လူသားစား​ဆေးရုံ အပိုင်း၂

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၂)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************
်နေ့ခြင်းသားလျင် ချစ်သူနှစ်ဦးမှာတော့ မည်သူမှ မသိနိုင်သည့် နေရာတစ်ခုစီသို့ နှစ်ဦးသား ခြေရာဖျောက်ခါ ထွက်ခွာသွားခဲ့ချေတော့သည်။

ဆောင်းတွင်းညနေခင်းလေးပင်ဖြစ်ချေသည်။ ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများ ထိုအချိန်ဆိုလျင် ကျွန်ုပ်၏ိံနေအိမ်၌ ဆုံတွေ့ခဲ့ကြပြီး ကော်ဖီဆိုင်သို့ အမြဲသွားလေ့ရှိကြသည်။ ထို့ကြောင့် ထိုအချိန်၌သူငယ်ချင်းဖြစ်သူများ ရောက်ရှိလာခဲ့သည်ကြောင့် ကျွန်ုပ်တို့၏ထိုင်နေကြ ဆိုင်လေးဖြစ်သော (ဌ)ရပ်ကွက်ထဲမှ ကိုဟန်စိုး၏ရွှေအိုး ကော်ဖီဆိုင်လေးသို့ ထွက်ခွာလာခဲ့ကြတော့သည်။ ဆောင်းတွင်းကာလ၏ အေးစိမ့်မှု့များဟာလည်း ယခုနှစ်၌ ပိုမို၍အေးစိမ့်နေလေသလား၊ ညနေဆောင်းလာသည်နှင့် အနွေးထည်များဟာ ခန္ဓကိုယ်အပေါ်သို့ ရောက်ရှိစေခဲ့သည်။ ခြေဖျား၊လက်ဖျားတို့၌ အေးစက်နေခဲ့ပြီး ပါးစပ်မှ အငွေ့များပင် ထွက်လောက်အောင် ထိုညလေးဟာ ချမ်းအေးလွန်းလှသည်။

သို့နှင့်ကျွန်ုပ်တို့ငါးဦးသည်လည်း ဆိုင်လေးအရှေ့သို့ရောက်ရှိလာကြပြီး ဆိုင်လေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် ပြောစရာမလိုလောက်အောင်ပင် သောက်နေကြဖြစ်သော ကော်ဖီအား ကိုဟန်စိုးမှ လာရောက်ချပေးစေခဲ့သည်။ ထို့နောက် နေ့လည်ခင်းမှ ဆရာနှင့်ဆန်းထွန်းပိုင်အပါအဝင် ကေသရီတို့မှာ ကျွန်ုပ်၏နေ့အိမ်သို့ ရောက်ရှိလာခဲ့ပြီး မွေးနေ့ပွဲအား လာရောက်ဖိတ်ကြားခဲ့ကြောင်း ပြန်လည်ပြောဆိုပြခဲ့သည်။

''အဲ့ဒါပဲဟေ့ … ဆရာကိုယ်တိုင် တကူးတက လာဖိတ်သွားတာဆိုတော့ မသွားလို့လဲမကောင်းဘူးကွ … မင်းတို့လေးယောက်ကိုပါ မဖြစ်မနေ ပါလာအောင် ခေါ်လာခဲ့ဖို့ အကြိမ်ကြိမ်ဖိတ်သွားတာ''
''သွားရမှာပေါ့ကွ … ငါကတော့အားတယ် … မွေးနေ့ပွဲက ဘယ်နေ့လဲ''
''အခုလာမယ့် ဇွန်နဝါရီ(၂၈)ရက် ည(၈)နာရီ''
''ဒါဆိုသိပ်မလိုတော့ဘူးပဲ … လမ်းလေး မျှားလေး မင်းတို့ရော အားတယ်မဟုတ်လား''
''အမလေးကွာ … အချင်းချင်းတွေသိရဲ့သားနဲ့ ငါတို့လဲ အားပြီးသားပဲကို''
''ဒါဆိုအားလုံးသွားကြမယ်နော်''
''သွားကြတာပေါ့ … ဒါနဲ့နေပါဦး … ကေသရီရော ကျန်းမာရေးကောင်းရဲ့လား''
''မနက်ကတွေ့လိုက်တာတော့ အကောင်းတိုင်းပဲ… ဆရာတို့မိသားစုက ငါတို့ငါးယောက်ကို တော်တော်လေးကျေးဇူးတင်နေပုံရတယ် … ဆန်းလေးဆိုရင် … ငါ့ကိုတွေ့ကတည်းက ကျေးဇူးတင်စကားတွေချည်းပဲ ပြောနေတယ်''
''ဘာပဲဖြစ်ဖြစ် သူတို့အဆင်ပြေရင် ပြီးတာပါပဲလေ''
''ဒါပေါ့ကွ … သြော် !… နေဦး မွေးနေ့ပွဲညကြရင် ငါတို့ငါးယောက်က ကိုမောင်ဝင်းရဲ့မိတ်ဆွေအဖြစ်နဲ့ သွားမှာမဟုတ်ဘူး … ငါတို့အားလုံးက ဆရာ့ရဲ့ ကျောင်းသားအဟောင်းလေးတွေအဖြစ် သွားကြမှာ''

''ဟုတ်တယ် အဲ့ဒါအကောင်းဆုံးပဲ ဘာဖြစ်လို့လဲဆို … ကြံခင်းနယ်ဖြစ်ရပ် ဖုတ်ကောင်ကြီးကို ငါတို့ရှင်းပေးခဲ့တဲ့အကြောင်း ရဲမင်းကြီးက သတင်းစာတွေမှာရော … သတင်းဌာနတွေမှာရော ကျေးဇူးတင်ကြောင်းပြောထားတာဆိုတော့ ငါတို့အကြောင်း လူတော်တော်များများသိထားလောက်ပြီ အဲ့ဒီတော့ ငါတို့ကိုလူကောင်းတွေက ချစ်ခင်နိုင်သလို လူဆိုးတွေက မုန်းတီးနေနိုင်တယ် … အဲ့ဒါကြောင့် လူငယ်ငါးယောက်အဖြစ် အသိမပေးထားတာ အကောင်းဆုံးပဲ''
''ဟုတ်တယ် !… မျှားကလေးပြောတာ မှန်တယ် ! … အဲ့ဒီအကြောင်းကို ထီးလေး !… မင်းဆရာ့ကိုပြောပြလိုက်သေးလား''
''ပြောလိုက်တယ် ဆရာကလည်းပြောတယ် !… ငါတို့စိတ်တိုင်းကျဖြစ်စေရပါ့မယ်တဲ့''
''ကောင်းတယ် !… ကဲ … ငါတို့ရဲ့ တစ်နေ့တာ အစည်းအဝေးကတော့ ဒီမှာတင်ရပ်နားလိုက်မယ် !… အရမ်းလည်းအေးနေပြီဆိုတော့ အိမ်ပြန်ပြီး စောင်ခြုံကွေးနေလိုက်တာ အကောင်းဆုံးပဲ''

