လူသားစား​ဆေးရုံ အပိုင်း၃

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၃)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

သို့နှင့် ယခုရောက်ရှိလာမည့် ဖေဖဝါရီလ (၁)ရက်နေ့ ညနေ(၆)နာရီတိတိအချိန် ဆရာ၏နေအိမိ၌ပင် ပြန်လည်ဆုံဆည်းကြရန် တိုင်ပင်ထားခဲ့ပြီး ထိုခရီးစဉ်အား အတူတကွသွားရောက်ကြရန် သဘောတူထားခဲ့ချေတော့သည်။

                      အခန်း(၂)
             ဆရာဝန်ကြီး၏ ဘဝ အလယ်

ဆေးကျောင်းသားစာရိတ်၏ ကြီးမားလှသော ငွေပမာနအား ဖြူလေးတစ်ယောက်မှာတော့ အိမ်တကာသို့လှည့်လည်ကာ အဝတ်များလျော်ဖွတ်စေရင်း တစ်ဖက်တစ်လှမ်းမှ ဝင်ငွေများအားစုဆောင်းထားခဲ့သည်။ မနားမနေ ပင်ပန်းကြီးစွာနှင့် အလုပ်ပေါင်းစုံလုပ်နေခဲ့ပြီး လင်ယောကျာ်းဖြစ်သူစွန်ရဲနိုင်အား ဆေးကျောင်းထားခဲ့ရာမှ ယခုအခါ စွန်ရဲနိုင်တစ်ယောက်မှာတော့ ဆေးကျောင်းနောက်နှစ်ဆီသို့ အရောက်လှမ်းနိုင်ခဲ့ချေသည်။ ဖြူလေး၏ပုံသဏ္ဍန်မှာ ရပ်ကွက်အတွင်း၌ သူ့မအား ရေစိုတပိုင်းနှင့် အမြဲမြင်တွေ့ခဲ့ရ၏။

ဖြူလေး၏ လက်ဖဝါးနုနုများ၌ ရေဝဲများစားလေသလား နေ့စဉ်နှင့်အမျှ လျော်ဖွတ်နေခဲ့ရသည်ကြောင့် လက်ဖဝါးများ၌ အနာများပင်ဖြစ်နေချေခဲ့သည်။ သို့သော် ဝဲလျက်မျက်ရည်များနှင့် သူမတစ်ယောက် လင်ယောကျာ်းအတွက် ဖြည့်ဆည်းပေးနေရသည်မှာ လွန်စွာဂုဏ်ယူနေမိရင်း နာကျင်မှုများအားမေ့ဖျောက်ထားကာ လင်ယောကျာ်းတစ်ယောက်ဆရာကြီးဝတ်စုံဖြင့် သူမ၏မျက်စိထဲ၌ မြင်ယောင်နေမိကာ ပီတိအပြုံးများစွာ ပြုံးနေခဲ့ရသည်။

လင်ယောကျာ်းဖြစ်သူစွန်ရဲနိုင်သည်လည်း ဇနီးဖြစ်သူအား မိခင်နှင့်တူလှသောကြောင့် အိမ်ထောင်ဖတ်အရွေးမှန်ကာ စိတ်ချမ်းသာမှုများနှင့် မပြည်စုံနိုင်သေး၊ ဇနီးသည်မှာ မိမိအတွက် လွန်စွာပင်ပန်းခဲ့ရသည်များအား သူတစ်ယောက်သိရှိထားခဲ့သည်။ ဆေးကျောင်းနောက်ဆုံးနှစ် မတတ်ရောက်ခင်အချိန်၌ ခေတ္တကျောင်းပိတ်ထားသည်ကြောင့် စွန်ရဲနိုင်တစ်ယောက်မှာတော့ ဇနီးသည်အား ခွင့်တောင်းလျက် မိုးကုတ်မြို့ဘက်သို့ ပန်းရံဆရာတစ်ယောက်နှင့် စကားဆက်မိရာမှ ကျောက်တူးလုပ်ငန်း လိုက်လုပ်ရန် ခွင့်တောင်းချေခဲ့သည်။ ဇနီးသည်သည်လည်း လင်ယောကျာ်းအား စိတ်မချသော်လည်း အစစအရာရာဂရုစိုက်စေရန် မှာကြားကာ ကျောင်းတတ်ချိန်အမှီ ပြန်ရောက်လာရန်ပြောဆိုလျက် ခွင့်ပြုခဲ့ချေတော့သည်။

သူမသည်လည်း လင်ယောကျာ်းအား စက်ချုပ်၊ အဝတ်လျော်၊ အများတကာ၏ အခိုင်းစေသဖွယ် ပြုလုပ်ပေးခဲ့ရပြီး ရရှိလာသော ငွေလေးများနှင့် ငါးနှစ်တိုင်တ်ိုင်ဆေးကျောင်းထားပေးခဲ့ခါ ယခုအခါ နောက်ဆုံနှစ်တိုင်အောင်ပင် မပူမပင်ထားနိုင်ရန် ကြိုးစားနေခဲ့ရသည်။ မိုးကုတ်မြို့၌ ကျောက်တူးအလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်ရာတွင် ငှက်ဖျားမိ၍ အပြင်းဖျားခါ သေဆုံးတတ်သည်သာမက လုပ်ဖော်ကိုင်ဖတ်အချင်းချင်းသည်လည်း နားလွဲမှုလွဲမှား၍ တစ်ဦးကိုတစ်ဦး အသေသတ်ခြင်းဖြစ်ရပ်များလည်း များပြားစွာရှိခဲ့သည်။ ထိုဖြစ်ရပ်များအား စွန်ရဲနိုင်တစ်ယောက်သိရှိထားခဲ့ပြီး အရဲစွန့်ကာ မိုးကုတ်မြို့၌ ကျောက်တူးလုပ်ကိုင်ခဲ့ရင်း ကံကောင်းစွာနှင့် အဖိုးတန်ကျောက်စိမ်းတစ်လုံးအား ရရှိခဲ့ချေသည်။

