အသက်​ဝင်​​နေ​သောမျက်​နှာဖုန်း part 1+2+3+4
~~~အသက်ဝင်နေသောမျက်နှာဖုံး~~~
ပထမပိုင်း
မန္တလေး မြို့ လေး၏ ညနေခင်း သည် မိုးသားထူထပ်နေ၏။
ကောင်းကင်တခွင် လုံး တိမ်မဲ များ မဲမှောင်နေသည်။ တချို့ တိမ်စိုင်မဲ ကြီးများ
လေနှင့်အတူ မျှော့လွင့်နေကြ၏။ တချက်တချက် လျှပ်စီး များက လင်းခနဲ လက်ခနဲ.....
``ဖျတ် ဖျတ် ဒုတ် ဒုတ်´´  ဦး သုခ သူ၏
``Face´´ မျက်နှာ ဖုံးဆိုင်၏ ဆိုင်းဘုတ်ကို
လေမလွင့်စေရန် သံနှင့်ထု၍ အကျအန ရိုက်နေ၏။
ဆိုင်းဘုတ် လေးမှာ မြဲသော်လည်း လေအတိုက်ကြမ်း၍အသံစုံ မြည်နေသည်။
ထို့ နောက် သူ သူ့ ဆိုင်လေး ၏ အပြင်အဆင်ကို ကြည့်ပြီး စိတ်တိုင်း ကျကာ ဆိုင်ထဲ ပြန်ဝင်သွားသည်။
သူ၏ မျက်နှာ ဖုံးဆိုင်လေး ကို သူ၏ အိမ်တွင်ပင် ဖွင့်ထား ၏ ။ သူ့ မိဘများ မှာ မျိုးရိုး အလိုက် ချမ်းသာ ၍ အိမ်ကို သုံးထပ် တိုက်အိမ် ဆောက်လုပ် ပေးခဲ့ ၏။
ထိုတိုက်အိမ်၏ အောက်ဆုံး ထပ်တွင် သူ မျက်နှာဖုံးဆိုင် လေးဖွင့်ထားသည်။
သူ့တွင် ညီတစ်ယောက် ရှိ၏။ သူတို့ ညီအစ်ကို နှစ်ယောက် ၏ ဝါသနာမှာ မျက်နှာ ဖုံးများ ကို ထုလုပ်ခြင်းနှင့် မျက်နှာဖုံးများ၏ မျက်နှာအမူအယာ များကို လေ့လာလို သော ဝါသနာ သာဖြစ်သည်။
သူ့ ညီမှာ ဆိုး ပေပြီး မျက်နှာဖုံးများ ၏ မျက်နှာအထားအသို ၊မျက်နှာ ဖုံး မှ တဆင့် လူတွေ ကို ဒုက္ခ ပေးနိုင်မည့် အကြောင်းအရာ များသာ အားထုတ် နေ၏။
သူ့  ညီနာမည်မှာ ဒုက္ခ ဖြစ်လေသည်။ မိဘများအပေါ် အလွန် ရိုင်းစိုင်း ၍ မိဘများက အမွေ ဖြတ်ထား၏။
သူ အိမ်ပေါ်က မဆင်း ခင် ကျွန်တော့်ကို သူ စိန်ခေါ် ခဲ့သည်။ တနေ့  လူသားတွေကို ဒုက္ခပေးနိုင် တဲ့  မျက်နှာ ဖုံး တခု သူထုလုပ်ပြီး ကျွန်တော့် စီပြန်လာမယ်တဲ့။
ထားပါလေ ဒါ သူရူးလို့  ပြောခဲ့တာတွေပါ...
ကျွန်တော့် ဆိုင်လေးက မြို့ ထဲမှာ နာမည်တော့ အတော်သင့်ရနေပြီ။
မြန်မာနိုင်ငံ ကို လည်း အနောက်တိုင်း ယဉ်ကျေးမှုတွေ ကူးစက် လာတော့ အခုလို Halloween ရာသီမျိုးဆို ကျွန်တော့် မျက်နှာဖုံးတွေက ရောင်းအား အကောင်းဆုံးပဲလေ။
ကျွန်တော့် ဆိုင်က ပစ္စည်းတွေကို ကျွန်တော်ကိုယ်တိုင် ဒီဇိုင်း ဆွဲတာဗျ။
ကျွန်တော့် ဆိုင်လေးကို ဆွဲဆောင်မှု ရှိအောင်ပြင်ဆင်ထားတယ်လေ။ ကလေး ငယ်လေးတွေ အတွက် ချစ်စရာ ကောင်းတဲ့ မျက်နှာ ဖုံးလေးတွေကို ပန်းရောင်အများဆုံးသုံးပြီး ပုံဖော်တယ်..
Halloween အတွက်ဆို သရဲ ပုံတောင်မှ ကြောက်စရာ ကောင်းအောင်မလုပ်ဘဲ ကြည့်ကောင်းတဲ့  ပုံစံ ဝင်အောင်ကျွန်တော် ထုလုပ်တယ်ဗျ...
မျက်နှာ ဖုံးဆို တာ သာမန်ကြည့်ရင်တော့ ဘာမှ မထူးဆန်းဘူးပေါ့ ဗျာ။ တကယ်တော့ ဒီမျက်နှာ ဖုံးလေးတွေက စိတ်ဝင်စားစရာ ကောင်းတယ် ဗျ။ ဝမ်းနည်း နေသူ ရဲ့ မျက်နှာကို ပျော်ရွှင်မှု ဆိုတဲ့မျက်နှာဖုံးစွပ်ပေးလို့ ရတယ်လေ။ကျုပ်ကတော့အကောင်းဘက်ကပဲတွေးတယ်။
ဒီလောက် စိတ်ဒုက္ခ ရောက်နေရတဲ့လောကထဲ ကျုပ်ကြောင့်တစ်စုံတစ်ယောက် ပျော်ရွှင်မယ်ဆို ကျေနပ်ပါပြီ။
အဲ့ဒါကြောင့် ကျုပ် မျက်နှာဖုံးတွေကို ကြည့်လိုက်တာနဲ့ အသက်ဝင်ပြီး ပျော်ရွှင်နေတဲ့ မျက်နှာ ပိုင်ရှင်လေးတွေပဲ ဖြစ်ရမယ်ဗျာ...
ဟူးးးး ခုတော့လည်း စိတ်သွားတိုင်းကိုယ်မပါတော့ပါဘူး ဗျာ..
ကျုပ်အသက် (၆၀)ရှိပြီဗျ...
သန်ပေမယ့် မစွမ်းတော့ဘူးပေါ့ဗျာ....
``ချွင် ချွင် ချွင် ´´ ဦးသုခ မျက်နှာဖုံးလေးများ ကို ဖုံသုတ်နေ၏။
တံခါးအပေါက်မှ ဆည်းလည်းသံကြား၍ ဦးသုခ ခေါင်းထောင်ကြည့် လိုက်သည်။
ဦးထုပ် ဆောင်းထားသော လူတစ်ယောက် ဆိုင်ထဲဝင်လာ၏။ သူသည် လောင်းရှည် ကုတ်အင်္ကျီကြီး ဝတ်ထား၏။ လက်တစ်ဖက်တွင် သေတ္တာ သေးသေးလေး သယ်ထားသည်။
ဦးသုခမှ ထိုလူအားပြုံးကြည့်ကာ``happy halloween ပါ ဘာများ အလိုရှိပါ သလဲ ခဗျ´´ ဟု လောကွတ်ပြုလိုက်၏။
ထိုလူမှ ``ဟက် ´´ခနဲ ရယ်ကာ ဦးထုတ်ကို ချွတ်လိုက်၏။
ဦးသု ခမှ ``ဟာ ညီ ညီလေး မင်းဘယ်တွေ ရောက်နေတာလဲကွာ ´´ဟု ပြောပြီး  သုခသည် သူ့ ညီ ဒုက္ခ ပခုံးအား ဆွဲကိုင်၍ ဝမ်းသာ အားရပြောလိုက်သည်။
ဒုက္ခမှ မချိပြုံး ပြုံးကာ `` ငါ မင်းကို ပြောထားတဲ့ စကား မမေ့သေးဘူးကွ´´
သုခမှ ``လာထိုင်ပါ ဦး ညီလေးရာ ကိုကြီးက သတိရနေတာ မင်းထွက်သွားကတည်းက ကိုကြီး စုံစမ်းနေတာပါ ´´ဟုပြောရင်း ဒုက္ခအား ဆွဲခေါ်ကာ ကော်ဖီစားပွဲ နားတွင် ညီအစ်ကို နှစ်ယောက်ထိုင်ကြ၏။
ဒုက္ခ မှ သူ့ သေတ္တာ လေးအား စားပွဲပေါ်တယုတယတင်ကာအသာအယာဖွင့်လိုက်၏။
သုခမှ ကော်ဖီဖျော် လာကာ ``ရော့  ညီလေး သောက်´´ဟု ပြောပြီး သေတ္တာလေးအားသူပါ စိတ်ဝင်တစားကြည့်လိုက်သည်။
ဒုက္ခမှ သေတ္တာ ထဲက တစ်စုံတခုကို တယုတယကိုင်ကာ ထုတ်လိုက်သည်။
သုခမှ``ဟာ မျက်နှာ ဖုံးလေးပါ လား မင်းမျက်နှာဖုံးက လက်ရာမြောက်လှကြည့်လားကွ´´ဟု ပြောကာ သူသည် ဒုက္ခ လက်ထဲမှ မျက်နှာဖုံးကို ဆွဲယူကြည့်လိုက်သည်။
သုခမှ``မင်း မျက်နှာ ဖုံးရဲ့ သားရေက နူးညံ့နေတာပဲ အရောင်ကအသားရောင်ပဲ
လက်ရာမြောက်လှကြည့်လား မှန်းစမ်း
ဟ မင်း မျက်နှာဖုံးက မှင်စာအတိုင်းပဲ ရုပ်ဆိုးတာထက် ကြောက်စရာကောင်းနေတယ်´´ဟု ပြောရင်း မျက်နှာဖုံးအား လွှတ်ချမိ၏။
