က​ဝေ​သေလို့ ဖြစ်​တဲ့ သရဲ ဇတ်​သိမ်း

~~~~~ကဝေသေလို့ ဖြစ်တဲ့သရဲ~~~~~

(ဇာတ်သိမ်း)

      ``ဟာ သူကြီး  ဒီမှာ ဒေါ့်ရှိန် အလောင်း´´
ထွန်းမောင်မှ သူကြီး အား ခေါ် ပြသောအခါ ကျန်သော ကာလသား များ က ပါ ထွန်းမောင်အနား လာကြည့် ကြ၏။

ဒေါ်ရှိန့်  ခန္ဓာကိုယ်မှာ ပြာကျမသွားပေ။
ပုံပျက်ပန်းပျက်နှင့် မီးသွေး တုံးကြီး ဖြစ်နေ၏။ခြေများလက်များကွေး ၍ မီးလောင်သည့် ဝေဒနာ ကို ပြင်းပြင်း ထန်ထန် ခံစား လိုက်ရသည့်အလား...

သူကြီး ``လာလာ မြေမြန်မြန် တူး သူ့ ကို ဒီမှာပဲ မြှုပ်ခဲ့ရအောင် ´´

သူကြီးမှ ထို သို့ပြောသောအခါ ရွာသားများ အားလုံး တက်ညီလက်ညီ မြေကျင်း တူးကြကာ ဒေါ် ရှိန့် အလောင်းအား မြေဖို့ ၍ ရွာကို ပြန်ခဲ့လေ တော့သည်။

ဒေါ်ရှိန် သေပြီးသည့် ညမှ စ၍ ရွာသားများအားလုံး ညတိုင်း ညတိုင်း အေးအေးဆေးဆေး အိပ်စက်ရလေ၏။

ဒါက ရွာသားတွေ အထင်ပါ။ တကယ်တော့ မုန်တိုင်း မလာခင် လေပြေလေညှင်း တိုက်ခတ်နေ သည့်အခြေအနေမျိုး သာဖြစ်ပါသည်။

ကောင်းကင်တွင် တိမ်မည်း တိမ်လိတ်များ ဖုံးလွှမ်းနေသည်။ လမင်းကြီး အား တိမ်စိုင်များက ဖုံး အုပ်ထား၏။ ကောင်းကင်ယံတွင် ကြယ်မှုံ ကြယ်မွှားလေးများကသာ လင်းတလှည့် မှိတ်တလှည့်နှင့် ရှိနေလေသည်။

ငွေခင် တစ်ယောက် ယနေ့ ညမှ တော်တော်လေး အိပ်မပျော်ပေ။ သူမအချစ်ဆုံးသူငယ်ချင်းများ ဖြစ်သော နှင်းနု နှင့် ဖွေးစိန်အား သူမ သတိရနေလေ၏။

သူမ မနက် ကောက်စိုက်ရန် အစောကြီး ထရမည် ဖြစ်၍ ခေါင်းဦး ထဲ ခေါင်းနှစ်ကာ အိပ်ပျော်ဖို့ ကြိုးစားနေလေ၏။

``အူးးးးးးးဝူးးးးးးးး´´ဒေါ် ရှိန့်  တဲရှေ့ မှ ခွေးတစ်ကောင် ထ အူလိုက်သည်။

ဒေါ်ရှိန့်  အလောင်းကို မြှုပ်ထားသော မြေပုံ သည် မြေကြီးများ တဖွားဖွားနှင့် အဝေးသို့  ဖွာထွက်ကုန် ၏။

မြေကြီးထဲ မှ မီးစွဲ၍ လောင်ထားသဖြင့် အရိုးပေါ်နေသော မီးလောင် နာစွဲနေသည့် လက်တစ်ဖက် ထွက်လာသည်။

ထို့နောက် ထိုလက်သည် မြေကြီး အား ထောက်၍ ကျင်းထဲ မှ ခန္ဓာကိုယ်ကြီး  တဖြည်းဖြည်း ထ၍ လာသည်။