မိမိ၏ဘဝအား သိရှိထားခဲ့ပြီး သနားသောကြောင့် ကျောင်းပိတ်ရက်များ၌ ပန်းရံအတူတကွ လုပ်ကိုင်ခဲ့သော ပန်းရံဆရာသည်လည်း စွန်ရဲနိုင်အပေါ်လိမ်လည်ခြင်းမရှိ ဝမ်းသာစွာနှင့် ကျောက်စိမ်းရရှိသည့် အကြောင်းအားပြောပြခဲ့လေသည်။ ကျောက်တစ်လုံးအောင်မြင်လျင် သန်းပေါင်းများစွာမက ရရှိစေနိုင်ပြီး သူဌေးတစ်ဦးဘဝသို့ လျင်မြန်စွာကူးပြောင်းသွားစေနိုင်သည်။ ထိုအကြောင်းတို့အား ပန်းရံဆရာမှ ပြောပြလျက် ယခုစွန်ရဲနိုင်ဟာ ကျောက်အောင်ခဲ့ကြောင်း သိရှိသွားခဲ့ရတော့သည်။ ပန်းရံဆရာ၏ပြောဆိုချက်များအရ မိမိဟာ သူဌေးတစ်ယောက်ဖြစ်စေတော့မည်မှာ သေချာလှသည်။

ပန်းရံဆရာဟာလည်း စွန်ရဲနိုင်အပေါ် မတရားလိုစိတ်မရှိပဲ လုပ်ဖော်ကိုင်ဖတ်အနေနှင့်သာ ဝမ်းသာအားရဖြစ်လျက် ရန်ကုန်သို့လျင်မြန်စွာပြန်ရောက်ရန် စီစဉ်ကြတော့သည်။ မိုးကုတ်မြို့၌ သုံးပတ်တိုင်တိုင်ကျောက်တူး အလုပ်ကြမ်းလုပ်ကိုင်ခဲ့ပြီး ယခုအခါကျောက်အောင်မြင်ခဲ့သည်ကြောင့် ဝမ်းသာမှုများနှင့် ဇနီးဖြစ်သူ ဖြုလေးတစ်ယောက်ရှိနေသည့် နေအိမ်ဆီသို့ လက်ဖော်ကိုင်ဖက် ပန်းရံဆရာနှင့်အတူ ရောက်ရှိလာခဲ့ပြီး

''ဖြူ … ဖြူ … မိန်းမရေ မိန်းမ''
ဝမ်းသာမှုများနှင့် နေအိမ်တစ်ခုလုံးအနံ့လိုက်လံ အော်ခေါ်နေခဲ့သော်လည်း ဇနီးသည်၏ပြန်လည်အသံပေးသော အသံတစ်ခုမျှ မကြားခဲ့ရချေ။ သူတစ်ယောက်သိရှိ၏။ ယခုအချိန်ဆိုလျင် ဇနီးသည်ဟာ အိမ်တကာသို့ လှည့်လည်နေခဲ့ပြီး အလုပ်များစွာ လိုက်လုပ်နေခဲ့လေခြင်းသာဖြစ်လိမ့်မည်။ ထို့ကြောင့် တစ်အိမ်တတ်ဆင်း လိုက်လံရှာဖွေနေခဲ့ရင်း ကိုယ်တစ်ပိုင်းမျှ ရေများရွှဲဆိုနေသော ဇနီးဖြစ်သူအား နေအိမ်တစ်ခု၌ တွေ့ရှိလိုက်ရလေသည်။

''အစ်ကိုပြန်လာပြီဟုတ်လား''
''မိန်းမ !… ''

ဘဝအားနာ၍ ကြမ်းတမ်းခဲ့ရသော အဖြစ်များကိုပါ မြင်ယောင်ခဲ့ရင်း သူတစ်ယောက် ခန္ဓာကိုယ်အောက်ပိုင်း ရေများရွဲဆိုနေသော ဇနီးဖြစ်သူအား ဝဲလျက်မျက်ရည်များနှင့် ပတ်ဝန်းကျင်အားဂရုမစိုက် ပြေးဖတ်မိလိုက်သည်။

''မိန်းမ … အစ်ကိုတို့ချမ်းသာပြီကွ''

ဝမ်းသာလွန်း၍ စီးကျနေသော မျက်ရည်များဖြင့် ဇနီးသည်အား ထွေးဖတ်ထားရင်း သူတစ်ယောက်ပြောဆိုလိုက်သည်။ သို့သော်ဇနီးဖြစ်သူဖြူလေးမှာ လင်ယောကျာ်းပြောဆိုသော စကားတို့အား နားမလည်နိုင်
''အစ်ကို … ဘာ … ဘာဖြစ်လာတာလဲ''
လွန်စွာပျော်ရွှင်နေလျက် မျက်ရည်များစီးကျနေသော စွန်ရဲနိုင်နှင့်ဖြူလေးတို့အား လုပ်ဖော်ကိုင်ဖတ် ပန်းရံဆရာဟာလည်း စိုက်ကြည့်လျက် သူသည်လည်း ဝမ်းသာပီတိဖြစ်နေခဲ့ရသည်။ ထို့နောက် ဇနီးသည်အား နေအိမ်ဆီသို့ လက်ဆွဲခေါ်ဆောင်သွားရင်း သူတစ်ယောက်ကျောက်အောင်မြင်ခဲ့ကြောင်း အသိပေးပြောဆိုလေတော့သည်။ သို့သော် ဇနီးသည်ဟာ ကျောက်အောင်သည်ဟူသော စကားတို့အားနားမလည်နိုင်ချေ။