သူ လန့်ရင်လည်းလန့်စရာပင်။မျက်နှာဖုံးမှာ နှံကောင်၏ ခေါင်းမျိုး ⁀၊မျက်လုံးပြူးပြူး၊ပါးစပ်မှာပြဲနေ၏။မျက်နှာမှာ ချုပ်ရာ ဗလပွနှင့်။ပါးစပ်ထဲတွင် အစွယ်များကပါနေသေးသည်။မျက်နှာဖုံး၏နဖူးကြောများမှာ ရှုံ့ တွနေ၏။
``ဟားဟားဟား အဲ့တာ ကျုပ် လက်ရာမြောက်အောင် အနှစ်နှစ်အလလက ကြိုးစား ထားရတာ ဗျ သူက စွပ်ထားရင် စွပ်ထားမှန်းမသိအောင် တကယ့် မျက်နှာအတိုင်း ဖြစ်သွားတာ ဗျ။ အစ်ကိုစွပ်ကြည့်ပါ့လား ပြီးမှ ကျုပ်ကို ချီးကျူးလိမ့်မယ်´´ ဟုပြောပြီးထို မျက်နှာဖုံးအား  သုခ လက်ထဲ ထိုးပေးလေသည်။
သုခမှာ လည်း ဝါသနာရှင် ဖြစ်၍ မျက်နှာ ဖုံးအားစွပ်ကြည့်ရန် လှမ်းယူ လိုက်၏။
သူမျက်နှာဖုံးအားစွပ်ရန် သူ့ မျက်နှာအနား မျက်နှာဖုံးကို အကပ် မျက်နှာဖုံးမှာ သူ့ မျက်နှာအား ဆွဲယူနေသလို ဖြစ်နေသည်ဟုသူ စိတ်ထင်မိ၏။ ထို့ကြောင့် သူမျက်နှာ ဖုံးကို ပြန်ခွာ လိုက်သည်။
ဒုက္ခမှ အားရကျေနပ်နေသော မျက်နှာနှင့်``တပ်ကြည့် အစ်ကို တပ်ကြည့် ´´ဟု တိုက်တွန်းနေ၏။
သုခ ထိုမျက်နှာ ဖုံးအား မျက်နှာတွင် စွတ်လိုက် ချိန် ``ခြိမ်းးးးးး´´မိုး ခြိမ်းသံ ကြီးသည် မြေကြီးပင်တုန် ခါသွားသည့်အတိုင်း မြည်ဟည်း သွား၏။
``အဟားးးဟားးး ဟားးးးအောင်ပြီကွ´´ဒုက္ခ မှ လက်ခမောင်း ခတ်ကာ အားရဝမ်းသာ ထရယ်၏။
သုခမှ ``မင်း မျက်နှာ ဖုံးက ငါ့မျက်နှာကို ဆွဲယူလိုက်သလို ကပ်နေတာပဲ ငါ့မျက်နှာ အတိုင်း ဖြစ်နေ သလို ခံစား ရတယ် မင်းဘယ်လို လုပ်ထားတာ လဲ´´ဟု မေးရင်း မှန်တွင် သူ့ မျက်နှာ အား ကြည့်နေ၏။
ထိုစဉ် သူပြောင်းလဲ မှုကို ခံစား လာ ရသည်။
မျက်နှာ ဖုံးမှ အသား များ မှာ သူ့မျက်နှာ အသားရေပေါ် စိမ့်ဝင်ကာ သူ့မျက်နှာ နှင့်တသားထဲ ကျနေသည်။
သူ့စိတ်ထဲ စနိုးစနောင့် ဖြစ်တာကြောင့် မျက်နှာ ဖုံးအား ဆွဲချွတ် လိုက်၏။
``ဟာ  ညီလေး မျက်နှာ ဖုံးက ချွတ်မရတော့ဘူး အစရှာ မရတော့ဘူး ´´ဟု ပြောကာ သူ့ ညီအား လှည့် ကြည့်လိုက်၏။
သူ့ ညီမှ`` ခဗျ ချွတ်မရတော့ဘူး ။ အဲ့တာ သာမန်မျက်နှာ ဖုံး မဟုတ်ဘူး။ ကျုပ် သင်္ချိုင်း တွေ ထဲက လတ်လတ် ဆတ်ဆတ်သေထားတဲ့ လူသေတွေ ရဲ့ အသားနဲ့ စီမံထားရတာ ´´ဟု အေးအေး ဆေးဆေး ရှင်းပြနေသည်။
``ဘာာာာာ ငါ တပ်ထား တဲ့ မျက်နှာ ဖုံးက လူ့အသားအရေ နဲ့ လုပ်ထားတာ´´ဟု သုခ အော်ရင်း ထိုမျက်နှာ ဖုံးအားဆွဲချွတ်လေ၏။
သို့သော် ချွတ်မရပေ။ သူ၏ မျက်နှာ မှ အသားအရေများပါ ကပ်ပါ ကုန်၍ သူ့ ပါးတွင် သွေးများ ထွက်လာလေသည်။
သုခမှ ``ညီလေး မနောက်နဲ့ ကွာ  အစ်ကို့ ကို ချွတ်ပေးပါကွ´´ ဟု ဒုက္ခ ရှေ့  ဒူးထောက်၍ ပြောလိုက်၏။
``ဟားဟား ဟား  လွယ်လွယ် ချွတ်မရဘူး ဗျ ခဗျ လူတစ်ယောက် ကို သေအောင် လုပ် ဒါမှမဟုတ် ခဗျ ဟာကမ္ဘာပေါ်မှာ အရက်စက်ဆုံး လူသား ဖြစ်သွားရင် အဲ့ မျက်နှာ ဖုံးက သူ့ ဘာသာ ကွာကျ လာလိမ့်မယ်။တကယ်လို့  ခဗျ မလုပ်နိုင် ရင် ခဗျ သေမှ မျက်နှာ ဖုံးက ကွာကျလာမယ်´´ဟု သွေးအေးစွာရှင်းပြနေသည်။
ထို့ နောက် သူ ဆိုင် အပြင်သို့  ထွက်ရန်အပြင်``သြော် မေ့နေတာ ကျုပ် သေတ္တာ ထဲမှာ အပြာရောင် မျက်နှာဖုံး တခုရှိသေးတယ် သူက တော့ ပါဝါနည်းပါတယ် လူ့အသားနဲ့ လုပ်ထားတာ ပဲ´´ဟု ပြောကာ စားပွဲပေါ်မှာ သူ့ သေတ္တာအား ယူရန် လက် အရွယ် သု ခမှ ဒုက္ခ လက်အားကုန်း ကိုက်လိုကိ၏။
``အားးးးးးးးး´´ဒုက္ခမှ အော်ကာ လက်ကို အမြန်ပြန်ရုတ်လိုက်သည်။သူ၏ လက်တွင် သွားအရာကြီး များ အထင်းသား။ သုခ မကောင်းဆိုးဝါး သွားများ မှာ ချွန် လွန်း၍ လက်အသားရည်ထဲ နစ်ဝင်ကာ ဒုက္ခလက်တွင် သွေး များ ဒလဟော ကျလာ၏။
ဒုက္ခ မှ``အဟားဟားး ငါလို ချင်တာ ဒါပဲကွ လူတွေကို မင်းဒုက္ခ ပေးဖို့ ပဲကွ ´´ဟု ပြောပြီးအော်ရယ်ကာ ဒုက္ခ သွေးထွက်နေသောလက်အား အိပ်ကပ်ထဲ ထည့်ကာ ဆိုင်အပြင်ပြေး ထွက်လာ၏။
``အားးးးးးးးးးး´´သုခမှ သူ၏ စိတ် သူ မထိန်း နိုင်ကာ ဆိုင်ထဲ ရှိ ပစ္စည်းများ ကို ပေါက်ခွဲ ဖျက်ဆီးပစ်သည်။
တချက် တချက် သူ အသိစိတ်ဝင်လာ၏။ထို့ နောက် သူ စားပွဲပေါ်မှ မကောင်းဆိုးဝါး မျက်နှာဖုံး နောက်တခု ပါ ယူပြီး သူ အပေါ် ထပ် ထပ်ခိုး သို့  တက်လာ၏။
သူတို့ ထပ်ခိုး တွင် ပစ္စည်းဟောင်းများ ထားရန် လူတစ်ယောက်စာ ဝင်လို့  ရသည့်  ဘီရိုကြီး ရှိ၏။ ထို ဘီရို မှာလည်း ကုတ်နံပတ်များ ရှိ၍ ဖွင့်ပြီး ဝင်သွား မိလျှင် လော့ ပြန် ကျသွားတတ်၏။
နောက်လူတစ်ယောက် က ကုတ်နံပတ် ထည့်ရိုက်မှ သာ တံခါး ပြန် ပွင့် တတ်၏။
သုခ ဘာမှ စဉ်းစား မနေဘဲ ဘီရိုကြီး၏ ကုတ်နံပတ် ကို ဖွင့် လိုက်သည်။ ထို့ နောက် ဘီရိုဖွင့်ပြီး ဘီရိုထဲ သူ သေတ္တာ လေးကိုင်ကာ ဝင်လိုက်၏။
``ချောက် ´´ခနဲ ဘီရိုတံခါးပြန်ပိတ်သွားသည်။
သူ့ နားထဲ တွင်တော့ ထိုအသံက နားဝင်ချို လှ၏။ ထို့ နောက် သူ့ တွင်အသင့်ပါလာသောသံကြိုး နှင့် သ့ူ့ကို သူပြန်ချည်နှောင်လိုက်သည်။ လက်တစ်ဖက်ကို အလွတ်ထားကာ တစ်ကိုယ်လုံး ချည်နှောင်လိုက်၏။ ထို့နောက် သော့ တံကို သူမြို ချလိုက်သည်။
``အဟားးးဟားးး ဟားးးးး ဘာတတ်နိုင်သေးလဲကွ ´´´သုခ ထိုသို့  အော်လိုက်၏။
``ဝုန်းးးးးးးးခြိမ်း...´´ အပြင် ဘက်တွင်မိုးများ မှာအငြိုး နှင့်ရွာချ လိုက်သည့်အလား သည်းကြီးမည်းကြီးပင်။
``Face´´ဆိုသော မျက်နှာ ဖုံးဆိုင်လေး မှာ တိတ်ဆိတ်လျက်.....
