အိမ်ပြေးမလေး

ဒီတစ်ပုဒ်ကိုလဲ ဖတ်ရှုအားပေးပြီး ဝေဖန်ပေးကြပါအုံးနော်😍😍😘😘

အိမ်ပြေးမလေး  (စ/ဆုံး)

သွန်းရွှေစင် သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်သည်

ရဲနေသော ဆံပင်ကို ပစ်စလက်ခတ် ဖွာလိုက်ပြီး စားပွဲခုံပေါ်တွင်ရှိသော မီးခြစ်နှင့် စီးကရက်ဘူးကို ကြမ်းတမ်းစွာ ကောက်ယူပြီး အိမ်အောက်သို့ ဆင်းလာလိုက်သည်

"မာမီ သွန်း ညနောက်ကျမယ်နော် မစောင့်နဲ့တော့ ဒေါ်လုံးကိုသာ စောင့်ခိုင်းလိုက်"

ဒေါ်ထားတစ်ယောက် သမီးဖြစ်သူကို တစ်ချက်မျှ စိုက်ကြည့်ပြီး လုပ်လက်စ စာရင်းကို ဆက်လုပ်နေလိုက်သည်

ဒေါ်ထားအဖို့ သမီးဆိုတာကို ခေါင်းထဲမထည့်ထားတာ ကြာပြီမို့ သွန်းအတွက်လဲ မာမီဆိုတာမရှိတော့ချေ

သူမက ရွှေဘုံပေါ်စံပြီး စိတ်မချမ်းသာရသည့်အဖြစ်မျိုးပင်

သူမ (၁၀)တန်းအောင်တဲ့နှစ် သူမ ဒယ်ဒီဆုံးတော့ ရွှေတောင်ကြီး ပြိုသလို ခံစားလိုက်ရသည် ထို့ပြင် မာမီကလဲ ငယ်ချစ်ဦးဆိုသူကို သူမရဲ့ ဒယ်ဒီနေရာ အစားထိုးလာသည်

သူမအတွက် အရာရာ အဓိပ္ပါယ်​မဲ့သွားတော့ လောကကြီးကို အရွဲ့တိုက်ချင်လာသည် တက္ကသိုလ်​မတက်မှီ အချိန်တွင်း ဟေးလားဝါးလားနေရာမှ အပေါင်းသင်းစုံပြီး အရက် ဆေးလိပ်မှစ မူးယစ်ဆေးအထိ သုံးစွဲတတ်လာသည် မိန်းကလေးတန်မဲ့ လက်မောင်း ကျောပြင် တို့တွင် မိန်းကလေးနှင့် လားလားမျှမဆိုင်သော တက်တူးတို့က နေရာယူလာသည် အချိန်တန်ညရောက်လျှင် အပေါင်းအသင်းနှင့် ကလပ်တက် နံနက်လင်းခါနီးမှ အိမ်ရောက်တတ်လာသော သူမနှင့် မာမီက ဆက်ဆံရေးမပြေပြစ်တော့သည်မှာ အဆန်းမဟုတ်ချေ ဒါလဲ သူမကျေနပ်မိသည် ယခုဆို မာမီနှင့်သူက တစ်ရက်လုံးနေမှ စကားတစ်လုံးမပြောဖြစ် အမေနှင့်သမီးဟု ပြောလျှင် မည်သူမှမယုံသည်မှာ အံသြစရာမဟုတ်တော့ချေ

သွန်း ကလပ်သွားရန် ကားဂိုဒေါင်သို့လာစဉ်

"သွန်း နင်ဒီတိုင်းပဲ နေတော့မှာလား"
အသံလာရာကြည့်တော့ သူမအိမ်၌ ဒယ်ဒီရှိဇစဉ်တည်းက အလုပ်လုပ်ခဲ့သော ဦးဆန်းရဲ့ သားလဲဟုတ် သူမရဲ့ တစ်ဦးတည်းသော ခင်တွယ်ရာ သူငယ်ချင်းဟု ဆိုလျှင်လဲ မမှားချေ

"ဆက်ပိုင် ငါအပြင်သွားမလို့ဟာ အာရုံမစားနဲ့ ဟုတ်ပြီနော် ညကျ မအိပ်ပဲ စောင့်နေ ငါပြန်လာရင် မင်းတွက် ခေါက်ဆွဲကြော် ဝယ်လာမယ် ခုတော့ ငါဒိုးပြီ"

ပြောချင်ရာပြော ထွက်သွားသော သွန်းကို ဆက်ပိုင် ဂရုဏာသက်စွာ ကြည့်လိုက်မိသည်

ငယ်စဉ်က အနေအေးပြီး လိမ်မာယဉ်ကျေးသော သူငယ်ချင်းမလေးက ယခုလို ဖြစ်လာမည်ဟု မည်သူ ထင်မည်နည်း

