အသက်​ဝင်​ ​နေ​သော မျက်​နှာဖုံး​လေး
၁ပတ်​ကြာသွားတယ်​ ​ရေးတာ ဟိဟိ
အသက်​ဝင်​​နေ​သော မျက်​နှာဖုံး​လေး
စာ​ရေးသူ/ငြိုးမာန်
အခုလာမဲ့ ပွဲ​နေ့ကျရင်​ ကျ​နော်​တို့ သူငယ်​ချင်း​တစ်​စုမှာ
အကြံစည်​​လေးတစ်​ခုရှိတယ်​​ဗျ ​ပျော်​စရာ အစီစဉ်​​လေးပါ
ဘယ်​လို​ပြောရမလဲ သူများ​တွေအတွက်​မဟုတ်​ဘူး​နော်​ ကျ​နော်​တို့အတွက်​ပဲ
ပျော်​စရာပါ တစ်​ခြားသူ​တွေအတွက်​​တော့ ​ဒေါသနဲ့ရင်​ခုန်​သံ​တွေ မြန်​​နေပီး
ဆဲဆို​နေကျမှာ​လေ
...ငြိုး အခုနှစ်​ ပွဲ​နေ့ကျရင်​ မင်း ဘယ်​လို လုပ်​မလဲ...
...လွယ်​ပါတယ်​ကွာ အရင်​နှစ်​​တွေကလို မျက်​နှာဖုံး တပ်​ပီး စကျမယ်​​လေ...
...အသစ်​ဆန်း​လေး လုပ်​ချင်​တာကွ ငါမ​​တွေးတက်​လို့...
...ဒါဆိုလဲ ငါတို့စုံ​နေကျ ​အောင်​ဘုအိမ်​ကျမှ ​ပြောကျမယ်​...
မင်းခန့်​ရယ်​ ကျ​နော်​ရယ်​ ​အောင်​ဘုရယ်​ ​နောက်​တစ်​​ယောက်​က
လက်​ချမီး(​ခေါ်)​အေသင်​ အားလုံး​ပေါင်း​လေး​ယောက်​ရှိတဲ့ သူငယ်​ချင်းတစ်​စု ​ပေါ့​ဗျာ
...​အောင်​ဘု လက်​ချမီး မလာ​သေးပါလားဟ...
...လာမှာပါကွ သူ့အိမ်​က လစ်​ထွက်​မရ​သေးတာ​နေမယ်​...
...ငါသွား​ခေါ်လိုက်​မယ်​...
မင်းခန့်​က ​ပေါ့ပါးတယ်​ ​အောင်​ဘုက ဖင်​​လေးတယ်​ လက်​ချမီးက​တော့ အစွဲလမ်းကြီးတာ ကျ​နော်​ကျ သိတဲ့အတိုင်းပဲ စပ်​စုတယ်​ ​ပျော်​​ပျော်​​နေပီး
အလွဲ​လေး​တွေနဲ့ ပါရမီရင့်​သန်​သူ​ပေါ့​ဗျာ 😁
ပြော​ပြောဆိုဆို ထွက်​သွားတဲ့ မင်းခန့်​ကို အသာကြည့်​​နေပီး
...ဘု​လေး ​ဟျောင့်​ ငါ့မှာ အကြံရှိတယ်​ကွ...
...​ပြောမှာဖြင့်​မ​ပြောဘူး ခွီး အချင်းချင်း မူ​နေ...
...​အေးပါကွာ ဒီလိုကွ ငါ ဆိုင်​ တစ်​ဆိုင်​ သိထားတယ်​ ပြည်​ ဟိုဘက
်​ နည်းနည်းလှမ်းတယ်​ဆိုင်​ကယ်​နဲ့ဆို ခနပဲကြာမှာ သူက မျက်​နှာဖုံး​တွေကို ပွဲ​ဈေးအတွက်​ ပုံစံစုံ လုပ်​​ပေးတယ်​...
...​သေချာလှချည်​လား...
...ပီးခဲ့တဲ့နှစ်​ ​ကျောင်းကြီးပွဲ​တော်​တုန်းက ငါစုံစမ်းထားတာ...