``ဘုတ် ´´ခနဲ ``face´´ ဆိုသော ဆိုင်း ဘုတ်လေး မြေပြင်ပေါ် သို့ ကျဆင်းလေပြီ.....
ပန်ဒိုရာ
(ဒုတိယပိုင်း ဆက်ပါမည်)
ဤ ဝတ္ထု လေးမှာ အင်္ဂလိပ် ဝတ္ထု လေးဖြစ်ပါသည်။ ထိုဝတ္ထုလေးအား မှီငြမ်း၍ ကျွန်မ ပန်ဒိုရာ မြန်မာ မှုပြုထားခြင်း ဖြစ်ပါသည်ရှင့်။
မူရင်းရေးသားသောစာရေး ဆရာ အား credit ပေးပါသည် ရှင့်။
~~~အသက်ဝင်နေသောမျက်နှာဖုံး~~~
(ဒုတိယပိုင်း )
၂၀၁၆ ခုနှစ် မန္တလေး မြို့ ၏ နေ့ရက်များ သည် လတ်ဆတ် လှပလျက်....
``ဘယ်လို လဲ မေ ကြိုက်ရဲ့ လား ´´ ရန်ဖြိုး မှ မေဇင့် ပုခုံးလေး အား တယုတယ ဖက်ရင်း ပြော လိုက်သည်။
မေဇင်မှ ``အိမ်ကြီးက ရှေး အိမ်ကြီးပဲ သုံးထပ်နော် လှ လိုက်တာ မောင်ရယ် ´´ ဟု ပြောနေစဉ်
``အဟီး ခစ် ခစ် ခစ် ´´ သူတို့  ဇနီးမောင်နှံအား တိုက်၍ ကလေးနှစ်ယောက် အိမ်ထဲ ပြေး လွှား ဆော့ ကစား နေ၏။
မေဇင်မှ `` အာာာ သမီးကြီး နဲ့ သားငယ် သိပ်မဆော့ နဲ့ လေ ဒီ ညဘာရှိသေးလဲ ပြော´´ ဟု သူမမှ ကလေးနှစ်ယောက်အား မေးလိုက်၏။
မောင်နှမ နှစ်ယောက်လုံး ``Halloween party´´ဟု တက်ညီ လက်ညီအော်လိုက်၏။
ရန်ဖြိုး နှင့် မေဇင်မှာ ကလေး နှစ်ယောက်အားကြည့် ၍ ကြည်နူးနေသည်။
သူတို့သည် အမရ ပူရမှ မန္တလေး မြို့ သို့ ပြောင်းရွေ့ လာကြသည်။ ယခုအိမ်ကြီးကို ဈေးချောင်ချောင်ချိချိနှင့် သူဝယ် လိုက်ရ၏။အိမ်ပိုင်ရှင် အဖိုးကြီး က ရုတ်တရက် ပျောက်သွား လို့  သူ့ သေတမ်းစာ အရ ဒီအိမ်ကို ရောင်းပြီး ငွေတွေ လှူ ခဲ့တယ် ဟုပဲ သူသိရသည်။
သူတို့ မိသားစုမှာ လူကုံထံ များဖြစ်၍ party ပွဲ မျိုးစုံ ကျင်းပကြသည်။ ယခုလည်း ကြည့်လေ မြန်မာတွေနဲ့  လားလား မှ မဆိုင်တဲ့ Halloween party တဲ့ ။
``ကဲ မောင်လေး ည ဘက် ငါတို့ တအား ကဲမှာ ဆို တော့ မင်းခဏ အိပ်ထားမှ ရမယ်´´ယမုံမှ သူ့မောင်လေး အား မွေ့ ယာ ပေါ်တင်ကာ ပြောလိုက်၏။
ယမုံအသက်မှာ ၁၈ပြည့်ပြီး လေပြီ။သူ့မမောင်လေးမှာ ၆နှစ်သာ ရှိသေး၏။သူမတို့မောင်နှမ အသက်အရမ်း ကွာ၍ ယမုံ မှာ သူမ မောင်လေးအား တုန်နေအောင် ချစ်၏။ တခါတရံသူမမှာ အလွန်စနောက်တတ်သေးသည်။သူမမောင်လေးနာမည်မှာ သော်ဇင် ဖြစ်၏။
သော်ဇင်မှ အိပ်ယာ ထက် လှဲကာ`` မမ သားကို ပုံပြင်ပြောပြ´´ဟုသူ့အမအား ဖက်၍ ပြောလိုက်၏။
ယမုံမှ သော်ဇင့်ဘေး ဝင်လှဲကာ ``OK လေ ရှေးရှေးတုန်းက တဲ့ကောင်လေးတစ်ယောက်ရှိတယ်တဲ့။အဲ့ကောင်လေးတစ်ယောက်ထဲ အိပ်ချိန်မှာ သူ့ခြေရင်းက ဘီရိုက ကျွီ ကျွီ နဲ့မြည် လာတယ်လေ ။ ပြီးတော့ ဘီ ရို ထဲကနေ
ဘီရို ဘီရို ဆိုပြီး ဝုန်း ခနဲ သရဲမကြီး ထွက်လာတယ် ´´ဟုပြောရင်း သူ့ မောင်လေးကို ကလိ ထိုးလိုက်သည်။
``အားး မမ သား ကြောက်တယ်´´ဟုပြောရင်းသော်ဇင် သူ့အစ်မအား တင်းကျပ်စွာ ဖက်လိုက်၏။
ထိုစဉ် သူတို့  ကုတင်ခြေရင်းမှ ဘီရို မှာကျွီ ခနဲ တံ ခါး ပွင့်လာ၏။ မောင်နှမ နှစ်ယောက်လုံး ဘီရိုအား ခေါင်း ထောင်ကြည့်ကာ ယမုံမှ ``မောင်လေးသွား ကျန်တဲ့ တံခါး တဖက်သွားဖွင့် ကြည့်´´ဟုသူ့မောင်အား တွန်း လွှတ်လိုက်၏။
သော်ဇင်လေးမှာတံတွေးတချက် မြို ချပြီး
ဘီရိုအနား ခြေသံ ဖွ ဖွ နင်းကာကျန်သော
တံခါး ရွက်အား ဖွင့်ရန် လက်အရွယ်
``ဝါး´´
``အမေးးး´´သော်ဇင့်မှာ အသံပြဲကြီးနှင့် အော်ငိုလေ၏။
``ဟားဟားဟား ငကြောက်လေး ´´ ပြည့်ပြည့်သည် ဘီရို ထဲမှ ထွက်လာကာ သော်ဇင့်ခေါင်းအား ပွတ်လိုက်၏။
``ဟင်မမ ပြည့်ပြည့် ´´
ယမုံနှင့် သူမ သူငယ်ချင်းပြည့်ပြည့်မှာ လက်ဝါးခြင်းရိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောနေကြသည်။
``မမတို့ကိုမေမေနဲ့ တိုင်မယ် ´´ဟုပြောရင်းသော်ဇင်အော်ငို ၍ အခန်း ထဲက ထွက်သွားလေတော့ ၏။
*****အမရပူရမြို့ ****
ရွှေစင် တစ်ယောက် ဖရုံသီး စိုက်ခင်း ထဲ တွင် မိဘများအား ကူညီနေရ ၍ သူမသူငယ်ချင်းမလေး ယမုံ အိမ်ပြောင်း တာကိုပင် သွားမနှုတ်ဆက်လိုက်ရပါ။
သူမနှင့်ယမုံ သည်အချစ်ဆုံးသူငယ်ချင်းများဖြစ်၏။ အထက်တန်း ကျောင်း ရောက်မှသာ လူချင်း ကွဲသွားကြသည်။ ယမုံ က လူကုံထံဖြစ်၍ ကြေးတတ်နိုင်ကာ မန္တလေးမြို့ တွင် အဆောင်နေ ၍ ၁၀တန်း ဖြေသည်။
ရွှေစင်ကတော့ မိဘကူရင်း နှင့်ပင် ရပ်ကွက်ထဲက အထက်တန်း ကျောင်းတက်၍ ၁၀ တန်း ဖြေရ၏။ယမုံ့  တွင် ပြည့်ပြည့် ဆိုသော သူငယ်ချင်းမလေး အသစ်ရသည် ဟု သူမကြားမိ၏။
သူုမ ဝမ်းသာမိပါတယ်လေ။ အဖော် မင်တဲ့ ယမုံလေး မန္တလေး ပြောင်းသွား ပေမယ့်လည်း သူမ အထီးမကျန်တော့ တာပေါ့။
``မမ  ဖေဖေ ခေါ်နေတယ် ဖရုံသီး တွေ ဆေးခြယ်မယ်တဲ့ ´´သူမ ဖရုံးသီး ခူး နေရာမှ သူမစီပြေးဝင် လာသောသူမ ညီမလေးများက အော်ပြော လိုက်ခြင်း ဖြစ်ပါသည်။
ရွှေစင့် အောက်တွင် ၆ နှစ်အရွယ် အမွှာ ညီအမ ရှိ၏။သူမတို့  နာမည်မှာ ရွှေမှုံ နှင့် ငွေမှုံ ဖြစ်သည်။ သူမ ညီမလေးများ မှာ သွက်၍ စွာသည်။ တခါတလေ အနေအေး သော ရွှေစင့် အပေါ် ဗိုလ် ကျ တတ်၏။
ရွှေစင်ကတော့ သူမ ညီမလေး များကို တုန်နေအောင် ချစ်သည်။
``အေး ညီမလေး တို့  မမလာပြီ ´´ ရွှေစင် သူမ ခူးထား သော ဖရုံသီး လေးအား ပိုက်၍ သူမ ညီမတွေနောက် လိုက် ခဲ့တော့၏။
ဖရုံသီး တွေ ဆေးခြယ်မယ်လို့  ပြောခဲ့လို့ အံ့သြသွားသလား ရှင့်။ မအံ့သြပါနဲ့ ။ ကျွန်မ တို့ တွေက Halloween နား နီးရင်ဖရုံးသီး တွေက ရောင်း အား အကောင်း ဆုံးပဲ။
