***ဗိုက်ကြီးသည်ကိုဝင်ပူးတဲ့ဖုတ်ကောင်*****

*****ဗိုက်ကြီးသည်ကိုဝင်ပူးတဲ့ဖုတ်ကောင်*****

"ဖောက် ----ဖောက် ဖြော-----"

"ထိုးးးထားးးထွန်းးမောင်ရေ မီးးကောင်းမှကွ"

"သိပါတယ် ကိုကြီးသာဒင်ရ မီးသွေးဆိုတာမျိုးကလည်း မီးနိုင်မှကိုးးဒါပေမယ့် လွှတ်ပူသဗျားး"

"အေးးလေ မီးကောင်းသွားရင်တော့ ထားရပါပီ ညနေလောက်မှ ပြန်ကြတာပေါ့"

အုတ်ကန်ရွာ တရွာလုံး၏ မီးသွေးဖုတ်သမား ကိုထွန်းမောင်။တခါတလေ အုတ်လည်းဖုတ်သေးသည်။မီးသွေးကို ဖုတ်ရာတွင် ဆရာကျလှသည်။သူ့မီးသွေးက နာမည်ရသည်။အနီးကရွာတွေဆို ကိုထွန်းမောင်မီးသွေးဆို လွှတ်သဘောကျသည်။
မီးသွေးက အကျိုးပေးသည်ပြောရမလားပင်။ကိုထွန်းမောင်တို့ညားကာစ လင်မယားအဖို့ အတော့ကို ပြေလည်လှပေသည်။
ကိုထွန်းမောင်မိန်းမနာမည်က လှမေတဲ့။ကန်မပင်ရွာကပါ။ရုပ်ရည်အသင့်တော့ရှိတယ်။ကိုထွန်းမောင်က လူမဲ။မဲပုံက သူဖုတ်တဲ့ မီးသွေးကပင် အဘခေါ်ယူရသည်။ကွမ်းကလည်း လွှတ်စားတော့ သွားကပါ မဲတူးနေသည်။မလှမေနဲ့ပင် သိပ်မလိုက် သို့သော် ဘယ်သို့ဘယ်ပုံ အကြောင်းပါလာသည်မသိရပေ။
ညနေစောင်းလာပီမို့ ကိုထွန်းမောင် လှည်း က ဖို့ ဟန်ပြင်ရတော့သည်။၇ ရက်တပက်လောက်တော့ စောင့်ရပေအုံးမည်ဖြစ်သည်။ထိုးပေါက်တွေပါ ရွှံ့ သဲအလုံပိတ်ထားရသည်။ဒါမှသာရမည်။တပတ်လောက်နေရင် မီးသွေးဆယ်လို့ရပေပီ။ကိုထွန်းမောင် လှည်းဖြင့် ရွာထဲသို့ပြန်လာခဲ့လေသည်။
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

"မိန်းးးမရေ လှမေ အကို ပြန်လာပီဟေ့"

"ကြားပါတယ်တော့ တော့မလဲ ခေါ်လိုက်တာ ငယ်သံကိုပါလို့ပါလားး"

"!ချစ်တာကိုးးဟ ဒါနဲ့ ယောက်ျားစားဖို့ ဘာပြင်ထားလဲ"

"ချက်ပြုတ်ထားပါတယ်တော် အကိုကြိုက်တဲ့ ငါးရှဉ့်ချက်ရယ် ငပိရည်နဲ့တို့စရာရယ် လုပ်ထားပါတယ် "

"ဟားးဒါဆို အဆင့်သင့်တုပ်ရုံပဲပေါ့ကွ ဟ ဟားးး"

"!.ဟာမရပါဘူးနော် ခဏနားးရေမိုးချိုးးပီးးးတော့မှ တူတူစားမယ်"

"
ဟင် ခုထိ လှမေမစားရသေးဘူးလားဟင် "

"!အင်းးလေ အကိုလာမှ တူတူစားမယ်ဆိုပီး လှမေစောင့်နေတာ"

"ဟားးးးစားနှင့်ပါရောလားးလှမေရယ်"

"ကဲပါ ရေချိုးလိုက်တော့နော် ထမင်းစားရအောင်"

