားတဲ့  စာတွေ့ မှ  သူ့  ကို  စိတ်ဆိုးပြေတတ်တယ်  ဒါသူသင်ပေးတဲ့ ကျွန်မ  အကျင့်တွေပေါ့
ဒီလို နဲ့ ကျွန်မ သူ့  အတိတ်က ဒဏ်ရာတွေ  ကို ကျွန်မ လက်နဲ့  ကုသပေးလိုက်  ဖေးမလိုက်
သူကလည်း ကလေးဆန်တဲ့ ကျွန်မ ကို အစစအရာရာသည်းခံပေးလိုက် နဲ့   အချစ်တွေခိုင်မြဲခဲ့ကြတယ် :::::::
တစ်နေ့ ********
မမျှော်လင့်ထားတဲ့  ဖြစ်ရပ်ဆိုးကြီး ဝင်လာခဲ့တယ်
ကျွန်မ  အရမ်းမေ့တတ်ခဲ့တယ်
တစ်ခုခု ဆို အလို မကျ ဒေါသထွက်  သူ့ ကို လည်း  အစစအရာရာ  အကောင်းမမြင် အပြစ်တွေ တင်နေမိတယ်
အိမ်က  မိသားစုနဲ့ လည်း  အဆင်မပြေ  ဖြစ်လာခဲ့တယ်  ကျွန်မ  ဘာတွေဖြစ်နေမှန်းမသိခဲ့ဘူး
ကျွန်မ  သူ ချိန်း ထား ရင်လည်း  သွားချင်မှသွားတယ်
သူ ပြောထားတဲ့  စကားတွေကိုလည်း  မေ့ပြီး  သူ့   ကို ပြသနာ ရှာမိတယ်
တစ်လ ကြာတော့  သူ ကျွန်မ  ကို  စကား  စလာတယ်
ကျွန်မ  စိတ်အရမ်းဆိုး သွားတယ် သူ့ ကို     **  ငါ့ ကို ဘာလို့  မယုံကြည်တာလဲ ငါ ဒီလောက်သူ့ အပေါ်ချစ်တာ ကိုလို့   တွေးပြီး မျက်ရည်ကျလာတယ် သူ  ကလည်း  သူ  ပြောမိတဲ့စကား အတွက်  ကျွန်မ ကို  သနား မိတယ် ထင်တယ်   သူ့ ရင်ခွင်ထဲ  ထည့်ပြီး  ငိုနေတဲ့ ကျွန်မ ကို  နှစ်သိမ့်  ရင်း  ""ကိုကို စကားပြော မှားသွားတယ်တဲ့  ကလေး ကို ငိုအောင်လုပ်မိပြီ  ကလေး  ကိုကို့  ကို  ဒီလောက်ချစ်တာ  ကိုကို သိရက်နဲ့  ကွာ""ဆိုပြီး သူ့  ကိုယ်သူ ဒေါသထွက်ရင်း အကြိမ်ကြိမ်  ရေရွတ်နေတယ် 
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်  ကျွန်မ အခြေနေဆိုးလာတယ်
ခေါင်းက  အရမ်း နာကျင်ကိုက်ခဲ တဲ့  အချိန်တွေဆို  သူ နဲ့ တွေ့ တိုင်းသူ့ ကို  အော်ထုတ် ပြသနာရှာမိတယ် 
ကျွန်မ  ဆုံးဖြတ်လိုက်တယ်  ဆေးခန်းပြဖို့   ဆေးစစ်ဖို့ 
အရင်ကဆို  သူ ပါမှ  အပြင်ထွက်လေ့ရှိတဲ့ ကျွန်မ
သူ့   ကို  အဲ့နေ့  က  ကျွန်မ  မခေါ်ဘူး  သူငယ်ချင်း အိမ်သွားလည်မယ်ဆိုပြီး  ဆေးစစ်ဖို့  တစ်ယောက်ထဲ  ထွက်လာခဲ့တယ်:::::::::::::
ကျွန်မ  မျက်လုံးတွေ  ဝေဝါး ပြီး  အမည်မဖော်လိုတဲ့  နာကျင်မှု
နဲ့ အတူ  မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်