ကျွန်မတို့  စီကို သူဌေး တွေက လာဝယ်တာ များတယ် ရှင့်။ ခြံ ထွက် သီးနှံ လတ်ဆတ် လို့ တဲ့။ ဖေဖေက လည်း စီးပွား ရေး အကွက်မြင်တယ် ပြော ရမှာ ပဲ။ ဖရုံသီး တွေကို ရိုးရိုး ရောင်း ရုံသာမက ဖရုံသီး လေးတွေအပေါ် သရဲ မျက်နှာ လေး တွေ ဆွဲပြီး ရောင်းကြည့်တယ်လေ။
အဲ့လို ရောင်းတော့ ရောင်းအားက ပိုကောင်းလာတယ်။ လှပ တဲ့  ဖရုံသီး တွေကို ဝယ်သူ ပို ကျလာတယ်လေ။ အခုတော့ ရောင်း လို့  လက်မလည် လို့ ကို ဒီရာသီဆို ကျွန်မတို့  တစ်မိသားစုလုံး ခြံ ထဲ မှာ ပဲ နေပြီး ဈေး ရောင်း နေရတဲ့ အဖြစ်။
သူမ ဆေး ခြယ်နေရင်းမှ``အဖေ ရာ သမီး အိမ်ပြန်ချင်ပြီ မလုပ်ချင်တော့ဘူး ´´ဟု ညည်းလိုက်၏။
သူမ အဖေသည် ဖရုံသီးကို ဆေး ခြယ်နေရာမှ မျက်လုံး လှန်ကြည့် ကာ ``ဘာဖြစ်လို့ လဲ ငါ့သမီးကြီး အဖေတို့ က ဒီရာသီပဲ လုပ်စားရတာလေ ´´
ငွေမှုံလေး မှ``ခစ်ခစ်  ဖေကြီး မမကလေ တကယ် တော့ ဖရုံသီး တွေကို ကြောက်နေတာ ´´ဟု သူမလေးလည်း ဆေးခြယ်ရင်းမှ ဝင်ညှောင့် လိုက်၏။
ရွှေစင် ဖခင်မှ``ငါ့သမီး စိတ်ထင်နေတာ ပါကွာ ´´ဟု သာ ပြောပြီး အလုပ်ဆက်လုပ်နေသည်။
ရွှေစင် လက်ထဲက ဖရုံသီး ကို ဆေး ခြယ်ရန် အလုပ် ဖရုံသီးမှာ မျက်လုံး ပွင့် လာပြီး ပါးစပ်ပြဲလာ၏။
``အမလေး ´´ရွှေစင် ဖရုံ သီးကို လွှတ်ချ လိုက်မိသည်။ စိန်မှုံ မှ အမိအရ ဖမ်း လိုက်သောအခါ စိန်မှုံ့ လက်ထဲ ဖရုံသီး လေး ပါသွား၏။
``အဖေ တွေ့လား သမီး ဒီမှာ ကို မနေချင်တာ ခြောက်တယ် အဖေရဲ့  သရဲခြောက်တယ် ´´ဟု အော်ကာ သူမ အခန်း ထဲမှ ထွက်သွား၏။
ရွှေစင့် ဖခင်မှာ ခေါင်းတယမ်းယမ်း နှင့်ကျန်ခဲ့ ၏။ စိန်မှုံ မှ ``ငွေမှုံ မမ ခြယ်သွား တဲ့ ဖရုံသီးလေးက ချစ်စရာလေးပါ အေ´´ ဟုပြောကာ ငွေမှုံ ကိုပြလိုက်သည်။
ငွေမှုံ့  လက်ထဲ တွင်တော့ ပြုံး ရယ်နေသော ဖရုံသီး လေး ပါသွား၏။
ရွှေစင် ဒီခြံ ထဲ တကယ်ကို မနေချင်တာ ပါ။ ညတိုင်း သူမ အိပ်မက် ဆိုးများ မက်နေ၏။ ဖရုံ သီး များ မှာ သူမအား လှောင်ရယ်နေသည့် အိပ်မက် များ ဖြစ်သည်။ စိုက်ခင်း ၏ အဝင်ဝ တွင် တိုက်ပု လေး ဆောက်ထား၏။ ထို တိုက် ပုတွင်ပင် သူမတို့  ယာယီနေကြသည်။ ယခုခြံ၏ အနောက် ဘက်တွင် တဲ ထိုးကာ ဖရုံသီးများ ဆေးခြယ်ခြင်း များ သိမ်းဆည်းခြင်းများ ပြုလုပ်၏။
ရွှေစင် ဟိုတွေးဒီတွေး နှင့် စိုက်ခင်းအားဖြတ်ကာ အိမ်သို့ ပြန်လာသည်။
ထိုစဉ် စိုက်ခင်းထဲမှ `` ရှဲ  ရှဲ ရှဲ ´´ခနဲ အသံကြား၏။
သူမမှ ခြေလှမ်းကို ခဏ ရပ်ကာ ``ဘယ်သူလဲ´´ဟု မေးလိုက်၏။
သို့ သော် မည်သည့် တုန့်ပြန် သံမျှ မကြားပဲ ``ရှဲ ´´ ခနဲသာ မြည် နေသည်။
ထိုစဉ် ``ဖတ်´´ ခနဲ သူမခြေထောက် အား တစ်စုံတစ်ယောက်မှ ဆွဲယူ လိုက်၏။ သူမ ကြည့်လိုက်သောအခါ ဖရုံညွှန့် အရှင်မှ သူမခြေထောက်အား ရစ်ပတ်ကာ စိုက်ခင်းထဲ ဆွဲယူသွား၏။ သူမမှာ ``ဗုန်း ´´ခနဲ ပစ်လဲကာ အရုပ်လေး အတိုင်း တရွတ်တိုက်ပါသွားတော့သည်။
သူမကြောက်လန့် ကာ ``အဖေ အဖေ့  အဖေ့ သမီးကို ကယ်ပါ ဦး´´ဟု အော်လိုက် ၏။
သူမအော်သံကို မည်သူမျှ မကြားပေ။ သူမခန္ဓာကိုယ်သည် ဖရုံ သီးများ နှင့် တိုက်မိလေသည်။ ဖရုံသီးများ မှာ မျက်လုံး များ ပွင့်လာပြီး ``သတ်ပစ် သူမကို သတ်ပစ်´´ဟု အော်နေ၏။
သူမမှာ မှီရာ မြေကြီး များကို ကုတ်တွယ်သော် လည်း လက်ချောင်းလေးများသာ ပွန်း ပဲ့သွားသည်။သူမအား ဆွဲ ခေါ် သွား မြဲပင်။
သူမ မျက်လုံး အစုံအား မှိတ် ၍ ``အမေ့ ....´´ဟု အော်လိုက် ၏။
``ဟိတ် ကောင်မလေး ကောင်မလေး ´´ သူမအား တစ်စုံ တစ်ယောက်မှ လှုပ်နှိုး နေလေသည်။
သူမ မျက်လုံး ဖွင့် ကြည့် သောအခါ သူုမအား စီးမိုး ထားသော ယောက်ကျား လေးတစ်ယောက်...
သူ၏ မျက်လုံးများ မှာ အပြုံး ရိပ်သမ်း နေသည်။ နှာတံမှာ ချွန်မျှ ၏။ နှုတ်ခမ်း လေးများမှာ ကွေးညွှတ်ကာ သူမ အားပြုံးပြနေ၏။
သူမ သတိ ထားမိ မှ သူမ  သူ၏ ရင်ခွင် ထဲ ရောက် ရှိ နေ ချင်း ဖြစ်သည်။
``အို ´´ သူမ ရှက်ရွံ့  ကြောက်လန့်စွာ သူ့အား တွန်း ဖယ်လို က်၏။
``အား ကျွတ် ကျွတ်´` သူမ လက်မောင်း များပါ အနာတရ ရနေ၍ သူမ နာကျင်နေသည်။
``ရှင် ဘယ်သူလဲ ဘာလို့  ဒီ အနား ရှိနေတာ လဲ´´ဟု သူမ သူစိမ်းအား မယုံသင်္ကာ မေးလိုက်၏။
ထိုကောင်လေး မှ `` ဟိုး  ဟို့  မေးခွန်း က များတယ် ဗျာ ကျွန်တော့် နာမည်  ဇေယျာ
ကျွန်တော်က ခဗျလေး အော်သံကြား လို့ ပြေးလာတာ ကျွန်တော် ဖရုံသီး လာဝယ်တာ ပါ ခဗျာ ´´ဟု ပြောလိုက်၏။
ရွှေစင် မှ ဘာမှ မေး မနေတော့ဘဲ ထော့နင် ထော့ နင်နှင့် ထွက်လာ၏။
``သြော် ကျွန်တော် ခဗျကို ပြောဖို့  မေ့သွားတယ် ဗျ´´
ရွှေစင်မှ နောက်လှည့် ကြည့်ပြီး ဘာလဲ ဆိုသော အကြည့် နှင့် ကြည့်လိုက်၏။
``ခဗျ တစ်ယောက်ထဲ လျှောက်သွား မနေနဲ့ ဗျ ဒီစိုက်ခင်းက  သင်္ချိုင်း မြေပေါ် စိုက်ထားတာ ´´ဟု ပြောကာ သူသည် သူမရှေ့ မှ ထွက်သွား၏။
သူမတစ်ယောက်ထဲ သာ နေရာ တွင် ငူငူလေး ကျန်ခဲ့ လေတော့သည်။
သူမ အိမ်ပြန် လာတော့ မိသားစု မှာ ထမင်းစားရန် ပင်ပြင်နေလေပြီ။
သူမ ဘာမှ မပြောဘဲ ရေ အရင်ချိုး လေ၏။
သူမ မိဘများ ကတော့ သူမနှင့်အတူ ထမင်းစား ရန် ထိုင်စောင့်နေသည်။
ရွှေစင် ဒီတခါ တော့ မိဘတွေကို ဖွင့်ပြောပြီး အိမ်ဘဲ ပြန်တော့မည်ဟု ဆုံးဖြတ် လိုက်သည်။ သူမ ထမင်းစားခန်း ထဲ မရောက်မှီ....