ထိုအလောင်း ကောင်သည် တစ်ကိုယ် လုံး မည်းနက် နေ၏။ သူမ ဆံပင်များ မှာ ပါးပြီး ဦးခေါင်း ခွံပင် မြင်နေရ၏။ မျက်လုံးများ မှာ နီရဲ တောက်ပနေကာ သားကောင်ရှာနေသည့် အလား ဒေါသ ရိပ်များ ဖြတ်ပြေး နေ၏။

သူမ ပါးစပ်မှာလည်း  သွားများ မှာ အစွယ်ငေါငေါ ခေါ ထွက်နေ၏။ အင်္ကျီများမှာ လည်း မီးလောင်ထား ၍ အရှက်မပေါ်ရုံသာ လုံခြုံ နေ၏။

ခွေး များ သည် သူမ အား ကြည့်၍ ``ဝုတ် ဝုတ် ´´နှင့် ဟောင်လေတော့သည်။

သူမသည် ခွေးအုပ်ထဲမှ ခွေးတစ်ကောင်အား လက်နှင့် ``ဆတ်´´ခနဲ ဆွဲကာ ခေွး ၏ လည်ပင်းကို ကိုက်လိုက်၏။

ခွေးလေးမှာ``အု´´ခနဲ တချက်ညည်း၍ အသက်ပျောက်သွားလေတော့သည်။
ကဝေသရဲမ မှာ ခွေး၏ သွေးအား အာသာ ငမ်းငမ်း နှင့် သောက်နေလေ၏။

ကျန်သော ခွေးများမှာ ထိုသရဲမ အား ကြည့်၍ ဆွဲဆွဲ ငင်ငင် အူကာ ရွာဘက်သို့ ခွေးအုပ် ကြီး ပြေး
လေတော့သည်။

``အာာာာ ဒီခွေးတွေ ကတော့´´ ငွေခင်တစ်ယောက် ခေါင်းထောင်ကာအိမ်ပြင် ထွက်လိုက်၏။

ထို့ နောက် ခွေးများ အား ခဲနှင့် ထုရန် အိမ်တံခါးအား ဖွင့်လိုက်၏။

သူမ မြင်ကွင်းထဲ တွင် အုပ်လိုက် ပြေးလာသော ခွေးများ အား တွေ့ လိုက်၏။

``ဟင်  ဒီခွေးတွေ ဘာလို့ ဒီလောက်ပြေးနေတာလဲ´´ ငွေခင်ခွေးအုပ်ကြီးအား ကြည့်နေစဉ် ခွေးအုပ်ကြီးမှာ သူမမြင်ကွင်းထဲကပျောက်သွား၏။

ခွေးများ အုပ်စုလိုက်ပြေးသွားသော ကြောင့် ရွာလမ်း တစ်လျှောက် ဖုံ များ ထလာ၏။

ငွေခင်တို့ အိမ်မှာ ရွာလမ်း ဘေးရှိသောကြောင့် သူမအိမ်ထဲပါ ဖုံများ ဝင်လာ၏။

``အဟွတ် ဟွတ်´´သူမ ဖုံ မွှန်ကာ လက်နှင့်ကာရင်း အိမ်တံခါး ပြန်ပိတ်ရန် လက်အရွယ်

``ဟင်´´ ဖုံ မှုန့်များ ကင်းရှင်းသွားသောအခါ သူမမြင်လိုက်ရသည့်အရာက သရဲမကြီး

သရဲမကြီးမှာ အခေါင်းကြီး တခုအား ထမ်း ရင်း ရွာလမ်း အတိုင်း လျှောက်လာ၏။

သူမ သည် ငွေခင် တို့ အိမ်ရှေ့ ရောက်သောအခါ ``ဗုန်း´´ခနဲ အခေါင်းကြီးအား ပစ်ချလိုက်သည်။

ငွေခင် အခေါင်းအားကြည့် လိုက်သောအခါ
``ငွေခင် အသက်(၂၀)´´ ဟု ရေးထားသည်ကို တွေ့ လိုက်၏။

ငွေခင် ကြောက်လန့် ကာ သူမ အိမ်ထဲ ပြေးဝင်လေတော့သည်။