''အစ်ကိုကျောက်အောင်တယ်ဟုတ်လား ဖြူနားမလည်ဘူးအစ်ကို''
''ဟာ … ဖြူကလဲ … အစ်ကိုတို့လင်မယားနှစ်ယောက် သူဌေးဖြစ်ပြီးပေါ့ကွ … သူဌေးဖြစ်ပြီ''
''ဟုတ်တယ် … ညီမရေ … လူတစ်ယောက်ရဲ့ကံက မမြင်နိုင်ဘူးဆိုတာ သိပ်မှန်တာပဲ … တို့တွေမိုးကုတ်မှာ အသေခံအရဲစွန်းပြီး ကျောက်တူးခဲ့ကြတာ  အခုနင့်ယောကျာ်းက ကံကောင်းပြီး ကျောက်စိမ်းအောင်ပြီလေ နင်တို့လင်မယားနှစ်ယောက် သူဌေးဖြစ်တော့မယ်''
''ဟုတ်တဟ်မိန်းမရေ … ဒီကအစ်ကိုကြီးက စိတ်ကောင်းရှိလို့ပေါ့ မဟုတ်ရင် အစ်ကိုဘာမှသိမှာမဟုတ်ဘူး ကျေးဇူးတင်ပါတယ်အစ်ကိုကြီးရာ ကျေးဇူးတင်ပါတယ်''
''ရပါတယ်ကွာ မလိုပါဘူး … မင်းနဲ့ထိုက်လို့ မင်းရတာပဲ … မင်းကိုငါ့ညီလေးတစ်ယောက်လို သဘောထားတယ် … မင်းတို့လင်မယားနှစ်ယောက် ဘဝကိုလည်း ငါသနားတယ် အခုလိုငါတစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတာကိုပဲ ကျေနပ်လှပါပြီကွ''
''ဘာပဲဖြစ်ဖြစ်အစ်ကိုကြီး … အစ်ကိုကြီးသာ ဒီကျောက်စိမ်းတုန်းကြီးကို အလကားပါ ကျောက်တုံးကြီးဆိုပြီး လိမ်ပြောခဲ့ရင်လဲ ကျွန်တော်သိမှာမဟုတ်ဘူး … အစ်ကိုကြီးကစိတ်ရင်းနဲ့ ပြောပြခဲ့လို့ ကျုပ်သိခဲ့ရတာ … ဒီတော့ဗျာ ဒီကျောက်စိမ်းကြီးကို ကျုပ်နဲ့အစ်ကိုကြီး တစ်ယောက်တစ်ဝက်ဆီ ပိုင်တယ်''

''ဟ … နေပါ့စေကွာ … မင်းပစ္စည်းပဲ မင်းပဲအကုန်လုံးယူပါ … ငါကတစ်ယောက်တည်းသမား မိသားစုမရှိဘူး ငါ့အတွက် သုံးဖို့စွဲဖို့ ကျောက်ရောင်းပြီးတာနဲ့ ငွေလေးနည်းနည်းပဲ ပေးဟုတ်ပြီလား''
''အစ်ကိုကြီး ကျုပ်ကဘာမှနားလည်တာမဟုတ်ဘူး ဒီကျောက်အရောင်းဝယ်ကိစ္စကိုလည်း အစ်ကိုကြီးပဲလုပ်ပေးရမှာနော်''
''အဲ့ဒီအတွက်တော့ ဘာမှမပူနဲ့ ငါကမွဲတေနေပေမယ့် ငါ့အသိတွေအားလုံးကတော့ ကျောက်အရောင်းဝယ်သမားတွေချည်းပဲ မင်းနဲ့မိတ်ဆတ်ပေးမယ် ပြီးရင် အရောင်းဝယ်ကိစ္စ စကားပြောကြတာပေါ့''
''ကျေးဇူးတင်ပါတယ်အစ်ကိုကြီးရာ … ကျေးဇူးတင်ပါတယ်''

သို့နှင့် ပန်းရံဆရာကြီးမှာ စွန်ရဲနိုင်အား အစွမ်းကုန်ကူညီပေးခဲ့ပြီး ကျောက်အရောင်းအဝယ်ကိစ္စပါလျင် ပြီးစီးအောင်မြင်ချေခဲ့သည်။ ထို့နောက် ပန်းရံဆရာကြီးအား ကျေးဇူးတင်လွန်း၍ ကျောက်စိမ်းရောင်းရသည့် သိန်းပေါင်းများစွာထဲမှ တစ်ဝက်တိတိအား ခွဲဝေပေးခဲ့သော်လည်း ပန်းရံဆရာကြီးမှာ သုံးပုံတစ်ပုံမျှသာ လက်ခံချေခဲ့သည်။

မိမိတို့သည်လည်း ထိုရပ်ကွက်အတွင်းမှ စိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းသို့ ပြောင်းရွှေ့သွားခါ ဆေးကျောင်းနောက်ဆုံးနှစ်အား ကိုယ်ပိုင်ကားလေးဖြင့် စွန်ရဲနိုင်တစ်ယောက်မှာတော့ ကောင်းမွန်စွာတတ်ရောက်ချေနိုင်ခဲ့သည်။ မိမိဆရာဝန်တစ်ယောက်ဖြစ်ဖို့အရေး အပင်ပန်းခံခါ ကျောင်းထားပေးခဲ့သော် ဇနီးဖြစ်သူ ဖြူလေးအားလည်း ယခုအချိန်၌ အနားယူစေခိုင်းပြီး အခြွေရံများနှင့် အေးဆေးစွာနေထိုင်စေခိုင်းခဲ့သည်။ ထို့နောက် ပရဟိတအနေဖြင့် အခမဲ့ စာပြခန်းများဖွင့်လစ်ထားခဲ့ပြီး ဆရာဝန်ဘွဲ့ရရှိသည်နှင့် မိမိကိုဟ်ပိုင် ပုဂ္ဂလိကဆေးရုံတစ်ခု ဖွင့်လစ်ချေခဲ့ခါ  ဆေးကုသမည်ဖြစ်သည်။

ဆေးကုသရာတွင်လည်း ဆရာဝန်ကြီးစွန်ရဲနိုင်မှာ ပိုက်ဆံမရှိဆင်းရဲသော လူနာများအား ဆေးကုသခ မယူခဲ့ပဲ ကုသိုလ်အနေနှင့်သာ ဆေးကုသပေးခဲ့သည်။ မိမိ၏ ငယ်ပေါင်းသူငယ်ချင်းများဖြစ်သော ဆရာဝန်ကြီးရဲမောင်နှင့်အတူ ဆရာဝန်ကြီးသန်းနိုင်တို့သည်လည်း ထိုဆေးရုံအတွင်း၌သာ တာဝန်ထမ်းဆောင်စေခဲ့သည်။ မိမိ၏ဆေးကျောင်းသားဘဝမှ စာသင်ပြခဲ့ဘူးသော ဆေးကျောင်းသား/သူများသည်လည်း ဘွဲှ့ရရှိသည့်အခါ၌ ဆရာဝန်ကြီးစွန်ရဲနိုင်၏ိံ ကိုယ်ပိုင်ဆေးရုံတွင်သာ အလုပ်ဝင် တာဝန်ထောင်ဆောင်ချေခဲ့သည်။ မိမိ၏ဘဝအခြေအနေဟာ ထိုကဲ့သို့ချမ်းသာလာလိမ့်မည်ဟု ဆရာဝန်ကြီးမှာ မည်သည့်အခါမှ စိတ်ကူးမယဉ်ခဲ့ဘူးချေ။ ယခုအခါ၌ ဆေးကုသသည့် ဆရာဝန်အလုပ်အား အဓိကထားစေပြီး တစ်ခြားစီးပ္ပားရေးလုပ်ငန်းများအားလည်း လုပ်ဆောင်နေလေခဲ့သည်။