ဆေးစစ်ချက်  အဖြေ  စာရွက်ပေါ်  ကျွန်မ  မျက်ရည်တွေ ရွှဲစိုနေခဲ့တယ်
ကျွန်မ မှာ  ဦးနှောက်သွေး ယိုစိမ့် တဲ့  ရောဂါ  ရနေပြီတဲ့
တဖြည်းဖြည်း  အသိဥာဏ်တွေ  ဆုံး  ရှံး ရတော့မယ်တဲ့
ဆရာဝန်က ကျွန်မ ကို သနားလို့   အဖြေကို မပြောချင် လို့ အိမ်က  လူကြီးမိဘ ကို ခေါ်လာခိုင်းပြီး  ဆေးကုသဖို့  ပြောတယ်
ဒါပေမယ့်  ကျွန်မ  အိမ်က  လူတွေကို  စိတ်မဆင်းရဲစေချင်လို့  ကျွန်မ တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး  ခံစားခဲ့တယ်
ကျွန်မ သိတာပေါ့ ဒီရောဂါ  က အလွန်ဆုံးခံရင်  ငါးလ  ခြောက်လပဲဆိုတာ
ကျွန်မ  စိတ်ကို ပြန်တင်းပြီး  နောက်ဆုံးချိန်အတွက် ပြင်ဆင်မယ်ဆိုပြီး ပြန်လာခဲ့တယ်
အဲ့နေ့ တစ်နေ့ လုံး  ကျွန်မ သူ့  ကို phမဆက်ပဲ  အိပ်ယာထဲမှာ ဘာဆက်လုပ်ရမလဲ စဉ်းစားနေခဲ့တယ်
ကျွန်မ ကြောက်မိတာ သေရမှာ ကိုမဟုတ်ဘူး  ကျွန်မ သိပ်ချစ်ရတဲ့ ကျွန်မ  ချစ်သူ ကို ကျွန်မအတွက်  ခံစားပြီး  ကျန်နေခဲ့ရမှာကို ပါ
ကျွန်မ  အဲ့ဒီအချိန်တုန်းကလေ  သူ့ ရင်ခွင်ထဲ ဝင်ပြီး  အားရပါးရအော်ငို  ပစ်ချင်ခဲ့တာပေါ့
ဒါပေမယ့်လေ::::::::
ကျွန်မ  စိတ်ဆုံးဖြတ်လိုက်တယ် 
ကျွန်မ  အချိုး တွေပြောင်း လာတယ်  သူ့ အပေါ်
သူ နဲ့  တွေ့ တဲ့အခါ  ကိုက်လိုက်တဲ့ ခေါင်းတွေက  အပ်တွေ  နဲ့   တူတွေနဲ့  ထုနေသလို ကို ခံစားရတာ     အဲ့အချိန် ဆို  ကျွန်မ သူ့ကို  ပြသနာရှာတယ်
နင်တွေ  ငါတွေနဲ့ သုံးပြီး  မပြောစဖူး  သူ့ ကို  ပြောတယ်
အဲ့လို အချိန်တိုင်း  သူ  မျက်နှာမကောင်းဘူး  မျက်ရည်တွေ ဝဲတက်နေတယ်ဆိုတာ  ကျွန်မ သတိထားခဲ့မိတယ်
ကျွန်မ လေ  သူ့  ကို  အဲ့လို  တွေစိတ်ထဲမပါတာတွေ  ပြောမိလိုက်တိုင်း  အက်စစ်နဲ့  ရင်ဘက်ကို  ပက်သလို ခံစားနေရတာပါ
ကျွန်မ  အိမ်က လူတွေ ကို  သိပ်မမှတ်မိချင်တော့ဘူး
နာမည်တွေ  မေ့သယောင်ရှိလာတယ်
အမျိုးတွေ  ဆို  လမ်းမှာတွေ့ ရင် သူ တို့  လာနှုတ်ဆက်ရင် မမြင်ဖူးသလို  ကြည့်နေမိတယ်
အိမ်က  မေမေ  ကျွန်မ  ကို မသင်္ကာ  လို့   အခန်းထဲ  ဝင်ရှာ တယ်