ဒေါ်ရှိန့် မှ မျက်ထောက်နီနှင့် ငွေခင့် ကျောပြင်အား ကြည့် ကာ ``အဟား ဟားဟား ´´ဟု အော်ရယ်လေ၏။

ငွေခင် အိပ်ခန်း ထဲ ဝင်ကာ ထောင့်တနေရာ တွင် စောင်ခေါင်းမြီး ခြုံ ၍ ထိုင်ကာ ဘုရားစာများ ရွတ်နေ၏။

``ရွတ်မနေနဲ့   ငါက ငရဲ ကို စိန်ခေါ် ထားတဲ့ သူ´´ငွေခင့် နား အနား အေးစက်စက် အထိအတွေ့  နှင့် ကပ်ပြော လိုက်သံ ကို သူမကြားလိုက်သည်။

သူမ စောင်အား အသာလှပ် ကြည့်လိုက်သောအခါ
``အမလေးးးး´´ သူမ ကျောပြင် ထံရံပေါက်မှ ခေါင်းထွက်ကာ သူမ နားအနား ကပ်ပြောနေသော ဒေါ်ရှိန် ကဝေသရဲမ

``အဟီး ဟီး ဟီး´´ဒေါ်ရှိန် ရယ်နေသည်မှာ
အပေါ်သွားအောက်သွား ပေါ်အောင်ကို ရယ်နေသည်။

မျက်လုံးများ မှာ နီရဲနေပြီး သွေးဆာနေသည့်အလား

မျက်နှာမှာ မီးလောင်ရာကြောင့် ကွာကျနေကာ အသားနီများ လန်နေသည်။

ဆံပင်များ မှာ ဖွာလန် ကျဲနေပြီး တချို့ မီးလောင်ထား၍ ဆံပင် မှာ တိုရှည် မညီမညာဖြစ်နေသည်။

ငွေခင် သူမ မိဘများ အခန်း ပြေးရန် ခြေလှမ်းအကြွ

ဒေါ်ရှိန်မှ ``ဆတ်´´ ခနဲ ခြေထောက်အား ဆွဲကာ ငွေ ခင့်ကို အိမ်ပြင်ဆွဲယူသွား၏။

ငွေခင်မှာ ကြောက်လွန်း ၍ အသံ မထွက်တော့ ပေ။

ဒေါ်ရှိန်သည် ငွေခင့်အား ``ဘုတ်´´ ခနဲ အခေါင်းထဲ ထည့်ကာ အေးအေး ဆေးဆေး ရွာ အပြင် ထွက်သွား၏။

``အူးးးးးးအူးးးးးး´´
``တောက် ဒီခွေးတွေကလည်း အချိန်မတော် အူနေသေး အေ့´´ ရွာထဲ မှ အရက်သမား ငတေ ဒီအချိန် မှ ရွာသို့  ပြန် လာခဲ့သည်။

ငတေ တစ်ယောက် အလောင်းကစား သမားပီပီ  တစ်ဖက်ရွာ တွင် ဝိုင်း ကောင်း နေသဖြင့် ရွာအပြန် နောက်ကျနေချင်း ဖြစ်၏။

``ဟင် ဘာကြီး လဲ´´ ငတေ တစ်ယောက် ဒေါ်ရှိန့်  တဲရှေ့ မှဖြတ်ပြန် လာစဉ် မိန်းမတစ်ယောက်ကို ကုန်းကုန်း ကွကွ နှင့် တွေ့ လိုက်ရ၏။

သူ သေချာစေရန် မျက်လုံးများ အား ပွတ်ကြည့် လိုက်၏။

``ဟင် အခေါင်း ကြီး ကို ဖွင့်နေပါ့လား´´
ငတေ အမူးပါ ပြေသွားကာ စူးစမ်း ချင်၍ သစ်ပင်တစ်ပင်အကွယ်အောက် ဝင်ကာ အခြေအနေကို အကဲ ခတ်နေသည်။