ဪ​ပြောရအုံးမယ်​ ရန်​ကုန်​ ပြည်​ ကားလမ်းမှာ အင်းမ ဆိုတဲ့ မြို့တစ်​ခု ရှိတယ်​ ကြားဖူးကျလားမသိ ကျ​နော်​တို့က ရွာဘက်​မှာ​နေတာ တစ်​ချို့အ​ခေါ် ရွာသား​ပေါ့​ဗျာ အဲ့ဒီအ​ခေါ်က နှိမ့်​ချပီး​ခေါ်တယ်​ဆိုတာ စာဖတ်​သူတို့ သိကျမှာပါ​လေ အခု ဒီစာ​ရေး​နေတဲ့ ငြိုးမာန်​ ကျ​နော်​ကလဲ ရွာသားပါပဲ လယ်​​တောသား ​ပေါ့
အင်းမ မှာက နှစ်​စဉ်​ ​ကျောင်းကြီးပွဲ​တော်​ရှိတယ်​​ဗျ တအားစည်​ကားတယ်​ ​ပျော်​စရာအရမ်း​ကောင်းတာ ငြိုးမာန်​တို့က ပွဲဆို လည်​မယ်​ စားမယ်​ စမယ်​ ဒီ​လောက်​ပဲ ပွဲကိုဝင်​မကြည့်​တာ 😉
...ငြိုး...
...လာပါပီ လက်​ချမီး...
...နင်​ကလဲဟာ...
...​အေးပါ သိပါတယ်​ အ​ဖေက မျက်​စိ​ဒေါက်​​ထောက်​ကြည့်​​နေလို့ အ​မေက ခိုင်းထားတာမပီး​​သေးလို့ ဒါပဲလာမှာ​လေ အဟင်းဟင်း...
...​ကောင်​စုတ်​ ​အေး​ဟေ့ ဟုတ်​တယ်​ဟ ...
...ဟီးဟီး သူ့အ​ကြောင်းသိ​တွေ​ဆို​တော့ မ​ပြောရဲ​တော့ပု ငြိုး​ရေ ...
...ဘု​လေး​နော်​...
...ကဲကဲ ​တော်​ပီ စကား​ပြောကျမယ်​...
...မျက်​နှာဖုံးကိစ္စဆို လမ်းမှာ မင်းခန့်​ င့ကို ​ပြောတယ်​...
...​အေး​လေဟာ အခု ငါ​မေးချင်​တာက ပီးခဲ့တဲ့ နှစ်​ကလို အရိုး​ခြောက
်​ မျက်​နှာဖုံးမဟုတ်​ပဲ တစ်​ခြားနှစ်​သက်​ရာ​လေး​တွေ ရှိရင်​​ပြောလို့ ခုနှစ်​က
စိတ်​တိုင်းကျ ​ရွေးချယ်​လို့ရပီ...
...ငါ့အတွက်​ အရုပ်​​မ​လေးမျက်​နှာဖုံး ရှာ​ပေးဟာ​နော်​...
...​အေးပါ မင်းခန့်​က​ရော...
...ငါက ဂျိုကာ မျက်​နှာဖုံး​လေး ယူမယ်​...
...နင်​တို့က​ရော ငါတို့က ဆိုင်​ကျမှ ​ရွေးမယ်​ ငါတို့နှစ်​​ယောက်​ ဆိုင်​ထိသွားမှာ...
...​အေးပါ ဒါဆို ငါပြန်​​တော့မယ်​ သူငယ်​ချင်းတို့ ဘိုင့်​...
...​အေး....ဘိုင့်​ ...
...လက်​ချမီး မနက်​ဖြန်​မရဘူး​နော်​ သဘက်​ခါမှ ပြန်​လာမှာ...
...​အေး​အေး...
ဒီလိုနဲ့ မနက်​ကျ​တော့ ဘု​လေးနဲ့ကျ​နော်​ ပြည်​ကို ချီတက်​ခဲ့ကျတယ်​ ​ကော်​ဖီ​လေး​သောက်​လိုက်​ မုန့်​​လေးစားလိုက်​ ဘု​လေးကရှင်းလိုက်​နဲ့ 😁
ဟန်​ကိုကျ​နေ​ရော ပွဲ​နေ့ကျ ကျ​တော်​ကချည်း ရှင်းရတာဆို​တော့ ကြုံတုန်း​လေး
ဂုံးဆင်းထားရတာ
______________________________________
...အကို ဒါက ဦး​လေးဦးမြင့်​နိုင်​ အိမ်​လားမသိဘူး...