``ဖေကြီး  သမီး ကြီး ကြည့်ရတာ သိပ်မပျော် သလို ပဲ ကျွန်မတို့  အိမ်မှာ ပဲ နေပြီး ဒီမှာ နေ့လည်နေ့ ခင်း လာ အလုပ်လုပ်ကြမယ်လေ´´ဟု သူမအမေမှ သူမအဖေ့အား ပြောလိုက်၏။
``မိန်းမ ရာ ကိုယ်က ပြန်ချင်တာ ပေါ့ သမီးကြီး အတွက် တက္ကသိုလ် စရိတ် အငယ်နှစ်ယောက် အတွက် ကျောင်းစရိတ်လေး  ဖူလုံရင် ပြန်မှာ ပါ ´´
ရွှေစင် သူမ အဖေ ၏ စကားသံ ကြားသောအခါ ရင်ထဲ အလုံးကြီး ဆို့ သွား၏။ဤသို့ ဆို ပြန်တော့ လည်း သရဲထက် သူမတို့  ကျောင်းစရိတ် က ပိုကြောက်ဖို့  ကောင်း နေလေပြီ။
သူမ ဘာမှ မပြောရန် ဆုံးဖြတ် လိုက်ပြီး မျက်နှာအား အလှဆုံး ပြုံးကာ ထမင်းစား ခန်း ထဲ ဝင်လာတော့ ၏။
ထမင်းစား ပွဲ တွင် သူမ မျက်နှာ ပြုံး ရွှင်နေ၍ သူမ မိဘများမှာ စိတ် ချမ်းသာနေသည်။
အငယ်လေး နှစ်ယောက်မှာ လည်း တစ်ယောက်နှင့် တစ်ယောက်စနောက်ကာ ထမင်းစား နေကြ ၏။
``အား ကျွတ် ကျွတ် ´´ အိပ်ခန်း ထဲတွင် ရွှေစင် သူမ ပွန်း ပဲ့ နာများအား ဆေးထည့်ပြီး အိပ်ဖို့  လုပ်နေလေသည်။
ထို့နောက် သူမ ပြတင်း တံခါး လေးအား ဖွင့်ကာ ကောင်းကင်သို့ ကြည့် လိုက်၏။
ကောင်းကင် တွင် ကြယ်လေးများ စုံလင်လှသည်။ လမင်းကြီးမှာ လည်း လှပ တောက်ပနေကာ စိုက်ခင်းကြီးအား ငွေရည်များ ဆမ်း ပေးနေသည့်အလား အေးမြမှုကို ဆောင်နေ၏။
``ဟူးးးးးး´´သူမ သက်ပြင်း လေး ခိုး ချမိကာ
``ဒီအချိန် ယမုံ ဘာတွေ လုပ်နေမှာလဲ ´´ဟု တီးတိုးလေး သူုမကိုယ်သူမ မေးမိ၏။
ယမုံတစ်ယောက်မှာတော့ ........
(တတိယပိုင်း ဆက်ပါမည်)
အင်္ဂလိပ် ဝတ္ထု အား မှီငြမ်း ၍ မြန်မာ မှုပြုထားပါသည်။ မူရင်းရေး သား သော စာရေး ဆရာအား credit ပေးပါသည်။
ပန်ဒိုရာ
~~~အသက်ဝင်နေသောမျက်နှာဖုံး~~~
(တတိယပိုင်း)
``ဒုန်းးဒုန်းးးဒါ ဒါ ဒါ´´ယမုံ တို့  အိမ်တွင် သီချင်းမျိုးစုံ ဖွင့် ၍ ပျော်ပွဲ ကျင်းပနေ၏။
ထောင့် တနေရာ တွင်တော့ ယမုံ အပါ အဝင် ကလေး တစ်သိုက် စု ဝေး ၍ စကား ပြောနေကြသည်။
ယမုံ မှ သော်ဇင့်သူငယ်ချင်း များ အား
``ငါ တို့ အိမ်ရဲ့ အပေါ် ထပ်မှာထပ်ခိုး ခန်း ရှိတယ် အဲ့ ထပ်ခိုး ခန်း က အရမ်း ခြောက်တယ်တဲ့ ´´ဟု တိုးတိုး လေးပြောလိုက်၏။
``ကလေး များမှ မယုံပါ ဘူး သရဲဆိုတာ တကယ်မှ မရှိတာ ´´ ကောင်လေး တစ်ယောက်မှ ဝင်ပြော လိုက်၏။
ယမုံသည် သူမ ၏ ခေါင်းစောင်းအား ချွတ်ကာ ``အံမယ် ကလေးက အလာကြီး ပဲ မယုံရင် ငါ့နောက် လိုက်ခဲ့ ကြ´´ ဟု ပြောကာ သူမ မှ ဦးဆောင် ၍ အပေါ် ထပ်တက်လာ၏။
သူမသည် အသက်သာ ၁၈ နှစ် ပြည့် တာ ကလေးများ နှင့် ဆော့နေတုန်းပင်။ ယခု သူမ ၏ Halloween ဝတ်စုံမှာ ဂါဝန် အနက်ရောင် ဖြစ်၏။ ဂါဝန် အနက်ရောင်လေး သည် မီးရောင် အောက်တွင် ပြောင်ပြောင် လက်လက်လေး ဖြစ်နေသည်။ ထို ဂါဝန်ပေါ် မှ သူမ ခေါင်းစွပ် အင်္ကျီကတ္တီပါ အနီရောင်
ကို ထပ်မံ ဝတ်ထား၏။ မသိလျှင် စုန်းမ လိုလို ဘာလိုလို ။
``ကျွီ ကျွီ ... ´´ သူုမ အပါအဝင် ကလေး ၄ယောက် အပေါ် ထပ်သို့  ခြေသံ လုံ လုံ တက်လာကြသည်။
ထပ်ခိုး အခန်း ထဲ အရောက် တံ ခါး ဖွင့် လိုက်ကြ၏။ ``အဟွတ် အဟွတ် ´´သူမ တို့ နှာခေါင်းထဲ ပုပ်ဆော် နံ လာ၍ မွှန်သွားကြသည်။
ထို့ နောက် အမှောင်ထဲ မှ မျက်လုံး ရဲ ရဲ ကြီးတစ်စုံ သူမတို့ အားကြည့် နေ၏။ ကလေးများ မှာ သူမအနား ပြေးကပ်လာကြသည်။ ထို မျက်လုံးကြီး မှာသူမတို့ အနား သို့ တဖြည်းဖြည်း ကပ်လာသည်။
သူမ တို့ နောက် လှည့် ပြေးရန် အပြင်``ချောက်´´ ခနဲ တံ ခါးမှာ ပိတ်သွား၏။
``ဟင်´´ သူမ တံခါး ဘက် လှည့်ကာ တံခါးကို ဆွဲ ဖွင့်လေသည်။
``ချောက် ချောက် ချောက် ´´သူမ ကလေးများ အားကြောက်လန့်ကာ ကြည့်ရင်း ``တံ ခါး ဖွင့်မရတော့ဘုး ´´ဟုေ့ပြာကာ တံခါးကို အား ကုန် ဖွင့် နေ၏။
ကလေး များ မှာသူုမ၏  ဂါဝန်စအား ဆွဲကိုင် လှုပ်ကာ`` မြန်မြန် ဖွင့်ပါ မမ လာနေပြီလာနေပြီ´´ ဟု နီရဲနေသောမျက်လုံးကြီး အား ကြည့်ကာ အော်ငို နေကြလေပြီ။
ထိုစဉ် ``ချောက် ´´ခနဲ မီး များ ပွင့်သွား၏။
``အဟား ဟားဟား ငကြောက်လေး တွေ´´
ပြည့်ပြည့်သည် မီးသီး နီကြီး နှစ်လုံးကို ကိုင်ကာ အော်ရယ်နေ၏။
ယမုံမှ ``ဟူး မောတာ´´ဟုပြောကာ တံခါးကို ဖွင့် ပေးလိုက်သည်။
သော်ဇင်မှ ``မမကို ဖေဖေနဲ့ ပါ တိုင်မှာ သားတို့ သူငယ်ချင်း တွေကို စတာဆိုပြီး ´´ဟု ဆင်း ပြေးသွား၏။
ပြည့်ပြည့်မှ ``ဟာသွား ချော့ရအောင် ယမုံ လာ တော်ကြာ ဟိုတခါလို အဆူခံနေရမယ် ´´ဟုပြောကာ ကလေး တွေနောက်လိုက် သွား၏။
ယမုံ မှ အား ရ ပါး ရ ရယ်ကာ အခန်း ထဲမှ ထွက်ရန် အပြင် သူမ မျက်လုံး ထဲ အခန်းထဲ ရှိ ဘီရို ကြီးအား မြင်မိ၏။
ဘီရို တွင် ခလုတ်လေး များ ရှိ၏။ သူမ ဘီရို ထဲ တွင် မည် သည့် အရာများ ရှိ နေသလဲ ဟု သိချင်စိတ် ပြင်း လာသညိ။ ထို့ပြင် ဘီရို ဘေး နံရံ၌ 677 ဟု ရေး ထားသည်ကို တွေ့လိုက်သည်။
သူမ ထို နံပတ်အား ကုတ်ထဲ တွင် ရိုက်ထည့် လိုက်၏။ ထိုအခါ ``ချောက်´´ ခနဲဘီရို တံခါး ပွင့်လာသည်။
သူမ ဘီရို ထဲ အကြည့် သူမ နှာခေါင်း ထဲ သို့  အပုပ် နံ့ ကြီး စူးဝင်လာ၏။
``ဝေါ့ ´´သူမ ပျို့ ပင် တက်သွားသည်။
သူမ နှာခေါင်း ပိတ်ပြီး ဘီရို ထဲ ကြည့်သောအခါ သေ တ္တာလေး တစ်လုံး တွေ့ လိုက်၏။ထို သေတ္တာလေးအား ယူကြည့်သောအခါ မျက်နှာ ဖုံးလေး တစ်ခု။
ထို့ အပြင် ဘီရို ထဲ၌ နောက် ထပ် မျက်နှာ ဖုံးတစ်ခု သူမ ယူရန် လက်အရွယ် သူမ လက်အား ``ဖတ်´´ခနဲ အရိုးခြောက်လက်မှ ဆွဲယူ လိုက်၏။
``အမေ့ ´´ သူမကြောက်ကာ ဘီရို ထဲ အကြည့် အမှောင်ထုထဲမှ တဖြည်းဖြည်း  တိုးဝင်လာသော အရိုး ခေါင်းကြီး တစ်ခု..
