လူသားစား​ဆေးရုံ အပိုင်း၎

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၄)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **   
               *********************

ထိုသို့တွေးမိလျက် ခပ်ပြုံးပြုံးအမူယာနှင့် ကားမောင်းသူဝကြီး အဆင်ပြေစေရန် ကားစပယ်ယာအဖြစ် ပြုလုပ်လျက် လိုက်ပါလာချေတော့သည်။ ကားကြီးဟာလည်း ဆရာ၏နေအိမ်အတွင်းမှ စတင်ထွက်ခွာလာခဲ့ပြီး အဝေးပြေးလမ်းမဆီသို့ ဥင်္ီးတည်နေခဲ့လေပြီ။     ။

                       **** *****
ဒေါက်တာစွန်ရဲနိုင် ဦးဆောင်လုပ်ကိုင်နေခဲ့သော မြို့မအထွေထွေ ရောဂါကုဆေးရုံးကြီးတွင်ဖြစ်ပေသည်။
''ဆရာ … ''
''သြော်!… မောင်လှမြင့်ဝင်ခဲ့လေ''
''ဟုတ်ကဲ့ဆရာ … အပြင်မှာ ဆရာ့ဧည့်သည်တစ်ယောက် ရောက်နေတယ်ပါ''
''ဘယ်သူလဲဗျ''
''ဒါတော့ ကျွန်တော်လဲမသိဘူးဆရာ … ဆရာနဲ့တွေ့ခွင့်တောင်းနေလို့ပါ''
''ကောင်းပြီး ကောင်ပြီ ဝင်ခိုင်းလိုက်ပါ''

ဆေးရုံအကူ ဝန်ထမ်းလေးမှ ဆရာဝန်ကြီးစွန်ရဲနိုင်ထံသို့ ရောက်ရှိလာခဲ့ပြီး အပြင်၌ ဧည့်သည်တစ်ဦးရောက်ရှိနေသည်ဟု လာရောက်အကြောင်းကြားစေခဲ့သည်။ ထို့နောက် မိမိ၏နားနေအခန်းအတွင်း၌ ဆေးမှတ်တမ်းများအား ပြန်လည်စစ်ဆေးနေခဲ့သော ဆရာဝန်ကြီးထံသို့ အသက်အားဖြင့်(၄၅)နှစ်အရွယ် လူကြီးတစ်ဦး ရောက်ရှိလာခါ
''ကိုစွန်ရဲနိုင် … ''
''သြော် !… ဦးအောင်စိုး လာ … ထိုင် … ဘာကိစ္စှရှိလို့တုန်းဗျ''
''ပြော … ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ … ကျုပ်တို့ရှယ်ယာဝင်ထားတဲ့ အိန္ဒိယကုန်သဘောင်္ာသုံးစီး ဒီနေ့မနက်ပဲ နစ်မြှုတ်သွားတယ်လို့ သိခဲ့ရတယ်''
''ဘာ !… ဘယ် … ဘယ်လို … ကျုပ်တို့ရှယ်ယာဝင်ထားတဲ့ ကုန်သဘောင်္တွေ နစ်မြှုတ်ကုန်ပြီ … ဟုတ် … ဟုတ်ရဲ့လားဦးအောင်စိုးရာ''

''ကျုပ်လဲစိတ်မကောင်းပါဘူးဗျာ … ကျုပ်တို့ရှယ်ယာဝင်တွေ အားလုံးက ကိုစွန်ရဲနိုင်လောက် ငွေအရင်းနှီးမပါသွားပေမယ့် ကိုစွန်ရဲနိုင်ကတော့ ကျုပ်တို့ထက် သိန်းပေါင်းများစွာ ဆုံးရှုံးသွားရပြီ''
''ဦး … ဦးအောင်စိုး … ခင်ဗျားပြောတာ သေချာရဲ့လား''
''သေချာပါတယ်ကိုစွန်ရဲနိုင် … ဒီ့ထက်ပိုသေချာအောင် အစိုးရရုံးချုပ်ကိုပဲ ကိုစွန်ရဲနိုင်ဆက်သွယ်မေးမြန်းကြည့်ပါတော့''
''မ … မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး … ကျုပ်ငွေတွေအများကြီး အဲ့ဒီသင်္ဘောထဲမှာ ရင်းထားခဲ့တာ အခုလိုဆုံးရှုံးသွားလို့ မဖြစ်ဘူး … ဟာဗျာ … ကျုပ်မယုံဘူး အခုချက်ချင်း အစိုးရရုံးချုပ်ကို မေးမယ်''

ဆရာဝန်အလုပ်အား ဦးစားပေးလုပ်ကိုင်နေရင်း တစ်ဖက်တစ်လှမ်းမှ တစ်ခြားသော အရင်းနှီးကြီးမားသည့် ကုန်သွယ်ရေးလုပ်ငန်းများတွင်လည်း ဆရာဝန်ကြီးမှာ အမြင့်ဆုံးငွေအရင်းနှီးများဖြင့် လုပ်ကိုင်ထားခဲ့ပြီး ယခုအခါ မိမိသန်းပေါင်းများစွာ ရင်းနှီးထားခဲ့သော ကုန်သဘောင်္များမှာ ယနေ့မနက်၌ နစ်မြှုတ်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိလိုက်ရတော့သည်။

''ကျုပ်ပြောတာ သေချာရဲ့လားကိုစွန်ရဲနိုင် ကျုပ်လဲစိတ်မကောင်းပါဘူးဗျာ … ကျုပ်တို့အားလုံးက ခင်ဗျားရင်းနှီးထားတဲ့ ငွေတွေနဲ့ယဉ်လိုက်ရင် ဖွဲနဲ့ဆန်ကွဲလိုကွာပါတယ် … သိန်း(၈၀)ဆုံးရှုံးသွားရတဲ့ ကျုပ်တောင် ဒီလောက်ခံစားနေရရင် ကျုပ်တို့ထက် အဆပေါင်းများစွာ ဆုံးရှုံးသွားရတဲ့ ကိုစွန်ရဲတစ်ယောက် ဘယ်လောက်ထိခံစားနေရမယ်ဆိုတာ ကျုပ်ကိုယ်ချင်းစာပါတယ်ဗျာ''
''သွားပြီး … သွားပြီး ကျုပ် … ကျုပ်ငွေတွေအားလုံး ရေထဲမြှုပ်သွားပြီး သွားပါပြီဗျာ … သွားပါပြီ''

''ဘယ်တတ်နိုင်ပါ့မလဲ ကျုပ်တော့တော်တော်လေးကို စိတ်ထိခိုက်မိတယ် ကျုပ် … ကျုပ်ကိုလဲခွင့်ပြုပါဦး''
''ကောင်း !… ကောင်းပါပြီဗျာ''