...ဟုတ်​တယ်​ ညီ​လေး ဘာကိစ္စရှိလို့လဲ အကိုက သူ့တူပါ...
...ဪ ညီတို့က မျက်​နှာဖုံး အပ်​ချင်​လို့ပါ ခင်​​ဗျ...
...ဦိး​လေးက ​နေမ​ကောင်းလို့ အနားယူထားပီကွ ညီတို့ အပ်​ချင်​ အကို့ဆီမှာ အပ်​ခဲ့​လေ...
...ဟုတ်​ကဲ့အကို ပွဲ​နေ့ကျ တပ်​ချင်​လို့ပါ ...
...ငါ့ညီတို့က လူ​ပျော်​​တွေ ထင်​တယ်​...
...ဟုတ်​တယ်​​ဗျ $@@£@£|@...
အနည်းငယ်​ရှင်းပြလိုက်​ပီး​နောက်
...ဒါဆို အရုပ်​မ​လေးမျက်​နှာဖုံးနဲ့ဂျိုကာ မျက်​နှာဖုံးက အကို့မှာရှိတယ်​ကွ...
...ကြည့်​လို့ရမလား အကို...
...ဟာ ရတာ​ပေါ့ လာလာ ဆိုင်​​နောက်​ကို...
...ဝိုး အလန်း​တွေချည်းပါလား​ဗျာ ...
...ဒါက ညီတို့​ပြောတဲ့ မျက်​နှာဖုံး ...
လက်​ချမီိးနဲ့မင်းခန့်​အတွက်​ ရပီ ဘု​လေးက​တော့
...ညီက ဒါ​လေးယူမယ်​အကို...
...ဘု​လေး မင်းဟာကလဲကွာ သရဲနဲ့တူ​နေပီဟ မနှစ်​ကပုံစံကြီး...
...မတူပါဘူး ညီရ ဒါက ဟားတိုက်​ရီ​နေတဲ့ပုံပါ အကို ကိုယ်​တိုက်​ဆွဲထားတာ ...
...ဒါ​လေးက​ရော...
...ဪဒါလား မပီး​သေးဘူး ညီရ ...
ဟုတ်​ပါတယ်​ ​ရေးဆွဲ လက်​စ မျက်​နှာတစ်​ချမ်းပုံပဲ ​ပေါ်​သေး​ပေမဲ့ လူငယ်​တစ်​​ယောက်​ မျက်​ရည်​မကျ​အောင်​ထိမ်း​နေတဲ့ပုံ ဒါ​ပေမဲ့ ပါးစပ်​က မျက်​ဝန်းအိမ်​က မျက်​ရည်​နဲ့မလိုက်​​အောင်​ အစွမ်းကုန်​သွားဖြီးပြ​နေတာက ကျ​နော့်​ကို စွဲ​ဆောင်​​နေပီ
...ရတယ်​ ခုအတိုင်းပဲယူသွားမယ်​ ကျ​နော်​ ကြိုက်​​နေပီ...
...ယူ​စေ​ဗျာ ၈ခုယူလို့ ညီ့ကို လက်​​ဆောင်​​ပေးလိုက်​မယ်​...
...တကယ်​လား ဘု​လေး​ရေ ငြိုးမာန်​တို့ ကံ​ကောင်း​နေပီ ဟာဟ...
_________________________________
...ငြိုး နင့်​မျက်​နှာဖုံးပုံကြီး ငါမကြိုက်​ဖူး​နော်​ ကြညိ့​နေရင်း ကြက်​သီးထတယ်​ဟ ထူး​တော့ ထူးဆန်း​နေသလိုပဲ...
...အဲ့ထက်​ထူးဆန်းတယ်​ ကိုင်​ကြည့်​....
...အား နင့်​မျက်​နှာဖုံးက လူ့အ​ရေခွံအတိုင်းကြီး ငါ...ငါ.ငါ​ကြောက်​တယ်​ဟ...
...နင်​ကလဲဟာ လက်​ချမီးက ​ကြောက်​ရလား...