ဇွန်နဝါရီလ (၂၈)ရက်နေ့ ည(၈)နာရီအချိန်၌ ဆရာ့၏မွေးနေ့ပွဲသို့ သွားရောက်ကြရန် သူငယ်ချင်းဖြစ်သူများအား ကျွန်ုပ်တစ်ယောက် အသိပေးပြောဆိုခဲ့ပြီး သူငယ်ချင်းဖြစ်သူများသည်လည်း မွေးနေ့ပွဲသို့ အတူတကွသွားရောက်ကြရန် သဘောတူခဲ့ချေသည်။ ဖုတ်ကောင်ကြီးအား အသက်ပေးခါ ကူညီဖြေရှင်းခဲ့ခြင်းနှင့် ပတ်သတ်ပြီး ရဲမင်းကြီးဟာ ကျွန်ုပ်တို့အား ကျေးဇူးတင်လွန်း၍ သတင်းဌာနများသို့ အကြောင်းကြားစေခါ ကျေးဇူးတင်စကားများစွာ ပြောဆိုချေခဲ့သည်။ ထို့ကြောင့် တစ်ချို့သော ပြည်သူများသည်လည်း လူငယ်ငါးဦး၏ ရဲစွမ်းသတိအား အလွန်ပင်ချီးချူး၍ အမည်သာလျင်ကြားဘူးစေပြီး အမည်နှင့်လူ တွဲလျက်မသိခဲ့ချေ။  ထို့ကြောင့် မလိုအပ်သော ပြဿနာတစ်စုံတစ်ခု မဖြစ်ပွားစေရန် မွေးနေ့ပွဲ၌ ကျွန်ုပ်တို့ဟာ ဆရာ၏ကျောင်းသားဟောင်းလေးများအဖြစ် သွားရောက်ကြရန် သဘောတူစွာ တိုင်ပင်ထားချေတော့သည်။
                              ****
စွန်ရဲနိုင်နှင့်ဖြူလေးတို့ဟာ ဆွေမျိုးသားချင်းများ မသိနိုင်သော မြို့လေးတစ်ခုသို့ ပြောင်းရွှေ့နေထိုင်နေခဲ့ကြသည်။ ဖြူလေးဟာ သူမအမွေရထားသော ပိုက်ဆံလေးတစ်ချို့နှင့် စုစောင်းထားသော ပိုက်ဆံလေးများဖြင့် အိမ်လေးတစ်လုံး ငှားရမ်းနေကာ ချစ်သူနှစ်ဦးသည်လည်း သဘောတူစွာဖြင့် ပေါင်းစည်းနေထိုင်နေခဲ့ကြသည်။ သို့နှင့် စွန်ရဲနိုင်ဟာ ဆေးကျောင်းတတ်ရမည့် အချိန်သို့ပင်ရောက်လာရှိခဲ့ပြီး ဇနီးသည်ဖြစ်သည့် ဖြူလေးဟာ စက်ချုပ်ဆိုင်ကလေးဖွင့်ထားကာ ဝင်ငွေရှာလျက် စုစောင်းထားသည့် ငွေများဖြင့် လင်ယောကျာ်းဖြစ်သူ စွန်ရဲနိုင်အား ကျောင်းအပ်နှံစေခဲ့သည်။

စွန်ရဲနိုင်၏ အတွေးစိတ်များ၌ မိမိဟာ ဆရာဝန်ကြီးတစ်ယောက်ဖြစ်စေချင်သော ဆန္ဒတစ်ခုတည်းသာ နှလုံးသွင်းထားခဲ့သည်။ ထို့ကြောင့် ကျောင်းစာများအားလည်း နေ့ညမနား ကျက်မှတ်နေခဲ့ပြီး ချစ်သူဖြူလေးအပေါ်၌လည်း သူတစ်ယောက်လွန်စွာကျေးဇူးတင်နေမိသည်။ စွန်ရဲနိုင်ဟာ ဘာသာစုံဂုဏ်ထူးဖြင့် စာမေးပွဲအောင်မြင်ထားသည်ကြောင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား စာသင်ပြခြင်းဖြင့် တစ်ဖက်တစ်လှမ်းမှ ဝင်ငွေစုဆောင်းစေခဲ့သည်။ ဖြူလေးဟာလည်း လင်ယောကျာ်းမသိသည့်အချိန်၌ ပတ်ဝန်းကျင်အိမ်များမှ အဝတ်များအားလည်း လိုက်လံလျော်ဖွတ်စေကာ ရရှိသမျှ ပိုက်ဆံများအား စုဆောင်းထားစေခဲ့သည်။

စက်ချုပ်သည့်ဝင်ငွေများမှာလည်း လင်မယားနှစ်ယောက်အဖို့ စားသောက်ရေးအတွက် အဆင်ပြေစေသော်လည်း ဆေးကျောင်းသားတစ်ယောက်၏ ကျောင်းစာရိတ်အတွက်မှာမူ မလောက်ငှချေ။
ထို့ကြောင့် လင်ယောကျာ်းဖြစ်သူ ကျောင်းသွားနေသည့်အချိန်များ၌ မိမိဟာ တပါးသူများ၏ အဝတ်ထည်များအား မီးပူတိုက်၊ လျော်ဖွတ်ပေးစေကာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေများအားထပ်မံ ရှာဖွေစုဆောင်းနေခဲ့ခြင်းဖြစ်သည်။

''သူငယ်ချင်းတို့ … ငါ့အဖေနေကောင်းရဲ့လား''
''မင်းအဖေ နေကောင်းပါတယ်ကွာ … မင်းကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်တောင် ထင်မထားတော့ဘူးကွ … သူ့မိန်းမနဲ့အဆင်ပြေရင် ပြီးရောဆိုပြီးမင်းကို ပစ်လိုက်တာ တကယ့်ကို အံ့သြမိတယ် … မင်းအကြောင်း ငါတို့ကိုများမေမလားဆိုပြီး ငါတို့သွာသေးတယ် …မမေးတဲ့အပြင် မင်းကမိဘတွေကို စော်ကားပြီးအိမ်ပေါ်ကနေ ဆင်းသွားတာလို့တောင် သန်းနိုင်နဲ့ငါ့ကိုပြောလိုက်သေးတယ်''
''အေးကွာဘာပဲဖြစ်ဖြစ် !… ငါ့အဖေ နေကောင်းရင်ပဲ ကျေနပ်လှပါပြီ''
''မင်းတို့လင်မယားနှစ်ယောက်ရော နေရေးထိုင်ရေး အဆင်ပြေကြရဲ့လား … ဖြူလေးက မင်းကိုတော်တော်ချစ်ရှာတာပါကွာ … ဟိုတစ်နေ့က …''
''ဟိုနေ့က ဘာဖြစ်တုန်းကွ ရဲမောင် … ဆက်ပြောလေ''