ယခုတော့ ထိုသူငယ်ချင်းမလေး လိုအပ်သော အရက် ဆေးလိပ် မူးယစ်ဆေးအစ သူဝယ်ပေးနေတာကို လူကြီးများ သိလျှင် မည်မျှလောက် စိတ်တိုမည်ကို မှန်းဆမရချေ

ဒုတိယနှစ်ကျောင်းသူ သွန်းကို စိတ်မချ၍ အမှတ်များသော်လဲ သူငယ်ချင်းစိတ်ကြောင့် တက္ကသိုလ်​တစ်ခုတည်းတက်ခဲ့သည် သွန်း ရှာသမျှ ပြသနာကို သူပဲ ကြားဝင်ဖြေရှင်း ခေါင်းခံခဲ့သည် သူပေးဆပ်နိုင်သလောက် သွန်းကို ကာကွယ်ခဲ့သည် သို့သော်လဲ စိုးရိမ်မိလေသည်

"သွန်းရယ် နင်လိမ်မာမယ်ဆို အရာအားလုံး ပေးဆပ်ရဲပါတယ်ဟာ" ဆက်ပိုင် တစ်ယောက် ရင်ထဲ တီးတိုး ရွတ်ဆို မိချေသည်

"ယျောင် ဟိုစော်က အလန်းနော်"
@@##¿$£€|©®®®!%%•\()<>>>>>

သွန်း သူမကို ပြောတာ သိသိရက်နဲ့ မကြားချင်ဟန်ဆောင်ကာ ဆက်ကနေမိသည်

"ဒီမှာ"
သွန်း ခပ်မိုက်မိုက်ပင် ကြည့်လိုက်မိသည်

:ကိုယ့်နာမည်က ရဝေ မင်းအကြောင်း အကုန်သိတယ်ဆိုပါတော့ မင်း နာမည်က သွန်း ပြီးတော့ မင်း ဆေးစွဲနေတယ် ဒါလဲ ငါသိတယ်"

သွန်း မျက်လုံးလန်ကြည့်မိသည်
"ဟက်.. ဘာလဲ ရှင်က လာခြိမ်းခြောက်တာလား သွန်းတို့က ခြောက်တိုင်း မကြောက်တတ်ဘူးနော် ဟုတ်တယ် ကျွန်မက ဆေးစွဲနေတယ် ဘာလဲ ရှင်က ကျွန်မအတွက် ဆေးဝယ်ပေးမလို့လား ဒါဆို welcomeနော်"

"မင်းကို ဆေးဝယ်ပေးမဲ့သူတော့ မဟုတ်ဘူး မင်းအတွက် မင်းလိုတိုင်း ပေးမဲ့ လူပေါ့ကွာ"

"ကောင်းပြီလေ ဒါဆို ရှင်နဲ့ မိတ်ဆွေလုပ်ကြတာပေါ့ ကဲလာ ကကြမယ်"

ဆက်ပိုင် ကားသံကြားတော့ ခြံရှေ့ထွက်ပြီး ကြည့်လိုက်တော့ သွန်းအပါအဝင် ယောကျာ်းလေး ၅ယောက်ခန့်ကို တွေ့လိုက်တော့ စိတ်ပူသွားမိသည်

"သွန်း...."

"ဆက်ပိုင် ငါ့လာတွဲအုံးဟာ ငါဒီနေ့ သောက်တာ နည်းနည်းများသွားတယ် ဟေ့ ဘော်ဒါတို့ နောက်နေ့ တွေ့မယ်နော် see u bye မွ"

သွန်း မူးမူးနှင့်အော်နေသည်ကို အန်တီကြီးကြားသွားမှာစိုး၍ ဆက်ပိုင် သွန်း ပါးစပ်ကို အမြန်ပိတ်လိုက်သည်

ဒေါ်ထား အိမ်ပေါ်ထပ်မှာနေပြီး သမီးဖြစ်သူရဲ့ ဖြစ်အင်ကို တွေ့ပြီး ခေါင်းယမ်းမိလိုက်သည် အချိန်တန် လိမ်မာသွားမှာပါဟူသော မျှော်လင့်ချက်နှင့် သမီးဖြစ်သူ ဆိုးသမျှကို မပြောပဲ လွှတ်ထားရာ အချိန်ကြာသည်နှင့်အမျှ ပိုဆိုးလာသည် ရှုပ်သမျှ ပြသနာကို ငွေနှင့် လိုက်ဖုံးရသည်မှာလဲ မရေမတွက်နိုင်တော့ချေ ပတ်ဝန်းကျင်က အမြင်စောင်းသမျှကို မျက်နှာပူပူနှင့်ပင် ဆက်ဆံခဲ့ရရှာသည် ခုတော့ သမီးဖြစ်သူနှင့်သူမကြား သူစိမ်းတစ်ယောက်လိုပင် ယခုချိန် ဆုံးမလျှင်လဲ လက်မခံတော့သည့် အခြေအနေကြောင့်
လက်လျော့လိုက်ရသည်

"အား... ကွာ... ယားလိုက်တာ... အရေးထဲ ဆေးက ကုန်ပြန်ပြီကွာ....တောက်"