ကျ​နော်​ ဂုဏ်​ယူ​နေမိတယ်​ သူတို့မျက်​နှာဖုံး​တွေကို ကြိုက်​ကျ​ပေမဲ့ အာရုံ​တွေက ကျ​နော့်​မျက်​နှာဖုံး​လေးဆီမှာ​လေ ဟုတ်​​တော့လဲ ဟုတ်​တယ်​​ဗျ မျက်​နှာဖုံးအသားက ရာဘာအသားကို လုပ်​ထားတာ ပီး​တော့ မျက်​နှာ​ရှေ့ချမ်းတက်​မဟုတ်​ဘူး ​ခေါင်းစွပ်​ဒီဇိုင်းနဲ့ အရမ်းလန်းတယ်​ ​ပျော့တွဲတွဲ​လေးနဲ့ သိမ်းလို့လဲ လွယ်​တယ်​။
    မျက်​နှာဖုံး​လေးတပ်​လိုက်​ပီး မှန်​​ရှေ့သွားကြည့်​​တော့ ကျ​နော်​နဲ့ကွပ်​တိ ရာဘာဆို​တော့ ပိုအဆင်​​ပြေ​နေသလိုပဲ ဝတ်​လိုက်​​တော့ ​နွေးသွားတယ်​​ဗျ အခိုး​ရိုက်​လို့လားမသိဘူး မျက်​လုံး​နေရာ အ​ပေါက်​က နဲနဲကာ​နေလို့ထင်​တယ်​ ကြည့်​ရတာ ဝါးတားတားနဲ့ ပြန်​ချွပ်​ပီး မျက်​လုံး​ပေါက်​​နေရာ​လေးကို ဓားပါး​လေးနဲ့ အသာလှီးလိုက်​တယ်
...အားးး.. ..
မထင်​မှတ်​ပဲ လက်​​ချော်​ထိသွားတာ ​သွေးစက မျက်​နှာဖုံး​ပေါ်ကို တန်းခနဲ
...ဟိုက်​စ်​ ကုန်​ပါပီဟ ...
လက်​ကနာတာ ဂရုမစိုက်​ဘူး မျက်​နှာဖုံး​ပေါ်က ​သွေးစက်​​တွေကို သုတ်​လိုက်​​တော့
...ဟင်​ ​စောနက ​သွေးစက်​​တွေ ဘယ်​​ရောက်​သွားတာပါလိမ့်​...
ထူးဆန်း​နေပြန်​ပီ
...အင်း​လေ ရာဘာဆ်ု​တော့ ​သွေးစက်​​ကို စုတ်​သွားတာ​နေမှာပါ​လေ...
ဖြေ​တွေး ​တွေးပီး အသာ​ဘေးချကာ အိမ်​​အောက်​ဆင်းလာခဲ့တယ်
လက်​​ရေ​ဆေး ​ဆေး​လေးထည့်​ပီး ပုဆိုးစနဲ့ချည်​လိုက်​တယ်​ ပီး​တော့​ရေ​သောက်​ပီး အိပ်​ရာထဲ ပြန်​ဝင်​ မျက်​နှာဖုံးကို ​အိပ်​ရာ​ဘေးက စားပွဲပု​လေး​ပေါ်တင်​ပီး အိပ်​ပလိုက်​တယ်​ ။ တစ်​​နေကုန်​ ဆိုင်​ကယ်​​မောင်းရတာရယ်​ စား​သောက်​ထားတဲ့ ဒဏ်​​ကြောင့်​ ခနနဲ့ အိပ်​​ပျော်​သွားတာပဲ​လေ မနက်​ဆို မိုးမလင်​ခင်​နိုးတက်​​ပေမဲ့ ပြန်​အိပ်​​လေ့ရှိတာ​ကြောင့်​ အ​ဖေနဲ့​မေကလဲ မနိုးဘူး အလုပ်​ပါးရက်​ဆို​တော့ နားခွင့်​​ပေးထားတာ
ဘယ်​လို​စောင်​ချုံထားထား ​အေးလာလို့ နိုးသွားတဲ့အချိန်​မှာ​တော့
...ဟင်​ ဒါဘာလဲ...
ဓားထိထားတဲ့ လက်​​အောက်​က ​ပျော့အိအိနဲ့ ​ဓာတ်​မီးထိုးကြည့်​​တော့မှ
...ဟာ မျက်​နှာဖုံး အား ကျွတ်​စ်​ ကျွတ်​စ်​ ကိုက်​လိုက်​တာကွာ....