ကျောင်း၌ဖြစ်ချေပြီး အတန်းချိန်အားလပ်နေသည့်ကြောင့် ကော်ဖီဆိုင်လေးတစ်ခု၌ ငယ်သူငဟ်ချင်းဖြစ်သူများနှင့်အတူ စွန်ရဲနိုင်တစ်ယောက်မှာ စကားများစွာပြောဆိုဖြစ်ကြသည်။ သို့သော် ရဲမောင်တစ်ယောက်မှာတော့ ယခုပြောလက်စ စကားတို့အားဆက်၍ပင် မပြောတော့ပဲ မြိုသိပ်ထားလိုက်သည်ကြောင့် စွန်ရဲနိုင်တစ်ယောက်မှာ မျက်မှောင်အားကြုတ်လျက် သိချင်စိတ်ဖြင့် တစ်ရက်ဆက်မေးမြန်းချေခဲ့သည်။ သို့သော် ရဲမောင်နှင့်သန်းနိုင်တို့မှာတော့ အမူယာများပင်ပျက်လျက် ရုတ်တရက်နှုတ်မှ ထိုစကားသံထွက်သွားသည်ကြောင့် ဆက်လက်၍ ပြောသင့်မပြောသင့် ချိန်ဆနေခဲ့ပြီး အတန်ကြားမှ

''ဟို … ဟို ''
''ဆက်ပြောပါကွ … ဘာဖြစ်တုန်း ဟိုတစ်နေ့က''
''ငါ … ငါတို့ပြောသင့် မပြောသင့်စဉ်းစားနေတာ''
''ဟာကွာ … မင်းတို့ကလဲ ငါတို့သူငယ်ချင်းသုံးယောက်က ညီအစ်ကိုတွေလို နေလာကြတာပဲ ငါတို့ကြားမှာ ပြောသင့်တဲ့စကား မပြောသင့်တဲ့စကားဆိုတာ မရှိဘူး … မင်းပြောလိုက်တဲ့ စကားကိုလဲ စိတ်ဆိုးစရာဆိုရင် ခဏတော့စိတ်ဆိုးမယ် ပြီးရင် ပြန်ခေါ်တာပဲလေ … ကဲအခုပြောစရာရှိတာဆက်ပြောပါကွ''

'' ဒီလိုကွ … ဟိုတစ်နေ့က မင်းကျောင်းသားလေးတွေကို စာသွားပြနေတုန်း… ငါနဲ့ရဲမောင် မင်းအိမ်ကိုရောက်လာသေးတယ် …အဲ့ဒီနေ့က မင်းရော ဖြုလေးရော အိမ်မှာမရှိကြဘူး''
''ဟင် !… ငါအိမ်မှာမရှိတာတော့ ဟုတ်ပါပြီး … ငါ့မိန်းမဖြူလေးက ဘယ်သွားနေလို့လဲ''
''အဲ့ဒါပြောမလို့ … မင်းစာအုပ်ဖိုးတွေအတွက် ငွေလိုနေတယ်လေ !… အဲ့ဒါကြောင့်သူများအိမ်တွေမှာ အဝတ်လိုက်လျော်နေတာတဲ့''
''ဘာ !… ဘာပြောတယ် … ဖြူလေးက ငါ့စာအုပ်ဖိုးတွေအတွက် သူများအိမ်မှာ အဝတ်လိုက်လျော်နေတယ်ဟုတ်လား''
''သူငယ်ချင်း !… ငါတို့ပြောတယ်လို့ မပြောပါနဲ့ကွာ … မင်းမိန်းမက မင်းကိုပြန်မပြောဖို့ အကြိမ်ကြိမ်ငါတို့ကို တောင်းပန်ထားတယ်''
''ဟာကွာ … ဖြစ်မှဖြစ်ရလေဖြူလေးရာ … ငါ့ကိုဖြည့်ဆည်းပေးနေရင်းနဲ့ သူအခုလိုအလုပ်တွေ လိုက်လုပ်နေရတာ … မဖြစ်ဘူး မဖြစ်ဘူး … ဖြူလေး ဒါမျိုးတွေ မလုပ်ရအောင် ငါတားမှဖြစ်မယ်''
''ဟာ … ဟေ့စွန်ရဲ … စွန်ရဲ ငါတို့ပြောတယ်လို့ မပြောနဲ့ဦးနော်''
''အေးပါ သူငယ်ချင်းတို့ရာ … မပြောပါဘူး မင်းတို့အခုလို အသိပေးတာကိုပဲ ကျေနပ်လှပါပြီ''

သူငယ်ချင်းဖြစ်သူများ၏ ပြန်လည်ပြောဆိုပြခဲ့သော စကားများအား စွန်ရဲနိုင်တစ်ယောက် ကြားသိလိုက်ရမှသာလျင် ဇနီးဖြစ်သူ ဖြူလေး၏ အကြောင်းတို့အားသိရှိသွားခဲ့တော့သည်။ ထို့ကြောင့် ကျောင်းချိန်အတွင်း၌ ဇနီးဖြစ်သူထံသို့ အပြေးပြန်ရောက်ခါ နေအိမ်အတွင်း၌ ဇနီးသည်အား မတွေ့ခဲ့ရချေ။ ဇနီးဖြစ်သူ၏ အမည်အား တမ်းတခေါ်လိုက်မှသာလျင် ဇနီးသည်ဖြူလေးဟာ ဘေးအိမ်၌ရောက်ရှိနေခဲ့ပြီး လုံချည်တစ်ပိုင်းမျှ ရေများစိုရွှဲနေခဲ့လေသည်။ ပင်ပန်းကြီးစွာ အဝတ်များအား လျော်ဖွတ်ပေးနေခဲ့ရင်း လင်ယောကျာ်းဖြစ်သူ၏ အသံအားရုတ်တရက်ကြားလိုက်ရသည်ကြောင့် ဖြူလေးမှာ စိုးရိမ်ကြီးစွာဖြစ်သွားလျက် ဘေးအိမ်ဆီမှ ရေစိုတစ်ပိုင်းနှင့် ထွက်ရောက်လာခဲ့လေတော့သည်။