``ဒီ မျက်နှာ ဖုံးတွေကို မြေမြှုပ်လိုက်ပါ မင်းတပ်မကြည့်နဲ့  မင်းတပ်လိုက်ရင် မျက်နှာဖုံးက မင်းကို ပိုင်သွားလိမ့်မယ် မျက်နှာဖုံးကို ခွာချင်ရင် ကမ္ဘာပေါ် မှာ မင်းက အရက်စက်ဆုံး လူသား ဖြစ်လာမှ ကွာကျသွားလိမ့်မယ် ´´ဟု ပြောကာ အရိုး ခေါင်းကြီး ပျောက်သွား၏။
သူမသည် ကြောက်လန့် နေသော ရင် ဘတ်အစုံ အား ဖိရင်း မျက်နှာ ဖုံးကို ကောက်ယူကြည့်မိသည်။
ထို့ နောက်သူမ နှာခေါင်း ရှုံ့  လိုက် ၏။``သာမန်မျက်နှာ ဖုံးလေးကို သဲနေတာ ´´ဟု ပြောကာ သူမ မျက်နှာ ဖုံး လေးကို စွတ်လိုက်၏။
``ဟီးဟိ ဒီ မျက်နှာ ဖုံး နဲ့  စ ရမယ် ´´ဟု ပြောကာ သူမ ထပြီး ထပ်ခိုး ခန်း ရှိ ကို
်လုံးပေါ် မှန်တွင် ကြည့်မိ၏။
``ဟာ မျက်နှာ ဖုံးက အစစ်အတိုင်း ပဲ´´မျက်နှာဖူံး မှာ  ရှိတဲ့ အသား တွေ ငါ့မျက်နှာ ကပ်ကုန်ပြီ။
သူမ မျက်လုံးများ မှာပြူးကျယ် ဝိုင်းစက် လာ၏။ ပါးစပ်များမှာ ပြဲပြီး အစွယ်များ ထွက်လာသည်။ သူမ နဖူးကြောများ တွန့့် ကုန်၏။ သူမ မျက်နှာ ဖုံးအား ဆွဲခွာသောအခါ မျက်နှာ ဖုံးမှာ မျက်နှာ နှင့် တသားတည်း ဖြစ်လို့ သွား၏။
သူမ လက်သည်း လေးများ မှာ ချွန်မြ၏။ ထို့ကြောင့် သူမ သည် လက်သည်း များနှင့် မျက်နှာကို ကုတ်ခြစ်လိုက်၏။
``အားးးး´´ သူမ အသားများ သွေးထွက်လာသည်သာ ပိုသည်။ မျက်နှာဖုံးမှာ ကွာကျမသွားပေ။
``မေမေ သမီးကို ကယ်ပါဦး´´ သူမ ထိုသို့ အော်၍ အောက်ထပ် ဆင်းလာ၏။
အောက်ထပ်တွင် သီချင်းများ ဖွင့်ထား၍ သူမအသံကို မည်သူမျှ မကြားပေ။ သူမ သူမမောင်လေးအနား သွား၍
``သော်ဇင် မောင်လေး မမ ကိုကယ်ပါဦး မျက်နှာ ဖုံး ချွတ်မရတော့ ဘူး ´´
သော်ဇင်မှ သူအမအားကြည့်ကာ`` ဘလာ ဘလာ ရိုးနေပြီ မယုံတော့ဘူး လာမစနဲ့ ´´ဟု ပြောကာ ပြေးထွက် သွား၏။
ထို့ နောက် သူမ ပြည့်ပြည့်စီ ပြေးကာ ``ပြည့် ငါ့ကိုကယ်ဦး  ငါ မျက်နှာ ဖုံး ချွတ်မရတော့ဘူး´´ ဟုပြောကာသူမ ရှေ့  မျက်နှာ ဖုံး ဆွဲ ချွတ်ပြ၏။ သို့ သော်မကျွတ်ပေ။
ပြည့် ပြည့်မှ သူမ ၏ မျက်နှာ အားပြန်စမ်းကာ`` အားးငါလည်း ငါ့မျက်နှာဖုံး ချွတ်မရတော့ဘူး အား အား ဟဲ အဲ့လို လား´´ ဟု မေးလိုက်၏။
ယမုံမှ``တောက် ငါနောက်နေတာ မဟုတ် ဘူး´´ဟု အော်ကာsound boxes ကြိုးများ ဆွဲဖြုတ်လိုက်၏။
ထို့နောက် စားပွဲသောက်ပွဲများ ကို မှောက်ပစ်လိုက်၏။
ူသူုမ စိတ်သည် ရုတ်ချည်းပြောင်းလဲသွားကာ
ခက်ထန်စိတ်ဝင်လာ၏။ သူမ ပါးစပ်မှ လည်း သွားရည်များ တမျှ မျှ ။
ယမုံ အမေမှ ``ဘယ်သူ လဲ နင် ငါ့သမီး ငါ့သမီးရော´´ဟု အော်လေ တော့သည်။
ယမုံအသိစိတ် ဝင်လာသောအခါ သူမအိမ်နှင့် အဝေးဆုံး သို့  ပြေးထွက်လာတော့၏။
~~~~~~အမရပူရ~~~~~
``အဟင့် ဟင့်´´ ရွှေစင် သူမ မျက်နှာ ပေါ် ချွဲ ပြစ်ပြစ် အထိ အတွေ့ ကြောင့် အိပ်ရာ ထက်မှ ထလိုက်သည်။
သူမ မျက်နှာ ကို လက်ခုံနှင့် သုတ် လိုက်သောအခါ ``ဟင် ဖရုံသီး အရည်တွေ´´သူမလက်ပေါ် အဝါ ရောင် ချွဲပြစ်ပြစ်များ ပါလာ၏။
သူမ ကုတင်အောက် ခြေအချ သူမ ဖိနပ် ကိုစီး ရန် ခြေ ထောက် လျှို လိုက်စဉ် ``ဟာ သွေး သွေး တွေ ´´ သူမ ဖိနပ် နှစ်ဖက်လုံး သွေးအိုင်ထဲ ရောက်နေသည်။ သူမ ထ ခုန်၍ ပြတင်းပေါက်နား အပြေး ``ကျွီ ဝုန်း ´´ခနဲ ဖရုံ နွယ် များ တက်လာ၏။
ဖရုံ ညွှန့် များ မှာ အမြောက်အများဖြစ်နေသည်။ထို အညွှန့် များသည် ရွှေစင့်အား ပတ်နှောင်ကာ ပြတင်းပေါက်မှ တဆင့် စိုက်ခင်းထဲ ဆွဲခေါ် ၏။ ရွှေစင်သည် ကြောက်လန့် ကာ ပြတင်းပေါက် ဘောင်ကို ဆွဲကာ`` အမေ  အမေ  အမေ ´´ဟု အော် ခေါ် နေမိသည်။
ဖရုံညွှန့် များအားလုံးသည် သူမ၏ သေးငယ်သော ခါးလေး အား ရစ် နှောင်၍ သူမ အား ခေါ် သွားလေပြီ။
`°အမေ့´´ ``ဝုန်း´´ ခနဲ သူမ အခန်း တံ ခါးကို ဖွင့်လိုက် သူများက အမွှာညီအမ နှစ်ယောက်...
``မမ မမ ´´ညီအမ နှစ်ယောက် လုံး သူမ အမအား အော်ခေါ် ကာ အောက်ထပ်ပြေး ဆင်း၍ သူမတို့မိဘများအား နှိုးရန် တံခါး ခေါက်ရန် လက်အရွယ် `` ဖျက်´´ ခနဲ ကလေးနှစ်ယောက်အား နောက်မှ လူတစ်ယောက်က ရိုက်လိုက်၏။ ကလေးနှစ်ယောက်မှာ အိပ်ခန်း ရှေ့ တွင် ခွေခွေ လေး လဲသွား၏။
ထိုလူကာ အိမ်ပြင်သို့  အေးဆေး ထွက်ကာ သူ၏  ခြေ လှမ်း များက သိုလှောင် ရုံသို့ ....