ရှယ်ယာဝင်ဦးအောင်စိုး၏ ပြောစကားများအား ဆရာဝန်ကြီးမှာ မယုံကြည်နိုင်။ ထို့ကြောင့် သတ်ဆိုင်ရာ ရုံးချုပ်ဆီသို့ ဆက်သွယ်မေးမြန်းလိုက်ချိန်၌ အမှန်တကယ်ပင်လျင်ဖြစ်နေချေခဲ့သည်။ သို့နှင့် ဦးအောင်စိုးတစ်ယောက် ရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်နှင့် ဆရာဝန်ကြီးမှာ အရှေ့စူးစူးသို့ အချိန်ကြာကြာ မျက်တောင်အားဖြင့်မခတ် ငေးမောကြည့်နေမိသည်။ မျက်ခန်းထောင့်များ၌ မျက်လုံးသွေးကျောများဟာ နီးရဲလျက် မျက်တောင်မခတ်မိသည့်ကြောင့် မျက်ရည်များစွာ ဆီးကျလာခဲ့လေသည်။

''ကလင်း … ကလင်း …ကလင်း''
ထိုအချိန်တောတွင်း၌ပင် စားပွဲအပေါ်ရှိ တယ်လီဖုန်းအသံ ရုတ်တရက်မြည်သံထွက်ပေါ်လာမှသာလျင် ဆရာဝန်ကြီးမှာ အသိဝင်လာခဲ့ပြီး အဝင်ဖုန်းအား တုန်တုန်ရီရီဖြင့် ကိုင်လိုက်၏။

အရင်းနှီးကြီးမားစွာ ငွေများမြှုပ်နှံထားခဲ့သော ကုန်သင်္ဘောများ နစ်မြှုပ်သွားခဲ့သည်ကြောင့် လွန်စွာဝမ်းနည်းသွားခဲ့ရသည်။ သိန်းပေါင်းများစွာ ဆုံးရှုံးလိုက်ရပြီး မိမိထံ၌ ပြန်လည်ရင်းနှီးရန်အတွက်ပင်လျင် ငွေများဟာ မရှိသလောက်ဖြစ်သွားခဲ့ရသည်။ စိတ်ဓာတ်များစွာ ကျဆင်းသွားခဲ့ရင်း နေ့စဉ်တိုင်းသာလျင် ပြောဆိုနေကြစကားဖြစ်သော တည်ငြိမ်လှသည့် ထိုစကားတို့ပင်လျင် ထစ်ငေါ့စွာဖြင့် ပြောထွက်လာခဲ့သည်။

''ဟယ် … ဟယ်လို … ပြော … ပြောပါ ဒေါက် … ဒေါက်တာစွန်ရဲနိုင် ပြောနေပါတယ်''
''သူဌေး … ကျွန်တော်မန်နေဂျာ … ထွန်းကျော်ပါ''

ထိုအဝင်ဖုန်းဟာ မိမိ၏ဆန်စက်ပွဲရုံမှ မန်နေဂျာ၏အဝင်ဖုန်းပင်ဖြစ်ချေပြီး တစ်ဖက်မှ စိုးရိမ်ကြီးလွန်းလှသော လေသံများဖြင့်
''သူဌေး … အမှတ်(၂)ပွဲရုံ မီးလောင်နေတယ်''
''ဘာ !… ပွဲရုံမီးလောင်နေတယ် ဟုတ်လား''
''ဟုတ် … ဟုတ်ကဲ့သူဌေး … ဝါယာရှော့ဖြစ်ပြီး လောင်းနေတာ ကျန်တဲ့ပွဲရုံတွေကို ကူးနေပြီ သူဌေးမြန်မြန်လာပါဦး''
''ဟာကွာ … မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားထားပြီးပြီးလား''
''ကြားထားပြီးပြီး သူဌေး ''
''အေးအေး !… ငါအခုလာခဲ့မယ်''

ကံဆိုးလေသလား။ အကုသိုလ်များဟာ အဖော်အပေါင်းနှင့် ဆရာဝန်ကြီးထံသို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့ချေသည်။ အချိန်ပိုင်းလေး၌ သိန်းပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရပြီး ယခုထပ်မံ၍ ကြားသိလိုက်ရသည်က မိမိ၏ ဝင်ငွေအားအကောင်းဆုံး ဆန်စက်ပွဲရုံများ မီးလောင်နေခဲ့လေပြီ။ ထို့ကြောင့်ဖုန်းအား လျင်မြန်စွာချလျက် ရုံးခန်းအတွင်းမှ သွေးရူးသွေးတမ်းဖြင့် အပြေးထွက်ရောက်ခါ လေးထပ် ဓာတ်လှေကားမှ အောက်သို့ဆင်းရန်ရွယ်လိုက်သည်။ သို့သော် အောက်သို့ဆင်းမည့် ဓာတ်လှေကားဟာ အချိန်ကြာနေသည်ကြောင့် လှေကားတိုင်းသာလျင် အပြေးဆင်းချေတော့သည်။

ခြေလှမ်းတိုင်းမှာလဲ ရိုင်းတိုင်နေခဲ့ပြီး လှေကားထစ်များအပေါ်မှ ချော်ကျ၍ ပွန်းပဲ့မှုများအားလည်း ဆရာဝန်ကြီးမှာ ဂရုစိုက်မနေတော့ပဲ ပွဲရုံးဆီသို့သာ သူတစ်ယောက်လျင်မြန်စွာ ရောက်ရှိချင်နေသည်။ ဒုတိယအထပ်သို့ အရောက်

''စွန်ရဲ … စွန်ရဲ … ဘယ်သွားမလို့လဲ အရေးတကြီး''
''ဟာ … ဖယ်စမ်းပါကွာ''

သူငယ်ချင်းဆရာဝန် ရဲမောင်နှင့် ဆုံတွေ့ခဲ့ရပြီး အလောတကြီး ဖြစ်နေသော သူငယ်ချင်းဖြစ်သူ ဆရာဝန်ကြီးအား လက်အားဆွဲလျက် မေးမြန်းလိုက်သော်လည်း ဆရာဝန်ကြီးမှာ ဒေါက်တာရဲမောင်၏ ရင်ဘတ်အားတွန်းထုတ်လျက် အောက်သို့သာအပြေးဆင်သွားချေခဲ့သည်။ မြေညီထပ်သို့အရောက် တပည့်ဆရာဝန်မလေးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး

''ဟာ … ဖယ်စမ်းပါဟာ … အရှေ့ကနေ''
''ဆရာ … ဆရာ … ခဏလေးဆရာ''
''ဘာလဲ!… ''