ဒေါ်ရှိန် အခေါင်း အား ဖွင့်လိုက်၏။ ထို့နောက် သူမ အခေါင်းထဲ ကို ငုံ့ ကြည့်လိုက်သည် ။ကြောက်လွန်း၍ဇော ချွေး များ ပြန်နေကာ အော်ဟစ် အကူအညီတောင်းရန် ကြိုးစားနေသော မိန်းမပျိုလေး ငွေခင့်အား သူမ ကျေနပ်အားရသောအပြုံး နှင့် ကြည့် လိုက်၏။

``မင်းက သိပ်လှ တာပဲ ငွေ ခင် ဒီနေ့ က ငါ မိန်းမပျိုတွေ ကိုစားတဲ့ တတိယမြောက် လပြည့်နေ့ လေ´´ ဟု ပြောကာ ငွေခင့် ပါးပြင်အားသူမ၏ မီးလောင်စွဲ၍ ပြည်ထွက်နေသော လက်ချောင်းများနှင့် ပွတ်သပ်လေ၏။

ငွေခင်တစ်ယောက် ခေါင်းကို ဘယ်ညာ ယိမ်းနေကာ ``အင်းးအင်းးး´´နှင့် အော်ဟစ်လေ၏။

``ကျွတ် ကျွတ် ´´ ဒေါ် ရှိန် သူမ၏ ကြောက်စရာကောင်းသော မျက်နှာကြီးအားမဲ့ကာ ငွေခင့် ပါးစပ်နား လက်ညှိုးနှင့် ထိလိုက်၏။

ထိုအခါမှ ငွေခင် ပါးစပ် ပွင့်လာကာ``ကယ်ကြပါ ကယ်ကြပါ ကယ်ကြပါ´´ဟု အားကုန် အော်လေတော့သည်။

ဒေါ်ရှိန်မှ ရင်ကို ကော့ကာ``အဟား ဟား ဟား အော်စမ်း မိန်းကလေး အော်လိုက်စမ်း နင်အားနည်းလေ ငါ့အတွက်ပို ကောင်းလေ´´ဟု ပြောကာတဖက်သို့  လှည့် ၍ သူမ စည်း တားလိုက်သည်။

ထို့ နောက် သူမ စည်း ဝိုင်း အတွင်း ဆောင့်ကြောင့် ထိုင်လိုက်၏။

ထို့နောက် ကောင်း ကင်အား ကြည့်ကာ ပါးစပ်မှ တတွတ်တွတ်နှင့် ဂါ ထာများ ရွတ်လေတော့သည်။သူမ ဂါထာများရွတ်နေစဉ်ပင် လမင်းကြီးအားဖုံးအုပ်နေသော တိမ်များ အဝေးသို့ လွှင့်စင်ထွက်သွားလေတော့၏။

ငတေ တစ်ယောက် ဒေါ်ရှိန် သရဲမ အား မြင်သောအခါ ကျောချမ်းသွား၏။

သို့သော် ဒေါ်ရှိန့်  လက်ထဲ တွင် သူကြိတ်ပိုးနေရသော ငွေခင် ရှိနေသည်။

သူကြီးတို့ ကို ပြေး ပြော လျှင်လည်း ငွေ ခင့်အသက်ကို မှီနိုင်မည်မထင်။

သူ ခြေထောက်အား ဖွဖွ နင်းကာ အခေါင်းနား အသာသွားလိုက်၏။

ဒေါ် ရှိန် မှာ သူမ၏ မန္တန် များထဲ ဈာန်ဝင်နေသည်။

ထို့နောက် ငတေ ငွေခင့်အား ငုံ့ ကြည့်ကာ ``ရှုး တိုးတိုး ´´ ဟု လက်နှင့်ပြလိုက်၏။

ငွေခင်မှာ ငတေ့ အား မြင်၍ အား တက်ကာ မျက်လုံးလေး များ အရောင်လက်လာလေသည်။

ငတေ ငွေခင့် ကိုယ်လုံးအား ထမ်း၍ ခြေသံ လုံလုံနှင့် ရွာထဲ သို့ ပြေး လေ၏။