ကျွန်မ  ကျောင်းက ပြန်လာတော့  မေမေ  ကျွန်မ  ကို ပြေးဖက်တယ် 
**ငါ့ သမီးလေး  ငါ့သမီးလေး **ဆိုပြီး  ဆို့ နင့်ပြီး   စကားမပြောနိုင် အော်ငို နေတယ်
ကျွန်မ  လည်း  မေမေ့   ကို  ဖက်ပြီး  သိုဝှက်ထားသမျှ  တင်းကြပ်နေတဲ့ ရင်ဘက်  ကို  ဖွင့်ချပြီး အော်ငို  လိုက်တယ်
မေမေ  လက်ထဲ ကျွန်မသောက်နေကျ  အကိုက်ခဲပျောက်ဆေးတွေနဲ့  ဆေးစစ်ထားတဲ့အဖြေလွှာကို   စုတ်ကိုင်ထားတယ်
မေမေ အရင်က  တားတယ်  တစ်ခုခု ဆို အကိုက်ခဲပျောက်ဆေးကို  အားမကိုးနဲ့  ဆေးခန်းပြပါဆို ကျွန်မ ပေတေပြီး  နေတယ်  ခေါင်းမူးတယ် အိပ်မပျော်ဘူး ဆိုတာနဲ့   အကိုက်ခဲပျောက်ဆေးတွေအားကိုးပြီး  နေတယ်
အဲ့ဆေး တွေက  အခုတော့  ကျွန်မ နဲ့   ကျွန်မ  ချစ်ရသူတွေကို  သေကွဲ  ကွဲစေခဲ့ပြီလေ
ဒီလို နဲ့  ကျွန်မ  အသိဥာဏ်တွေက  ယို့ ယွင်း လာခဲ့ပြီ
ကျွန်မ  ကိုကို့   ကို  တစ်နေ့  တွေ့  ဖို့ ချိန်းလိုက်တယ်
သူ နဲ့  အဆက်သွယ်ဖြတ်ထားတာ  ကြာပြီလေ  ၂လ တောင် ရှိတော့မယ်
သူ phဆက်မှာဆိုးလို့  ဆင်းကဒ်တွေဖြုတ် ထားခဲ့တယ်
လိုင်းလည်း မတတ်ဘဲ  အိမ်ထဲမှာ  ပုန်းနေခဲ့တယ်
မေမေ့  ကိုလည်း  သူငယ်ချင်းတွေမေးရင်  ခရီးထွက်တယ်လို့ ဘဲဖြေဖို့ မှာထားခဲ့တယ်
မေမေ ကလည်း ကျွန်မ ခံစားချက်ကို သိတော့ အစစအရာရာ  လိမ်ပေး  ခဲ့တယ်
သူ့ ကို  တစ်နေ့ မှမေ့ မရဘူး 
ုပြင်းထန်လာတဲ့ရောဂါကြောင့်  ကိုကို့   ကို မမေ့  ခင်  ကျွန်မ  အမြန်ဆုံးတွေ့ သင့်တယ်ဆိုပြီး
ကျွန်မ  သူ့ ဆီ  အရဲစွန့် ပြီး  ဆက်သွယ်ခဲ့တယ်
သူ  နဲ့ တွေ့ နေကြ  ပန်းခြံ မှာ ချိန်းလိုက်တယ်
ကျွန်မ ထက်အရင် သူ  အရင်ရောက်နေတယ်
ကျွန်မ   ချိန်းတဲ့နေရာ ရောက်တော့  သူ့   ကို  ပြေးဖက်ချင်မိတာ  အရမ်းပဲ
ဒါပေမယ့် ကျွန်မ  မျက်နှာကို  တင်းတင်း  ထားပြီး
ရှင်တောင် ရောက်နေပြီ ကိုး  လို့  ပြောလိုက်တယ်
သူ  ကျွန်မ  ဘက်ကို  လှည့် ကြည့်  တဲ့အချိန်  သူ့ မျက်နှာ မှာ မျက်ရည်စတွေ နဲ့   ကျွန်မ  ရင်တွေ
ကြေမွသွားမိတယ်
**ကလေး  နေကောင်းလား  စာတွေရနေပြီလား တဲ့
ကိုကို့   ကို တောင်  ပြစ်ထားပြီး စာတွေ ကြိုးစားနေတယ်ဆိုတော့ ငါ့ ကလေး ကစာတွေ  အရမ်းပိုင်နေမှာ  သေချာတယ်တဲ့လေ**