မိန်းမဖြစ်သူကမ်းပေးလိုက်သော ပုဆိုးကိုယူကာ ရေတွင်းးသို့လာကာ ရေမိုးချိုးပစ်လိုက်သည်။ထို့နောက်မှ  ဝါးးးတီးကိစ္စက စရပေမည်။
အညာသားပီပီ မီးသွေးဖုတ်သည့်အပြင် ကိုထွန်းမောင် ငရှဉ့်ဖမ်းပညာကိုလည်းတက်မြောက်သည်။ယနေ့လည်းသူအကြိုက်ထမင်းပွဲမို့ မြိန်ရေယှက်ရေ ရှိလှသည်။

"ယောက်ျားးးထမင်းးး"

"အေးးပေးဟ ထမင်းက လွှတ်မြိန်သဟေ"

"ဒါနဲ့ ယောက်ျားးမနက်ဖြန်ရော လယ်ထဲ ငရှဥ့်ထောင်အုံးမှာလားး"

"ထောင်ရမှာပေါ့ မိန်းမရ ဟဲဟဲ ငါ့အကြိုက်လေ နောက်ပီးးငါရွာထဲက  ဦးကြီးကျော်အေးကို ပြောထားတယ်ဟ သူက ဆိတ်သားခုတ်တော့ ငါနေ့တိုင်း ၁၅၀၀ ဖိုးလောက် ဝယ်မယ်လို့"

"ဟုတ်ပါပီရှင် ဟုတ်ပါပီ လယ်ထဲကိုင်းထဲသွားရင်လည်း သတိလေးတော့ထား သူများလယ်တွေကိုလဲ မပျက်စီးစေနဲ့နော် "

"အေးပါ မိန်းမရ"
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
စိမ်းလန်းစိုပြေလှသော လယ်ကွင်းတခု။နေ့လည် ၂နာရီဆိုသည့်အချိန်က အညာတွင်သာ မဟုတ် မြို့ပြတွေပါ နေမင်းက လွှတ်အညှိုးကြီးသလားထင်ရအောင်ပူသည်။
သို့သော်နေမင်း၏အပူရှိန်ကို အန်တုကာ လယ်ကွက်ထောင့်တနေရာတွင် ငရှဥ့်မြှုံးထောင်နေသောသူကားး မီးသွေးထွန်းမောင်။

"ထွန်းးးမောင်ရေ ထွန်းးးမောင် ဝှေးးးးးးထွန်းးးမောင်ရေ"

မိမိနာမည်ခေါ်ကာ ကန်သင်းရိုးတလျှောက်အပြေးလာနေသော ကြွက်သိုး။

"ဟေးးးးကြွက်သိုးးအလန်းတကြားရှိတာဟ ဖြေးဖြေးလာပါ"

"ဖြေးးးးဟောဟဲ ဖြေးးမရဘူးဗျ ဟောဟဲ ခင်များမိန်းမ ခင်များးးဟောဟဲ"

"ဟင် လှမေ လှမေ ဘာဖြစ်လို့လဲဟင် ဟေ့ကောင် မြန်မြန်ပြောစမ်းးး"

"ဟို ဟို  မူးးမူးးလဲတာ ကျုပ် ဆေးခန်းးပို့တော့ ဟောဟဲ ခင်များမိန်းမမှာ ကိုယ်ဝန်ရှိနေပီတဲ့ဗျားးး"

"အဟာ ဟေ့ကောင်ကြွက်သိုးးမင်းးမင်းးးတကယ်ပြောနေတာလားးးး"

"ဒါ ဒါနောက်စရာမှမဟုတ်တာ"

"အဟားးဟားးးလူဖြစ်ပီဟေးးးထွန်းးမောင် လူဖြစ်ပီ"

"ဟာ ဟေ့လူ ကျုပ်စောင့်အုံးးးလေ ဟေးးးကိုထွန်းမောင်"

သတင်းကြားကြားချင်း လှမေရှိရာ အပြေးပြန်နေသော ကိုထွန်းမောင်၏ ခုန်ပေါက်ပြေးလွှားနေသော အမူအယာကို သင်မြင်မည်ဆိုပါလျှင်----------

"မိန်းးမ မိန်းးမ ငါ့မိန်းးမ အဟားးဟားးးထွန်းးမောင် လူဖြစ်ပီဗျို့ ကျုပ်မိန်းမ ဗိုက်ဗိုက်ရှိနေပီဗျားးးး"