ဇနီးသည်၏ အမူယာအား အကဲခတ်ကြည့်လိုက်ပြီး စွန်ရဲနိုင်တစ်ယောက်မှာ ကောင်းစွာရိပ်စားမိခဲ့ချေသည်။ ဇနီးသည်ဟာ သူငဟ်ချင်းဖြစ်သူများ၏ ပြောဆိုချက်များအတိုင်းပင် အိမ်တကာသို့လှည့်ကာ မိမိ၏ စာအုပ်ဖိုးများအတွက် အဝတ်များလိုက်လံလျော်ဖွတ်ကာ ငွေရှာနေခဲ့သည်ဖြစ်ကြောင်း သေချာစွာ သိရှိသွားခဲ့တော့သည်။ ဇနီးသည်၏ အဖြစ်အား မြင်တွေ့လိုက်ရသည်ကြောင့် စွန်ရဲနိုင်တစ်ယောက်မှာတော့ မျက်ဝန်းအိမ်မှ မျက်ရည်များစီးကျလာခဲ့လေသည်။ ဇနီးသည်အား ထွေးဖတ်လျက်

''ဖြူရယ် !… ဖြုဘာလို့ အခုလိုအလုပ်တွေ လိုက်လုပ်နေရတာလဲ … ဖြစ်မှဖြစ်ရလေဖြူရာ … ဖြစ်မှဖြစ်ရလေ''
''အစ်ကို … ကျောင်းချိန်မဟုတ်လား ဘာဖြစ်လို့အိမ်ပြန်လာရတာလဲ … အစ်ကိုက ကျူရှင်လဲတတ်နိုင်တာ မဟုတ်ဘူးလေ … အတန်းချိန်တွေလွတ်ကုန်မှာပေါ့ … ကျောင်းကိုမြန်မြန်ပြန်အစ်ကို … စာတွေလွတ်ကုန်မယ်''
''ဖြူ … အစ်ကိုကျေုာင်းဆက်မတတ်တော့ဘူး … အစ်ကိုဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဖြူရင်းနှီးပေးနေတဲ့ အရင်းနှီးတွေကို အစ်ကိုဘယ်လိုခံယူဝံ့မှာလဲကွာ''
''အစ်ကို … ဖြူကအခုဘာလုပ်နေလို့လဲ''
''သူများအိမ်မှာ အဝတ်လိုက်လျော်နေတာကို အစ်ကိုဘယ်လိုလုပ်ကြည့်ရက်မှာလဲ … ဖြူရယ် အစ်ကိုဆရာဝန်မဖြစ်ချင်တော့ပါဘူး ဖြူအခုလိုပင်ပန်းနေတာကို အစ်ကိုမကြည့်ရက်ဘူး ဖြူ့ကိုပဲ အစ်ကိုအေးအေးချမ်းချမ်းနဲ့ ရှာဖွေကျွေးပါရစေ''
''အစ်ကို … ဖြူလက်မခံနိုင်ဘူး … အစ်ကိုကို့ဆရာဝန်တစ်ယောက် ဖြစ်တဲ့အထိ ဖြူပံ့ပိုးပေးချင်တယ် … အခုအဝတ်လျော်တဲ့ အလုပ်ကလဲ ဘာဖြစ်နေလို့လဲ သူများပစ္စည်းခိုးယူနေတာမှ မဟုတ်တာ … ဖြူချွေးနည်းစာနဲ့ ရတဲ့ပိုက်ဆံလေ ဖြူဖြူစင်စင်ပါပဲအစ်ကိုရယ် … အစ်ကိုကအခုဆိုရင် ဆေးကျောင်းဒုတိယနှစ်ရောက်နေပြီ လာမယ့်နှစ်တွေဆိုရင် ဖြူ့ယောကျာ်းအစ်ကိုက ဆရာဝန်ကြီးတစ်ယောက် ဖြစ်ပြီလေ … အစ်ကို အခုချက်ချင်း ကျောင်းကိုအမြန်ပြန်ပါ''
''ဖြူ !… ''
''အစ်ကိုဘာမှ မပြောနဲ့တော့ ဖြူပြောတာကိုပဲနားထောင် … ဆိုင်မှာအပ်ထည်တွေကို အမြန်ဆုံးလက်စသတ်ပြီး အားနေတဲ့အခုလိုချိန်တွေမှာ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရတာပဲ ဖြူအတွက် ဘာမှစိတ်မညစ်နဲ့ အစ်ကိုသာ တစ်နှစ်တစ်တန်းအောင် အောင်စာပဲကြိုးစားပါ''

''ဟဲ့ … မိဖြူ … ညည်းငါ့အဝတ်တွေ ဘယ်လိုလုပ်သွားတာလဲ အဲ့ဒီလောက် ရေစိမ်ထားမှတော့ အဝတ်တွေဆွေးကုန်မှာပေါ့ … ညည်းမလျော်တော့ရင်လဲနေတော့ တစ်ခြားတစ်ယောက်ကိုပဲ လျော်ခိုင်းလိုက်တော့မယ်''
''အစ်မညို … ကျွန်မလျော်မှာပါ လာပြီလာပြီ… ''
''ဒါဆိုမြန်မြန်လာအေ!… ''
''ဖြူ !… ''
''အစ်ကို … ဖြူအလုပ်သွားလုပ်တော့မယ် အစ်ကိုအတန်းချိန်တွေ လွတ်ကုန်လိမ့်မယ် ကျောင်းကိုအခုချက်ချင်းပြန်ပါ''
''ဖြူ … ဖြူ ''

ခေါ်သံများအား ဖြူတစ်ယောက်ဂရုစိုက်မနေတော့ပဲ လင်ယောကျာ်း၏အရှေ့မှ လှည့်ထွက်သွားကာ ဘေးအိမ်မှ လျော်လက်စအဝတ်များအား သွားရောက်လျော်ဖွတ်လေတော့သည်။ စွန်ရဲနိုင်သည်လည်း ဇနီးသည်၏ အဖြစ်အား မကြည့်ရက်သော်လည်း ယခုအချိန်၌ မည်သို့မှပင် သူတစ်ယောက် အကူညီမပေးနိုင်သေး။ ထို့ကြောင့် ဇနီးသည်၏ ပြောစကားများကိုသာ နားထောင်လျက် ဝဲလျက်မျက်ရည်များနှင့်အတူ မိမိ၏ပန်းတိုင်ဆီသို့ လျင်မြန်စွာဖြင့်သာ ရောက်ရှိနေချင်တော့သည်။ မိမိ၏အဖြစ်နင့်တူသော ငွေကြေးမနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများအာလည်း စွန်ရဲနိင်တစ်ယောက်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပညာဒါန ငွေကြေးမယူပဲ စာသင်ပြခဲ့ပေးသည်။ ထိုကြောင့် ထိုကျောင်းသားများဟာလည်း စွန်ရဲနိုင်အပေါ် ကျေးဇူးတင်လွန်း၍ သစ္စာတရားအား အရှေ့ထားကာ ဆရာဖြစ်သူစွန်ရဲနိုင်အပေါ် တစ်ကြိမ်မျှ ပြန်လည်ကူညီခွင့်ရချင်သေးသည်ဟု တွေးထားခဲ့ကြသည်။
                                   ***
ယနေ့ဟာ ဇန်နဝါရီလ (၂၈)ရက်နေ့ဖြစ်ပြီး ယနေ့ည၌ ဆရာဖြစ်သူ၏ မွေးနေ့ပွဲသို့ သွားရောက်ကြရန် ချိန်းဆိုထားခဲ့သည့် နေ့ရက်လေးပင်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးတို့ဟာ လည်ကုတုံးလက်ရှည် အကျီအဖြူရောင်လေးများ ဝတ်ဆင်ထားကာ လုံချည်ပုဆိုးများ၌လည်း ယောပုဆိုးအနက်ကလေးများ ဆင်တူဝတ်ဆင်ထားကြသည်။ မိန်းကလေးဖြစ်သည့် မျှားကလေးမှာတော့ ယဉ်ဖုံးအကျီအဖြုရောင်လေးနှင့်အတူ ချိတ်ထမီအနက်ရောင်လေးအား ဝတ်ဆင်ထားခဲ့သည်။