`` ရပ်လိုက်စမ်း´´ ငတေ ရွာလယ် လမ်းရောက်မှ သူ့  ရှေ့ ဒေါ်ရှိန် လှစ် ခနဲ ပေါ်လာ၍ ခြေ လှမ်း ကို တုံ့ ခနဲ ရပ်လိုက်ရ၏။

ငတေ မှာ လည်း သရဲတောင် ရိုးရိုးသရဲမဟုတ်သော ကဝေ သရဲမနှင့် တွေ့ သောအခါ ကြောက်ဒူး တုန်လေပြီ။

သို့သော် ဟန် ကို့ ဖို့  ပြင်ကာ ငွေခင့်အား အောက်သို့ ချလိုက်၏။

ထို့နောက် ငွေခင် ပြေးဟု အော်ကာ ငွေခင့်ကို ရွာဘက် တွန်းလွှတ်လိုက်သည်။

ဒေါ်ရှိန်သည် ``ဟက်´´ ခနဲရယ်ကာ ``ငါ့အလုပ်ကို ဝင်ရှုပ်တဲ့ နင့်ကို အရင်သတ်ရမယ်´´ဟု ပြောပြီး ဒေါ် ရှိန် ငတေ့ လည်ပင်းအား ညစ်၏။

ငတေမှာ ဝါဂွမ်း လေး အတိုင်း လေထဲ ပါသွားကာ ``အစ်´´ ခနဲ အသက်ရှု ကြပ်လာလေပြီ။

``နင့်ကို ငါ လက်ဖြောက်တီး ပြီး သတ်လို့ ရတယ် ဒါ ပေမယ့်  နင်ဝေဒနာ ခံစားတာ ကြည့်ဦးမယ်´´ ဟု ပြောပြီး ``ဖုန်း´´ ခနဲ ငတေ့အား မြေကြီး ပေါ် ကိုင်ပေါက် လိုက်၏။

``ရပ်လိုက် ကဝေမ´´သူကြီး အပါအဝင် တရွာလုံး ငတေ့ နောက်လိုက်လာကြလေပြီ။

ဒေါ်ရှိန့် မှာ ခေါင်းတခြမ်း ငဲ့  ၍သူကြီးတို့ လူစု အားကြည့်လိုက်၏။

ရွာသားအချို့မှာ အရိုးပေါ်နေသော  ဒေါ် ရှိန့် မျက်နှာနှင့်သူမ၏ သွေးဆာနီရဲ နေသောမျက်လုံးအား တွေ့ လိုက်ရသောအခါ နောက်သို့ အနည်းငယ် တွန့် ဆုတ် သွားကြ၏။

ညီမ ဆုံးရှုံးထားသော ထွန်းမောင်မှ
``ကဝေသရဲမ  ဒီမှာကြည့် လိုက်စမ်း ´´ဟု ဆိုကာ သူ့လက်ထဲ တွင် မြဲစွာ ဆုပ်ကိုင် ထားသော တံစူးဝါးအာ ပြလိုက်၏။

[တံစူးဝါး ဆိုသည်မှာ  လူသေများကို မီးရှို့ သောအခါ လူသေ၏ အကြောများ မှ ရုန်း၍ လူသေမှာ ပြန်ထလာတတ်၏။ ထိုအခါ ဘေးမှ လူက ထိုလူသေအား မီးပုံ ထဲ ပြန်ရောက်ရန် ဝါးလုံးဖြင့် ရိုက်ထည့်ရ၏။ ထိုဝါးလုံးကို တံစူးဝါး ဟု ခေါ် ခြင်းဖြစ်သည်။
ကဝေ များ စုန်းများ ကို တံစူးဝါး (သို့မဟုတ်)နတ်တင်ဓားဖြင့် ရိုက်လျှင်  ခုတ်လျှင် သေ၏]

ဒေါ် ရှိန် တံစူးဝါး အား တွေ့ သောအခါ ကိုယ်ရောင် ဖျောက်ရန် ကြိုးစား လိုက်၏။

သို့သော် သူမကြိုးစား ချိန် ပင်မရလိုက်ပါ။

ထွန်းမောင်မှ လျင်မြန်စွာ ပြေး၍ ဒေါ်ရှိန် ၏ကျောပြင်အား တံစူးဝါးနှင့် အားကုန် လွှဲ ရိုက်လိုက်လေသည်။