တူတူ.....
"ဟဲလို...သွန်းပြော"
ရဝေအသံကြောင့် သွန်းငိုက်ကျနေသော ခေါင်းကို ထောင်မတ်လိုက်ပြီး လေးတွဲ့သော လေသံဖြင့်

"အေး ရဝေ ငါကွာ အခု အရမ်း ခံစားရခက်နေတယ် ငါ ဆေးလိုနေတယ်ဟာ ရှိရင် လာယူမလို့"
"အေး အေး လာယူ ငါစောင့်နေမယ်"

ဆက်ပိုင် သွန်းရဲ့ အလောတကြီးခိုင်းမှုကြောင့်သာ လာရသည် အမှန်တော့ သူ သွန်းကို ဆေးပြတ်ခိုင်းစေချင်မိသည်

"မင်းကို သွန်းလွှတ်လိုက်တာလား အေး ဒါဆို ငါ့တိုက်ခန်းထဲ လာခဲ့"
အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသော အထုပ်ကို ဆက်ပိုင်ယူပြီး ပြန်လာခဲ့သည် ရင်ထဲတွင်တော့......မကောင်းလှချေ

နေ့စဉ်ရက်ဆက်သလို သွန်းလိုသမျှကို မညည်းမညူ ရဝေထံ သွားယူရာမှ တစ်ရက်.....

ဆက်ပိုင် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီး အင်္ကျီထဲ အထုပ်ကို ထည့်ဖွက်လာရာ

"ညီလေး ခဏ ရပ်အုံးကွာ အကိုတို့ စစ်ဆေးစရာရှိလို့"

ဆက်ပိုင် ခေါင်းထဲ အူထွက်သွားသည် သွားပြီ သူ့ရဲ့ မိဘမျက်နှာ ပတ်ဝန်းကျင် အား...ဟာာာ......

သွန်း ဆက်ပိုင်ရှိရာသို့ လာရာလမ်းတစ်လျှောက် သူမ အပြစ်မကင်းဟု ဝမ်းနည်းစွာ သူမကိုယ်သူမ နာကြည်းမိလေတော့သည်

သံတိုင်တွေရဲ့နောက်ဝယ် ညှိုးနွမ်းစွာ သူမကို ပြုံးပြနေသော ဆက်ပိုင်ကို မြင်တော့ စို့နစ်မိချေသည်

"ဆက်ပိုင် နင် အမှန်တိုင်းဝန်ခံပါနော် ဒီကိစ္စရဲ့ တရားခံက ငါဆိုတာကို ဖြောင့်ချက်ပေးပါနော် ငါတောင်းပန်ပါတယ်ဟာ ငါ့အမှားတွေပါ"

"သွန်း နင်မငိုနဲ့တော့ ပြန်တော့ ဒီနေရာက နင်နဲ့ မသက်ဆိုင်တဲ့နေရာပါ ပြန်တော့"

တရားခွင်တွင်.....

ဆက်ပိုင်အတွက် အာမခံထောက်ခံချက်များရရှိသောကြောင့် အပြစ်ဒဏ်လျော့ပေါ့ပါစေဟု သွန်း ဆုတောင်းမိသည် လူရိုးသားလေး သူငယ်ချင်း သူ့ကြောင့်...

အဘဦးဆန်း၏သား မောင်ဆက်ပိုင်သည် တရားမဝင်မူးယစ်ဆေးကို သယ်ဆောင်လာသည်မှာ အမှုထင်ရှားသည် ထို့ကြောင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် (၇)ချမှတ်လိုက်သည်.....

နားထဲ သံရည်ပူလောင်းသလို ပူလောင်လှသည် သူမအပြစ်တွေ အကုန်လုံးကို ဆက်ပိုင်တစ်ယောက် ကျေကျေနပ်နပ်ပင် ခံယူသွားလေသည်

"ဆက်ပိုင်"

"သွန်း... နင် လိမ်မာသင့်ပြီဟာ နင့်ရဲ့ မကောင်းတဲ့ စရိုက်တွေ အကုန်လုံးကို စွန့်လွှတ်လိုက်ပါနော် နင် လိမ်မာဖို့ ငါအရာရာပေးဆပ်ခဲ့တာ အချည်းနှီးမဖြစ်စေချင်လို့ပါ ပြီးတော့ အန်တီကြီးနဲ့လဲ သင့်သင့်မြတ်မြတ် အရင်လိုနေနော် အိမ်ပြေးမလေး........."

ဤသို့ အဖြစ်အပျက်ဖြစ်လာသည်မှာ ပျက်စီးစေသော မိဘကြောင့်လား သူမကိုယ်တိုင်ကြောင့်လား သို့မဟုတ် မူးယစ်ဆေးဝါးအလွယ်တကူရပြီး လူငယ်တွေကြား ရောက်ရှိလာသောကြောင့်လား ဆိုတာကတော့.......

မေတ္တာဖြင့် Mee Mee##
လေးစားစွာဖြင့်###

Post a Comment