မဖဲဝါအကြောင်း

မဖဲဝါ အကြောင်းလေးဖတ်မလား
***********************
"မဖဲဝါစုဆောင်းထားတဲ့ ရတနာသိုက်ဘယ်နေရာမှာလဲ"

မဖဲဝါရဲ့အကြောင်းကိုပြောမယ်ဆိုရင် သနားစရာ၊ လွမ်းဆွေးစရာ၊ ကြောက်စရာခံစားချက်တွေကိုခံစားရမှာအမှန်ပါပဲ။ မူလပထမ မဖဲဝါရဲ့ လူ့ဘဝတုန်းက နာမည်က နန္ဒာဒေဝီဖြစ်ပြီး အစ်ကိုဖြစ်သူရဲ့နာမည်ကတော့ ဖိုးစံမှည့်(ခေါ်) မင်းရဲကျော်ခေါင်ပါ။မဖဲဝါဆိုတာကတော့ သူမသေဆုံးပြီးတော့ သင်္ချိုင်းစောင့်ဖြစ်မှ ပါဠိလို ဖလာဝဟ၊ မြန်မာလိုအကျိုးဆောင်သူဆိုပြီး သင်္ချိုင်းကိုရောက်လာတဲ့ လူသေတွေကို ကူညီအကျိုးဆောင်ပေးသူအဖြစ်တာဝန်ယူပေးရတာကို အစွဲပြုပြီှးခေါ်ဝေါ်ခဲ့တာပါ။မဖဲဝါက ပုဂံခေတ်က သင်္ချိုင်းစောင့်ဖြစ်တယ်လို့ဆိုသူက ဆိုကြသလို၊ ပင်းယခေတ်ကလို့ဆိုသူတွေလည်းရှိပါတယ်။ ဒါပေမယ့်သူတို့ မောင်နှမက မင်းပြစ်မင်းဒဏ်သင့်နေသူတွေဖြစ်တယ်လို့တော့ အားလုံးက တညီတညွတ်ထဲဆိုခဲ့ကြပါတယ်။ဒီနေရာမှာ မဖဲဝါမတိုင်ခင်ကထဲက သင်္ချိုင်းစောင့်သရဲတွေရှိခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်သင်္ချိုင်းတွေကိုလာပြီး လောကီဆရာတွေက အစီအရင်ပြုလုပ်ခြင်း၊ မသမာသူတို့က သင်္ချိုင်းဂူများကိုဖောက်ပြီး အဖိုးတန်ပစ္စည်းများကိုယူငင်ခြင်းတို့ကြောင့် မကျွတ်မလွတ်သေးတဲ့ သရဲတစ္ဆေတွေကို သင်္ချိုင်းစောင့်သရဲတွေအဖြစ် ဆိုင်ရာပုဂ္ဂိုလ်တွေက တာဝန်ပေးခန့်အပ်ထားတာပါ။ဒါပေမယ့် မဖဲဝါကတော့မတူပါဘူး။ သေဆုံးသူတွေကိုကူညီရတဲ့ သရဲမအဖြစ် တာဝန်ယူရသူမို့ သင်္ချိုင်းစောင့်သရဲထက်ပိုပြီး အဆင့်မြင့်ပါတယ်။ မဖဲဝါလိုမျိုးသေသူတွေကို ကူညီရတဲ့ သရဲတွေအများကြီးရှိပါတယ်။မဖဲဝါကတော့ မြန်မာနိုင်ငံပိုင်နက်ထဲက သင်္ချိုင်းအားလုံးကိုပိုင်စိုးသူအဖြစ် အကြမ်းမျဉ်းမှတ်သားထားနိုင်ပါတယ်။မဖဲဝါ(ခေါ်) နန္ဒာဒေဝီ သေဆုံးတော့ သင်္ချိုင်းအသီးသီးကိုရောက်လာတဲ့ သေသူတွေရဲ့ ဝိဥာဉ်တွေကို ကူညီပေးရတဲ့ သရဲမဖြစ်လာပါတယ်။သင်္ချိုင်းတွေကို အစိုးရခဲ့တယ်။သူမက သူမရဲ့ အကျိုးပေးညံ့ဖျင်းတဲ့ ဘဝကို သံဝေဂရပြီး နောင် ဘုရားရှင်ပွင့်လာပါက လှူဒါန်းဖို့ဆိုပြီး သင်္ချိုင်းကုန်းတွေထဲက ပိုင်ရှင်မဲ့ ၊ ဝိဥာဉ်မဲ့ အဖိုးတန်ရွှေငွေတွေကိုစုဆောင်းပြီး မြန်မာပြည်အထက်ပိုင်း မဟာမြိုင်တောနက်ထဲက ပျူခေတ်သင်္ချိုင်းပျက်ကြီးတစ်ခုထဲမှာမြုပ်နှံထားခဲ့ပါတယ်။ သေဆုံးသူတွေလည်းသူနဲ့အတူကုသိုလ်ပါနိုင်ပါစေဆိုပြီး လူတစ်ယောက်သေဆုံးတာနဲ့ သေသူနဲ့အတူ ငွေအနည်းငယ်ထည့်ပေးဖို့ သူမက ပူးကပ်ဝင်ရောက်ပြောဆိုခဲ့လို့ ခေတ်အဆက်ဆက်သေဆုံးသူအလောင်းကောင်တွေရဲ့ ပါးစပ်ထဲမှာ ငွေထည့်ပေးတဲ့ဓလေ့စတင်ဖြစ်ထွန်းခဲ့ပါတယ်။မြန်မာအယူ ကုတို့ခခေါ်မှာပေါ့။ အလောင်းရဲ့ပါးစပ်ထဲထည့်ပေးတာကတော့ မသမာသူတွေအခေါင်းထဲကနေ အလွယ်တကူယူငယ်လို့မရအောင်ပါ။မဖဲဝါက သင်္ချိုင်းထဲကပိုင်ရှင်မဲ့ရွှေငွေတွေကို စုဆောင်းပြီး ငွေသားတွေကိုတော့ ဘုရားစေတီတွေမှာလှူဒါန်းခဲ့ပြီးရွှေထည်နဲ့ကျောက်မျက်ရတနာတွေကိုတော့ လူသူအရောက်နည်းတဲ့ မဟာမြိုင်တောနက်ထဲက ပျူသင်္ချိုင်းပျက်ကြီးထဲမှာ စုဆောင်းထားခဲ့ပါတယ်။အထက်ဂိုဏ်းဆရာအစဉ်အဆက်ရဲ့အဆိုအရတော့ မဖဲဝါက သူမရဲ့ ကုသိုလ်စိတ်ကြောင့် အဆင့်မြင့်တဲ့ ဘုံဘဝတစ်ခုကိုတက်လှမ်းသွားပါပြီ။ အခုမဖဲဝါဆိုပြီးရှိနေတဲ့ အစိမ်းသရဲမတွေကတော့ သူမနေရာကိုဆက်ခံသူတွေပါ။ သူတို့ကလည်းသူတို့ရှေ့ကမဖဲဝါကိုအတုယူပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တရမြတ်စွာဘုရားပွင့်တော်မူသောအခါ လှူဒါန်းဖို့ သူတို့အပိုင် သင်္ချိုင်းတွေထဲကပိုင်ရှင်မဲ့ရွှေ ငွေ ကျောက်မျက်ရတနာတွေကိုစုဆောင်းပြီးမဟာမြိုင်တောထဲက မဖဲဝါသိုက်မှာစုဆောင်းထားရှိခဲ့ကြပါတယ်။ အခုအခါမှာတော့ ရာစုနှစ်တွေအလီလီပြောင်းပြီး မဖဲဝါနေရာကိုဆက်ခံတဲ့ သရဲမတွေဟာလည်း မနည်းတော့ပါဘူး။အချို့ကလည်း အတိတ်ဘဝက အကုသိုလ်ကံကြောင့် မကောင်းတဲ့ ဘုံဘဝကိုရောက်နေသော်လည်း ဘုရားမှန်းတရားမှန်းသိတာကြောင့်လျင်မြန်စွာအကျွတ်တရားရကြသော်လည်း အချို့ကတော့ ကုသိုလ်ကံမွဲလို့ အကျွတ်တရားမရကြပဲ သင်္ချိုင်းတွေကို အပိုင်စားရတဲ့ ဘဝမှာပျော်နေပါတယ်။ဒါပေမယ့် သူတို့အားလုံးတူညီတဲ့အချက်ကတော့မဟာမြိုင်တောနက်ထဲက မဖဲဝါရတနာသိုက်ကို သိုက်ဆရာတွေလက်ထဲမရောက်အောင် ကာကွယ်ကြတာပါပဲ။ဆရာအစဉ်အဆက်ရဲ့ သိုက်စာအရ-" မြိုင်ကြီးမဟာဗဟိုချက်မ၊ သင်ရှာတွေ့ပါက ပျူတစ်သောင်းရဲ့သင်္ချို င်းဝအမှန်ရောက်မည်ပ၊ ရောက်သောအခါလေးမျက်နှာ ထမင်းခေါစာတည်ခင်းပါ၊တော်လဲသံကြီးမြန်မကြာ မလွဲကြားရမှာ၊သွေးရဲပါက မျက်စိတံခါး လျင်မြန်ဖွင့်လို့ထား၊ဝါဝါထိန်တဲ့ အခေါင်းထမ်းမ စားမြိန်စာကိုစားမည်ပ၊ထိုသောအခါ မြေကြီးမှာ ဂလိုဏ်ပေါက်ကြီးဖြစ်လို့သာ၊ထိုဂလိုဏ်ထဲဆင်းလို့သွား