"ဟာ အကိုထွန်းမောင်ကလည်းး လှမေ ရှက်လာပီ"

"ဒါပျော်စရာကွ အဟားးဟားးးးလူဖြစ်ပီဟေ့ ငါ့ အလုပ်ကိုကြိုးစားရတော့မယ်ကွ ဟ ဟားးဟားးး"
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

"ကဲ ကိုကြီးသာဒင် အထုတ်ရေ ၂၀ တော့ ကျော်နေပီမလားးတလှည့်လာအုံးးးဗျ ကျင်းထဲကို ကျုပ်မွန်းးနေပီ"

"အေးးပါဟ မင်းမလဲ အသားမဲပါတယ်ဆို အဟာ မှောင်ကြီးမဲကြီးသာ သွားရင် မင်းကို မြင်ရမယ်မထင်ဘူးမောင် ကဲငါတလှည့်ဆင်းမယ် ဟုတ်ပီလားး"

မီးသွေးများဖြင့် ဂုန်နီအိပ်ဖြင့်ထည့်ရင်း တထုတ်ပီးတထုတ်ဆယ်ရပြုရသည်။နှစ်ယောက်ထဲမို့အတော်လေး ပမ်းပေသည်။
သို့သော် ကိုထွန်းမောင်က ဗိုက်ဗိုက်အတွက် ကြိုးစားနေသည်မို့ မောမှန်းတောင် သိရဲ့လားမသိပေ။
ညနေစောင်းတော့ မီးသွေးအိပ်  ၅၀နီးပါးရသည်။

"ဟေး ထွန်းမောင် ဒီတခါတော့ နိပ်သဟ မိုးတွင်းစာပါ ဖူလုံတယ်ဟေ့"

"ကဲ စကားများမနေနဲ့ဗျာ ကျုပ်ရွာထဲစောစောလေးပြန်ချင်ပီဗျ ဟဲဟဲ"

"အေးပါကွာ ဟုတ်ပါပီဟ"

ရွာထဲသို့ ရောက်သည်နှင့် လှည်းကို ကိုကြီးသာဒင် ဝိုင်းထဲဖြုတ်ကာ အိမ်သို့အပြေးပြန်လာခဲ့သည်။
ရေမိုးအမြန်ချိုးကာ အိမ်ပေါ်တက်လိုက်တော့ မိန်းမဖြစ်သူမဗိုက်က အိပ်နေသည်။ထမင်းဘာညာ ကိုယ့်ဟာကို ခူးစားကာ။ဗိုက်ဖုံးအင်္ကျီလေးကို မကာ ဗိုက်ကို အာဘွားတွေပေးနေမိတော့သည်။

"!အိုတော် အဖြစ်ကို သည်းလွန်းတယ်"

"သည်းရမယ်လေ မိန်းမရဲ့ သားသားလေးပဲ ဖြစ်ပါစေ ဆုတောင်းနေတာ ဒါမှ မင်းနဲ့တူမှာကွ"

"အိုတော် ကျုပ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရင်သွေးးပဲလေ ချစ်မှာပဲ"

"အေးပါမိန်းမရယ် ငါလည်းသဘောကိုပြောတာပါဟ
ဒါနဲ့ မိန်းမရေ မနက်ဖြန်မိန်းမအားရှိအောင် ဆိတ်သားခြောက်လေး ကြက်ဥလေး ငါလုပ်ပေးမယ်ဟေ့"

"ဟုတ်ပါပီ ကိုထွန်းမောင်ရယ် ဟုတ်ပါပီ"
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
၎  လခန့်ကြာသော်------------

"ကိုကြီးကျော်အေးးရေ ကိုကျော်အေးးး"

"ဟေးးးထွန်းမောင် ငါဒီမှာဟ"

"အဲ ကိုကျော်အေးရေ ကျုပ်တို့လင်မယားဖို့ ဆိတ်သားချန်ထားရဲ့လားဗျ လာမေးတာ"

"ချန်ထားပါသကောကွ မင်းတို့လင်မယားကတော့ စံပဲဟေ့ ဒါနဲ့ မင်းမိန်းမဗိုက်တောင် ၇ဋ လလောက်ရှိပီနော့်"