``ဘုတ် ´´ ``အင့် ´´ ရွှေစင် သူမ ရောက် ရှိနေသော နေရာ သို့  ကြည့်လိုက်သော အခါ
သူမ တို့  ၏ သို လှောင် ရုံ ထဲ ဖြစ်နေ၏။
သို လှောင် ရုံ ထဲ မီးသီး မှိန်ပျပျ ထွန်းထားသည်။ ရွှေစင် အားယူ ကာ ထ လိုက်သောအခါ သူမ ရှေ့ တွင် သူမအား ပြုံးကြည့် နေသော ဇေယျာ
``ရှင်  ရှင် က ဘာလို့  ဒီရောက်နေတာ လဲ´´ ရွှေစင်မှ ဇေယျာ့ အား ကြောက်လန့် လာကာ မေးလိုက်၏။
``ခြောက်သလို ဖြစ်သွား ရင် တောင်းပန်ပါတယ် ကျွန်တော် ခဗျ ကို သတိရလို့  ခေါ် လိုက်တာ ပါ´´ဟု ရွှေစင့်လက်ကလေး အား ဆတ် ခနဲ ဆွဲကာပြောလိုက်၏။
သူ၏  လက်များမှာ အေးစက်နေ၏။ သူ၏ အပြုံးသည် ရွှေစင့် ကျောရိုး တစ်လျှောက်လုံး စိမ့်သက် သွားလောက်အောင် ကြောက်စရာကောင်းနေသည်။
ရွှေစင်မှ ``ရှင်  ရှင် ရှင် က လူ  လူ မဟုတ် ဘူး´´ ဟု ထစ် ထစ် အအ ပြောလိုက်၏။
ဇေယျာမှ အပြုံး မပျက် `` မင်းသိသွားပြီ ပဲ ဟုတ်တယ် ငါ လူမဟုတ် ဘူး ဒီ မြေပေါ် ငါတို့ မိသားစု တွေ သေခဲ့တယ်။ ခုတော့ မင်းအဖေ ပိုင်တဲ့  ဖရုံ ခင်း ပေါ့ ။ ငါတို့ မြေပေါ် လူတွေ နေရင် မကြိုက်ဘူး။ ဒါပေမယ့် မင်းကို တွေ့ ပြီး ကတည်းက မင်းမိသားစု ကို ဒုက္ခ မပေးဖို့ ငါ့မိသားစု ကို ပြော ထားတယိ´´ ဟု ပြောကာ ရွှေစင့် နဖူးအား နမ်းရန် ပြင်လိုက်၏။
ရွှေစင်မှ ခေါင်း လေး ယိမ်းလိုက်ကာ``ကျွန်မ အဖေကို ပြောလိုက်ပါ့မယ် ကျွန်မကို အိမ်ပြန်ခွင့်ပြုပါ´´ ဟု သနားစဖွယ်ပြောလိုက်၏။
ဇေယျာ မှ နှစ်လို ဖွယ် ပြုံးကာ``မင်းကို ချစ်တယ် ဒီည Halloween နေ့မှာ မင်းနဲ့ လက်ထပ်မယ် ငါ့အမေ စီမံ လိမ့်မယ် မင်းပဲ အပိုင်ယူမယ် မင်းမိသားစုကို ဒုက္ခ မပေးဘူး ´´ဟု ပြောကာ ရွှေစင့် နဖူးကို ဆွဲယူ နမ်း ပစ်သည်။
ထို့ နောက် `` ရွှီ   ရွှီ ´´ခနဲ ဖရုံ ညွှန့် များ ပြန်ရောက် လာကာ ရွှေစင့်အား စိုက်ခင်းထဲ ဆွဲခေါ်ပြန်၏။
``ကျွန်မ ရှင့်ကို မချစ်ဘူး ကျွန်မကို လွှတ်ပေးပါ လွှတ်ပေးပါ ´´ သူမ မြေကြီးများ ကို ကုတ်တွယ်ကာ အော် ဟစ်လေ၏။
သူမ လက်သည်း များ မှာ သွေးများ ထွက်၍ ကွာ ကျ လေ၏။
×××××မန္တလေး အထွက် အမရပူရမြို့ အဝင်×××××
ယမုံ မှောင်ရိပ် ခိုကာ ခဏ နားနေသည်။ သူမ ဦးတည်နေသည်က ရွှေစင် တို့ စီသွားရန်ဖြစ်သည်။ ရွှေစင်တစ်ယောက်သာ သူမစကားကို ယုံကြည်မည် ဖြစ်သောကြောင့် ဖြစ်သည်။
သူမသည် တချက်ချက် အသိစိတ်ပျောက်၍
အသိစိတ်ဝင်လာလျှင် မောပန်း လာ၏။ ထို့ ကြောင့် သူမ ခဏ နားနေသည်။
ထိုစဉ် သူမရှေ့  ကားတစ်စီး ထိုးရပ်သွားသည်။ ကားပေါ် မှ သူမနှင့်အသက်တူ ကောင်လေး ဆင်းလာကာ ကားစက် ဖုံးအား ဖွင့် ၍ ကလိနေ၏။ထို့ နောက် ထို ကောင်လေးမှ ခေါင်းကုတ် ကာ စိတ်ရှုပ်နေ၏။
ယမုံ စိတ် ထဲ ကူညီ ချင်စိတ် ပေါက်လာကာ
သူမ မျက်နှာ အား မမြင်ရစေရန် ခေါင်းဆောင်း ဆောင်း လိုက်၏။
ယမုံမှ ``ကားပျက်တာ လား အစ်ကို ´´ဟု မေးလိုက်၏။
ထိုကောင်လေးမှ ယမုံ အား တွေ့ သောအခါ ဝမ်းသာ သွားပြီ ``ဟုတ်တယ် ဗျ ကား ပျက်သွားတာ ဒီအနားကား ပြင်ဆိုင် ရှိ လား´´ ဟု မေးလိုက်၏။
ယမုံမှ ``ရှေ့ နား နည်းနည်း သွားလိုက် မီးအဝါ လေး လင်းနေတာတွေ့ လား အဲ့တာ ကားပြင်ဆရာအိမ်´´ ဟု ညွှန်ပြ လိုက်၏။
ထိုကောင်လေးမှ ``အစ်မ ခဏ စောင့် ပေးပါ့လား ကျွန်တော် သွားခေါ်မလို့ ´´ ဟုပြောကာထွက်သွား၏။
ယမုံ ခေါင်းငြိမ့်ပြကာကားအနား စောင့်နေ၏။ ကောင်လေး ထွက်သွားပြီးသိပ်မကြာမီပင်
ယမုံ စိတ်ရိုင်းများ ဝင်လာ၏။ ``ငါက ဘာလို့  ကားကို စောင့်ရမှာ လဲ ဖျက်စီး ပစ်ရမှာ ဖျက်စီး ပစ်ရမှာ ´´ဟု ပြောကာ သူမ ဘေးဘီ သို့ ဝေ့ကြည့်ကာ ခဲ ရှာ လေ၏။
ထို့ နောက် သူမ ခဲ လုံး ခပ်ကြီး ကြီးကို ကောက်ကာ ကားမှန်များ ကို ဖျက်စီး လေတော့သည်။
``အုန်း ခလွမ်း ´´ သူမ နှစ်လို ဖွယ် ပြုံးကာ ``အဟားဟားဟား ´´ဟု အော်ရယ်လေ၏။
``ဟိတ် ကလေးမ ဘာလို့ ငါ့ကား ဖျက်ဆီး တာလဲ´´ ကောင်လေးမှာ ကားအနား ပြေးလာပြီး ယမုံ့  ခေါင်းစွပ်အား ဖယ်လိုက်၏။
`°အောင်မလေး ဗျ သရဲ သရဲမ ´´ ကောင်လေးရော ကားပြင်ဆရာပါ ယမုံ ၏ ခက်ထန်သော မျက်နှာ ကို မြင်ကာ ထွက်ပြေးကြ၏။
ယမုံ့ မှာ အားရပါးရ အော်ရယ်ကာ ရွှေစင့် ၏ ဖရုံ ခင်းသို့  ခြေလှမ်း စလေပြီ။ ဒီတခါ သူမ စိတ်တွေ ပိုကြမ်းလာ၏။
ဒီတခါတော့ သူမ လူသတ်တော့မည်.....
(ဇာတ်သိမ်းပိုင်း တွင်ဖတ်ရှု့ ရန်)
အင်္ဂလိပ်ဝတ္တုအား မှီငြမ်း၍ မြန်မာမှုပြုထားပါသည်။ မူရင်းရေးသားသောစာရေးဆရာ အား credit ပေးပါသည်။
ပန်ဒိုရာ
` ~~~အသက်ဝင်နေသောမျက်နှာဖုံး~~~
[ဇာတ်သိမ်းပိုင်း ]
ကောင်းကင်ယံ တွင် ထိန်ထိန်သာနေသော လမင်းကြီးအား ရုတ်တရက် တိမ်များ ဖုံးသွား၏။
``အဟွတ် အဟွတ်´´ ရွှေစင်သည် ဖရုံ ခင်းအလည်တည့်တည့် တွင် ရောက် ရှိ လို့ နေပေသည်။ သူမ ညအိပ် ဂါ ဝန်လေး မှာစုတ်ပြဲ နေလေပြီ။ သူမ လက်များ မှာ လည်း ပေါက်ပြဲ ကုန်၏။ သူမ လက်သည်း ခွံ လေးများ မှာ အဖက်လိုက် ကွာကျနေလေပြီ။
သူမ ၏ မျက်နှာ နုနု လေးတွင် သွေးများ စို့ လာ၏။
``ဖြန်းးး´´ခနဲ ရွာချ လိုက်သော မိုးကြောင့် သူမ ကျောပြင် များ အလွန်စပ်သွားသည်။
သူမ အားယူ ထကာ ပတ်ဝန်းကျင်အား ကြည့်လိုက်၏။ အရာရာတိတ်ဆိတ်လျက်..
သူမ အိမ်ပြန်ရန် ခြေ လှမ်းအစ သူမ ကို ဖရုံသီးများ ဝိုင်း ရံ လာ၏။
မိုးမှာလည်း ရုတ် တရက် တိတ်သွားလေသည်။
ဖရုံသီးကြီး များမှာ သာမန် ထက် ၂ဆလောက်ကြီး နေကာ မျက်လုံးကြီး များ နီရဲနေ၏။ ပါးစပ်ကြီး များ ပြဲကာ သူမအနား ဝိုင်းကြီး ပတ်ပတ် ဒူ ဝေဝေ လုပ်နေသည်။
ဖရုံသီးများမှ `` တွားသွားတယ် တွားသွားတယ်
ညဘက် ငါတို့ တွေ တွားသွားတယ်
သတ်ပစ်မယ် သတ်ပစ်မယ်
ဇေယျာ အတွက် နင့်ကို သတ်ပစ်မယ်
အဟား ဟားဟား ´´ ဟု ကြောက်မက်ဖွယ် သီချင်းသီ ဆို ကာ အော်ရယ် ကြသည်။
ရွှေစင်မှာ ကြောက်လွန်း ၍ နား နှစ် ဖက်ကို ပိတ်ကာ ``အားးး´´ ခနဲ အော်လိုက်၏။
ထို အခါ ဖရုံသီးများ ပျောက်သွားလေသည်။
သူမ မျက်လုံးပြန် ဖွင့်ကြည့်သောအခါ သူမ ရှေ့ တွင် မြေပုံ မို့ မို့  လေး ရှိနေ၏။ ထို မြေပုံ မှ မြေကြီး မှာဖွာ လာကာ  လူတစ်ယောက် ထလာ၏။ သူမ ပြေး ရန် အားယူ သော်လည်း သူမခြေထောက်များ မှာ ကော်နှင့် ကပ်ထားသည့်အလား လှုပ်လို့ မရတော့ပေ။
ူသူုမ မှာ ကြောက်လည်း ကြောက် တုန်လည်းတုန်လာသည်။
ထို မြေကြီး ထဲမှ ထွက်လာသူ က အမျိုးသမီးကြီးတစ်ယောက်ဖြစ် သည်။ သူမသည် အပေါ် အောက် အနက်ရောင် ဆင်တူ ဝတ်ထားကာ ကောင်းကင်သို့  မော့် ကြည့်နေ၏။
ရွှေစင်လည်း ကောင်းကင်သို့ မော့် ကြည့်သောအခါ လမင်းကြီး မှာ သွေးရောင် လွှမ်း နေသည်။
ထိုမိန်းမကြီးမှာ တဖြည်း ဖြည်း ရွှေစင့်ဘက် လှည့် လာသည်။
မိန်းမ ကြီးမှာ မျက်လုံးများ ကျဉ်း၍ မျက်အိမ်အပြည့် မည်းနက်နေသည်။ ပါးစပ်မှာပြဲ  နေကာ အစွယ် ထွက်နေ၏။ နှာခေါင်း မှာ ကောက်ကာ လိမ်နေ၏။
ရွှေစင် ကြောက်လွန်း၏ မအော်နိုင်လောက် အောင်ပင် ဆွံ့ အ နေသည်။
``ငါ့သားက မင်းကို ချစ်နေတယ်ဆို တော့ မင်းကို ငါ့သားနဲ့ ပေးစား ရမယ် မင်းရပ်နေတဲ့ နေရာက ငါ့ သား အိပ်စက်နေတဲ့ နေရာပဲ´´
ဟုပြောကာ ရွှေစင့်အနား တိုးလာ၏။
ရွှေစင်မှာ ကျောက်ရုပ်လို ဖြစ်နေကာ လှုပ်မရပေ။ သူမ မျက်ဝန်း အိမ်ထဲ တွင်တော့ ကြောက်လန့်မှု့ အပြည့်နှင့် မျက်ရည်များ ကျနေသည်။
``အို မင်းငို နေတာ လား မငို နဲ့  မင်းအသက်ကို အသာအယာ နှုတ်ယူမှာပါ မလန့်ပါနဲ့ ´´ ဟု ပြောကာ သူမ သည် ရွှေစင့် ပခုံးအား ကိုင်လိုက်၏။
ထိုစဉ် `` ရွှီး ဖြောင်း ´´ ခနဲ မထင်မှတ်ထား သော အဖြစ်အပျက်တခု....