မိမိ၏စိတ်များလေလွှင့်နေချိန်၊ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဇွဲမလျော့စေပဲ အရောက်လှမ်းနိုင်ရန် အားပေးခဲ့သောချစ်သူ၊ ပန်းတိုင်ဆီသို့အရောက်လှမ်းနိုင်အောင်လည်း မိမိသည် တစ်ပါးသူအိမ်၌ အခိုင်းစေသဖွယ် ပြုလုပ်ပေးခဲ့ပြီး အိမ်တကာလှည့်ကာ လက်ဖဝါးတွင် ရေဝဲများလောက်အောင် အဝတ်လျော် ကျောင်းထားပေးခဲ့သော ဇနီးမယားအား ယခုအခါ၌ ဆရာဝန်ကြီးစွန်ရဲနိုင်မှာ လိုလေသေးမရှိ အခြွေရံများနှင့်တင့်တယ်စွာ ထားနိုင်နေတော့သည်။ မိမိ၏ကိုယ်ပိုင်ဆေးရုံ၌ သူငယ်ချင်းဆရာဝန်များနှင့်အတူ တပည့်ဆရာဝန်လေးများဟာလည်း ဆရာကြီးစွန်ရဲနိုင်၏အုပ်ချုပ်မှုအောက်၌ တာဝန်ထမ်းဆောင်စေကာ ညီညွှတ်စွာဖြင့် လုပ်ဆောင်ခဲ့သည်ကြောင့် အချိန်တိုအတွင်း၌ပင် ထိုဆေးရုံလေးဟာ 'မြို့မ အထွေထွေရောဂါကု ဆေးရုံ''ဟု လူအများကြားတွင် နာမည်တစ်လုံးဖြစ်ထွန်းလာချေခဲ့သည်။

သဘောကောင်းသည့် ဆရာဝန်ကြီး၊ အခကြေးငွေအား မရှိလျင် လုံးဝတောင်းယူခြင်းမရှိသော ဆရာဝန်ကြီးဦးဆောင်သည့် မြို့မဆေးရုံးမှာ လူနာများကြား၌ အားကိုးစရာကောင်းလှသော စေတနာရှင်ဟု နာမည်ထွက်ပေါ်လာချေခဲ့သည်။ တစ်ခြားလုပ်ငန်းများတွင်လည်း ဆရာဝန်ကြီးဟာ ဦးဆောင်လုပ်ကိုင်စေ၍ အောင်မြင်ဖြစ်ထွန်း လာခဲ့ချေသည်။ ယခုဆိုလျင် ဆရာဝန်ကြီးမှာ အသက်အားဖြင့်(၃၅)ှနှစ်မျှ ရှိနေပြီးဖြစ်ပြီး လေးထပ်ဆေးရုံ အထွေထွေရောဂါကု မြို့မဆေးရုံကြီး၌ လူနာများအား ရင့်ကျက်လှသော ဆရာသက်တမ်းဖြင့် ဆေးကုသလျက်ရှိနေတော့သည်။

                         *****

''ယောကျာ်း … ကလေးတွေနဲ့ ပျော်ပွဲစားထွက်ဖို့အတွက် ကျွန်မတို့ကားကြီးကို ယူသုံးမယ်ဆိုတာ ဖြစ်ပါ့မလား … ဒီကားကြီးအကြောင်းရှင်လဲ သိရဲ့သားနဲ့''
''ဖြစ်ပါတယ်မိန်းမရ … အစ်ကို့တပည့်ကျောင်းသားလေးတွေအထဲမှာ အရက်သောက်တတ်တဲ့သူမှ မပါတာ … အစ်ကိုတို့ကားကြီးက အရက်မသောက်ရင် အဆင်ပြေတာပဲလေ''
''ဒါတော့ဒါပေါ့အစ်ကိုရဲ့ … ဒါပေမယ့် လူငယ်တွေဆုံကြတာဆိုတော့ အခက်မသင့် သောက်စားမိလိုက်ရင် အားလုံးဒုက္ခရောက်ကုန်မှာ''
''စိတ်ချပါကွာ … အခုအစ်ကိုတပည့်လေးတွေ အကုန်လုံးက အစ်ကို့စကားတစ်ခွန်းပါပဲ … အစ်ကိုတာဝန်ယူပါတယ်''
''ဒါဆိုလဲပြီးရော အစစအရာရာ ဂရုစိုက်ကြနော်''

''ဖေဖေ … ဖေဖေ့တပည့်မလေး ပြောပုံအရ လူသားစားတဲ့ အိမ်ဆိုလား … သားစိတ်ထဲမှာ တစ်ခုခုစိုးရိမ်နေတယ် သူပြောတဲ့စကားရဲ့ အနောက်မှာ တစ်စုံတစ်ခုများ လျှိုဝှက်ထားနေသလားလို့ ထင်မိတယ်''
''ဟားဟားဟား … အဲ့ဒီရှေ့နေမလေးက ဖေဖေကျူရှင်ဆရာဘဝကတည်းက အစနောက်သန်တာ သူကိုယ်သူရှေ့နေဖြစ်ချင်လွန်းလို့ မောင်ထီးကလေးကတောင် သူ့ကိုရှေ့နေအရူးဆိုပြီး စခဲ့သေးတယ်လေ … သူက စကားတစ်ခွန်းပြောရင် လူစိတ်ဝင်စားအောင် ပြောတတ်တယ် … အဲ့ဒါကြောင့်ပဲနေမှာပါ''
''အင်းပေါ့လေ ဖေဖေ့ကျောင်းသားလေးတွေ အကြောင်း ဖေဖေအသိဆုံးဖြစ်မှာပေါ့ ဘာပဲဖြစ်ဖြစ် အစစအရာရာ ဂရုစိုက်ကြဖေဖေ''
''အေးပါသားရဲ့ … စိတ်ချပါကွ မင်းနဲ့မင်းအမေကတော့လေ စိုးရိမ်တတ်တာမှ လွန်ရော''
''စိုးရိမ်တာပေါ့ … သွားမယ့်နေရာက လူသားစားတဲ့ အိမ်တဲ့ … စီးသွားမယ့်ကားကလဲ ရာဇဝင်တွေနဲ့ ကြည့်လုပ်ကြပါဦးရှင်''
''ဘာမှမပူပါနဲ့ မိန်းမရ … ငါ့တပည့်လူစွမ်းကောင်း ငါးယောက်ပါလာတာပဲ တစ်ခြားပြဿနာတွေအတွက် ဘာမှပူနေစရာမလိုတော့ဘူး''
''ဟုတ်တယ်ဖေဖေ … သားလဲ အဲ့ဒီခရီးကို ဖေဖေလိုက်သွားမှာ ကိုထီးကလေးတို့ သူငယ်ချင်းငါးယောက်ပါလို့ ဘာမှမပြောတော့တာ … သားတို့လင်မယားနှစ်ယောက်ရဲ့ ကျေးဇူးရှင်လေးတွေကတော့ တကယ့်ကိုး အားကိုးထိုက်တဲ့သူတွေပါပဲတယ်ဗျာ''
'' ဒါပေါ့ကွ … ကဲ မေကြီး … မနက်ဖြန်အတွက် အထုတ်အပိုးလေးတွေ ပြင်ဆင်ပေးဦး''
''ပြင်ပြီးပါပြီရှင် အဆင်သင့်ပါပဲ''