"ဟုတ်ပဗျားး ဒီမာ ကျုပ်ကလေးမွေးလို့ကတော့လေ ကင်ပွန်းတပ်ခါကြရင် အိုဗျာ တရွာလုံးကို ဆိတ်သားနဲ့ ထမင်းကျွေးဖိတ်မယ်ဗျားးး"

"ဟုတ်ပါပီကွာ ဟုတ်ပါပီ ကဲရော့ မှောင်နေပီကွ ကောင်းကောင်းလဲပြန်အုံးးရွာထဲမှာ ကိုဘအောင်ကြီးသတင်းက မွှေးနေတာနော်"

"အေးဗျာ ဒီလူကြီးသေပီးထည်းက ဟိုကခြောက်တယ် ဒီကခြောက်တယ်နဲ့ အခုလည်း ခင်များအိမ်က ရွာပြင်ဆိုတော့ ကျုပ်လည်း နည်းနည်းတော့ကြောက်သားဗျာ ဒါပေမယ့် ကျုပ်ခြောက်လို့ကတော့ ဒီကောင့်ကို ဆိတ်သားနည်းနည်းဖဲ့ကျွေးပီး ပြေးမှာ သွားပီဗျို့"

ကိုကြီးကျော်အေး ဆိတ်ကုန်းမှ ကိုထွန်းမောင်ပြန်လာခဲ့သည်။တရွာလုံးတွင် ဆိတ်တွေရောင်းလိုက်ဝယ်လိုက် သတ်လိုက် ရောင်းလိုက်ဖြင့် ကျော်အေးဆိတ်ကုန်းဟု ခေါ်ကြသည်။

"အူးးးးးးဝုတ်ဝုတ်"

ဆွဲဆွဲငင်ငင် အူလိုက်သောခွေးသံကြောင့် ကိုထွန်းမောင် အနည်းငယ်တုန်လှုပ်သွားသည်။
ခြေလှမ်းကို ပုံမှန်ထက်အနည်းငယ် သွက်လိုက်သည်။

"!ဖြတ် ---ဖတ် ---ဖတ်"

နောက်က တယောက်ယောက်လိုက်လာသလိုခံစားရသည်။

"!ဟေ့ ဟေ့လူကြီးးကိုကို ဘအောင် ကျုပ် ကျုပ်ကိုတော့ မခြောက်ပါနဲ့ဗျာ ကဲကွာ"

ကိုထွန်းမောင် ဆိတ်သားအနည်းငယ်ပစ်ချကာ ခပ်သသုတ်သုတ်ထွက်လာခဲ့တော့သည်။ဤ အခြင်းအရာကား ဇာတ်လမ်းလေးတပုဒ်ဖြစ်ခဲ့ သနားစရာကြေကွဲစရာ ဖြစ်ရပ်တခုဖြစ်ခဲ့မည်သာ ကိုထွန်းမောင် ကြိုသိခဲ့ပါလျှင်-----------------
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠
"ရှေးးးးးအစဉ်လာ ဗုံကြီးးသံများးသာသာယာယာ---သဘာဝရဲ့ တော ---ဓလေ့ပါ ဘိုးးးဘွားးးးလက်ထပ်က ဆင်းသတ်ခဲ့ကြတာ---မိရိုးးးဖလာ ကျနော်တို့--တောရွာ -လယ်သမားးပါ မိုးးးးခေါ်ကြပြန်တာ ဗုံရှည်သံတွေသာ------တလယ့် တယ် တူနယ်တယ့်နယ် တယ့် လယ့်တဲ့တဲ့ တဗူနယ် တဲ့တယ်"

"ဟ ထွန်းးမောင် သီချင်းလေးတကြော်ကြောနဲ့ တယ်တက်ကြွနေပါလားကွဟေ"

"ဒီလိုပဲလေဗျာ ဒါနဲ့ ကျုပ်ငရှဥ့်သွားထောင်မလို့ဗျာ လိုက်အုံးမလားးး"

"သွားတော့ကိုယ့်လူရေ"

ထွန်းမောင်တယောက်ထည်းထွက်လာခဲ့သည်။လုပ်နေကျအတိုင်းး ခရုထောင်းကို မြှုံးထဲထည့်ကာထောင်နေစဉ်

