ကျွန်​မ​မွေးထားတဲ့သမီးသာ သက်​ငယ်​မုဒိန်းမှုကျူးလွန်​ခံရမယ်​ဆိုရင်

ကျမမွေးတဲ့ သမီးသာ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရမယ်ဆိုရင် ~~~


နံပတ် (1) ဘယ်ရဲစခန်းမှာမှ အမှုမဖွင့်ဘူး …


{အမှုအခင်းဖြစ်လို့ ဟိုးလေးတကြော်ကြော်နဲ့ လူသိများသွားရင် ကလေးတဘဝလုံးစာ စိတ်ဒဏ်ရာ ရသွားနိုင်တယ် … ဂျာနယ်ထဲ ပါတယ်ဆိုတာ fb ပေါ်ကနေပဲ သနားပါတယ်ဟယ်ဆိုတဲ့ ဂရုဏာရတာ အဲ့ဒီကလေး အပျိုဖြစ်လာလို့ … ယောက်ျားယူကြည့် ဘယ်ယောက္ခမ ကမှ သဘောမတူစေရဘူး … ဘာကြောင့်လဲဆိုတော့ အဆင့်အတန်းတွေ စောက်ရမ်းခွဲခြားတာ မြန်မာလူမျိုးတွေ စောက်ကျင့် }


နံပတ် (2) ကလေးရဲ့ ပတ်ဝန်းကျင်ကို ချက်ချင်းပြောင်းလဲပေးမယ်


{အခင်းဖြစ်ပွါးရာနေရာနဲ့ သိပ်ကိုဝေးလံတဲ့ ပတ်ဝန်းကျင်အသစ်မှာ စိတ်သစ် လူသစ် သူငယ်ချင်းအသစ် နာမည်အသစ်နဲ့ ဘဝသစ် စတင်ရှင်သန်ရမယ် }


နံပတ် (3) ကလေးကို စိတ်ဓာတ်မာကျောအောင် စတင်လုပ်ဆောင်မယ်


{တယောက်ထဲရပ်တည်ရဲတဲ့ သတ္တိနဲ့ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝ ရရှိဖို့ ကာယပိုင်းရော ဥာဏ ပိုင်းမှာရော စခန်းသွင်း လေ့ကျင့်ပေးမယ် ဒီကလေးရဲ့ ရှင်သန်မှုက ဘယ်နေရာမှာပဲဖြစ်ဖြစ် ရင်ကော့ ခေါင်းမော့နိုင်တဲ့ အနေအထားတခုမှာ ရှိကိုရှိနေစေရမယ် }


နံပတ် (4) အနည်ထိုင်သွားချိန်မှ မုဒိန်းကောင်ကို ပြန်ပြီး ခြေရာခံမယ်


{မုဒိန်းကျင့်ခံရကထဲက မုဒိန်းကောင်ဘယ်သူလဲဆိုတာ သိတာလဲရှိမယ် ရိပ်မိတာလဲရှိမယ် … ကျမကတော့ နေရာသစ်တခုကို အခြေမချခင် မုဒိန်းကောင်ကို သိအောင်ကြိုးစားခဲ့မှာ အသေအချာပဲ }


နံပတ် (5) မုဒိန်းကောင်ကို လက်စားချေရေး အစီအစဉ်စမယ်


{ ကျမတော့ ကိုယ့်တရားကိုယ် စီရင်မှာပဲ … ဘယ်ဥပဒေကိုမှ အယုံအကြည်မရှိဘူး … ရှင်းတယ် … ခံရတာနဲ့ တန်အောင် ချမှတ်တဲ့ ပြစ်ဒဏ်မရှိသေးဘူး … အဲ့ဒီအတွက် ပြောင်းလဲပေးပါလို့လဲ ထိုင်အော်မနေဘူး … အချိန်ကုန်တယ် … အားကိုးလို့မရတဲ့ ဥပဒေကို အားမကိုးဘူး … ထိုက်တန်တဲ့ အပြစ်ဒဏ် ကိုယ်တိုင် ချမယ် … ရန်ကိုရန်ချင်း မတုံ့ပြန်နဲ့လို့ တရားထိုင်ဟောမယ့်သူတွေကို တခွန်းပဲပြောမယ် သမီးတယောက်လောက်မွေးပြီး သက်ငယ်မုဒိန်းမှု ကျုးလွန်ခြင်းခံကြည့်ဖို့ }


