ခုချိန်​ထိ လူပျိုကြီးဖြစ်​​နေရတဲ့အ​ကြောင်းရင်း ၅ချက်

အခုအချိန်ထိ လူပျိုကြီးဖြစ်နေရခြင်း အကြောင်းရင်း (၅) ချက်

အခုချိန်ထိ လက်တွဲဖော်မရှိဘဲ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေသူတွေ Shwemom ပရိသတ်ထဲမှာ တော်တော်များများ ရှိနေပါလိမ့်မယ်။ တစ်ချို့ဆိုရင် ငယ်သူငယ်ချင်းတွေ အိမ်ထောငရက်သားကြလို့ ကလေးသုံးယောက်လောက် ရနေချိန်မှာ တောင် မူးလို့ ရှူစရာ မရှိရှာပါဘူး။ ဘာလို့ ဒီလို တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေရတာလဲဆိုတာကို အကြံပေးလိုက်ပါရ
စေ။

(၁) ကိုယ့်မှာ ချစ်သူမရှိတာကို ဂုဏ်ယူကာ ပြောမိနေခြင်း

တစ်ခါတလေ အိမ်ထောင်သည် သူငယ်ချင်းနဲ့ စကားနိုင် လုတဲ့အခါ လူပျိုကြီးတွေက ဟေ့ ငါတို့ အပူမရှာချင်လို့ ဒီအ
ရွယ်ထိ နေနေတာကွဆိုပြီး ပြောတတ်ပါတယ်။ ပြင်ပမှာလည်း တစ်ကိုယ်တည်း လူပျိုကြီးဘ၀က အေးပါတယ်၊ သာပါ
တယ်၊ လွတ်လပ်ပါတယ်၊ ချစ်သူဆိုတာ မလိုပါဘူုးကွာ-ဆိုပြီး လျှောက်ပြောတတ်ပါတယ်။ ဒီသတင်းကို ကောင်မလေး
တွေက သိပြီးသားဆိုရင် အဲဒီလူ ချစ်သူထားဖို့ ဘယ်လောက် စိတ်ပါပါ … မလွယ်ရေးချ မလွယ်ပါ။

(၂) ယုံကြည်ချက်မရှိခြင်း

တစ်ခါတလေကျတော့ ကိုယ်တိုင်က ငမ်းငမ်းတက် လိုချင်ပါရက်နဲ့ လိုက်မပြောရဲတာ ရှိပါတယ်။ ပြောရမှာ အားနာနေတာမျိုးလည်း ကြုံရတတ်ပါတယ်။ တစ်ချိုကကျတော့ ငြင်းလွှတ်လိုက်ရင် ရှက်စရာကြီး-ဆိုပြီး ကြိုတွေးတဲ့သူမျိုးက ရှိပါသေးတယ်။ အဓိကအားဖြင့်တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းတာပါဘဲ။

(၃) အမျိုးသမီးတွေ ဘာကြိုက်တယ်ဆိုတာကို စိတ်မ၀င်စားခြင်း

လူပျိုကြီးဖြစ်မယ့်သူတွေဟာ များသောအားဖြင့်တော့ အမျိုးသမီးတွေရဲ့ အထာကို နားမလည်ကြပါဘူး။ တစ်ခါတလေ ရေလာစေချင်လို့ မြောင်းပေးတဲ့ ကောင်မလေးရဲ့ အထာကို မသိတဲ့သူတောင် ရှိပါတယ်။ နောက် သူတို့တစ်တွေရဲ့ အ
ကြိုက်က ဘာဆိုတာ စိတ်မ၀င်စားကြပါဘူး။ ဒါတွေဟာ အခြားယောက်ျားတွေနဲ့ ယှဉ်ရင် ခြေလှမ်းပေါင်းများစွာ
နောက်ကျစေတဲ့ အချက်တွေပါ။

(၄) အချစ်ကို မလိုအပ်ဟန်ဆောင်ခြင်း

အချို့သော လူပျိုကြီးတွေက စိတ်ထဲက ဘယ်လောက်ပဲ ကလူချင်စိတ် ရှိပါစေ … တော်ပါပြီကွာ မိန်းမဟူဘိ ထိုဣတ္ထိကား မရှိမကောင်း ရှိမကောင်းကွ ဆိုပြီး မလိုလားဟန် ဆောင်ကြပါတယ်။ တစ်ခါတရံကျပြန်တော့လည်း နှစ်ရှည်လများ ဂေါ်မစွံကြီးဘ၀နဲ့ နေလာခဲ့ပြီးမှ မထူးတော့ပါဘူးဆိုပြီး ဇွတ်မှိတ် ရှောင်ရတာလည်း ရှိပါတယ်။

(၅) အပြစ်ရှာတတ်သူ ဖြစ်ခြင်း

အပျိုကြီးတွေတော်တော်များများဟာ ဇီဇာကြောင်၊ ဂျီးများတတ်ကြပါတယ်။ ဒီလိုသာဆိုရင် လူပျိုကြီးတွေကတော့ ဘာ
ဖြစ်မလဲ … ?။ သူတို့ကတော့ မိန်းမတစ်ယောက်အပေါ်မှာ အပြစ်ရှာ အလွန်ကျွမ်းကြပါတယ်။ ဘယ်သူကတော့ဖြင့် တင်
ပါးကြီးက ကားလို့၊ ဘယ်သူက မည်းလို့၊ ဘယ်သူက ပိန်လို့၊ ဘယ်သူက ၀လို့ … စသဖြင့် နောက်ဆုံးတော့ ငှက်ပျောတုန်း ဖက်ရတော့တာပါဘဲဗျား။

နတ်စည်တော် (Shwemom)
source : lovepanky.com


Post a Comment