အလောတကြီးနှင့် ထိုသို့ခပ်ထန်ထန်ပြောဆိုလိုက်သော မိမိဆရာ၏ ပုံမှန်မဟုတ်သည့် အပြောအဆိုများကြောင့် ဆရာဝန်မလေးမှာ ကြောင်တောင်တောင်ကြည့်နေမိခဲ့သည်။
''ဘာလဲ … မြန်မြန်ပြော''
''ဟို … ဆ … ဆရာ … အရေးပေါ်ခန်းက လူနာဆုံးသွားရှာပြီ''
''ဘာ !… ''
''ဟုတ်ကဲ့ဆရာ !… အခုပဲ ဆရာ့ဆီ သမီးအကြောင်းလာကြားတာပါ''
''ဟာ … ဖြစ်မှဖြစ်ရလေ''
''ဆရာ အခုလဲ … ဆရာ့တပည့်မလေး ချိုစင် အရေးတကြီးသွေးလိုနေတယ်ဆရာ … လောလောဆယ် ဆေးရုံမှာကလဲ (AB) သွေးအမျိုးစားက မရှိဘူးဖြစ်နေတယ်''
''ဘယ်လိုလုပ်ရမလဲ ငါဘယ်လိုလုပ်ရမလဲ''

ဆရာဝန်မလေးပြောဆိုနေသော စကားများဟာ အေးဆေးစွာဖြင့် သို့သော် ဆရာဝန်ကြီးမှာ ကျယ်လောင်စွာနှင့် ဆရာဝန်မလေးအား အော်ဟစ်ပြောဆိုခဲ့သည်။ အရေးပေါ်ခန်းမှ ချိုစင်ဟူသော လူနာမှာ ဆရာဝန်ကြီးကိုယ်တိုင်ပင်လျင် တာဝန်ယူကုသပေးနေခဲ့သော သူ၏တပည့်မလေးဖြစ်စြေူပီး လိုအပ်နေခဲ့သော သွေးအမျိုးစားမှာ ဆရာဝန်ကြီး၏ သွေးအမျိုးစားနှင့် ထပ်တူကြသည်။ သို့သော် ယခုအချိန်၌ ဆရာဝန်ကြီးမှာ ထူပူနေခဲ့သည်ကြောင့် မည်သို့ပင်ပြုလုပ်ရမည်အား သူတစ်ယောက်မဆုံးဖြတ်တတ်တော့ချေ။ သို့နှင့်

''ဟုတ်ပြီ … အားလုံးကို ငါပြန်လာမှရှင်းမယ်''

ထိုသို့ပြောဆိုလျက် ဆရာဝန်မလေး၏အရှေ့မှ ရုတ်တရက်လှည့်ထွက်သွားခဲ့ပြီး ကားရှိနေသည့် ဆေးရုံးဝန်းအတွင်းသို့သာ ဆရာဝန်ကြီးမှာ အပြေးထွက်သွားခဲ့ချေသည်။ ထို့နောက် ကားတံခါးအား လျင်မြန်စွာဆွဲဖွင့်လျက် ကားဒရိုင်လေး၏ လိုက်လံပို့ဆောင်ခြင်းကိုပင် ခံယူမနေတော့ပဲ မိမိ၏ပွဲရုံရှိရာဆီသို့သာ အရှိန်ပြင်းစွာ မောင်းထွက်သွားခဲ့ချေသည်။

''ရဲမောင် … ရဲမောင် … စွန်ရဲဘာဖြစ်တာလဲ''
''မသိဘူးကွ … ငါမေးတာကိုလဲ မဖြေပဲ … ငါ့ကိုစောင့်တွန်းသွားတယ် … အခုလဲ ကားကိုတစ်ဟုန်တိုးမောင်းသွားတယ် … တစ်ခုခုဖြစ်တော့မှာပဲ ကဲလိုက်ကြပါဦးကွ''

သူငယ်ချင်းဖြစ်သူ၏ ပုံမှန်မဟုတ်သော အပြုမူများကြောင့် သူငယ်ချင်းဆရာများမှာ ဆရာဝန်ကြီးတစ်ယောက် မည်သည့်နေရာဆီသို့ ထွက်ခွာသွားခဲ့သနည်းမသိသောလည်း စိုးရိမ်ကြီးစွာနှင့် အနောက်မှအပြေးလိုက်ပါသွားခဲ့လေသည်။ မိမိ၏ ပွဲရုံများမှာ မီးလောင်နေခဲ့ပြီး ထိုပွဲရုံ ရုံးခန်းများအတွင်း၌ အရေးတကြီးစာရင်းစာအုပ်များအား သူတစ်ယောက်သိမ်းဆည်းစရာရှိသည်။ ထိုစာရင်းစာအုပ်များမှာလည်း သိန်းပေါင်းများစွာနှင့် ထပ်တူညီသည့် စာအုပ်များပင်ဖြစ်သည်။

ပွဲရုံတွင်ရှိနေသော မိမိ၏မန်ဂျာသည်လည်း ထိုစာရင်းစာအုပ်များ မိမိသိမ်ဆည်းထားခဲ့သည့် နေရာအားလွယ်ကူစွာ သိရှိနိုင်မည်မဟုတ်။ မိမိကိုယ်တိုင်သာလျင် သွားရောက်သိမ်းဆည်းခါမှ အဆင်ပြေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကားအား တစ်ရှိန်ထိုးမောင်းနှင်နေခဲ့ရင်း ဘောင်ဘီအိတ်ကပ်အတွင်းမှ ဟန်းဖုန်းဟာ ရုတ်တရက်တုန်ခါ၍ မြည်သံထွက်ပေါ်လာချေပြန်သည်။

ကားစီယာတိုင်အား လက်တစ်ဖက်ဖြင့် ထိမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် ဘောင်ဘီအိတ်ကပ်အတွင်းမှ ဟန်းကိုင်ဖုန်းအား ထုတ်ယူခါတုန်ရီနေသော လေသံများဖြင့်

''ဟယ် … ဟယ်လို''
''ဆရာ … မမလေးဖြူ နေမကောင်းလို့ ညနေစောစော ဆေးရုံကနေ ပြန်လာခဲ့ပါလို့ ပြောခိုင်းလို့ပါဆရာ''
''ဟင် … ဖြူနေမကောင်းဘူး ဟုတ်လား''
''ဟုတ်ကဲ့ဆရာ … ကိုယ်တွေအရမ်းပူနေတယ် သမီးတို့လဲ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေလို့ပါ''
''အေးအေး … ငါစောစောပြန်လာခဲ့မယ်''

မိမိ၏နေအိမ် အိမ်ဖော်ကောင်မလေးထံမှ ဇနီးဖြစ်သူဖြူလေးတစ်ယောက် နေမကောင်းပါဟူသောစကားသံများအား ထပ်မံကြားသိလိုက်ရပြီး အပူပေါ်အပူဆင့်၍ ဆရာဝန်ကြီးမှာ လွန်စွာဖိဆီးမှုများဖြစ်ပေါ်ကာ ပွဲရုံဆီသို့ ဦးတည်နေသော ကားလေးအား လမ်းနံဘေးတွင် ခေတ္တရပ်တန့်ရန်ထိုးဆင်းခဲ့သည်။