"ကိုထွန်းးမောင် အမယ်လေးးကိုထွန်းမောင်ရယ် ကိုယ်ကျိုးတွေနည်းကုန်ပါပီ"

"ဟားးးမိအေးးဘယ်လိုဖြစ်လို့ ငိုယိုလိုက်လာတာတုန်းဟ ငါ့မိန်းမကိုကြည့်ပေး ဂရုစိုက်ပေးပါလို့မှာခဲ့တာကို"

"အီးးဟီးး အဲ့တာလာပြောတာတော့ လှမေ အိမ်လှေကားက ပြုတ်ကျလို့ သွေးတွေလည်းအများကြီးပဲ ထမိန်ကြားထဲက "

"ဘာ"

ကိုထွန်းမောင် ရှိသမျှအားဖြင့်ဒုန်းဆိုင်းပြေးရတော့သည်။အရပ်ကူ ရွာဝိုင်းဖြင့် လှမေရော လှည်းရော အဆင်သင့်ပေ။လှည်းပေါ်သို့ခုန်တက်ကာ---

"ကိုရင်ကြွက်သိုးးးအတက်နိုင်ဆုံးသေချာမောင်းဗျာ မိန်းးမလှမေ ဘာ ဘာမှမဖြစ်ရဘူးနော်"

"ကဲကဲ ထွန်းမောင်တို့ဂရုစိုက်သွားကြကွာ ငါတို့ဖြေးဖြေးလိုက်လာမယ်ဟေ့"

အုတ်ကန်ရွာတွင် ဆေးရုံဆေးခန်းမရှိသောကြောင့် ကန်မပင်ထိသွားရပေမည်။
ကန်မပင် ဆေးရုံကို ရောက်ခဲ့သော်လည်းးကိုထွန်းမောင်အတွက် ကံကြမ္မာ ဂြိုလ်ဆိုးကဝင်ခဲ့လေပီ။

"စိတ်မကောင်းပါဘူးဗျာ ကိုထွန်းမောင် ကလေးရော လူကြီးပါ အသက်မရှိတော့ပါဘူးးး"

"အးဟားးးးးဟားးးးမိန်းးမ လှမေရေ အကို့တယောက်ထဲထားခဲ့ပီလားးလှမေရဲ့ဟီးးးဟီးးးး"

"တရားးနဲ့ဖြေပါထွန်းးမောင်ရာ ကဲကဲ အလောင်းကို လှည်းပေါ်တင်ပေးလိုက်မယ်ဟေ့ ပြန်နှင့်ပီး စီစဉ်စရာရှိတာစီစဉ်တော့"

'"ဟားးးအီးးးးးလှမေ လှမေရေ အကို့အတွက် သားသားလေးတောင် ချန်မထားခဲ့ဘူးးးကွာ လောကကြီးရေ ရက်စက်လှချည်လားးးဗျာအီးးဟီးးးး"

မိန်းမဖြစ်သူအလောင်းကို လှည်းပေါ်တင်ကာ မိမိတဦးထည်းမောင်းထွက်လာခဲ့သည်။ကျန်ရွာသူရွာသားများက နောက်မှ ခြေလျှင် ဖြေးဖြေးလိုက်လာမည်တဲ့လေ။
ကိုထွန်းမောင်နေရာမှာ ဝင်ခံစားကြည့်မိလျှင် ခံစားချက်တစုံတရာကိုသိလိမ့်မည်ပင်။ရင်ကွဲမတက်ခံစားနေရင် ပါးပြင်ကမျက်ရည်ကိုသုတ်ကာ လှည်းကိုမဲ မောင်းလာခဲ့သည်။
ရွာအဝင်အရောက်တွင်----

"#ဘုန်းးးးးး
အသံကြောင့် လှည့်ကြည့်လိုက်တော့ လှမေကငုတ်တုပ်။ကိုထွန်းမောင် ပျော်သွားသည်။

"ဟာ လှမေ မိန်းးမ မသေဘူးးးဟားးးဟားးးးးးမိန်းးမကမသေဘူးးဗျ အသက်ရှငိလာပီ နေရတာ အဆင်ပြေရဲ့လားးအားတင်းထားနော်လှမေ ဗိုက်ကနာသေးလားးး အိမ်ရောက်တော့မယ် အဲ့ကျမှ ရေလေးဘာလေးဆေးးးးးးနော်နော် နေလို့ကောင်းရဲ့လားးး"