ဟေမာန်ဥတု၏ အေးချမ်းမှုများအား ကျွန်ုပ်တို့အံ့တုထားလျက် အနွေးထည်များကိုပင် ဝတ်ဆင်နေခြင်းမရှိတော့ချေ။ ညိုချောလေဟု ဆိုရမလား၊ အသားရည်အားဖြင့် ခပ်ညိုညိုရှိသော လမ်းကလေးဟာလည်း ကျွန်ုပ်တစ်ယောက် ဦးဆောင်ဝတ်ဆင်ခိုင်းသော အကျီအဖြူရောင်လေးကြောင့်ပင် ယနေ့ည၌ပိုမို၍ ခန့်ညားနေလှသည်။ ည(၇)နာရီခန့်၌ ကျွန်ုပ်၏နေအိမ်တွင် အားလုံးဆုံဆည်းကြပြီး (၇)နာရီ(၁၅)မိနစ်အချိန်၌ နေအိမ်မှထွက်ခွာလာခါ ဆိုင်ကယ်နှစ်စီးဖြင့် ဆရာ၏နေအိမ်ဆီသို့ ဦးတည်မောင်းနှင်သွားကြတော့သည်။

ဆရာ၏နေအိမ်ဟာ တောင်ဥက္ကလာပမြို့နယ်တွင်တည်ရှိပြီး မနှေးမမြန်ပုံမှန်နှုံးဖြင့် ဆိုင်ကယ်အား မောင်းနှင်သွားခဲ့ရင်း လမ်းပိတ်ဆို့မှုများနှင့်အတူ မွေးနေ့ပွဲကျင်းပရာ နေအိမ်ဆီသို့ (၇:၄၅)မိနစ်အချိန်မှသာလျင် ရောက်ရှိလာခဲ့တော့သည်။ ခြံရှေ့မှအစ တစ်ခြံလုံး၌ မီးရောင်စုံများထိန်ထိန်သာသာအောင် လင်းနေခဲ့ပြီး ခြံအပေါက်ဝ၌ ဆန်းထွန်းပိုင်နှင့် ဇနီးဖြစ်သူ ကေသရီတို့ဟာ အသင့်ရှိနေချေခဲ့သည်။ ကျွန်ုပ်တို့အားလုံး ခြံရှေ့အသို့ စိုက်ရောက်လာခဲ့သည်နှင့် ဆန်းထွန်းပိုင်မှာ ဝမ်းသာအားရ လှိုက်လှဲစွာကြိုဆိုခဲ့ပြီး ငါးကလေးအား တင်းကြပ်စွာ သိုင်းဖတ်ထားလိုက်သည်။

''ကိုငါးလေး … အစ်ကိုနေကောင်းပါတယ်နော် အစ်ကိုကို့တွေ့လိုက်ရတာ ကျွန်တော်အားတွေအလိုလိုရှိလာတယ်ဗျာ''

ငါးကလေးအားသိုင်းဖတ်ထားခဲ့ပြီး ထို့နောက် အေးစက်နေသည့် ငါးကလေး၏လက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက်ရင်း ဝဲလျက်မျက်ရည်များဖြင့် ပြောဆိုချေခဲ့သည်။
''အစ်ကိုငါးလေး … အစ်ကိုငါးကလေးကိုမြင်တော့ ကြံခင်းနယ်က ဖုတ်ကောင်ကြီးကိုသတိရလာတယ် … အစ်ကိုပြန်ဆုံရပြန်ပြီနော် … အစ်ကိုပေးတဲ့အသက်ပဲ ကေမှာရှိတော့တာပါ
''ဟ … မိကေ … နေကောင်းတယ်မဟုတ်လား … ရပါတယ်ဟာ ပြီးခဲ့တာတွေ ပြောမနေနဲ့တော့ အရေးကြုံလာရင် တစ်ယောက်နဲ့တစ်ယောက် အသက်ပေးပြီးကာကွယ်ဖို့ ငါတို့မှာစိတ်ဓာတ်တွေ မွေးထားပြီးသားပါဟ''
''စကားကောင်းနေလိုက်တာ တို့ကိုလဲ ခြံထဲခေါ်ပါဦး''
''သြော် … ဟုတ်ပါရဲ့… မမမျှားလေး … ဖေဖေ …  မေမေ ဒီမှာကိုကြီးထီးကလေးတို့တွေ ရောက်လာကြပြီ''

ကြံခင်းနယ် ဖုတ်ကောင်ကြီးဖြစ်ရပ်ဆန်း ပြီးဆုံးသွားပြီးနောက် ကျွန်ုပ်တို့အားလုံးနှင့် ထိုဇနီးမောင်နှံမှာ မဆုံဖြစ်ခဲ့ကြချေ။ ထို့ကြောင့် ယခုလိုမိတ်ဆွေဖြစ်သူများနှင့် ပြန်လည်ဆုံတွေ့ချိန်၌ ဝမ်းသာအားရ နှုတ်ဆတ်စကားများ ခြံရှေ့၌ပင် ရပ်လျက်ပြောနေမိတော့သည်။ ဆန်းထွန်းပိုင်၏ စကားကြောင့်ပင် ခြံအတွင်းမှ လည်ကုတုံးအကျီလက်ရှည်အဖြူရောင်လေးနှင့် တင့်တယ်လှသော ဆရာဖြစ်သူဇနီးမောင်နှံသည်လည်း ကျွန်ုပ်တို့အားလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆတ်လေတော့သည်။