အနာ​အောက်​မှာက မျက်​နှာဖုံး​ဗျ လက်​က တစ်​ဆစ်​ဆစ်​နဲ့ ​အေးလို့ထင်​တယ်​ ကိုက်​​နေတာ ထူးဆန်း​နေတာက ညမအိပ်​ခင်​ မျက်​နှာဖုံးကို စားပွဲ​ပေါ်တင်​ထားပါလျက်​ ခု ဘာလို့ လက်​​အောက်​​ရောက်​​နေတာလဲ
...ညက အိပ်​ချင်​​ဇောနဲ့ မတင်​မိတာ ​နေမှာပါ​လေ ...
လို့​တွေးပီး စားပွဲ​ပေါ်တင်​ကာ ပြန်​အိပ်​ဖို့လုပ်​လိုက်​တယ်​ ​စော​သေးတာကိုး​ဗျ။
____________________________
လူတစ်​​ယောက်​ ​​ဆောင်း​မနက်​ခင်းကြီးမှာ နဖူး​ချွေး​တွေစို​နေပီ တစ်​စုံတစ်​ရာကို အသဲသန်​လိုက်​ရှာ​နေသလိုပဲ သူ့မျက်​နှာကို ကျ​နော်​မြင်​ဖူး​နေသလိုလိုရှိတာ​ကြောင့်
...ဒီမှာ ခင်​​ဗျ အကို ဘာရှာ​နေတာလဲ...
...ငါ့မျက်​နှာကို ရှာ​နေတာ...
....အားးးးးး...
မျက်​နှာပြင်​တစ်​ခုလုံး ​သွေးချင်းချင်းနီလို့ အ​ရေခွံခွာခံထားရတဲ့ မျက်​နှာမျိုးမျက်​လုံးက အလိုမကျတဲ့ပုံစံနဲ့
...ဟဲ့ သားကြီး ဘာဖြစ်​တာလဲ...
...လူ​လေးကြီး ထ ထစမ်း ဘာလို့​အော်​​နေတာလဲ ဘာ​တွေ့လို့လဲ....
...အ​မေ သား..သား..သား အိမ်​မက်​ မက်​​နေတာ မျက်​နှာအ​ရေခွံခွာထားတဲ့ လူကြီး....
...သားကြီးကလဲကွာ က​လေးကျ​ရောပဲ ခါတိုင်း ခုလိုမဖြစ်​ပါဘူး အ​မေ့ကို မှန်​မှန်​​ပြောစမ်း ဘာ​တွေလုပ်​ထားလဲ...
...ဘာမလုပ်​ပါဘူး အ​မေရာ သား ပွဲ​နေ့ကျ စဖို့ မနှစ်​ကလို မျက်​နှာဖုံးဝယ်​ထားတာပဲရှိတာပါ...
...ဘာတဲ့လဲ ...
အ​ဖေက ​သေချာမကြားရလို့ အ​မေ့ကို ​မေး​တော့
...ဘာရမလဲ ရှင့်​သား​လေ မျက်​နှာဖုံးစိတ်​စွဲပီး အိမ်​မက်​မက်​​နေတာ...
...​အေး​အေး ဒါဆိုလဲ ထ​တော့ နွားစာရိတ်​​ချေအုံး ပွဲ​နေ့ကျ ည​နေခင်း အ​စောပိုင်းသွားမှာ​ဆို မနက်​ဖြန်​ဖို့ နွားစာ ကြိုရိတ်​ထား အ​ဖေက ခါးနာ​နေတယ်​ကွ...
...ရပါတယ်​ အ​ဖေရာ သားထမ်းထားမှာ​ပေါ့ အိမ်​မှာပဲ​နေပါ လယ်​ထဲ သားကြည့်​ခဲ့ပ့မယ်​...
ဟူးစ်​ ခုမှပဲ စိတ်​သက်​သာရာ ရတယ်​ အိမ်​မက်​မိုလို့​ပေါ့ ဒါနဲ့​ မျက်​နှာဖုံးဆီ အကြည့်​​ရောက်​သွား​တော့
...ဟင်​ မျက်​နှာဖုံးက ​သွေးစ​တွေနဲ့ပါလား...
...ဟာ ငါ့လက်​က အနာကလဲ ​သွေးထွရ်​​နေပြန်​ပီ ဘာလဲကွာ...
မနက်​ခင်းအ​စောပိုင်းကို စိတ်​ရှုပ်​စွာနဲ့ နိုးထခဲ့ရတယ်​ မျက်​နှာဖုံးက တစ်​ခုခု​တော့ ထူးဆန်း​နေသလိုပဲ စိတ်​ထဲလဲ သိပ်​မကြိုက်​​တော့ ​ရင်​ခဲမှာက အမည်​မသိတဲ့ စိုးရိမ်​စိတ်​နဲ့ ထိတ်​လန့်​​နေမိပီ။
ည​နေ
...ဘု​လေး​ရေ ဘု​လေး...