သူ့  ကို  အဆက်သွယ်မဖြတ်ခင်   ကျွန်မ  သူငယ်ချင်း တွေ  နဲ့  သူ့ ကို  ပြီးစလွယ်မှာ ခဲ့ တယ်
ကျွန်မ  နိုင်ငံခြား မှာ  ကျောင်းဆက်တက်ဖို့   စာတွေလုပ်ရမယ်   ဒါကြောင့်  ကိုကို့ ကို  အဆက်သွယ်ဖြတ်မယ်လို့   ဆိုပြီး  ပေါ့
ကျွန်မ မငိုမိအောင်အားတင်းလိုက်တယ်
သူ အရမ်း ပိန်သွားတယ်  မျက်တွင်းတွေ ချိုင့် နေတယ်
နှုတ်ခမ်းတွေကလည်း ဖြူဖတ်နေတာပဲ
ကျွန်မ သူ့   ကို  ဘာမှမဖြေဘဲ  သူ့ မျက်နှာကို စိုက်ကြည့် နေလိုက်တယ်
ပြီးမှ  ကျွန်မ  **ကိုကို  ကျွန်မ ကို မေ့လိုက်တော့**
ဆိုပြီး စပြောလိုက်တယ်
**ကျွန်မ  ရှင်နဲ့  ဆက်မတွဲနိုင်တော့ဘူး
ရှင် ကြောင့် ကျွန်မ  အချိန်တွေအကုန်မခံတော့ဘူး
ရှင့် က  ကျွန်မ ဘဝအတွက် အထောက်ကူ မဖြစ်စေဘူး
ရှင့်ကို  ကျွန်မ  စိတ်ကုန်ခဲ့တာ ကြာပြီ
စိတ်မပါဘဲ တွဲနေရတာ ကျွန်မ အရမ်းပင်ပန်းနေပြီ
ရှင်  လစ်လိုက်တော့ **
ဆိုပြီး  ပြောလိုက်တယ်
သူ လေ  လုံးဝကို မယုံနိုင်ဘူး ထင်တယ်
ကျွန်မကို  **ကလေးရယ်  မနောက်ပါနဲ့   ကလေး ပစ်ထားတဲ့ နှစ်လအတွင်း  ကိုကို သေမတတ်ခံစားနေရတာပါ
ကလေး  ကို  ဆက်သွယ်ချင်ပေမယ့်  ကလေး စိတ်အနှောက်ယှက်ဖြစ်မှာဆိုးလို့  ကိုကို အဆက်သွယ်တောင်မလုပ်ခဲ့ပါဘူး
only meနဲ့  ကလေးကို လွမ်းတိုင်း စာတွေ  ရေးထားတာ အများကြီးပဲ
ကလေး  မနောက်ပါနဲ့ ကွာ **ဆိုပြီး လာဖက်မလို့   လက်ကို  လှမ်းလိုက်တဲ့အခါ
ကျွန်မ ခါးခါးသီးသီး သူ့ ကို  အော်ထုတ်လိုက်တယ်
**ကျွန်မ  အသားကို မထိနဲ့ ဆိုပြီး**
သူ  အရမ်းအံ့သြသွားတယ်
ကျွန်မ  တရစပ်  သူ့ ကို  ပြောလိုက်တယ်
**ငါ့ အနား က  ထွက်သွားပေးပါ
ငါ နင့် ကို  မလို အပ်တော့ဘူး
နင့် ရဲ့ ချုပ်ချယ်မှုတွေ  ကို  ငါ  မုန်းနေပြီ
ငါ့  ကို  လွတ်လပ်ခွင့်ပေးပါဟာ
နင့် လမ်းနင်လျှောက်ပါ တော့ **ဆိုပြီး  အော်ငိုပြီး  မောင်းထုတ်ခဲ့တယ်
သူ  ကျွန်မ ငို တာမြင်ပြီး  သူ  မကြည့်ရက်လို့ 
**အင်းပါ   မင်း မငိုနဲ့     ငါထွက်သွား ပါ့မယ် ငါ နားလည်ပါပြီ
မင်း  ပျော်ရွှင်ဖို့   မင်း ဖြစ်ချင်တာ ဖြစ်ရဖို့   ငါ ထွက်သွား  ပေးပါ့မယ်**ဆိုပြီး သူ ကျွန်မ နဲ့  ဆန့့် ကျင်ဘက်အရပ်ကို  လှည့် ထွက်သွားခဲ့တယ်