ဂါဝန် အနက်ရောင် နှင့် ခေါင်း ဆောင်း ထားသော မိန်းမ တစ်ယောက်မှ သရဲမကို ဝင်လုံး လေသည်။
သရဲမ မှာ အဝေး လွင့် သွား ၏။ ထို့ နောက် ထ်ု ကောင်မလေးမှသရဲ မ အပေါ် တက်ကာ သရဲမ ၏ မျက်နှာ များကို ကုတ်ခြစ်လေသည်။
ရွှေစင် ကြည့် နေရင်းပင်သရဲမ က အပေါ် ရောက်လိုက် ကောင်မလေးက အပေါ် ရောက် လိုက် နှင့် ဖြစ်နေသည်။
နပန်းသတ် နေသည့်အလား အမျိုး သမီး နှစ်ယောက်လုံး သူသေ ကိုယ်သေ လုံး ထွေး သတ်ပုတ် နေ၏။
ရွှေစင် ကြည့် နေစဉ် ပင် ခေါင်းဆောင်း နှင့် ကောင်မလေး မှာ သရဲမ အပေါ် ရောက်သွားကာ သရဲ မ၏ ခေါင်းအား ဆွဲ ဖြုတ် လိုက်၏ ။
`` ဂျွတ် ´´ ခနဲ ခေါင်းမှာ  ပြုတ် ထွက်လာကာ ချွဲ ပြစ်ပြစ် အရည်များ ပန်း ထွက်လာ၏။
ထို အရည်များသည် သရဲမပေါ် ခွ ထိုင် နေသော ကောင်မလေး၏ မျက်နှာ အားစင်သွားသည်။
ကောင်မလေးမှာသရဲမ ၏ နှ လုံးသား အား လက်သည်း ရှည်များနှငိ့ ဆွဲယူ ကာ ``အားးးးးး´´ ကောင်းကင်သို့ မော့ ၍ အော်လိုက်၏။
ထိုအခါ သူမ ခေါင်းဆောင်း ကျွတ်သွားသည်။
``ဟင် ´´ လရောင် အောက်တွင် ရုပ်ဆိုးဆိုး သရဲ မတစ်ကောင်ကို ထပ်မံ တွေ့ လိုက်ရ ၍ ရွှေစင် ပျော့ ခွေသွား သည်။
ထို သရဲ မသည် လက်တွင် ခုန်နေသောအပုပ်အသိုး  နှ လုံးအားကိုင်၍ ရွှေစင့်အနား တိုးလာ၏။
သူမသည် ရွှေစင့် အရှေ့ ရောက်သောအခါ နှလုံးသားအား ချ၍ သူမ ခြေထောက်နှင့် အားရပါး ရ တက်ဖိ ခြေ လိုက်၏။
မျက်နှာ တွင် လည်း ကျေနပ် နေသည်အပြုံး
ထို့နောက် ``အားးးးး´´သူမ သူမမျက်နှာ သူမ ကိုင်ကာ မခံချည့် မခံသာ အော်လိုက်၏။
ရွှေစင်မှ ဂရု ဏာသက်ကာ ထိုကောင်မလေး ပခုံးအား ဆွဲကိုင်လိုက်၏။
ထိုစဉ် ``ဘုတ်´´ ခနဲ မြေပြင်ပေါ် သို့  မကောင်းဆိုး ဝါး မျက်နှာ ဖုံး ကွာကျ လာသည်။
ရွှေစင့်  ရင်ခွင် ထဲမှ ကောင်မလေး ခေါင်း မော့ ၍ ရွှေစင့်အား ကြည့် လိုက်သည်။
``ဟင် ယမုံ ယမုံ နင်ဘယ်လို ဖြစ်တာလဲ´´ဟု မေးလိုက်၏။
ထိုအခါ မှ ယမုံ သူမ မျက်နှာ သူမ ပြန်စမ်းကာ`` ငါ့မျက်နှာ ပြန်ရပြီ ငါ့မျက်နှာ ပြန်ရပြီ´´ ဟု အော်ကာ ရွှေစင့်အား ဖက်လိုက်၏။
``အား ကျွတ် ကျွတ် ´´ ရွှေစင်မှ ဒဏ်ရာ ရထား၍ အော်လိုက်မိသည်။
`` sorry သူငယ်ချင်း ´´ ဟု ပြောကာ သူမသည် မျက်နှာ ဖုံးအား ကောက် ကာသရဲ ထွက်လာသော မြေကျင်း ထဲ ပစ် ထည့်လိုက်၏။
ထို့ နောက် ထို မြေကျင်းအား မြေဖို့ လေသည်။ ရွှေစင်မှာ လည်း ဝင် ၍ ကူညီကာ ဖို့ ပေးလေ၏။
ယခုတော့လည်း အရာရာ တိတ်ဆိတ် လျက်
ဖရုံခင်းကြီး မှာ သူမဟုတ်သည့်အတိုင်းပင်.....
နောက် တနေ့  မနက် တွင် ရွှေစင်မှသုမ မိဘများအား အဖြစ်အပျက် များကို ပြောပြလေသည်။
ရွှေစင့် ဒဏ်ရာများ နှင့် အမွှာ နှစ်ယောက် ပြောပြ ချက် ကြောင့် သူမ မိဘများ ယုံကြည် သွား၏။
ရွှေစင့် အဖေ မှာ ရွှေစင့် အား ဖက်၍ ယောက်ကျား တန်မဲ့ မျက်ရည်ကျနေမိသည်။
`` အဖေ လောဘကြီး လို့  ငါ့သမီး လေး ခံရတာ ´´ ဟု ပြော လိုက်၏။
ရွှေစင်မှ သူမ ဖခင်အား ကြင်ကြင်နာနာ ဖက်ကာ ``သမီး တို့ အတွက်ပဲ လေ ဖေဖေ မမှားပါဘူး´´ ဟု သူမ ဖခင် ကျောပြင် အား ပုတ်ပေးလေ၏။
××××××မန္တလေးမြို့ တွင်××××
မေဇင်မှ ``ရဲမှုး တို့ ရယ် အား ကိုးတယ်နော် ကျွန်မတို့  ပါတီ ပွဲကို ဖျက်ဆီးသွား တဲ့ ကောင်မလေးကို ဖမ်း ပေးပါ ကျွန်မသမီး လေးလည်း  ပြန်ရှာ ပေးပါ နော် ´´ဟု ငိုယို ကာ ရဲမှုး ထံ အမှု ဖွင့် နေလေ၏။
``မေမေ´´ ယမုံ မှ အိမ်ထဲ ပြေး ဝင်လာကာ သူမအမေ အား အော်ခေါ် လိုက်၏။
မေဇင်မှ ``ဟယ် သမီး သမီး လေး ပြန်လာပြီ´´ဟု ပြောကာ သူမ သမီးလေးအား ရင် ခွင် ထဲ ဆွဲ သွင်း လိုက်၏။
မေဇင်မှ ``ငါ့ သမီး လေး ဘာမှ မဖြစ်ဘူးနော် ဟယ် ရွှေစင်လေးလည်း ပါလာတာပဲ ´´ ဟု ပြောကာ သူမသည် ရွှေစင့်အား နှုတ်ဆက်လိုက်သည်။
ထိုစဉ် အိမ်ပေါ် ထပ်မှ သော်ဇင်လေး က `` မေမေ အပေါ် ထပ် ထပ်ခိုးမှာသား မျက်နှာဖုံး အပြာရောင် လေး တွေ့ တယ် သားတပ်ကြည့်မယ်´´ဟု ပြောကာ မျက်နှာ ဖုံးလေးယူကာ အောက်ဆင်း လာ၏။
ယမုံ နှင့် ရွှေစင်မှာ မျက်လုံးပြူး မျက်ဆန် ပြူးကာ `` မတပ်နဲ့ မောင်လေး ´´ ဟု ပြိုင်တူ အော်လိုက်မိ၏။
သူမတို့  အော်သံသည် တစ်အိမ်လုံးကို ပဲ့တင် ထပ်သွား လေတော့၏။
အင်္ဂလိပ် ဝတ္တု အား မှီငြမ်း၍ မြန်မာ မှု ပြုထားပါသည်။မူရင်း ရေးသား သောစာရေးဆရာအား Credit ပေးပါသည်။
ပန်ဒိုရာ
Post a Comment