နံပတ် (6) ရန်သူကို မိတ်ဆွေလို ပေါင်းပြီး အနိုင်ယူမယ်


{ မုဒိန်းကောင်ရဲ့ စောက်ကျင့်နဲ့ ကျင်လည်ကျက်စားတတ်တဲ့နေရာမှန်သမျှကို အကုန်သိအောင်စုံစမ်းပြီး ကပ်ပေါင်းမယ် … လူတယောက်ရဲ့ အားနည်းချက်ကို သိဖို့ ရန်သူကို မိတ်ဆွေလိုပေါင်းရတယ် … [ကျမကတော့ အမြဲသံသယထားတတ်တဲ့သူ ကျမယုံကြည်စိတ်ချရတဲ့ မိတ်ဆွေမရှိဘူး … စကားချပ် ] လူတယောက်ရဲ့ အားနည်းချက်ကိုသိရင် နင်းခြေပစ်ဖို့ သိပ်လွယ်တယ် }


နံပတ် (7) စနစ်တကျ လက်စားခြေခြင်း (သို့) ကိုယ့်တရားကိုယ် စီရင်ခြင်း


{မုဒိန်းကောင်ကို ဘယ်သူမှမရှိတဲ့နေရာ မြေတိုက်ခန်း/ အခန်းလွတ် / ပတ်ဝန်းကျင်နဲ့ အဆက်အဆံမရှိတဲ့နေရာမှာ ဖမ်းချုပ်နိုင်ခဲ့ပြီဆိုရင် ……………………


#ဂရုဏာရှင်ကြီးများဆက်မဖတ်ဖို့ကြိုတင်တားမြစ်ပါရစေ :-/ 

-

-

-


ဘာမှမပါတဲ့ ကိုယ်လုံးတီးနဲ့ ခြေကောလက်ကော ကြိုးတုပ်ထားတဲ့ မုဒိန်းကောင်ရဲ့ ပါးစပ်ထဲကို ပထမဆုံး အဝတ်တခုနဲ့ စို့ထားလိုက်တယ် … အော်ပရေးရှင်းလုပ်ရင် သုံးတဲ့ လက်အိတ်ဝတ်ပြီး သကာလ ဘရိတ်ဓားဗူးကို ဖွင့်လိုက်တယ် … ဘရိတ်ဓားတချောင်းကို ထက်ဝက်ချိုးပြီး ကိုင်ရတာ ပိုကိုင်လို့ကောင်းတယ် ကျမဘက်ကို မတော်တဆ ရှမယ့်အရေးကနေ ကာကွယ်ပေးနိုင်တယ်လေ ~~~


ကျမလုပ်သမျှကို ကြည့်ပြီး မျက်နှာငယ်နဲ့ ကြောက်ရွံနေမယ့် မုဒိန်းကောင်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး စကားတခွန်းပြောလိုက်တယ် …

" လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ရှင်မုဒိန်းကျင့်ခဲ့တဲ့ ကလေးတယောက်ရဲ့ မျက်ဝန်းတွေကလဲ ဒီအတိုင်းပဲ " ……… 

ဆိုတဲ့စကားကို ပြုံးပြုံးလေးပြောခဲ့တယ် … ဒါပေမယ့် မုဒိန်းကောင် မပြုံးနိုင်ရှာဘူး … တောင်းပန်တိုးလျိုနေတဲ့ မုဒိန်းကောင်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ကျမ သနားစိတ်လုံးဝ မဖြစ်မိတာ ဘာကြောင့်ပါလိမ့် ~~~


ကျမအတွေးတွေ အတိတ်ဆီပြန်ရောက်သွားတယ် … အောက်ပိုင်းတခုလုံး သွေးတွေရဲပြီး သတိမေ့နေတဲ့ ကျမလက်ပေါ်က သမီးပုံရိပ် ခုထိဖျောက်ဖျက်လို့ မရသေးဘူး … ကျမ စိတ်ဒဏ်ရာတွေ အသစ်တဖန်ပြန်ဖြစ်လာတဲ့ခန အမုန်းတွေနဲ့ တလက်လက်တောက်ပလာတဲ့ မျက်ဝန်းတွေကို ကျမရှေ့က မုဒိန်းကောင်ဆီ ပို့လွှတ်လိုက်မိတယ် … သူတော်တော်လေး တုံလှုပ်သွားပုံရတယ် … တကိုယ်လုံး တဆတ်ဆတ်တုန်နေတာ ကျမ မြင်နေရတယ် … ဒါပေမယ် နဲနဲမှ သနားစိတ် မဖြစ်မိဘူး~~~