''အေးအေး !… ဒါဆို ဖေကြီး … မောင်ထီးလေးတို့အိမ်ဘက် ခဏလောက်သွားလိုက်ဦးမယ်''
''သြော် … ဖေကြီး … ကျွန်မတို့ကားကြီးအကြောင်းလဲ မောင်ထီးလေးကို ပြောထားဦး''
''အေးပါဟ … အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီး သွားမှာပဲ''

ထိုကားကြီး ။ မိသားစုများအတွက် ပျော်ပွဲစားထွက်သည့် အချိန်ခါမျိုး၌ သင့်တော်သော ကားအရှည်ကြီးတစ်စီးဖြစ်ပြီး ထိုကားကြီးနှင့် ပျော်ပွဲစားခရီးသို့ သွားရောက်ရန် မသင့်တော်ကြောင်း ကျူရှင်ဆရာ၏ကတော်မှ ပြောဆိုနေလေခဲ့သည်။ သို့သော် ကျူရှင်ဟာလည်း ထိုကားကြီးနှင့်ပတ်သတ်၍ တစ်စုံတစ်ခုသော အကြောင်းများအား သိရှိထားဟန်တူသည်။ ထို့ကြောင့် သူ၏တပည့်ဖြစ်သော ထီးကလေးထံသို့ပင် ထိုကားကြီးနှင့်ပတ်သတ်ပြီး အကြောင်းစုံပြောဆိုရန် နေအိမ်ဆီမှ ထွက်ခွာလာခဲ့ချေတော့သည်။

နေ့လည်ခင်းအချိန်လေးပင်ဖြစ်သည်။ ဆောင်း နေ့လည်ခင်း၌ ပူးပြင်လှသော နေမင်းကြီးဟာ အေးစက်နေသော ကျွန်ုပ်၏ခြေဖျားလက်ဖျားများသို့ မသတ်ရောက်နိုင်ပဲ ခြေဖျား၊လက်ဖျားတို့၌ အေးစက်စွာရှိနေခဲ့သည်။ အသင့်ရှိနေသော ကော်ဖီထုတ်ကလေးအား ဖျော်လျက် ခြံအတွင်း၌ ကုလားထိုင်တစ်ခုခင်းစေကာ ဇိမ်ကျကျဖြင့် ခေတ္တအနားယူမည်ဖြစ်သည်။ ဆောင်းလေများတစ်ချက်အားဖြင့် တိုက်ခိုက်လိုက်လျင် ကုန်ဆုံးသွားခဲ့သော ယခင်က ဆောင်းဥတုနှစ်များအား ပြန်လည်သတိရမိသည်။ အဝေးသို့ ငေးမောကြည့်မိ၏။
''တီ … တီ ''
ဟွန်းတီးသံ၏အဆုံး ခြံရှေ့သို့ ကျွန်ုပ်တစ်ယောက် လှမ်းကြည့်လိုက်စဉ်
''အိုး !… ကိုမောင်ဝင်း''
ထိုသူဟာ မိတ်ဆွေကိုမောင်ဝင်းပင်ဖြစ်ချေသည်။ အဘယ်ကြောင့်နည်း ဆိုင်ကယ်အားကျွန်ုပ်၏နေအိမ်အရှေ့၌ ရပ်တန့်လျက် တာဝန်ယူနီဖောင်တစ်စုံနှင့် အပြုံးမျက်နှာအား ပေါ်လွင်စေအောင်ပြုံးစေကာ ကျွန်ုပ်ရှိနေသည့် အနားသို့စိုက်မြိုက်စွာရောက်ရှိလာခဲ့ချေသည်။