အရေးကြုံလျင် လျင်မြန်စွာရပ်တန့်နိုင်ရန်အတွက် ဘရိတ်ဆီသို့ခြေဦးနင်း၍ထားသော်လည်း ယခုအချိန်၌မေ့လျော့နေခဲ့ပြီး ကြောင်ကြောင်တောင်ဖြစ်နေခဲ့သည်ကြောင့် ဘရိတ်အားမနင်းမိဘဲ ကားလေးမှာ လမ်းနံဘေးတွင်ရှိနေသော အပင်ကြီးနှင့် ဝင်ရောက်တိုးမိလိုက်လေသည်။ မိမိသည်လည်း စီယာတိုင်နှင့် ဦးခေါင်းစောင့်မိလျက် ထိုအချိန်၌တွင်သာ ကားလေးအပေါ်၌ မေ့မျောသတိလစ်သွားခဲ့ရသည်။

''ကလင်း … ကလင်း … ကလင်း''

မှိတ်နေခဲ့သော မျက်လုံးလေးအထက်မှ မျက်ခုံးကလေး တွန့်ဆုတ်လာ၏။ နားထင်နှစ်ဖတ်အား လက်ဖြင့်ညစ်၍

''အား !… ကျွတ် … ကျွတ်''

လက်ကိုင်ဖုန်းကလေးမြည်လာသည်ကြောင့် စီယာတိုင်နှင့်ဦးခေါင်းတိုက်မိခါ မေ့မျောနေခဲ့သော ဆရာဝန်ကြီးမှာ ပြန်လည်သတိလည်လာစေသည်။
''ဟယ် … ဟယ်လို''
''ဆရာ … ပွဲရုံနှစ်ရုံ မီးထဲပါသွားတယ်ဆရာ … အခုလောလောဆယ် ဆရာပွဲရုံဆီကို မလာပါနဲ့တော့ အိမ်မှာခဏရှောင်နေလိုက်ပါ … မီးလောင်မှု့ပြဿနာအတွက် ကျွန်တော်တာဝန်ယူဖြေရှင်းလိုက်ပါ့မယ်''
''ဖြစ် … ဖြစ်ပါ့မလားထွန်းကျော်''

''ဟုတ်ကဲ့ဆရာ … မဖြစ်ဖြစ်အောင် ကျွန်တော်ရှင်ပေးပါ့မယ် ဆရာ့က အလုပ်တွေအများကြီးလုပ်နေရတဲ့ သူတစ်ယောက်ဆိုတော့ ဖိစီးမှုတအားများနေရလိမ့်မယ် … အခုရောဆရာဘယ်ရောက်နေလဲ''
''ငါ … ငါမြို့ပြင်ကိုရောက်နေပြီ''
''ဟုတ်ကဲ့ဆရာ … မီးလောင်မှုမြင်ကွင်းကိုပဲ အရပ်သားတစ်ယောက်အနေနဲ့ လာကြည့်ပါဦး''
''အေးထွန်းကျော်ရာ … မင်းပဲကြည့်ရှင်းလိုက်ပါတော့ ငါနောက်မှလာခဲ့မယ်''

''အား … ကျွတ် … ကျွတ်''
နားထင်နှစ်ဖက်အား လက်ဖြင့်တင်းကြပ်စွာကိုင်ထား၏။ မူးနောက်နောက်ဖြစ်နေသည့် မိမိ၏ဦးခေါင်းအား လေးငါးချက်မျှ ခပ်ပြင်းပြင်းခါရမ်းလိုက်သည်။ မှိတ်ထားသည့် မျက်လုံးအိမ်၌လည်း အလင်းရောင်များစွာ တောက်ပနေသည်အား အာရုံတစ်ခုလုံးမူးနောက်လောက်အောင်ပင် ဖြစ်နေခဲ့သည်။ ကားတံခါးလေးအား အသာတွန်းဖွင့်လျက် ဆင်းလာခဲ့ပြီး

''ငါ … ငါဘာဖြစ်သွားရတာလဲ … ငါ့စီးပ္ပားရေးတွေ ဆုံးရှုံးရတာနဲ့ ဒီလောက်ထိ ငါတုန့်လှုပ်သွားစရာလား … ငါဟာငယ်ငယ်ကလေးတည်းက ဆင်းရဲသားတစ်ယောက်ပဲ အခုချိန်မှာ သူဌေးတစ်ယောက်ဖြစ်နေလို့ ဆုံးရှုံးသွားရတာတွေကို ငါနှမြောနေမိပေမယ့် ငါ့မိတ်ဆွေကို ငါရိုင်းပြခဲ့မိပြီ … ငွေတွေပြန်ရှာလို့ရပါတယ် … ဟုတ်တယ် … ဖြစ်ချိန်တန်လို့ဖြစ်တယ်ပဲ သဘောထားလိုက်တာ ငါ့ဆုံးရှုံးမှုတွေအတွက် ဖြေသိမ့်ဖို့နည်းလမ်းတစ်ခုပါပဲလေ''

ကားပေါ်မှဆင်းလာခါ လမ်းနံဘေးတွင် မတ်မတ်ရပ်လျက် ခါးအားထောက်ထားပြီး အဝေးသို့မျှော်ကြည့်နေခဲ့သော အကြည့်တစ်စုံနှင့်အတူ ဆရာဝန်ကြီးစွန်ရဲနိုင်မှာ ဆုံးရှုံးမှုများအတွက် မိမိ၏စိတ်အား ဖြေသိမ့်နေလေခဲ့သည်။ ထို့နောက် လမ်းနံဘေးတွင် ထိုးကျသွားသော ကားလေးဆီသို့ ပြန်လည်သွားရောက်ပြီး လမ်းမအပေါ်သို့ တတ်ရောက်ခါ ဆေးရုံဆီသို့ ပြန်လည်ထွက်ခွာလေခဲ့သည်။

သစ်ပင်ကြီးနှင့် စောင့်မိထားသည်ကြောင့် ကားလေး၏ဦးခေါင်းမှာလည်း ပျက်စီးနေခဲ့ရသည်။ ထို့နောက် ဖြေညင်းစွာနှင့် ကားလေးအားမောင်းနှင်လာရင်း ဆေးရုံအရှေ့၌ မိမိအားစိုးရိမ်ကြီးစွာ စောင့်မျှော်နေကြသော တပည့်ဆရာဝန်လေးများနှင့် မိတ်ဆွေဆရာဝန်များအား မြင်တွေ့လိုက်ရသည်။

''စွန်ရဲ … စွန်ရဲ … မင်းဘာမှမဖြစ်ပါဘူးနော် ကားခေါင်းလဲ စုတ်ပျက်နေတာပဲ ဘာဖြစ်လာတာတုန်း''
''ရဲမောင် … မင်းကိုငါတွန်းလိုက်မိတယ်ကွာ ငါ့ကိုစိတ်မဆိုးပါနဲ့နော်''
''မဆိုးပါဘူးသူငယ်ချင်းရာ မဆိုးပါဘူး … အခုမင်းဘာဖြစ်လာတာလဲ''
''ငါပြောပြပါ့မယ်ကွာ … ''