တစ်စတစ်စ ဝေးကွာသွားတဲ့  သူ့   ကျောပြင်ကို မျက်စိတစ်ဆုံး ကျွန်မ ငေးကြည့် ရင်း  ရူးမတတ်ငိုကြွေးနေမိတယ်  အတွေးတွေ ထဲမှာ အရင်က  ကိုကို နဲ့ ကျွန်မ  ပြောခဲ့ဖူးကြတဲ့ စကား တစ်ချို့  ပြန်ကြားယောင်နေမိတယ် 
**ကိုကို  နဲ့   ကလေး  အခု  လို  အရမ်းချစ်နေတာ  မကောင်းဘူးနော်
ဆိုပြီး  စိတ်တိုနေကြလေ
အခုတော့  ဒီစကားတွေ တကယ်ဖြစ်လာပြီ  ကိုကို ရယ်
ကျွန်မ အတွေးတွေ ရပ်ပြီး  အမြင်တွေ ဝေဝါး လာပြီ
ကျွန်မ   ခေါင်းတွေ  အရမ်းကိုက်ခဲလာ ပြီ   မရတော့ဘူး
ကျွန်မ  မျက်လုံးထဲ  အမှောင်ရိပ်တွေ လွှမ်းသွား ခဲ့ပြီ::::::::::::
ကိုကို   ကျွန်မ ကို  ပြုံးပြီး လှည့် ကြည့် တယ်
ကိုကို  ဆီ  ကျွန်မ  ပျော်ပြီး ကလေးတစ်ယောက်လို ပြေးလိုက်တယ်    ကိုကို ရုတ်တရက်  ပျောက်သွားတယ်  အဲ့အချိန် ကျွန်မ ကိုကို   ဆိုပြီး  ကလေး တစ်ယောက်လို  လိုက် အော်ခေါ်ပြီး  ကိုကို့  ပြန်လာပါ  ဆိုပြီး ငိုနေမိတယ်
ဒါပေမယ့်  ကိုကို  မရှိတော့ဘူး
ကျွန်မ အသံကုန်အော်ဟစ်ပြီး  အော်ခေါ်နေမိတယ် ကျွန်မ ဆီပြန်လာဖို့ ::::::::::::
ကျွန်မ လန့် နိုးလာခဲ့တယ်
ကျွန်မ  သတိရလာတော့ ဆေးရုံမှာ သတိလစ်နေတာ ၃ရက်ရှိနေပြီတဲ့
သြော်  ငါ အိပ်မက် မက်နေတာ ကိုးးး
မေမေ က  ကျွန်မ အနားမှာ ရှိနေတယ်
ပြီးတော့  ကျွန်မ  မမှတ်မိတော့တဲ့  သူ လေးငါးယောက် ကျွန်မ ကုတင် အနားမှာ မျက်ရည်စတွေ
နဲ့  
ရပ်နေကြတယ် မေမေ က လွဲပြီး ကျန်တာ ဘယ်သူ့ ကိုမှကျွန်မ  မမှတ်မိတော့ဘူး
အဲ့ လူတွေထဲက ကျွန်မ နဲ့ ရွယ်တူ  မိန်းခလေး တစ်ယောက်က  ကျွန်မ ကို ** နင့်  ကိုကို  ဆုံးပြီတဲ့
နင့် အတွက် စာလေး တစ်စောင်ပေးသွားတယ်**တဲ့  ဆိုပြီး 
ကျွန်မ လက်ထဲ  ကမ်းပေးလိုက်တယ်
ကျွန်မ    အသက်ရှူ တွေ  ခဏ ရပ်သွားတယ်  မဖြစ်နိုင်ဘူး  ဘာလို့   ကိုကို က သေရမှာလဲ
သေရမယ့်သူက  ငါလေ  ငါပဲဟာ  ဆိုပြီး ကျွန်မ  အော်ဟစ် နေတာ ကို  မေမေ   မကြည့်ရက်လို့  အခန်းပြင်ထွက်သွား  တယ်
ကျွန်မ  မယုံကြည် နိုင်  အောင်ဖြစ်နေတယ်