''ယူနီဖောင်းကြီးနဲ့ ဘယ်လိုဖြစ်လာတာကိုမောင်ဝင်း''
''ဘယ်လိုမှမဖြစ်ဘူးဗျို့ … ခရီးကပြန်ရောက်ရောက်ချင်း ခင်ဗျားကိုသတိရလို့ဝင်လာတာ''
''ဟင် … ဒါဆို ကိုမောင်ဝင်းအခုရက်ပိုင်းတွေ ခရီးထွက်နေရတာပေါ့ဟုတ်လား''
''အေးဗျ … မနက်ဖြန်လဲ … မူဆယ်ဘက်ကို သွားရဦးမယ်''
''အင်း !… ကိုမောင်ဝင်းက တာဝန်ကျေတဲ့ ရဲအရာရှိကောင်းတစ်ယောက်ဆိုတော့ ခင်ဗျားကိုအားကိုးကြတာနေမှာပေါ့''
''အေးဗျာ … သူတို့အားကို မကိုးတော့မသိဘူး လူလဲ ဖတ်ဖတ်မောနေပြီ''
''ဟားဟားဟားဟား … ကဲ ကိုမောင်ဝင်းရောက်လာတုန်း … ကျုပ်တို့ကိုဟန်စိုးဆိုင်ကိုပဲ ဦးတည်လိုက်ကြတာပေါ့''
''ကောင်းတယ်ဗျို့ … ''
''ကိုမောင်ဝင်းရေ မနက်ဖြန်ကျုပ်တို့လဲ ခရီးထွက်စရာရှိတယ်ဗျ''
''ဟင် … ဘယ်ကိုတုန်းဗျ… ကိစ္စရှိလို့လား''
''ကိစ္စတော့မရှိပါဘူး ကျုပ်တို့အထက်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေ ပြန်ဆုံကြတုန်း ပျော်ပွဲစားလေးထွက်မလားလို့ … ကျုပ်တောင်စဉ်းစားနေတာဗျ ဒီညနေစခန်းကိုလာပြီး ကိုမောင်ဝင်းအားရင် ခေါ်သွားမလို့ပဲ''
''အေးဗျ … ကျုပ်ကလဲ အခုရက်ပိုင်း ခရီးတွေတောက်လျောက်ထွက်နေရတော့ မလိုက်ဖြစ်တော့ပါဘူးဗျာ … ကိုလမ်းလေးတို့ရော ပါသွားမှာလား''
''အင်း … ကျုပ်တို့ငါးယောက်စလုံးပဲ''
''ကောင်းတဟ်ဗျို့ … ခင်ဗျားတို့ငါးယောက်ပါသွားမယ်ဆိုရင်တော့ ခရီးတောက်လျောက် စိုးရိမ်စရာမရှိတော့ပါဘူး…ဒါနဲ့ ဘယ်ကိုတုန်းဗျ''
''ပုသိမ်ဘက်က အိမ်ကြီးတစ်လုံးဆီ''

စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ကျွန်ုပ်၏နေအိမ်အတွင်း၌ ရပ်တန့်ထားခဲ့ပြီး မိတ်ဆွေကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့ ကိုဟန်စိုး၏လက်ဖက်ရည်ဆိုင်လေးဆီသို့ ဦးတည်လျောက်လှမ်းရင်း စကားများစွာပြောဖြစ်ခဲ့ကြသည်။

''မောင်ထီးလေး … ထီးလေးရေ''
''သြော် … ဆရာပါလား … ကြွပါဆရာ … အိမ်ပေါ်ကြွပါ''
မိမိ၏ကားကြီးဖြင့် ခရီးထွက်ရာ၌ ရှောင်သင့်သော အချက်များအား ပြောဆိုရန်အတွက် ကျူရှင်ဆရာမှာ တပည့်ဖြစ်သူ ထီးကလေး၏ နေအိမ်ဆီသို့ ရောက်ရှိခဲ့ချေသည်။ သို့သော် ရှေ့စဥ့်နောက်စဥ့်သာ အဝင်အထွက်လွဲချော်သွားခဲ့ပြီး တပည့်ဖြစ်သူထီးကလေးနှင့် သူ၏နေအိမ်၌ မတွေ့လိုက်ရချေ။ တပည့်ဖြစ်သူ၏ မိဘများမှာ ဖုန်းဆက်အကြောင်းကြားပေးမည်ဟု ပြောဆိုသော်လည်း ဆရာမှာ

''ရပါတယ်ဗျာ … ရပါတယ် … ထားလိုက်ပါ … မနက်ဖြန်ခရီးအတွက် ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ထားလို့ရအောင် လာပြောတာပါ''
''ဟုတ်ကဲ့ဆရာ … သူတို့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားတစ်ခုထွက်မယ်လို့တော့ ကျွန်မတို့သိထားပါတယ် ပြင်ဆင်စရာလေးတွေလဲ ပြင်ဆင်ပေးထားပါတယ်ရှင့်''
''ဟုတ်ကဲ့အစ်မကြီး … ကျွန်တော်လာသွားတယ်လို့ပဲ မောင်ထီးကလေးကိုပြောပေးပါ ခွင့်ပြုကြပါဦး''
''ဟုတ်ကဲ့ဆရာ'

မိမိပြောဆိုမည့်အကြောင်းများဟာ ဆရာဖြစ်သူ၏ရင်ထဲ၌ သွားရောက်ကြမည့် လမ်းခရီးတွင် လိုအပ်လောက်မည်မဟုတ်ဟု တွေးထားခဲ့ပြီး နေအိမ်၌တပည့်ဖြစ်သူအား မတွေ့လိုက်ရသည်ကြောင့် လာရာလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာသွားခဲ့ချေတော့သည်။

ယနေ့ဟာ ဖေဖေါ်ဝါရီ တစ်ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီး။ ကျွန်ုပ်တို့ငါးဦးသည်လည်း ပျော်ပွဲစားခရီးသို့လိုက်ပါသွားရန်အတွက် ပြင်ဆင်ထားခါ ကျွန်ုပ်၏နေအိမ်၌ ဆုံဆည်းခဲ့ကြသည်။ ထို့နောက် နေအိမ်မှတဆင့် ဆရာဖြစ်သူ၏ နေအိမ်ဆီသို့ Taxi ငှား၍ ညနေ(၅)နာရီတိတိအချိန်၌ ထွက်ခွားသွားခဲ့လေတော့သည်။

ချိန်းဆိုထားသည်မှာ ညနေ(၆)နာရီတိတိဖြစ်သော်လည်း ဆရာ၏နေအိမ်ဆီသို့ ထိုအချိန်ထက် ပိုမိုစောစွာရောက်ရှိလျင်လည်း မမှားနိုင်ပေ။ ထို့ကြောင့် ဆရာ၏နေအိမ်ဆီသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ညနေ(၅:၃၀)အချိန်တွင် ရောက်ရှိလာခဲ့လေတော့သည်။ ဆရာ၏ခြံအတွင်းသို့ ဝင်လိုက်သည်နှင့် ဆရာဝန်လေးဆန်းထွန်းပိုင်၏ိံဇနီးဖြစ်သူ ကေသရီမှာ ကျူပ်တို့အားလှိုက်လှဲစွာ ခရီးဦးကြိုဆိုလေသည်။ ထို့နောက် ကေသရီတစ်ယောက် ဦးဆောင်ခေါ်ဆောင်သွားရာ အနောက်မှ လိုက်ပါသွားရင်း ဧည့်ခန်းအတွင်းသို့ ရောက်ရှိခဲ့သည်။