ဖဲဝါသိုက်တံခါး၊ဥာဏ်ရှိသလိုသာဆက်လုပ်ပါ၊ဆရာအစဉ်သိုက်ဆရာဥာဏ်နည်းသူငါတို့ကား ပြောင်းကြဘဝတစ်ပါး"ဒါကတော့ မဖဲဝါသိုက်ရဲ့ သိုက်စာပါ။ သိုက်တံခါးကိုဘယ်သူမှမဖွင့်နိုင်သေးပါဘူး။ အများစုကတော့သေကုန်ပါပြီ။ မသေသူ ၁ယောက်တော့ရှိခဲ့ပါတယ်။ သူက ဒီသိုက်စာကိုရေးခဲ့တာပါ။ရေးခဲ့တဲ့အချိန်က လွှတ်လပ်ရေးရပြီးစအချိန်ကပါ။ဒါပေမယ့် သူလည်း ဘုန်းကြီးအပြီးဝတ်ပြီး တရားသံဝေဂရသွားခဲ့ပါတယ်။ သူက သူ့ဆရာတွေ မဖဲဝါသိုက်ကိုတူးတော့ မဟာမြိုင်တောထဲကပျူသင်္ချိုင်းပျက်ရဲ့ အဝမှာစောင်နေခဲ့လို့ လွတ်တာပါ။ သင်္ချိုင်းထဲဝင်သွားသူအားလုံးသေဆုံးခဲ့ပါတယ်။သိုက်စာအရ မဟာမြိုင်တောရဲ့အလယ်ဗဟိုကိုရှာပါတဲ့။ ဒါကတော့လွယ်ပါတယ်။ အခုခေတ်နည်းပညာတွေမြင့်နေတော့ ရှာရလွယ်မှာပါ။ရှာတွေ့ရင် ပျူသင်္ချိုင်းကိုတွေ့မယ်တဲ့။ တွေ့ရင် လက်ရှိ မဖဲဝါနေရာကိုဆက်ခံသူကိုကျွေးဖို့ ထမင်းထုပ်ကို သင်္ချိုင်းထဲက အရပ်လေးမျက်နှာမှာ ခေါစာကျွေးရပါမယ်တဲ့။ အဲဒီအခါမှာ တော်လဲသံကြီးကြားရပြီး အဝါရောင်ဝတ်စုံနဲ့ သရဲမက လက်တစ်ဖက်က အခေါင်းတစ်လုံးကိုထမ်းထားပြီး အရပ် ၄မျက်နှာက စားမြိန်စာတွေကိုလိုက်စားပါလိမ့်မယ်။ ဒါကတော့ အချိန်ဆွဲတဲ့သဘောပါ။အဲဒီအချိန်မှာအမြန်သူမ ထွက်လာတဲ့ မြေကျင်းထဲကိုဆင်းရင် မဖဲဝါသိုက်တံခါးကိုရောက်ပါပြီတဲ့။ သိုက်စာကအဲဒီမှာဆုံးပါတယ်။ မသေပဲကျန်ခဲ့တဲ့သူရဲ့ မှတ်တမ်းအရတော့ သူသင်္ချိုင်းဝကနေကြားနေရတာကိုမှတ်တမ်းတင်ထားတာပါ။ သူ့ဆရာတွေ မြေကြီးထဲကိုဆင်းသွားတာနဲ့မြေကြီးထဲက ခွေးဟောင်သံတွေကြားရပြီး သူ့ဆရာတွေရဲ့ ခွေးမောင်းသံကိုကြားလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲအခေါင်းထမ်းထားတဲ့သရဲမက ခွေးဟောင်သံကြောင့် လန့်ပြီးနောက်လှည့်ကြည့်ပြီး လက်ထဲကအခေါင်းကိုပစ်ချလိုက်ပါတယ်။ အဲဒီမှာပဲ အခေါင်းမြေကြီးပေါ်ပြုတ်ကျသံကြီးကျယ်လောင်စွာထွက်ပေါ်လာသံနဲ့အတူ မြေကျင်းကြီးက ပြန်ပိတ်သွားပါတယ်။ မကြာမီမှာပဲ အခေါင်းထမ်းသရဲမက ကျယ်လောင်စွာရယ်မောပြီးပျောက်ကွယ်သွားခဲ့တယ်လို့ဆိုပါတယ်။အဲဒါကို သူ့ရဲ့မှတ်တမ်းမှာ"ခွေးဟောင်သံကြား အလန့်တကြား၊ သင်လေမမောင်းနဲ့၊ မောင်းမိပါက သင့်ဘဝ မြိုင်မဟာအတွင်းသက်ခါဆင်း၊ အမှန်နိဂုံးချုပ်လတ္တံ့"လို့ဆိုခဲ့ပါကြောင်း။

(အခေါင်းထမ်းသရဲမအနီးမှာ ခွေးဟောင်ပါက မမောင်းပါနဲ့။မဟာမြိုင်တောထဲမှာပဲ ဘဝဆုံးလိမ့်မယ်)

### credit

Post a Comment