...​ဝေ့ ရှိတယ်​ ဝင်​ခဲ့ကွ ...
...​အေး မင်းခန့်​နဲ့လက်​ချမီးကို သွား​ခေါ်ကွာ ငါတိုင်​ပင်​စရာရှိလို့...
ဒီလိုပါပဲ ကျ​နော်​တို့ သူငယ်​ချင်းတစ်​စုက ကိစ္စအ​သေး​လေးကိုလဲ တိုင်​ပင်​တက်​ကျတယ်​ စည်းလုံးတာထက်​ပိုပါတယ်
ခန​နေ​တော့ မင်းခန့်​​ရော လက်​ချမီး​ရော ​ရောက်​ချလာပါတယ်
...ငြိုး နင်​တိုင်​ပင်​စရာရှိလို့ဆို မှန်းစမ်း နင့်​လက်​က ဘာဖြစ်​တာ...
...အား နာတယ်​ဟ ညက ဓားရှ ထားတာ...
...နင်​ကလဲဟာ အရင်​လို တံဆင်​ရှပီး လက်ပြတ်​လခင်​တုန်းက​တောင်​ ခု​လောက်​မ​အော်​ဘူး...
...​အေးဟာ ခုဟာက နာတာထက်​ ကိုရ်​​နေတာ...
...ကဲ ငြိုးအနာ ​ဖန်​​ရေ​ဆေးပီး ​ဆေးထည့်​ ငါ့မှာ ​ဆေးဝါ​ဗူးရှိတယ်​...
...​အေး အဲ့ဒါ​ပေး...
ဆေးထည့်​​​ပေးဖို့ လက်​ချမီး ပတ်​တီးလဲ​ဖြေ​ရော
...ဟာ ....ဟင်​....
...ငြိုး မင်းအနာက ဘယ်​လိုကြီးလဲ...
....ဒီလိုကွာ ညက€@€@@£$!|©®®@€....
စသဖြင့်​ အ​ကြောင်းစုံရှင်းပြလိုက်​​တော့
....လာငြိုး ငါတို့ အဲ့ဆိုင်​ကို ပြန်​သွားကျမယ်​...
...​အေး ဆိုင်​​ရောက်​ရင်​​တော့ အ​ကြောင်းစုံ သိရမှာ​ပေါ့...
._________________________________
     ...ဆိုင်​ရှင်​တို့ ​ဗျို့ ဆိုင်​ရှင်​တို့...
...ဟာ ဆိုင်​က မဖွင့်​​သေးတာလား..
...ခန​စောင့်​ကြည့်​လိုက်​ပါကွာ...
ကျ​နော့်​လက်​က တစ်​ဆစ်​ဆစ်​ကိုက်​ခဲလာတာ အ​တော်​ခံရခက်​​နေပီ​ဗျ ပုံမှန်​ဆို
ဒီ​လောက်​မဆိုးအာဘူး ဓားရှတာ နာ နည်းနည်း​ပေါ့
...လက်​ချမီး ​ဆေးပါရင်​ ငါ့ကို တိုက်​ပါအုံး လက်​က ကိုက်​လာလို့...
...​အေးပါတယ်​ ငါ နင့်​အတွက်​ယူလာတာ...
     ကျ​နော်​တို့ ​စောင့်​​နေခဲ့တာ ​နေ့လည်​ ၁၂​လောက်​ရှိ​နေပီ ဆိုင်​က မဖွင့်​​သေး
အနားနီးတဲ့ဆိုင်​​တွေကလဲ ကွပ်​ကျိကွပ်​ကျိ ဖြစ်​​နေတယ်
...လက်​ချမီး နည်းနည်း ​မေးကြညိ့ဟာ တစ်​မျိုးပဲ...
...​အေးဟ နင်​တို့ ခန​စောင့်​ဟာ ...
ဘေးဆိုင်​ကို လက်​ချမီး သွား​မေး​နေတာ ​ခေါင်း​တွေခါလိုက်​ လက်​ညိုး​တွေထိုးလိုက်​နဲ့ အနည်းငယ်​​တော့ကြာသွားတယ်​ ပီး ပြန်​လာ​တော့ မျက်​နှာ သိပ်​မ​ကောင်းဘူး
...ဘာတဲ့လဲ...