''ဟင် … တင်ဇာ စာမိ၊ မောင်ကဲ၊ ရှေ့နေအရူး သြော် ပန်းအိ … နင်တို့ကစောလှချည်လား''
''ငါတို့အားလုံက နေ့ခင်းတည်းက ရောက်နေကြတာ … မနေ့ညကဆို တစ်ညလုံးတောင် အိပ်မပျော်ဘူး''
''မသိပါဘူးဟာ … ငါတို့က ငါတို့များစောရောက်နေမယ် ထင်တာ… သြော် … ဒါနဲ့ဝကြီးတစ်ယောက်ရော''
''ဖုန်းတော့ဆက်ထားတယ်ဟ … လမ်းရောက်နေပြီတဲ့''

''ဆရာ … မင်္ဂလာပါ''
''အေး … လာ … ထကြ''
''မနေ့က ဆရာ … ကျွန်တော်ဆီလာသွားတယ်ဆို ဟုတ်ဆရာ ကျွန်တော်မိတ်ဆွေတစ်ယောက်နဲ့ အပြင်ပါသွားလို့ပါ''
''အေးကွယ့် … ထွေထွေထူးထူးတော့မဟုတ်ပါဘူး … ဆရာတို့အခုစီးသွားမယ့် ကားကြီးက အရက်သေစာ လုံးဝသောက်စားလို့မရဘူး … အရက်သောက်တာနဲ့ အန္တရယ်တစ်ခုခုနဲ့ရင်ဆိုင်ရတယ် … ဒါကြောင့်လဲ ဒီကားကြီးကို ဆရာတို့မိသားစု မသုံးဖြစ်ကြတာပေါ့''

''ဘယ်လိုဆရာ … အရက်သောက်တာနဲ့ အန္တရယ်တစ်ခုခုနဲ့ရင်ဆိုင်ရတယ်ဟုတ်လား … ဟားဟားဟား … ဆရာကလဲ ဒီခေတ်ကြီးမှာ ဒီအယူမျိုးတွေ မယူတော့တာကောင်းပါတယ် … ကျွန်တော်ဆိုရင် သရဲခြောက်ပါတယ်ဆိုတဲ့ အပင်ကိုမှ ဟိုတစ်လောတုန်းက ကျင်ငယ်နဲ့ကော့ပန်းခဲ့တာ''
''ဟဲ့ … စာမိ … နင်ကလေ အရှက်ကိုမရှိဘူး''
''ဘာလို့ရှက်ရမှာလဲဟ … ငါကအမှန်တိုင်းပြောပြတာလေ''
''ဘာပဲဖြစ်ဖြစ် သားတို့သမီးတို့ အားလုံး အရက်မသောက်ကြဖို့တော့ ဆရာပြောထားချင်တယ်''
''ဟုတ်ကဲ့ပါဆရာ … ကျွန်တော်တို့အားလုံးက အရက်မသောက်တတ်ကြပါဘူးဗျ''
''သိပါတယ်… မောင်ကဲရာ … ဒါပေမယ့် ဆရာက လိုလိုပိုကိုမှာထားတာပေါ့ကွ''
''မောင်ထီးလေး … ဆရာပြောတာ မင်းသဘောပေါက်မယ်နဲ့ ထင်တယ်''

ထိုသို့ဆို၏။ ကျွန်ုပ်တစ်ယောက် မျက်မှောင်ကြုတ်မိ၏။ တကယ်ပင်လား သို့မဟုတ် မိမိ၏ကျောင်းသားလူငယ်များ အရက်သေစာသောက်စားမည်အား စိုးရိမ်သောကြောင့် ပရိယာယ်ဆင်သော စကားပင်လျင်လား ကျွန်ုပ်တစ်ယောက် နားမလည်နိုင်။ သို့သော် အားလုံး၏ အရှေ့၌ ဆရာ့အား ခေါင်းသာငြိမ့်ပြလျက် ဆရာနှင့်နှစ်ယောက်သား တိုးတိတ်စွာသေချာမေးမြန်းဦးမည်ဟု ကျွန်ုပ်ရည်ရွယ်ထားခဲ့ချေသည်။

''ဟဲ့ … ဝကြီး … နင်ဘယ်ရောက်နေပြီလဲ (၆)နာရီတောင်ထိုးတော့မယ် မြန်မြန်လာတော့''
''အေးပါဟ … ခဏလေးပါ လမ်းထိပ်ရောက်နေပြီ ငါခရီးအတွက် ရိက္ခာလေးတွေဖြည့်နေလို့ပါ''

ခရီးထွက်မည့် ကားကြီးအား စစ်ဆေးရေးပြုလုပ်ထားလျက် အားလုံးသည်လည်း အဆင်သင့်ဖြစ်နေပြီး ဖြစ်သည်။ သို့သော် ကားကြီးအား မောင်းနှင်မည့် ဝကြီးဆိုသော လူငယ်တစ်ဦးမှာတော့ ဆရာ၏နေအိမ်ဆီသို့ ယခုအချိန်ထိပင် ရောက်ရှိမလာခဲ့သေးချေ။ ဖုန်းဆက်ကြ၏။ သို့သော် လမ်းထိပ်၌ ရောက်ရှိနေပြီဟု ပြန်လည်ပြောဆို၏။ တကယ်ပင်လျင် ဝကြီးဆိုသောလူငယ်မှာ လမ်းထိပ်နားသို့ရောက်ရှိနေခဲ့ပြီး လမ်းထိပ် ရမကာဆိုင်မှ ဘီယားဘူးအမြောက်အများအား ဝယ်ယူလျက် မိမိသည်လည်း ရေချိန်ကိုက်လောက်မည့် အနေထားရောက်မှသာ ဆရာ၏နေအိမ်ဆီသို့ ဦးတည်လာနေခြင်းဖြစ်သည်။

''ဟာကွာ … ကြာလိုက်တာကွ … မြန်မြန်လာပါကွ … ဟွန်း … မင်းဘီယာတွေ သောက်လာတာလား''
''ရှုး !… တိုးတိုး … နည်းနည်းလေးပါကွ … ဆရာနဲ့တစ်ခြားသူတွေ မသိစေနဲ့နော်''
''မင်းကိုယ်က ဒီလောက်အနံ့ထွက်နေတာ မသိပဲနေမလားကွ''
''မင်းမပြောရင် မသိပါဘူးကွာ ဒီမှာ အနံ့ပျောက်အောင် ပီကယ်ပါတယ်…လူစုံပြီလား ဆရာတို့ရော''
''အားလုံးစုံပြီး မင်းတစ်ယောက်ပဲကျန်တော့တာ … ဆရာတို့အိမ်ထဲမှာရှိတယ် လာလာ''