"#အင်းးးးးးးးး
လှမေ အင်းးးဆိုသည့်အသံကြီးက ကြောက်ဖို့ကောင်းလှပေသည်။
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

"ဟေးးးထွန်းးမောင်ရေ့ အ သုဘ ကိစ္စ ဘာမှလည်းမပြင်ပါလားဟ"

"ပြင်စရာမလိုတော့ဘူးဗျ ဒီမာ မိန်းမက မသေဘူးဗျ ပြန်ရှင်လာပီ ကျုပ်တောင် သွေးတွေရေဆေးပေးထားတယ်"

ရွာသားတချို့က ယုံကြသော်လည်းတချို့က မိမိတို့ဘက်သို့ကြည့်နေသော လှမေမျက်နှာကားပုံမှန်မဖြစ်နိုင်ကြောင်းယူဆမိကြလေသည်။ဆံပင်ဖားလျှားချကြီး မျက်လုံးနီတာရဲကြီးနှင့် စိုက်ကြည့်နေသည်။ခဏကြာမှ ရွာသားများပြန်သွားကြသည်။

"#အင်းးးဟင်းးးးးးးဟင်းးးးအူးးးးး

"မိန်းးမ လှ မေ ဘာ ဘာဖြစ်လို့လဲဟင် အော်သိပီ ငါ့မိန်းမ ဗိုက်ဆာနေပီထင်တယ်ဟင် ခဏလေးနော် ဆိတ်သားက မဖုတ်ရသေးဘူး နေပူလှန်းထားတာပဲရှိတယ် "

"#ပေးးးးးးစားးးချင်းးးးတယ်းးး

"အော် မိန်းမရယ် စားရမှာပါ ခဏပဲစောင့်"

"#အဈမ်းးစားးးမှာ

"ဟ ငါ့မိန်းမ ချဉ်ခြင်း ကလည်းတမျိုးပဲဟေ့ ကဲ ဒီလောက်ဖြစ်နေလည်း စားစေဗျာ ရော့"

"အင်းးးဟင်းးးး"

ထွန်းမောင်ပေးသော ဆိတ်သားခြောက်ကိုဆွဲယူကာ ၂၅ကျပ်သားလုံးစားပစ်လိုက်သည်။

"ဟားးးးငါ့မိန်းမကတော့ စံပဲဟေ့ အဟားးးစားစားကွာ ချဉ်ခြင်းတက်မှတော့ ကဲ ပင်ပမ်းနေပီ အနားယူလိုက်တော့"

မိန်းမဖြစ်သူနှင့်အတူ ထိုနေ့ညအဖို့အိပ်ယာဝင်ခဲ့သည်။မနက်သာလင်းသွားသည်။ကိုထွန်းမောင်ဘာမှတော့မဖြစ်။သို့သော်-----

"#ဟာ ငါ့ ငါ့မိန်းမ လက်သည်းကြီးတွေအရှည်ကြီးးပါလားးမနေ့ကဒီလောက်မရှည်ပါဘူးးးး"

အိပ်မောကျနေသော မိန်းမဖြစ်သူကိုကြည့်ကာရေရွှတ်နေမိသည်။ခဏအကြာ မိန်းမကိုပစ်ထားကာ ရွာအနောက်ပိုင်းဆိတ်သားဝယ်ရန်ထွက်လာခဲ့လေသည်။ရွာသူရွာသားတို့၏ စကားတွေက လှမေက်ု ဖုတ်ဝင်နေသည်ဟု ပြောနေသံတွေက ကိုထွန်းမောင်အတွက်ဒေါသထွက်စရာပါ။သို့သော် မသိသလိုဟန်ဆောင်ကာနေခဲ့ရသည်။
🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

"ဝုတ်-----ဝုတ်ဝုတ် အူးးးးးဟူးးးးး"

ည၏ မှောင်မိုက်မှုနှင့်အတူ ခွေးအူသံတချို့ကြောင့် ကိုထွန်းမောင် အိပ်ချငိမူးတူးဖြစ်နေချိန် ရွာထဲဘက်မှ အသံတခု