ကျွန်မ  စာအိတ်ကို ဖွင့်ဖတ်လိုက်တော့
စာထဲမှာ**ကလေး  fb wallမှာ ကိုကို  နောက်ဆုံးအနေနဲ့  စာတင်ထား တယ်
ကလေး ကြည့် လိုက်ပါ ကလေး  ဒီစာ ကို ဖတ်နေတဲ့အချိန်မှာ  ကိုကို  ကလေး အနားမှာ ရှိနေတော့မှာ  မဟုတ်ဘူး  ဒါကြောင့်  ကိုကို  တောင်းပန်ပါတယ် ကလေး ရေ **တဲ့
ကျွန်မ  လိုင်းဖွင့်ပြီး  ကျွန်မ wallထဲ ဝင်ကြည့် လိုက်တော့  only meနဲ့ တင်ထားတဲ့ စာတွေ အများ ကြီး တွေ့ ရတယ် 
အဲ့ မှာ  ကျွန်မ  စာတွေဖတ်ကြည့် လိုက်တယ်  ကိုကို  သူ  ပြောထားတာ
**ကလေးဖြစ်ချင်တဲ့ ဘဝ ကို   ရဖို့  ဆက်ကြိုးစားပါ
ကိုကို   ကလေး အပေါ်မကောင်းဘူးကွာ **တဲ့
ကျွန်မ    အသံထွက်ပြီး  အော်ငိုလိုက်တယ်  ကိုကို ရယ်   ဆိုပြီး
ကျွန်မ  စာကို ဆက်ကြည့် တယ် 
**ကလေး  ကိုကို  ခရီးထွက် ဦးမယ်
စောင့်နေနော် ကလေး  : ကလေး အနား မှာ ကိုကို အမြဲရှိနေတယ်     ကလေး   ကိုကို့  ကို လမ်းခွဲနိုင်တာ  တကယ်တော်ပါတယ:်  ကိုကို  ပြန်လာရင်  ဆုချမယ်နော် 
ကလေး  ဘဝအတွက် ကိုကို  မလိုအပ်တော့ဘူးလို့  ပြောပေးလို့   ကိုကို  အခုစိတ်ချရပြီ
အရမ်းချစ်တယ် ကလေး ** ဆိုပြီး  statusလေး  တင်ထားခဲ့တယ်
ကျွန်မ  ထက်  အရင်  ကိုကို  သွားပြီပေါ့
ကျွန်မ  စာ အဆုံး ထိ  ဖတ်ပြီး  တာနဲ့   မှောင်မိုက် တဲ့ အရပ်ကို  ရောက်ရှိသွားခဲ့တယ်
နားထဲမှာ  မေမေ့ ရဲ့ ငိုသံ  လူတွေ  ကျွန်မ  နာမည်ကို  အော်ခေါ်သံ  က  တဖြည်းဖြည်းကြားတစ်ချက်မကြားတစ်ချက်   မသဲကွဲတော့ဘူး******
ကမ်းခြေ လေး တစ်ခု  သဲသောင်ပြင်မှာ  ကျွန်မ လမ်းလျှောက်နေမိတယ်
စိတ်ထဲအရမ်းအေးချမ်းနေတယ်
အဲ့အချိန်  အနောက်ကနေ  ကျွန်မ  ကို  တစ်စုံတစ်ယောက်က  သိုင်းဖက်  လိုက်သလို ခံစားရတယ်
လှည့်ကြည့်လိုက်တော့ ** ကိုကို**
ကျွန်မ  ကိုကို့ ရင်ခွင်ထဲ  တိုးဝင်လိုက်တယ်
ဒီတစ်ခါ  သူ ကျွန်မ အနား က  ပျောက်ကွယ်မသွားတော့ဘူး ဆိုတာ  ကျွန်မ  သိနေပြီလေ
ကိုကို ပြုံး ပြီး  ကျွန်မ  ကို  ကြည့် နေတယ်
ကျွန်မ တို့   ဒီတစ်ခါ ဆုံဆည်း ရပြီပေါ့
ချစ်သောသူတိုင်းပေါင်းဖက်ရပါစေ
credit-original writter
Post a Comment