ဝကြီးတစ်ယောက် နေအိမ်ဆီသို့ရောက်ရှိရန် ကြာမြင့်နေသောကြောင့် မောင်ကဲဆိုသူအား ဆရာမှာ လမ်းထိပ်၌ သွားရောက်ကြည့်ရှု့ရန် ခေါ်ဆိုခိုင်းခဲ့သည်။ လမ်းထိပ်မရောက် လမ်းခုလပ်၌ ဝကြီးမှာ အထုတ်အပိုးများနှင့် ဆရာ၏နေအိမ်ဆီသို့ ဦးတည်လာနေကြောင်း တွေ့ရှိလိုက်ရပြီး ဝကြီးမှာ ဘီယာတစ်ချို့အား သောက်ထားချေခဲ့သည်။ သို့သော် ဆရာဖြစ်သူ၏ ပြောစကားများအား အယုံကြည်မရှိ အလေးမထားခဲ့သော မောင်ကဲတစ်ယောက်မှာတော့ ဝကြီးအား မည်သည့်အကြောင်းမှ ပြောဆိုမနေတော့ပဲ နေအိမ်ဆီသို့ လျင်မြန်စွာခေါ်ဆောင်လာခဲ့လေသည်။

ထို့နောက် နေအိမ်ဆီသို့ နှစ်ဦးသားရောက်ရှိလာခဲ့ပြီး အလုပ်ခွင်၌ ပျော်ပွဲရွှင်ပွဲများနှင့် အသောက်အစားအမြဲကြုံနေရသော ဝကြီးတစ်ယောက်မှာ သောက်စားထားသည်ဟု မထင်ရလောက်အောင် ဟန်မပျက်ရှိနေချေခဲ့သည်။ သို့နှင့် သူငယ်ချင်းဖြစ်သူ ဝကြီးရောက်ရှိလာသည်ကြောင့် လူငယ်များမှာ ပျော်ရွှင်သွားကြပြီး ကားကြီးအပေါ်သို့ နေရာယူရန် အပြေးတတ်ရောက်လေတော့သည်။ ကားမောင်းမည့် ဝကြီးအားလည်း ဆရာဟာ ဂရုစိုက်၍မောင်းနှင်ရန် ပြောဆိုလျက် နေအိမ်ဆီမှ ထွက်ခွာရန် စတင်ကြလေတော့သည်။ ဝကြီးဟာ ဘီယာတစ်ချို့သောက်ထားခဲ့သည်။ ထိုအကြောင်းအား မောင်ကဲတစ်ယောက်သိရှိထားသည်။ သို့သော် မောင်ကဲဟာ ကားကြီးနှင့်ဝကြီးအခြေအနေအား စောင့်ကြည့်လျက် ဆရာဖြစ်သူပြောဆိုခဲ့သော ကားကြီးမှာ မည်သည့်အကြောင်းများ ထူးခြားလာလိမ့်မည်ဟု စောင့်ကြည့်အကဲခတ်နေခဲ့သည်။ သို့သော် ကားကြီးအား သူငယ်ချင်းဖြစ်သူ ဝကြီးတစ်ယောက် စတင်စက်နှိုးလိုက်သည်နှင့် ကားစက်ဟာ မည်သည့်အခက်ခဲတစ်ခုမျှမရှိ လွယ်ကူစွာ နိုးသွားချေခဲ့သည်။ ထို့ကြောင့် မောင်ကဲမှာ စိတ်ထဲ၌ တွေးမိ၏။

''သြော် … ဆရာ ဆရာ … သူ့တပည့်တွေကို အရက်မသောက်ကြနဲ့လို့ ပြောလဲရရဲ့သားနဲ့ တမင်သတ်သတ် ဇာတ်လမ်းဆင်ပြီး ပြောရသေးတယ် ဆရာကတော့လေ … ''

ထိုသို့တွေးမိလျက် ခပ်ပြုံးပြုံးအမူယာနှင့် ကားမောင်းသူဝကြီး အဆင်ပြေစေရန် ကားစပယ်ယာအဖြစ် ပြုလုပ်လျက် လိုက်ပါလာချေတော့သည်။ ကားကြီးဟာလည်း ဆရာ၏နေအိမ်အတွင်းမှ စတင်ထွက်ခွာလာခဲ့ပြီး အဝေးပြေးလမ်းမဆီသို့ စတင်ဥင်္ီးတည်နေလေပြီးဖြစ်သည်။    ။

ကျုရှင်ဆရာပြောဆိုသော ကားကြီး၏ိံရာဇဝင်များမှာ အမှန်တကယ်ပင်လျင် အရက်သေစာသောက်စားမောင်းနှင်ပါက လမ်းခရီး၌ ဆိုးရွားလှသော အန္တရယ်တစ်ခုနှင့် ကြုံတွေ့ကြရမည်မှာ မလွဲချေ။

ထိုကားကြီးဟာ ထိုသူတို့ဦးတည်သော လူသားစားသည့်အိမ်ဟု တင်စားခေါ်ဝေါ်ကြသည့် ခရီးဆီသို့ရောက်ရှိသွားနိုင်မည်လား။

သို့မဟုတ် ကားကြီး၏ရာဇဝင်အတိုင်း အရက်သေစာ သောက်စားမောင်းနှင်သော ကားမောင်းသူဝကြီးဆိုသော လူငယ်ကြောင့် မည်သည့်အန္တရယ်များ ကြုံတွေ့လာရဦးမည်နည်း။

လူသားစားဆေးရုံနှင့် ဒေါက်တာစွန်ရဲနိုင် လူသားစားအိမ်သို့ ဦးတည်သွားသော ထိုလူငယ်တစ်စု မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၄)၌ ဆက်လက်ဖတ်ရှု့ပေးပါရန်။

              *****************
       ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                   ၅.၂.၂၀၁၆ မြန်မာစံတော်ချိန်
                   ည (၁၂)နာရီတိတိအချိန်တွင်
              ဆက်လက်ဖော်ပြပေးသွားပါမည်။

                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
                  *****************


Post a Comment