သို့နှင့်ယနေ့၌ပင် မိမိ၏သိန်းပေါင်းမြောက်များစွာ ပင်ဆုံးရှုံးသွားခဲ့ရသည့် အကြောင်းများအား ဆရာဝန်ကြီးမှာ မိတ်ဆွေဆရာဝန်များအား ပြန်လည်ပြောဆိုလေခဲ့သည်။

''ငါတို့စိတ်မကောင်းရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်ဘူးစွန်ရဲရာ''
''အေးကွာ !… စိတ်မကောင်းစရာ ထပ်ပြောရဦးမယ် … မင်းဆေးကုပေးနေတဲ့ မင်းတပည့်မလေးချိုစင် … အခုနလေးတင်ပဲ အရေးပေါ်သွေးလိုရင်းနဲ့ ငါတို့ဆေးရုံမှာကလဲ သူလိုနေတဲ့ သွေးကုန်နေတယ် အခုတော့ အသက်ပေးလိုက်ရရှာပြီ''
''ဘာ … ချိုစင်ဆုံးပြီ ဟုတ်လား''
''ဟုတ်တယ် … သူလိုနေသွေးက (AB)သွေး … မင်းသာသိရင် မင်းသွေးနဲ့တူနေတော့ မင်းကူညီပေးမယ်ဆိုတာ ငါတို့သိပေမယ့် အဲ့ဒီအချိန်မှာ မင်းဆေးရုံက ထွက်သွားခဲ့တယ်လေ''
''ဟာ … ဖြစ်မှဖြစ်ရလေကွာ … ချိုစင့်ကို ဒီတစ်ခါသွေးသွင်းပြီးတာနဲ့ သူနေပြန်ကောင်းလာတော့မှာ ဒီနေ့ သူ့ဆေးမှတ်တမ်းတွေ ငါဖတ်ပြီး မင်းတို့ကိုလာပြောဦးမလို့ပဲ … ဦးအောင်စိုးရောက်လာတာနဲ့ ငါအပြောဖြစ်လိုက်ဘူးကွာ … ဟာ … ငါမှားသွားပြီး ငါလုံးဝမှားသွားပြီ''

မီးလောင်နေသည့် ပွဲရုံဆီသို့ အရောက်လှမ်းမည်အချိန်၌ ဆရာဝန်မလေးမှာ အရေးတကြီး ထိုလူနာသွေးလိုနေကြောင်း မိမိအား အသိပေးခဲ့သည်။ သို့သော် ထိုအချိန်၌ မိမိ၏စိတ်များမှာ ယောက်ယပ်ခတ်နေခဲ့ပြီး မည်သည့်စကားတစ်ခွန်ုးမှ နားထဲမဝင်ရောက် လူနားအားလစ်လှူရှုလျက် ထွက်ခွာသွားခဲ့သည်ကြောင့် မိမိကိုယ်တိုင် ဂရုတစိုက်ကုသပေးနေခဲ့သော တပည့်ဆေးကျောင်းသူမလေးမှာ သေဆုံးသွားခဲ့ရတော့သည်။ လွန်စွာစိတ်ထိခိုက်မိရင်း မတ်ထားသည့် လက်ပြင်အားလည်း လျော့ချလိုက်လျက် အနီးရှိထိုင်ခုံပေါ်တွင်သာ ထိုင်ချလိုက်ချေသည်။

ထို့နောက် သတိတစ်ခုရရှိလာခဲ့ပြီး မိမိ၏ချစ်ဇနီးသည် ဖြူလေးတစ်ယောက်သည်လည်း နေမကောင်းဖြစ်နေသည်ဟု မိမိအား အကြောင်းကြားထားသေးသည်။ ထို့ကြောင့် ထိုင်နေသည့်ခုံမှ လျင်မြန်စွာထလျက် မိမိ၏နားနေခန်းဖြစ်သော အပေါ်ဆုံးလွှာဆီသို့ အပြေးတတ်ရောက်ချေခဲ့သည်။

အပေါ်ဆုံးအလွှာသို့အရောက် ဓာတ်လှေကားပွင့်လစ်လာသည်နှင့် အောက်ထပ်သို့ ဆင်းရောက်ရန် ရပ်လျက်စောင့်နေခဲ့သော တပည့်နပ်စ်မလေးအား တွေ့ရှိခဲ့ရသည်။

''သမီး … လာ … ဆရာ့ကို ဆေးဝိုင်းထည့်ပေးဦး … ဆရာ့ဇနီးနေမကောင်းဖြစ်နေတယ် အခုချက်ချင်းဆေးယူပြီး အိမ်ပြန်မှဖြစ်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''

ယခုအချိန်၌ မိမိ၏စိတ်များဟာ တည်ငြိမ်မှုများကင်းမယ့်နေသည်ကြောင့် တစ်စုံတစ်ခုအမှားများစွာ ပါသွားမည်အား သူတစ်ယောက်လွန်စွာ စိုးရိမ်မိသည်။ ထို့ကြောင့် တပည့်နပ်စ်မလေးကိုသာ အားကိုးတကြီးခေါ်လျက် ဇနီးသည်အား ဆေးကုသရန်အတွက် မိမိ၏ဆေးအိတ်အတွင်းသို့ ထိုးဆေးများစွာ အစီစဉ်တကျ နှုတ်မှပြောဆိုစေခဲ့ပြီး ဆေးအိတ်အတွင်းသို့ ထည့်စေခိုင်းသည်။

ထို့နောက် တပည့်ဖြစ်သူ နပ်စ်မလေး အစီစဉ်တကျ စီစဉ်ထည့်ပေးခဲ့သည့် ဆေးအိတ်အား ကိုင်ဆောင်လျက် နေအိမ်ဆီသို့ လျင်မြန်စွာအရောက်ပြန်လေခဲ့သည်။

ထို့နောက် နေအိမ်ဆီသို့ရောက်ရှိလာခဲ့ပြီး ဆေးအိတ်ကလေးအား ကိုင်ဆောင်လျက် အိမ်အတွင်းသို့ အပြေးဝင်ရောက်လာခဲ့သည်။
''ဆရာ … ပြန်လာပြီ''
''အေး … နင့်တို့မမလေးရော … သက်သာရဲ့လား''
''ဟုတ်ကဲ့ဆရာ … နေ့လည်ကလောက် မဆိုးတော့ပါဘူး အခုသက်သာလာပြီ''
''အေးအေး ရော့ … ဆေးအိတ် အခန်းထဲယူသွား''