...ဒီဆိုင်​က အဖိုးကြီးတစ်​​ယောက်​ဖွင့်​ထားတာတဲ့ နင်​တို့​ပြောတဲ့ သူ့တူ ဆိုတဲ့လူက ​သေသွားတာ ၁လ​လောက်​ရှိ​နေပီတဲ့ သူတို့က မပတ်​သက်​ကျဘူး​ပြောတယ်​ ဒီဆိုင်​က အဖိုးကြီးက ​အောက်​လမ်းတက်​တယ်​တဲ့ ပီး​တော့ စိတ်​ကို လှည့်​စားတက်​တယ်​လို့​ပြောတာပဲဟ...
...ဟုတ်​ပ့မလားဟာ...
...ဒါဆို ငါတို့ ဘယ်​လိုလုပ်​ကျမလဲ...
...ဟိုဘက်​က ဆိုင်​တစ်​ဆိုင်​​တွေ့လား သူလဲ အရုပ်​​မျက်​နှာဖုံး​ရောင်းတယ်​ အဲ့ဆိုင်​မှာ ​မေးကြည့်​လို့​ပြောတာပဲ...
...ဒါဆို သွားကျမယ်​​လေ လာလာ...
...ဒီဆိုင်​​မလား ...
...လာလာ ငါ​ခေါ်မယ်​...ဆိုင်​ရှင်​တို့ ဘယ်​သူရှိလဲရှင့်​...
...ဧည့်​သည်​​တွေထင်​တယ်​ လာကျ လာကျ...
...ဪ ဘာကိစ္စလဲမှတ်​တယ်​ ကို​သောင်းတင်​လုပ်​လိုက်​ပြန်​ပီထင်​တယ်​ လာလာ ဘုရားခန်းကို...
ဘာမှမ​ပြောရ​သေးဘူး တစ်​ခုခုကို သိ​နေသလိုပဲမို့ ​မေးချင်​တာ​တွေ ခန ​အောင့်​ထားပီး ဘုရားခန်းဆီ လိုက်​ခဲ့ကျရတယ်​ ၊ ဘုရားဦးချပီး အားလုံးထိုင်​ကျ​တော့မှ
...ကဲ လူ​လေး မျက်​နှာဖုံးခနထား ဒဏ်​ရာ အရင်​ပြကွဲ့...
...ဟုတ်​ကဲ့ပါ အဖိုး...
အသက်​က ၈၀​လောက်​ရှိပီထင်​ရတာမို့ အဖိုးလို့ပဲ​ခေါ်လိုက်​တယ်​ ဥပတိရုပ်​တည်​ညိမ်​သ​လောက်​ မျက်​စိအကြည့်​က စူးရှတယ်
...ဪ ဘာမဖြစ်​​သေးပါဘူး နဲနဲ နာမယ်​ကွဲ့ အဖိုး ညှစ်​ထုပ်​ကြည့်​မယ်​ ​သွေးပုတ်​​တွေ ထွက်​ရုံပါ...
...ရပါတယ်​ အဖိုး ...
ကျ​နော့်​လက်​ကို အသာဆွဲယူပီး လက်​ညိုးအရင်းက​နေပီး အဖျားထိ ဆွဲသတ်​ချသွားတာ တစ်​ခုခု တွန်းထုတ်​လိုက်​သလိုပဲ နာကျင်​မှုက ရှိ​ပေမဲ့ ကျိတ်​ခံလိုက်​ရတာ​ပေါ့
...လူ​လေးက သတ္တိ​ကောင်းသားပဲ ဒါ​တွေက ​သွေးပုတ်​​ပေါ့ကွာ...
လက်​ညိုးထိပ်​အနာက စီးကျ​နေတာ​တွေက ညိုမဲ​နေတဲ့​သွေးစ​တွေ အနံ့လဲဆိုးတယ်​​ဗျ
...အဖိုး ဒါက မျက်​နှာဖုံး​လေးပါ....
...အင်း သူက အသက်​​တောင်​ဝင်​​နေပီကိုး ကဲ ဒီမှာကြည့်​...