" တကယ်ဗျ တကယ် ကျနော့်ဆိတ်ပေါက်လေးကို ဖမ်းပီး သွေးစုပ်တာလား စားနေလားမသိဘူးးး ဆံပင်ဖားလျားကြီးနဲ့ဗျာ"

"ဟာ ဒါဒါဆို သွေးစုပ်ဖုတ်ပေါ့ ဝိုင်းရိုက်ကွာသတ်ပစ် လှမေကို"

ကိုထွန်းမောင် အျမ်ထဲအိပ်ယာကိုကြည့်တော့ လှမေမရှိ။အပြင်ထွက်ကာ ပြေးရတော့သည်။၊ရွာားတချို့ တုတ်ဓါးမီးတုပ်ကိုယ်စီဖြင့် ကိုထွန်းမောင်နှင့်အတူ ကိုကျော်အေးဆိတ်ကုန်းသွားကြသည်။
ဟုတ်ပါသည်။တွေ့လိုက်ရသည့် မြင်ကွင်းက အားလုံးမှင်သက်သွားစေသည်။

"တွေ့လားးတွေ့လားးးကိုထွန်းးမောင် မင်းမိန်းက ဖုတ်ဝင်နေတာကွ ဟိုမှ ငုတ်တုပ်ကြီးဆိတ်ပေါက်လေးကို ဗိုက်ဖောက်စားနေတာတွေ့လားးးး"

"ကဲ ကဲ ဒီပိုက်နဲ့အုပ်ဖမ်းးဟေ့ မလွတ်စေနဲ့ ဆရာတော်နဲ့ ဦးရွှေရင်ကျော် ဦးသန်းမောင်ကိုလည်းခေါ်ထားတယ်"

ပြောပြောဆိုဆို ရွာသားများက ပိုက်ဖြင့်အုပ်လိုက်တော့"

"#ဟမ်းးးးးးးဟင်းးးးးးအူးးးးးးးဟမ်းးးးး

"ဆွဲထားးဟေ့ ရုန်းးးတယ် ဆွဲထားးးဟာဟိုမှာ ဆရာသန်းမောင်လာပီ"

ဆရာသန်းမောင် ပရိတ်ရေလားဘာလားမသိ တချက်တောပ်ကာ ခေါင်းကိုအုပ်ကိုင်၍ မန်းလိုက်တော့ ငြိမ်သွားသည်။
ဆရာတော်ဘုရားက ကိုကျော်အေး အိမ်ပေါ်ခေါ်ကာ ဘုရားရှိခိုးစေပီးမေးမြန်းစစ်ဆေးမှ ကိုဘအောင်ကြီးသည် ဆိတ်သားစားချင်၍ မကျွတ်မလွတ် ဖုတ်ပြိဿာဘဝဖြင့် ဝင်ပူးခဲ့ကြောင်း သိကြရသည်။
ကိုထွန်းမောင် အဖို့တော့ မရူးချင်ရုံတမယ် စိတ်ကိုဖြေသိမ့်ခဲ့ရပေသည်။
နောက်နေ့မှ သဂြိုလ်ဖို့ကိစ္စဘာညာလုပ်ရင်း အလောင်းအား နေ့လည် ၁ နာရီအချိန်တွင် သသုဿန်ပို့ခဲ့သည်။
မြေမမြုတ်ခင် မလှမေ၏ မျက်နှာသည် ရှုံ့တွပီးသွေးဆုံးနေပေသည်။ပြူးထွက်နေသော မျက်လုံးများနှငိ့အတူ သွားကငေါထွက်နေသည်။
ထိုမျက်နှာကြီးကိုသာ
                        စာဖတ်သူ အသင် မြငိခဲ့လျှင်

🌠🌠🌠🌠🌠ပြီးပါပြီ.       🌠🌠🌠🌠🌠🌠

ဝါသနာရှင်အဆင့်ဖြင့် အပျင်းပြေရေးသားပါသည်။
   နာမည်များရွာများ တိုက်ဆိုင်မှုရှိခဲ့ပါက အနူးညွှတ်တောင်းပန်ရင်း      
                         #စာရေးသူ-#သူရိယ(mdy)


Post a Comment