အိမ်အဖော်ကောင်မလေးအား အပေါ်ထပ်ဆီသို့ ဆေးအိတ်ယူဆောင်ခိုင်းလျက် မိမိသည်လည်း အနောက်မှလိုက်ပါလာချေခဲ့သည်။ ထို့နောက် အခန်းတံခါးဖွင့်လျက် ဝင်ရောက်လာခဲ့သော လင်ယောကျာ်းဖြစ်သူ ဆရာဝန်ကြီးအား ဇနီးသည်ဖြူလေးမှာ အပြစ်ကင်းစင်လှသော အပြုံးကလေးဖြင့် အိပ်ခန်းအတွင်း၌ကြိုဆိုလေခဲ့သည်။

''ဖြူ … မိန်းမ … သက်သာရဲ့လား''
''သက်သာသွားပါပြီ အစ်ကိုရဲ့''
''တော်သေးတာပေါ့ဖြူရယ်!… ''

ဇနီးသည်၏နံဖူးပြင်ပေါ်မှ ဆံနွယ်လေးများအား ဖယ်ရှားပေးနေခဲ့ရင်း သူတစ်ယောက်အတွေးများစွာ ဝင်ရောက်လာမိသည်။ ဆုံးရှုံးမှုများအကြောင်းအား ဇနီးဖြစ်သူဖြူလေးကို သူတစ်ယောက် အသိမပေးစေချင်တော့ချေ။ ဇနီးသည်သည်လည်း ထိုအကြောင်းအား ကြားသိရလျင် စိတ်ဆင်းရဲရမည်မှာ သေချာလှသည်။ ထို့ကြောင့် သက်ပြင်းများစွာ ချနေခဲ့မိသည်။

''အစ်ကို … အစ်ကို''
''ဟင် … ဖြူ … ဘာဖြစ်လို့တုန်း''
''ဘာတွေစဉ်းစားနေတာလဲ … ''
''ဘာမှမဟုတ်ပါဘူး … ကဲ … ကိုယ်သွေးပေါင်ချိန်ပေးမယ်နော် … ပြီးရင် ဖြူ့ကိုအားဆေးတစ်လုံး ထိုးပေမယ် … ဖြူလုံးဝနေကောင်းသွားမှာပါ … ဟုတ်ပြီလား''
''ဖြူ့ယောကျာ်းက ဆရာဝန်ကောင်းတစ်ယောက်ပဲ ဖြူနေမကောင်းရင် အစ်ကိုကကုပေးရမှာပေါ့ မဟုတ်ဘူးလား''
''ဒါပေါ့ဖြူရဲ့ … အစ်ကိုဆရာဝန်ကြီးဖြစ်လာအောင်လဲ ဒီက ကိုယ့်မိန်းမဖြူလေးကပဲ အနစ်နာခံပေးခဲ့တာမဟုတ်လား''
''အစ်ကို … ဖြူ … အစ်ကို့ကို သိပ်ချစ်တယ်သိလား … ဖြူတို့ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် လက်တွဲမဖြုတ်ရဘူးနော်''
''စိတ်ချပါဖြူရယ် … ဖြူ့ကို အစ်ကိုတစ်သက်လုံး သေသည့်တိုင်ချစ်နေမှာပါ''

ဇနီးသည်၏ နံဘေးနားတွင် ထိုင်လျက် နံဖူးပြင်လေးအား ဖြေးညင်းစွာပွတ်သပ်ပေးနေခဲ့ရင်း ချစ်သူဘဝမှ ပြောဖြစ်ခဲ့ကြသော ချစ်စကားလေးများစွာ ပြန်လည်ပြောဖြစ်ခဲ့ကြသည်။ ထို့နောက် ဇနီးသည်၏ ကျန်းမာရေးအခြေအနေအရ သွေးပေါင်ချိန် အဖျားတိုင်ခဲ့ပြီး နပ်စ်မလေး စီစဉ်ပေးခဲ့သည့် ဆေးအိတ်အတွင်းမှ ဆေးပုလင်းလေးများစွာ ထုတ်ယူရင်း ဆေးထိုးအပ် စလင်းအတွင်းသို့ ဆေးများစွာပေါင်းစပ်နေခဲ့သည်။ ထို့နောက် ဇနီးသည်ဟာ အဖျားမရှိ အားအင်ကုန်ခံခြင်းများကြောင့် ဖြစ်ရလေသည်။ ထို့ကြောင့် အားဆေးတစ်လုံးတည်းသာလျင် ထိုးမည်ဟု ရည်ရွယ်လျက် ညာဘက် လက်အတွင်းသို့ အကြောဆေးထိုးစေခဲ့သည်။

''ဖြူ … ခဏလေး မှေးနေလိုက်နော် အစ်ကိုရေချိုးလိုက်ဦးမယ် … ဒီညဖြူနဲ့အစ်ကို ညနေစာထမင်း တူတူစားကြရအောင်''
''မယ်တင် … မိထွေး နင်မမလေးအနားမှာပဲ နေကြနော်''
''ဟုတ်ကဲ့ပါဆရာ''

ထိုသို့ပြောဆိုခဲ့ပြီး ထိုတစ်နေ့လုံး စိတ်ဖိစီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်ကြောင့် ရေးမိုးချိုးရန် ရေချိုးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ချေသည်။ ရေပန်းလေးအားဖွင့်လျက် ကျရောက်လာသော ရေများအောက်၌ မျက်နှာလေးအားမော့ကာ တဝကြီးရေစိမ့်ချိုးနေမိသည်။ ခဏအကြာ၌ မိမိ၏ ရေချိုးခန်းတံခါးအား တစ်စုံတစ်ယောက်မှ အလောတကြီးလာရောက်ခေါက်သံအား ကြားလိုက်ရသည်။
''ဆရာ … ဆရာ … ဆရာ … လုပ်ပါဦး … မမလေး ဘာဖြစ်တာလဲမသိဘူး ဆရာလာကြည့်ပါဦး''
''ဟင် !… ''

ဇနီးဖြစ်သူဖြူလေးတစ်ယောက် ခိုင်းစေရန်အတွက် အဖော်အဖြင့်ထားပေးခဲ့သော အိမ်ဖော်မလေး မယ်တင်၏ အလောတကြီးစကားသံပင် ဖြစ်ချေသည်။ ဘာရယ်ကြောင့်မှန်းမသိ။ မိမိအား ရေချိုးခန်းအပြင်မှ အလောတကြီးအော်ခေါ်နေခဲ့သည်ကြောင့် ရေလည်ပုဆိုးအား လျင်မြန်စွာလဲစေခဲ့ပြီး အိပ်ခန်းဆီသို့ အပြေးရောက်သွားလေခဲ့သည်။ ပွင့်လစ်နေသည့် အိပ်ခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဆရာဝန်ကြီးစွန်ရဲနိုင် မြင်တွေ့လိုက်ရသည်ကား