အဖိုးက​ပြောပီးတာနဲ့ မျက်​နှာဖုံးအ​ပေါ်က ​စောနက ကျ​နော့်​လက်​ကညှစ်​ထုပ်​ထားတဲ့ ​သွေးစက်​​တွေကို ​လောင်းချ​ပေးလိုက်​တယ်
...ဟာ...ဟင်​...​သွေး​တွေမရှိ​တော့ဘူး​နော်​...
ကျ​နော်​တို့​တွေ အံ့သြလွန်းလို့ အသီးသီး ထင်​​ကြေး​ပေး ​ပြော​နေမိကျတယ်​ တကယ်​ပါ​ဗျာ ကျ​နော်​ဝယ်​ထားတဲ့ ရာဘာ မျက်​နှာဖုံး​လေး​ပေါ် ကျသွားတဲ့ ​သွေးစက်​မှန်​သမျှ အလိုလို ​ပျောက်​သွားတယ်
...လူ​လေး ​သေချာကြည့်​​နော်​...
ပြောလဲပီး မျက်​နှာဖုံးနဲ့ နှစ်​​တောင်​အကွာ​လောက်​မှာ ​သွေးစက်​ခံထားတဲ့ ခွတ်​​လေးကို ထားပီး  အသံမထွက်​နဲ့ဆိုတဲ့သ​ဘောနဲ့ နှုတ်​ခမ်းကို လက်​ကာပြလိုက်​တယ်​ ကျ​နော်​တို့အားလုံးလဲ သိချင်​စိတ်​နဲ့ တိတ်​ဆိတ်​​နေလိုက်​ကျတာ​ပေါ့
မျက်​နှာဖုံး​လေးက​ဖြေး​ဖြေး​လေး​ လှုပ်​ရှားလာရက​နေပီး ​သွေးစက်​ခံထားတဲ့ ခွတ်​ဆီကို ဖျက်​ခနဲ ​ရောက်​သွားတယ်​ ပီး​တော့ ခွတ်​ထဲက ​သွေးစက်​ကျန်​တာ​တွေကို
စုတ်​ယူ​နေတာ ကြည့်​ရတာနဲ့တင်​ ကြက်​သီးထမိတယ်​။
...ဒါက ​အောက်​လမ်းသဘာဝတစ်​ခုပါပဲ လူ​လေးကံလည်း​ကောင်းသွားတာကိုး အသိ​စောသွားတာလဲပါတယ်​ ​သွေး​သောက်​တဲ့သ​ဘော​ပေါ့ အစီရင်​တစ်​ခုအတွက်​ အသုံးချဖို့ လုပ်​ထားတာပဲ သူက အသုံးပြုမိပီးရင်​ သိပ်​မကြာခင်​မှာပဲ ထိမ်းချုပ်​ခံရပီး သူခိုင်းတဲ့ ဘာကိုမဆို ဒီမျက်​နှာဖုံးအသုံးပြုထားတဲ့သူက လိုက်​လုပ်​​ပေး​ရ​တော့တာပဲ....
...ဒါဆို အဖိုး...
...လူ​လေး သိချင်​​နေတာ အဖိုး ​ပြောပြပါမယ်​ ဒီမျက်​နှာဖုံး​လေးက အသက်​ဝင်​​နေပြီကွဲ့ ​သွေးမ​သောက်​ရခင်​အထိ​တော့ သူဟာ မျက်​နှာဖုံးတစ်​ခုပါပဲ အသိစိတ်​မရှိ​သေးဘူး လူ​လေးသတိထားမိလား သူ့အသားက လူနဲ့ အ​တော်​ဆင်​​နေတာကို...
...ဟုတ်​တယ်​အဖိုး သမီးဆို ကိုင်​ကြည့်​ပီး ကြက်​သီးထ​နေတာ...
...ဒါ​တွေထားလိုက်​ပါ​တော့ ဒီမျက်​နှာဖုံး​လေးကို အဖိုးပဲ ဖျက်​ဆီးလိုက်​ပါမယ်​ လူ​လေးတို့က​တော့ ပြန်​လိုက်​ကျ​တော့​နော်​ ကဲကဲ သတ္တဝါ​တွေ ​အေးချမ်းပါ​စေ အန္တရယ်​ကင်း ​ဘေးရှင်းပါ​စေကွယ်​...။
ပြီးပါပြီ
ဆက်​လက်​ကြိုးစားပါအုံးမယ်​ခင်​​ဗျ။
Post a Comment