''ဟင် … နင်ထီးကလေးမဟုတ်လား''
''ဟုတ်တယ်လေ … နင်တင်ဇာနွယ်မဟုတ်လား''
''ဟုတ်တာပေါ့ဟ … ''
'အောင်မာ မတွေ့ဖြစ်တာ (၁၀)မပြည့်သေးဘူး နင်ကငါ့တောင်မမှတ်မိတော့ဘူးလား''
''သိပ်မှတ်မိတာပေါ့ဟ … ဆယ်တန်းကတည်းက နင့်ငါ့ကိုတစ်ဖက်သတ် လိုက်ကြိုက်နေတာလေ''
''ဟဲ့ဟဲ့ … ဟာ … ထီးလေး နင်နော်''
''ထီးလေး !… ''
''ဟာ … စာမိ … မင်းလည်း ဆရာ့မွေးနေ့ကို ရောက်လာတယ်ဟုတ်လား''
''ဒါပေါ့ကွ … မင်းရော မိန်းမရနေပြီလား … ''
''မရသေးပါဘူးစာမိရာ… အရင်လိုပါပဲ''
''ဟာကွာ !… မင်းကလဲ စာမိ စာမိနဲ့ မခေါ်စမ်းပါနဲ့ … ထိုင်ထလုပ်ခဲ့ရတာ တွေးမိရင် အခုထိရှက်တယ်''
''ဟေ့ကောင် ဟေ့ကောင် ဘာမှလာမပြောနဲ့ မင်းစာခိုးချတာ မိသွားတည်းက မင်းကိုငါနာမည်ပေးပြီးသား''
''အေး … အဲ့ဒီအကြောင်းပြန်တွေးမိရင် မင်းကိုဒေါသထွက်တယ် မင်းကြောင့် ကျုရှင်တစ်ခုလုံးတင်မကဘူး တစ်ကျောင်းလုံးပါ ငါ့နာမည်ထွန်းလင်းအောင်ကနေ စာမိဆိုပြီပျက်သွားတာ … သေပေတော့''
''ဟာ … ဟေ့ … ဟေ့မ … မလုပ်နဲ့လေ''
''ဟာ … ဘာဖြစ်နေကြတာတုန်း''
''ဟင် … ဝကြီး … မင်းဝကြီးမဟုတ်လား''
''ဟုတ်တာပေါ့ကွ ငထီးရ … ဆရာမွေးနေ့ဖိတ်ထားလို့ လာတာ မင်းတို့ကရော ဘာလာလုပ်ကြတာတုန်း''
''ဟင် !…  မွေးနေ့ပွဲမှာ တွေ့ပါတဟ်ဆိုမှ မွေးနေ့ပွဲလာတာပဲပေါ့ကွ''

''မောင်ကဲ … မင်းလဲပါလာတယ်ဟုတ်လား''
''ဘာမောင်ကဲလဲ … ငထီးမင်းနော် သူများတကာတွေကို နာမည်ဖျက်ရမယ်ဆိုရင် ထိပ်ဆုံးက''
''ချစ်လို့ခင်လို့စတာပါကွ မောင်ကဲရ''
''ဟာကွာ … ပြောလေဆိုးလေပါလား''
''ဟင် !… နင်တို့တွေပါလား''
'' ဟ … ပန်းအိ ရှေ့နေအရူး ဆရာ့မွေးနေ့ပွဲကိုလာတာလား''
''ဒါပေါ့ဟ''
''ငယ်ငယ်တုန်းက ရှေ့နေဖြစ်ချင်လို့ ရှေ့နေအရူး ရူးတဲ့ပန်းအိ… နင်ရော ရှေ့နေ့ဖြစ်နေပြီလား''
''နင်နော်ထီးလေး … လာမစနဲ့ ငါအခုရှေ့နေဖြစ်နေပြီဟ … နင်တို့အမှုဖြစ်ရင် ငါ့ကိုဆက်သွယ်လိုက်သိလား''
''ဟာ … ဖတ်ဖတ် လွဲပါစေဖယ်ပါစေဟာ …  နိမိတ်မရှိ နမာမရှိနဲ့''
''စတာပါဟာ … သူတို့ကရော''
''သြော် !… အေး !… ငါလဲမင်းတို့ကိုပြန်တွေ့လိုက်တော့ ဟိုတုန်းကလို ပေါပေါတောတောစိတ်တွေ ပြန်ဝင်လာတာနဲ့ မေ့နေတာ''
''အောင်မာ ပြောတဲ့စကားကိုက အဖျားခတ်သွားသေးတယ်''
''နောက်တာပါဟ … ဒါက ငါ့သူငယ်ချင်း ညိုချောလမ်းကလေး … ဒါက မျှားကလေး ဒါက ငါကလေး …ဒါကတန်ခိုး''
''ဟားဟားဟား … ငထီး မနောက်စမ်းပါနဲ့ကွ … အတည်မိတ်ဆတ်ပေးစမ်းပါ''
''ဟင် … ငါကဘာနောက်နေလို့လဲဟ''
''ဘာနောက်ရမှာတုန်းကွ… မင်းက ထီးကလေးဆိုတာနဲ့ ဒီဘက်က သူငဟ်ချင်းတွေကိုပါ …  လူငယ်ငါးယောက်နာမည်တွေ လျောက်ပြောနေတာကိုး''
''ဟမ် !… အေး … ဟုတ်သားပဲ … နောက်တာပါကွ … ဘာပဲဖြစ်ဖြစ် သူတို့ကိုငါပေးထားတဲ့ နာမည်ဗြောင်တွေပဲကွာ မင်းတို့လဲ လမ်းလေး၊ မျှားလေး၊ ငါးလေး၊ တန်ခိုးလို့ပဲ မှတ်ထားပေး''
''ပြီးရောဟာ … ဟုတ်ကဲ့ရှင့် ကျွန်မနာမည်က တင်ဇာနွယ်ပါ ထီးလေးကိုခင်သလို ခင်နိုင်ပါတယ်နော် လမ်းလေး၊မျှားလေး၊ငါးလေး၊တန်ခိုး''
''တို့နာမည်က…ပန်းအိလို့ခေါ်တယ် အထက်တန်းရှေ့နေဘွဲ့ရပြီးပြီ … ခင်ပါနော်''
''ကျနော်က ဒုရဲအုပ်သင်တန်းတတ်နေတုန်းဗျ နာမည်ကတော့ ထွန်းလင်းအောင် … ဒါပေမယ့် ခင်ဗျားတို့သူငယ်ချင်ခေါ်သလို စာမိလို့ပဲရင်းရင်းနှီးနှီးခေါ်ပါ''
''ကျွန်တော်ကိုတော့ ဝကြီးလို့ပဲခေါ်ဗျို့ … အလုပ်ကတော့ ဘဏ်စာရေးဗျ''
''ကျုပ်ကိုတော့ မောင်ကဲလို့ပဲ ခေါ်ဗျ … ကျုပ်ကနိုင်ငံတကာသံရုံးမှာ အလုပ်ဝင်ထားတယ်''