''ဟင် … ''
အပြေးရောက်ရှိလာသည့် ခြေလှမ်းများ တွန့်ဆုတ်သွားခဲ့၏။ ဇနီးသည်၏အဖြစ်အား မြင်တွေ့လိုက်ရပြီး မျက်လုံးများမှာလည်း ပြူးလျက် ကြောင်တောင်တောင်စိုက်ကြည့်နေမိသည်။ ဇနီးသည်ဖြူလေး၏ ပုံစံမှာ ဦးခေါင်းရှိဆံပင်များ ကျဲပြန့်၍ ဆံပင်များဟာလည်း အထွေးလိုက်ကျွတ်နေခဲ့သည်။ အသားရည်များမှာလည်း အသက်(၈၀)မျှ အဘွားအိုကဲ့သို့ တွန့်လိပ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ဝတ်ထားသည့်အဝတ်များပင် မရှိတော့ချေ။

ဖြူလေးတစ်ယောက် လွန်စွာပူလောင်မှုဒဏ်အား ခံစားနေရပြီး အသိစိတ်ပျောက်ခါ ကြမ်းပြင်ပေါ်၌ လူးလိမ့်နေခဲ့ရလေသည်။
''ဖြူ … ဖြူဘာဖြစ်တာလဲ''
လွန်စွာထိတ်လန့်အံ့သြမိရင်း လူလိမ့်နေသည့် ဖြူလေးအနားသို့ စွန်ရဲနိုင်တစ်ယောက် အပြေးရောက်ရှိလာခဲ့ပြီး ပွေ့ဖတ်ထားခဲ့သည်။ သို့သော်ထိန်းချုပ်မရ ''ပူတယ်''ဟူသော စကားကိုသာ ပြောလျက် ကြမ်းပြင်ပေါ်၌ လူးလိမ့်နေခဲ့တော့သည်။

                              ****
ဆရာ၏နေအိမ်မှ စတင်ထွက်လာခဲ့သည်နှင့် နေမင်းကြီးမှာ အနောက်ရပ်ဆီသို့ ဝင်ရောက်သွားခဲ့ပြီး မိုးချုပ်စပြုနေခဲ့ပြီးဖြစ်သည်။ လမ်းတစ်လျောက်လုံး သီးချင်းများဖွင့်လျက် ကျွန်ုပ်တို့အားလုံးသည်လည်း ကားကြီးအပေါ်၌ လွန်စွာပျော်နေမိသည်။ ဆရာဟာလည်း အလိုက်သိစွာဖြင့် ကျွန်ုပ်တို့အား အာရုံမထား ကားအတတ်အဆင်းအပေါက် အရှေ့ဆုံးခုံလေး၌သာ တစ်ကိုယ်တည်းထိုင်လျက်ရှိနေ၏။ ကားပေါ်တွင်လည်း သံပြိုင်သီးချင်းများစွာ အော်ဆိုနေခဲ့ရင်း ဦးတည်ရာခရီးဆီသို့ ကားကြီးမှာလဲ အရောက်လှမ်းနေချေတော့သည်။

ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများမှာလည်း လူငယ်များပီပီ ထိုကားပေါ်၌ ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တစ်ယောက် သူငယ်ချင်းများနှင့် အချိန်ကြာကြာ ရောထွေး၍ မပျော်ရွှင်နိုင် လမ်းခရီးတစ်လျောက်၌ အစစအရာရာဂရုစိုက်နေရသည်ကြောင့် စိတ်မဖျောင့်နိုင်ချေ။ ထို့ကြောင့် ကားမောင်းသူဝကြီးနှင့် ဘေးဘယ်ညာ ကားအသွားအလာအား အကဲခတ်စောင့်ကြည့်ပေးသော ကားစပယ်ယာအဖြစ်မောင်ကဲတို့ ရှိနေသည့် ကားကြီးခေါင်းခန်းဆီသို့ ခေတ္တသွားရောက်ချေခဲ့သည်။

''ဝကြီး … မင်းရိက္ခာတွေအပြည့် ဖြည့်လာတယ်မဟုတ်လား''
''ဖြည့်လာတာပေါ့ကွ … ဒါကြောင့် ငါနည်းနည်းနောက်ကျနေတာပေါ့ … ရော့''
''ဟေ့ကောင် … မင်းသောက်ရင်းနဲ့ မောင်းတာလဲကြည့်မောင်းဦးကွ''
''ရပါတယ်ကွာ … ဘီယာလောက်နဲ့ ကားမောင်းတာ ဘာမှမဖြစ်ပါဘူး … မင်းသာ ဘေးဘယ်ညာသေချာကြည့်''
''အေးပါကွ … သြော် … တို့ဆရာကလေ … ငါတို့ကျောင်းသားဘဝကအတိုင်းပဲ ဇာတ်လမ်ဆင်ပြီး ပြောခဲ့သေးတယ် … ဘာတဲ့ … သူ့ကားကြီးအပေါ်မှာ အရက်သောက်လို့ မရဘူးတဲ့ သောက်တာနဲ့ ကားစက်နှိုးလို့တောင်မရဘူးတဲ့လေ''
''ဟားဟားဟား … ဆရာကတော့ လုပ်လိုက်ရင် အဲ့အတိုင်းကြီးပဲ … ဆရ့ာကို ဇာတ်ညွှန်းရေးဆရာ ပြောင်းလုပ်ခိုင်းကြည့်ဦးမယ်''
''ဟေ့ကောင် ကြားသွားလို့ စိတ်ဆိုးနေပါဦးမယ်''

''ဟာ !… ဟင် !… ဝကြီး၊ မောင်ကဲ … မင်း … မင်းတို့ ဘီယာတွေ သောက်နေကြတယ် ဟုတ်လား''
''ရှုး !… တိုးတိုးပြောစမ်းငထီးရ … ဆရာကြားသွားပါဦးမယ်''
''ဟာ … မင်းတို့ကွာ … ကားပေါ်မှာ အရက်သေစာ သောက်လို့မရပါဘူးလို့ ဆရာပြောထားရဲ့သားနဲ့''
''မစိုးရိမ်ပါနဲ့ကွ … ဆရာက ငါတို့အားလုံးကို သူ့မျက်စီထဲမှာ ကလေးလေးတွေလိုပဲ မြင်နေတော့ အရက်သောက်တာ ဘယ်ကြိုက်ပါ့မလဲ ဒါကြောင့် ဇာတ်လမ်းဆင်ပြီး တမင်သတ်သတ်ပြောခဲ့တာ''
''ဘာပဲဖြစ်ဖြစ် … ဝကြီး … မင်းကားမောင်းနေရင်းနဲ့ မသောက်သင့်ဘူး မသောက်နဲ့တော့ … မင်းတို့ကွာ … တစ်ခုခုလွဲသွားရင် ကားပေါ်မှာရှိတဲ့ ငါတို့သူငဟ်ချင်းတွေ အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်''
''အေးပါထီးလေးရာ … မင်းပြောတာမှန်တယ် … ငါတို့မသောက်တော့ပါဘူး စိတ်ချပါ''
''ငါစိတ်ချမယ်နော် မင်းတို့ထက်မသောက်ကြနဲ့တော့''
''အေးပါကွ … မင်းဘယ်သွားမလို့လဲ''
''ဆရာ့ဆီ … ''
''ငါတို့ကို မတိုင်နဲ့နော်ထီးလေး''
''မတိုင်ပါဘူးကွ … ဆရာတစ်ယောက်တည်းဖြစ်နေလို့ ခဏသွားမှာ''