တဝက်ချိုးထားတဲ့ ဘရိတ်ဓားကိုကိုင်ရင်း ကျမခြေလှမ်းတွေ မုဒိန်းကောင်ဆီဦးတည်လိုက်တယ် … ကျမ တရားစီရင်မယ် … အညွန့်ချိုးခြင်း ခံလိုက်ရတဲ့ ကလေးတယောက်အတွက် ပန်းညှပ်တဲ့ ကပ်ကြေးကို သံရည်ကြိုစက်ထဲထည့်ဖို့ အချိန်ရောက်ပြီ ~~~


ကလေးတယောက်ကို မုဒိန်းကျင့်ဖို့ အကြံအစည်ဖြစ်ပေါ်တဲ့နေရာသည် အုံးနှောက် … ဟုတ်ပြီ! သူ့အုံးနှောက်ထဲ ဘာတွေရှိမလဲ ကျမကြည့်မယ် … ဘရိတ်ဓားကို နားထင်ပေါ်တင်ပြီး ခပ်နက်နက်ဆွဲချလိုက်တယ် … ကျမကြည့်ချင်တာ အုံးနှောက်တွေ ဖြစ်တဲ့အတွက် နားရွက်အပေါ်ကနေ ဝိုက်ပြီးခွဲချမှာပါ မဆိုင်တဲ့နေရာတွေ မထိဖို့ ကျမတာဝန်ယူပါတယ် … ဝူးဝူးဝါးဝါးအော်ဟစ်ရုန်းကန် နေလဲအပိုပါပဲ မုဒိန်းကောင်ရယ် … ရှင့်ဘဝရဲ့ ငရဲမင်းက ကျမ … မသေခင် အားရပါးရကြည့်သွားနိုင်တယ် ~~~


ဒီလူခေါင်းကြော တော်တော်မာတာပဲ ကျမ ခွဲချလိုက်တာ အုံးနှောက်တွေ မပေါ်သေးဘူးဦးခေါင်းခွံ ရိုးနဲ့ ခံနေတာထင်ရဲ့ သွေးတွေစင်တာပဲ အဖတ်တင်တယ် … ကောင်းပြီ အုံးနှောက်တွေမမြင်ရလဲ ထားလိုက်တော့ … ဘရိတ်ဓားနဲ့ မရရင် နောက်တနေ့မှ တူသေးသေးလေး တလက် ယူခဲ့မယ် … ဒါနဲ့ စကားမစပ် ရှင့်ရဲ့ ငယ်ပါက အတော်ကြီးတာပဲ … ဒီလိုငယ်ပါနဲ့ ကလေးတယောက်ရဲ့ လက်ညှိုးတချောင်း ဝင်မရတဲ့ အပေါက်ကို ရအောင်ဖြဲထည့်ခဲ့တယ်နော် … ရှင့်ငယ်ပါ ဒီထက်သေးမယ်ဆို ကလေး ခံရတာ သက်သာအုံးမယ် … အဲ့ဒီတော့ကျမ ရှင့်ငယ်ပါကို သေးအောင် လုပ်ပေးမယ် … Ok ! ~~~


သေဒဏ်ကျခံလိုက်ရတဲ့ အကျဉ်းသားတဦးလို သိပ်ကိုတုံလှုပ်သွားတဲ့ သူ့မျက်လုံးတွေကို ဘရန်ဒီနဲ့ ကျမမြည်းပြီးတဲ့နောက် … ကျမမျက်နှာကို မက်စ်အုပ်လိုက်တယ် … ခုနသုံးထားတဲ့ ဘရိတ်ဓားကို အမှိုက်ပုံးထဲထည့်ပစ်လိုက်ပြီး ကျန်တဲ့တဝက်ကို ကိုင်ရင်း မုဒိန်းကောင်ရှိရာ တလှမ်းခြင်း လှမ်းလာခဲ့တယ် … ဒင်းရဲ့ ကြောက်ရံွံနေတဲ့ မျက်လုံးတွေကို အရသာခံကြည့် တစိမ့်စိမ့်ကြည့်ပြီး သကာလ ~~~


(ဇာတ်သိမ်းကို ကြိုက်သလိုတွေးနိုင်တယ် … စာဖတ်သူရဲ့ လွပ်လပ်ခွင့် … စာရေးသူဘက်ကတော့ အသက်နဲ့ ခန္ဓာ တွဲရက်ပြန်မလွှတ်ဘူးဆိုတာ သိထားပါ )


လင်းမခ


Post a Comment