''ဟုတ်ကဲ့ … ကျွန်တော်တို့လေးယောက်ကိုလဲ ခင်ခင်မင်မင်ခေါ်နိုင်ပါတယ်ခင်ဗျ''
''ကျေးဇူးတင်ပါတယ်… လမ်းလေး မျှားလေး ငါးလေး တန်ခိုး''

''ကဲ … ကဲ … တစ်ယောက်ကိုတစ်ယောက် မိတ်ဆတ်ပြီးရင်တော့ သားတို့သမီးတို့ရေ … စားစရာတွေ အေးကုန်ပြီး စားလိုက်ကြဦး''

အေးစိမ့်နေသည့် ထိုညလေး၌ ငယ်ပေါင်းများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ ကျွန်ုပ်၏မိတ်ဆတ်ပေးခဲ့သော သူငယ်ချင်းဖြစ်သူများ၏အမည်များအား ငယ်ပေါင်းသူငယ်ချင်းများမှာ မယုံနိုင်ခဲ့ချေ။ အဘယ့်ကြောင့်နည်း။ ဟုတ်မှာပေါ့လေ။ ထိုသူတို့အား ကျွန်ုပ်စတင်မြင်တွေ့စဉ်ကတည်းမှ နောက်ပြောင်နေခဲ့မိသည်ကြောင့် ယခုအတည်ပြောလိုက်သော ကျွန်ုပ်၏စကားများကိုပင် နောက်ပြောင်ပြောဆိုခြင်းဟု သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသူတို့ကြားဘူးထားသော လူငယ်လေးယောက်၏ အမည်များအား နောက်ပြောင်ပြောဆိုနေခဲ့ခြင်းဟုသာ ထင်မြင်နေခဲ့ကြပြီး ကျွန်ပ်နှင့်သူငယ်ချင်းများသည်လည်း ဆရာ၏တပည့်များအဖြစ်နှင့် သဘောတူစွာရောက်ရှိလာခဲ့သည်ကြောင့် ချော်လဲ၍ ရောထိုင်ခဲ့ရတော့သည်။

ထို့နောက် ဆရာနှင့်ကျွန်ုပ်တို့အားလုံးဟာ အေးစိမ့်နေသည့် ထိုညလေး၌ ပျော်ရွှင်စွာဖြင့် မွေးနေ့ပွဲအား ဆင်နွဲခဲ့ကြလေသည်။ ဆယ်တန်းနှစ်မှ ရည်မှန်းချက်များအား မေးစဉ်အခါက ရှေ့နေတစ်ယောက် အလွန်ပင်ဖြစ်ချင်လှပါသည်ဟု ပြာတိပြာယာ ဖြေဘူးခဲ့သော ပန်းအိတစ်ယောက်အား ကျွန်ုပ်မှာမူ နောက်ပြောင်စိတ်ဖြင့် ရှေ့နေရူးဟု နာမည်ပေးခဲ့ဘူးသည်။ ယခု သူမဟာ ရှေ့နေ့မကြီးတစ်ယောက် အမှန်တကဟ်ပင်ဖြစ်နေချေခဲ့လေပြီး ငယ်စဉ်အခါမှ ရှက်ပြာပြာအမူယာများ မရှိတော့ပဲ ယခုအခါ တည်ကြည်လျက် အိနြေ္နများနှင့် ပြည့်စုံနေလေသည်။ ယခု ပန်းအိတစ်ယောက်မှာတော့ ကျွနိုပ်တို့နှင့် ထိုင်နေသည့် ခုံလေးဆီမှ ရုတ်တရက်ထကာ ဆရာ၏အနားသို့ အသာလှမ်းသွားခဲ့ပြီး

''ဆရာ … ဆရာ့မွေးနေ့မှာ မှတ်မှတ်ရရ တစ်ခုအနေနဲ့ ဒီကသူငယ်ချင်းတွေအားလုံးနဲ့ ခရီးတစ်ခုလောက် ထွက်ကြမယ်လို့အကြံပေးချင်တယ်ဆရာ''
''ဘယ်ကိုတုန်းသမီးရဲ့''
''လူသားစားတဲ့အိမ်ကိုပါဆရာ''
''ဟင် !… ဟားဟားဟား … သမီးကတော့ နောက်တော့မယ် လူသားစားတဲ့အိမ်ဟုတ်လား''
''နောက်တာပါဆရာရ … လူသားတွေနေတဲ့ အိမ်ဖြစ်နေလို့ လူသားစားတဲ့အိမ်သို့ခေါ်တာပါ … သမီးဖေဖေဝယ်ထားတဲ့ ပုသိမ်မြို့မှာ ရှိတဲ့ချောင်းသာကမ်းခြေနဲ့ အနီးဆုံး နေရာတစ်ခုက အိမ်တစ်လုံးကို အပန်းဖြေခရီးသွားချင်တာ … စားဖို့သောက်ဖို့နဲ့ ကုန်ကျစာရိတ်တွေအားလုံး သမီးတာဝန်ယူမှာပါဆရာ''
''ပန်းအိ နင်တကယ်ပြောနေတာလား''
''တကယ်ပြောနေတာပေါ့ဝကြီးရ ငါက ဆရာ့ကိုနောက်ရမှာလား''
''အဲ့အစီစဉ်ကောင်းတဟ်ဆရာ … ပန်းအိ ငါတို့လဲ လိုက်မှာနော်''
''လိုက်ရမှာပေါ့ဟ ! … မောင်ကဲရယ်ဝကြီးရယ် တင်ဇာရယ် စာမိရယ်သမီးနဲ့ ထီးကလေးတို့အဖွဲ့ … ထီးလေး နင်တို့ပါလိုက်ခဲ့ရမှာနော်''
''ဟင် … နင်ကလဲဟာ ဆောင်းတွင်းဘက်ကြီးကို ကျိုက်ထီးရိုးဘုရားလေးပါလေး သွားတာမဟုတ်ပဲနဲ့ ကမ်းခြေကိုသွားရတယ်လို့''
''ဟာ … နင်ကလဲ သူများတွေနဲ့ မတူတဲ့နေရာကို သွားချင်လို့ပါဟ … နော် … နင်ရော နင့်သူငယ်ချင်းတွေရော လိုက်ခဲ့ရမယ်နော်''
''ငါတို့က အချိန်တိုင်းအားနေတာ … မအားဘူးဆိုတဲ့အချိန်တောင် အားနေတဲ့အချိန်ဖြစ်နေတော့ အခုလိုအားနေပြီလို့ သတ်မှတ်ထားတဲ့အချိန်ဆိုရင် တွေးကြည့်ပေါ့ … သူငယ်ချင်းတို့ဟုတ်တယ်မဟုတ်လား''
''မင်းသဘောပဲလေ''
''တွေ့တယ်မဟုတ်လား !… ငါ့သူငဟ်ချင်းတွေက …  ငါပေးထားတဲ့ နာမည်တွေနဲ့ လိုက်တယ်မဟုတ်လား''
''အေးပါဟယ် အေးပါ … လူစွမ်းကောင်တို့ရယ်''