ကားကြီး၏အရှည်မှာ ပေအားဖြင့်(၁၈)ပေမျှရှိသည်။ မောင်းနှင်နေသည့် ကားကြီး၏ခေါင်းခန်းဆီသို့ ကျွန်ုပ်တစ်ယောက် ခေတ္တသွားရောက်ခဲ့စဉ် ကားမောင်းသူဝကြီးနှင့် ကားစပယ်ယာမောင်ကဲတို့မှာ ဘီယာဘူးများအား တစ်ဖက်စီကိုင်လျက် သောက်စားနေခဲ့သည်အား မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ကားမောင်းသူဝကြီးအား ဆက်၍မသောက်ရန် ကျွနိုပ်ပြောဆိုလျက် ဆရာပြောဆိုခဲ့သော ကားကြီးပေါ်၌ အရက်သေစာ သောက်စားမရသည့်အကြောင်းနှင့်ပတ်သတ်ပြီး မေးမြန်းရန် ဆရာရှိနေသည့် ထိုင်ခုံလေးဆီသို့ ကျွန်ုပ်ဦးတည်ရောက်ရှိလာခဲ့သည်။

''မောင်ထီးလေး … ရပါတယ်ကွ သူငယ်ချင်းတွေနဲ့ သွားနေပါ''
''ဟုတ်ဆရာ … ကျွန်တော်သိချင်တာလေး တစ်ခုရှိလို့''
''ဘာများတုန်းကွ''
''ဆရာ အိမ်မှာပြောတဲ့ ဒီကားကြီးမပေါ်မှာ အရက်သေစာ သောက်စားမရဘူးဆိုတာ တကယ်ပြောတာလား''
''ဟေး … တကယ်ပြောတာပေါ့ကွ … ဒီကားကြီးက ဆရာ့ယောက်္ခမတွေ လက်ထပ်ကတည်းက ရှိနေတဲ့ကားကြီး … ဘာအကြောင်းကြောင့် အရက်သောက်မရတာလဲဆိုတာ ဆရာလည်းအခုချိန်ထိ မသိသေးဘူး … အရက်သောက်ပြီးမောင်းတာနဲ့ ကားကလုံးဝစက်နှိုးမရဘူး … စက်နှိုးလို့ရရင်လဲ လမ်းခရီးမှာ အန္တရယ်တစ်ခုခုနဲ့ ကြုံရတာ ဆရာ့ကိုယ်တွေ့ပဲလေ'
''ဗျာ … ဟုတ်ကဲ့ဆရာ ခဏလေး''

ဆရာ့ဆီမှ တိကျသော အဖြေအား ကျွန်ုပ်သေချာစွာသိရှိလိုက်ရလေသည်။ ဆရာဟာ ကျွန်ုပ်နှင့်သူငယ်ချင်းများ ထင်နေသကဲ့သို့ အရက်မသောက်စေရန် ဇာတ်လမ်းဆင်၍ပြောဆိုခဲ့ခြင်းမဟုတ် အမှန်တကယ်ပင်လျင် ဖြစ်တတ်သည်ကြောင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘီယာဘူးများအား အားပါးတရကိုင်လျက် သောက်နေသော ဝကြီးအား ဆက်၍မမောင်းရန် တားမြစ်စေပြီး ကျွန်ုပ်ကိုယ်တိုင်ပင်လျင် မောင်းနှင်တော့မည်ဟု ပြောဆိုရန် ခေါင်းခန်းဆီသို့ လျင်မြန်စွာ လျောက်လှမ်းသွားချိန်၌ ကားကြီးမှာ ယိုင်တိုင်လာခဲ့ပြီး ကျွန်ုပ်တစ်ယောက် ညာဘက်ဘေးဆီသို့ ယိုင်လဲသွားခဲ့သည်။

သေချာလေပြီး။ ကားမောင်းသူဝကြီး ကားအားတစ်ခုခုဖြစ်လျက် အရှိန်မထိန်းနိုင်တော့သည်မှာ အမှန်ပင်ဖြစ်ချေသည်။ လဲကျသွားရာမှ ကျွန်ုပ်လူးလဲထလျက် ဝကြီးဆီသို့အရောက်လှမ်းရန် ရွဟ်လိုက်သောလည်း မရောက်နိုင်တော့ချေ။ ကားကြီးမှာ တစ်ရှိန်တိုး လမ်းနံဘေးသို့ ထိုဆင်းသွားလျက် လူးလိမ့်စွာ တိမ်မှောက်သွားခဲ့လေရသည်။       ။

                       *************

မိမိ၏တပည့်ဖြစ်သူများ အရက်သေစာမသောက်စားရန် ဇာတ်လမ်းဆင်ပြောဆိုခြင်းမဟုတ် အမှန်တကယ်ပင်လျင်ဖြစ်တတ်သည်ကြောင့် သတိပေးခဲ့ခြင်းဖြစ်သည်။ ယခု အရက်သေစာ သောက်စားမောင်းနှုင်သော လူငယ်များကြောင့် ကားကြီးမှာလမ်းနံဘေးသို့ တိမ်းမှောက်သွားခဲ့ရ၏။ ထိုလူငယ်များအား မည်သူအကူညီပေးမည်နည်း။

ဒေါက်တာစွန်ရဲနိုင်၏ ချစ်ဇနီးသည်ဖြူလေးတစ်ယောက်ဟာလည်း မည်သည့်အတွက်ကြောင့် ကြမ်းပြင်ပေါ်၌လူးလိမ့်နေခဲ့ရသနည်း။

မည်သည့်အတွက်ကြောင့် လူသားစားဆေးရုံဟု ပတ်ဝန်းကျင်ရှိလူများ တင်စားခေါ်ဝေါ်လာကြသနည်း။

လူငယ်များနှင့် လူသားစားဆေရုံ အဘယ်သို့ပင် ဆုံတွေ့ကြမည်နည်။

အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၅)တွင်ဆက်လက်ဖတ်ရှု့ပေးပါရန်။

                           *******

             ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    (၇.၂.၂၀၁၆) မြန်မာစံတော်ချိန်
                        မွန်းလွဲ (၃)နာရီအချိန်၌
                ဆက်လက်၍ဖော်ပြပေးသွားပါမည်။
                       စာရေးသူ-ထီးကလေး
                   (ရင်နှင့်ရင်း၍ရေးသားသည်)


Post a Comment