``အားးးးးးး´´ဒေါ် ရှိန်သည် အလွန် နာကျင်၍ ရင်ကော့ကာ အော်လိုက်လေသည်။

ထွန်းမောင်မှာ လည်း အဆက်မပြတ် အားကုန် လွှဲ ရိုက်နေမြဲပင်။

ဒေါ် ရှိန်မှာ မြေပြင်သို့  ဒူးညွှတ်ကျကာ
သူမ ခန္ဓာကိုယ်မှ အပူငွေ့ များ ထွက်လာ၏။

ထွန်းမောင် ကိုယ်ပါ အပူများ ဟပ်သောကြောင့် ထွန်းမောင် နောက်သို့ ဆုတ်လိုက်၏။

ဒေါ်ရှိန့် ကိုယ်မှ မီးခိုးငွေ့ အနက်ရောင်များ ထွက်လာကာ နောက်ဆုံး သူမ၏ ခန္ဓာကိုယ်ကြီးသည် မြေကြီးထဲ နစ်မြှုပ်သွားတော့၏။

မကောင်းမှု ပြုလုပ်သော သူများသည် သေရာ၌ ငရဲသို့ လားရ ပေတော့သည်။

``အစ်ကို တေ´´ ငွေခင်သည် ပုံလျက် လဲနေသော ငတေ့အား ပြေးပွေ့ လိုက်၏။

ငတေသည် နှုတ်ခမ်းစွန်းတွင် သွေးထွက်နေရာမှ ပြုံးကာ``အစ်ကိုလေ ငွေခင့်ကို ငွေခင့်ကို အရမ်း ချစ်တာပါ´´ဟု ပြောပြီး မျက်လုံးမှိတ်သွားလေ၏။

ငွေခင်မှ``အို  အကို အကို မသေရပါဘူး ငွေခင့်ကြောင့်အကို မသေရပါဘူး´´ ငွေခင် ငတေ့အား တင်းကြပ်စွာဖက်လိုက်ကာ အော်ငိုလိုက်၏။

တစ်ပတ်ခန့် ကြာသောအခါ ~~~~~~

``ခင်နှင့်မောင်သစ္စာ ထား ပေါင်းရပါစေသား ဆုတောင်းတယ် ×××× ´´မြိုင်သာယာ ရွာ၏ ရွာထိပ်တွင် လော်စပီကာ တပ်ကာ သီချင်းဖွင့်ထား၏။

မင်္ဂလာ မဏ္ဌပ် ထဲတွင် အပြုံးတွေ ဝေဆာနေသော သတိုးသမီးငွေခင်နှင့်သတိုးသား ငတေ တို့ တစ်ယောက်လက်တစ်ယောက်တွဲကာ ရွာသူရွာသားများအား ထမင်းနှင့်ဧည့်ခံနေလေသည်။

ထွန်းမောင်မှ``ဟိတ်ရောင် ငတေ မင်းကွာ အဲ့ညက ဟန်ဆောင်ကောင်း တာ ငါ့တို့ကဖြင့်တကယ်သေပြီမှတ်တာ ´´ဟု ထမင်းစားနေရာမှ ခေါင်းထောင်ပြောလိုက်၏။

ငတေမှ``စားမှာသာ စားစမ်း ပါကွာ အဲ့လိုမှ ဟန်မဆောင်ရင် ဒီတစ်သက် ငွေခင့်အချစ်ရတော့မှာမဟုတ်ဘူးကွ´´ဟုပြောလိုက်ရာငွေခင်မှ``ရှင်နော်  လူလည်ကြီး´´ဟုပြောပြီး ငတေ့ ခါးကြောအား ရှက်ရှက်နှင့် လိမ်ဆွဲလိုက်၏။

ငတေမှ``အားးး ကဝေသရဲ မ ရေးတဲ့ ဖူးစာလေးပါကွာဟားဟားဟား´´ ဟု အားရပါးအောရယ်လိုက်လေတော့သည်။

ကြိုးစားပါဦးမည်။

ပန်ဒိုရာ


Post a Comment