''အဲ့ဒီအိမ်ကြီးက ထူးဆန်းမှုတွေရှိတယ်လို့ ဖေဖေကပြောဘူးတယ် … သမီးတို့ငယ်ငယ်က ကြားဘူးတဲ့ လူသားစား ဦးလာဘနေသွားခဲ့တယ်ဆိုလား ဖေဖေပြောတာပဲ''

ရှေ့နေမလေး ပန်းအိ၏ ပြောစကားအဆုံး၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းဖြစ်သူများ မျက်လုံးချင်းဆုံမိ၏။ လူသားစားသည့် အိမ်ဟု ပန်းအိမှာ ပေါ့ပေါ့တန်တန်ပြောဆိုလိုက်သော်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းများမှာမူ အကြည့်ချင်းစုံမိလောက်အောင်ပင် ဖြစ်သွားခဲ့ရသည်။
''ကဲဟုတ်ပါပြီ … ဒါဆို ဘယ်နေ့သွားကြမှာလဲ''
''အခုကဇန်နဝါရီလ (၂၈)ဆိုတော့ သမီးတို့လကုန်တာနဲ့ သွားကြမယ်ဆရာ … ဆရာပါလိုက်ခဲ့ရမှာနော်… ဆရာကတောနဲ့ ဆရာ့မိသားစုပါ ခေါ်လာခဲ့ပေါ့ … မွေးနေ့လက်ဆောင်အဖြစ် အဲ့ဒီခရီးစဉ်အတွက် သမီးအကုန်ကျခံပါ့မယ်ဆရာ''
''အင်း … ရပါတယ်သမီးရဲ့ …  ဆရာ့သားကလဲ ဆေးရုံအလုပ်တွေနဲ့ဆိုတော့ လိုက်ဖြစ်မှမဟုတ်လောက်ဘူး ပြီးတော့ ဆရာ့မိန်းမကလဲ လိုက်မှာမဟုတ်လောက်ဘူး … ဆရာပဲလိုက်ဖြစ်မယ်နဲ့ထင်တယ်''
''ဟုတ်ကဲ့ဆရာ … ဘာပဲဖြစ်ဖြစ်ဆရာတစ်ယောက်ပါနေပြီဆိုတော့ သမီးတို့အတွက် လုံခြုံလှပါပြီ … ဒါဆို ဖေဖဝါရီ(၁)နေ့ ညနေဘက် ဆရာ့အိမ်မှာပဲပြန်ဆုံကြတာပေါ့ ဒါပေမယ့် သမီးကိုတစ်ခုလောက်ပြန်ပြီး ကူညီပေးဆရာ''
''ပြောလေသမီးရဲ့''
''ဟိုဂိုဒေါင်ထဲမှာ ထိုးထားတဲ့ ကားကြီးနဲ့ဆိုရင် သမီးတို့လူအုပ်နဲ့အတော်ပဲဆရာ … ဒါကြောင့် အဲ့ဒီကားကြီုး ခဏသုံးမယ်လို့''
''ဟင် … အဲ့ဒီကားကို သုံးမယ်''
''ဘာဖြစ်လို့လဲဆရာ … ''

''ဘာမှမဖြစ်ပါဘူး ရပါတယ်ဗျ သုံးကြသုံးကြ … ဆရာ့ပစ္စည်းတွေ ငါ့တပည့်တွေမှ မသုံးရင် ဘယ်သူတွေသုံးကြမှာလဲ''
''ဟေး … ဒါမှတို့ဆရာကွ ကျေးဇူးပါပဲဆရာ … ကဲအားလုံးပဲ အခုလာမယ့်(၁)ရက်နေ့ ညနေ(၆)နာရီတိတိ ဆရာအိမ်မှာပဲ တို့အားလုံးပြန်ဆုံကြမယ် … လူသားစားတဲ့အိမ်ကို ချီတတ်ကြမယ်ဟေ့''

ကြုံခဲ့ဘူးသည်။ အရှေ့မှထူးထူးဆန်းဆန်း ဖြစ်ရပ်များ၊ ယခုရှေ့နေမလေး ပန်းအိ၏ ပေါ့ပေါ့တန်တန်ပြောဆိုလိုက်သော စကားသံဟာ သူမအတွက် အလွယ်တကူပြောထွက်ခဲ့သော်လည်း ကျွန်ုပ်တို့ငါးဦးမှာတော့ ခေါင်းလေးသာလျင် အသာယာငြိမ့်နေမိခဲ့သည်။ သူမပြောသည့် လူသားစားဦးလာဘ နေထိုင်ခဲ့ဘူးသော နေအိမ်ဟောင်းကြီးပင်ဖြစ်ပြီး ယခုထက်ထိ ဦးလာဘ၏အငွေ့သတ်လေးများပင် ကျန်ရှိနေမည်ဆိုလျင်တော့ ထိုခရီးစဉ်ဟာ မသွားထိုက်သည်မှာ အမှန်ပင်လျင်ဖြစ်ချေသည်။

သို့သော် ဆရာသည်လည်း ထိုခရီးစဉ်၌ လိုက်ပါရန်သဘောတူခဲ့ပြီး ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးအားလည်း လိုက်ပါလာရန် တောင်းဆိုချေခဲ့သည်။ စိတ်ဝင်စားမိ၏။ သူမပြောဆိုသော လူသားစားသည့်အိမ်။ ထို့ကြောင့်ကျွန်ုပ်တစ်ယောက် လိုက်ပါမည်ဟု ဆုံးဖြတ်ထားခဲ့ပြီး သူငယ်ချင်းလေးယောက်တို့်သည်လည်း ကျွန်ုပ်နှင့်အတူလိုက်ပါလာမည်ဟု ပြောဆိုချေတော့သည်။ သို့နှင့် ယခုရောက်ရှိလာမည့် ဖေဖဝါရီလ (၁)ရက်နေ့ ညနေ(၆)နာရီတိတိအချိန်၊ ဆရာ၏နေအိပ်၌ပင် ပြန်လည်ဆုံဆည်းကြရန် တိုင်ပင်ထားခဲ့ပြီး ထိုခရီးစဉ်အား အတူတကွသွားရောက်ကြရန် သဘောတူထားခဲ့ချေတော့သည်။

                             ***********
             ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    (၄.၂.၂၀၁၆) မြန်မာစံတော်ချိန်
                        မွန်းလွဲ (၃)နာရီအချိန်၌
                ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                       စာရေးသူ-ထီးကလေး
                   (ရင်နှင့်ရင်း၍ရေးသားသည်)


Post a Comment