သူခိုးကြီးည စဆုံး

~~~~~သူခိုးကြီးည~~~~

      

                             သာယာကုန်း ရွာလေးမှာ အိမ်ခြေနည်း ပြီး တိတ်ဆိတ်အေးချမ်းသော ရွာ လေးတစ်ရွာဖြစ်၏။ တန်ဆောင်မုန်း လပြည့် ညတွင် လမင်းကြီး သည် သာယာကုန်း ရွာအား သူ၏ အေးမြသော လရောင်များနှင့် လွှမ်းခြုံ ထား၏။

          သာယာကုန်းရွာလေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြသည်။

     လသာသာ ညများ တွင် ကလေးများသည်
ရွာ၏ ဓလေ့ အတိုင်း ထုတ်စီး တိုးတမ်း ၊စိန်ပြေးလိုက်တမ်းကစားကြ၏။

ယခုလို  တန်ဆောင်းမုန်းလပြည့် ညတွင်တော့ ကလေးတွေ ပင့်တကူ ဖွက်တာကို အစုလိုက် အပြုံ လိုက် ရှာဖွေ နေကြသည်။

မိန်းမ ပျိုလေး များမှာလည်း အဖွဲ့လိုက် ယောက်ကျား ပျိုလေးများ နှင့် စကားထာဝှက်တမ်း ကစားကြသည်။

လသာသာ တွင် ကွပ်ပစ်ကြီးပေါ် ၌ လူကြီးများကလည်း လက်ဖက်ဝိုင်း အကြမ်းအိုးနှင့် တရားဓမ္မအကြောင်း ဆွေးနွေးနေကြ၏။

ရွာ၏ ကာလသား အဖွဲ့များက တော့ ရွာအပြင် ဘက် ထန်းတော တွင် ဝိုင်းကြနေကြသည်။

ထိုထဲ မှ ရွာ၏ ကာလသား ခေါင်းဆောင်ဖြစ်သော မြင့်ခိုင် မှ
``ဟိတ်ကောင်တွေ ဒီနေ့ ည ငါတို့  ကြက်ခိုးရအောင်´´ဟု စကားစလိုက်၏။

ထိုအခါ သူတို့  အဖွဲ့ထဲမှ ငတွတ်က``ကြက်ကာလသားဟင်းလေး ဘူးသီးနဲ့ ရောချက်လိုက်ရင် ရှယ်ပဲ ရှလွတ်´´ဟု ပြောလိုက်၏။

ဖိုးထောင်မှ``ဟိတ်ကောင်တွေ ကြက်မှ မရှိတာကွ´´

လှကျော်မှ``မင်းကတော့ ဝေး တာ ငါတို့ ကြက်ခိုးမှာပေါ့´´ဟု ပြောကာ ဖိုးထောင်ခေါင်းအား လက်နှင့် ဖြောင်း ခနဲ ရိုက်လိုက်၏။

မြင့်ခိုင် မှ`` အောင်ဘ ကြက်ခြံသွားမယ်´´

ဖိုးထောင်မှ``ဘာာာာ  ဒီလောက်နာမည်ကြီးနေတဲ့ ကြက်ခြံ ဟိတ်ကောင်တွေ မသွားဘူး ကွ´´

ငတွတ်မှဖိုးထောင်အား တံတောင်နှင့် တွတ်ကာ``ဘာလဲ မင်းက ယောက်ကျား ဖြစ်ပြီး ကြောက်တာ လား´´ဟုမေးလိုက်၏။

ဖိုးထောင်မှ``သူ့ မိန်းမ မီးနေသည် သေလို့ ရက်လည်တာတောင် မကြာသေးဘူး ပြီးတော့ သူ့ကြက်ခြံက နာမည်ကြီး နေတာကို ကွာ´´

လှကျော်သည် သူ၏ မေးစေ့အား လက်နှင့် ပွတ်ကာ ``အိမ်းးအဲ့ဒါတော့ ဟုတ်တယ်ကွာ ညနေ ဘက်ရောက်ရင်ကို သူ့ ခြံဘက် ဘယ်သူမှမသွားရဲ တော့ဘူးကွ မီးနေသည်နံ့ ဆနွင်း နံ့တွေ ပေးတယ်ဆိုလားပဲ´´ဟု စဉ်းစားကာ ပြောလိုက်သည်။

မြင့်ခိုင်မှ``ငါက အဲ့ဒါကြောင့် အောင်ဘခြံကို ရွေးတာကွ ဘယ်သူ မှ မလာရဲတော့ ကြက်ခိုးရတာ လွယ်တာပေါ့ ကွ´´ဟုပြောလိုက်၏။

လှကျော်မှ``ကြောက်တတ်ရင် အခြောက်ပဲကွာ အခြောက်ဆို မလိုက်နဲ့နေခဲ့ လာ ငါတို့  ဒီထန်းရည် တစ်အိုး ကုန်ရင် သွားကြမယ်´´ဟုပြောလိုက်၏။

``အူးးးးဝူးးးးးး´´လပြည့် ညမှာ မလိုက်ဖက်စွာ ခွေးတွေ ထ အူလေ၏။

လပြည့် နေ့ မို့  ထင် သည် လမင်းကြီးထဲ မှ
အဖိုးအို နှင့် ယုန်ကလေးကို ပင် ထင်ထင်ရှားရှားမြင်နေရသည်။

မှိတ်တုတ် မှိတ်တုတ် ကြယ်လေးများမှာလည်း စိန်ပွင့်လေးများ အလား အရောင် တောက်နေ၏။

အနက်ရောင် ကတ္တီ ပါ ပေါ်တွင် စိန်ပွင့်လေးများ ကြဲထား သည့် အလား
လပြည့်ဝန်းကြီး နှင့် ကြယ်ပွင့်လေးတွေ လိုက်ဖက်လှပေစွ.....

``ဟိတ်ကောင်  ဖိုးထောင် မင်းက ကြောက်နေတာလား ´´ ဖိုးထောင်ရှေ့ မှ ငတွတ်က အော်လိုက်၏။

ငတွတ်ပြောရင် လည်း ပြောချင်စရာပင်။
သူတို့  အုပ်စုမှာ ကြက်ခြံဘက် သွားရာတွင် တစ်ယောက်ချင်းစီ တန်းစီ၍ ခိုးကြောင်ခိုးဝှက်သွားကြရ၏။

အုပ်စုလိုက်ဆို လူတွေ တွေ့မည် စိုးရိမ်သောကြောင့်ဖြစ်သည်။

ငတွတ် နောက်မှ ဖိုးထောင် က ငတွတ်ပခုံးအား လက်နှင့် ကိုင်ထားသည်။

ဖိုးထောင်အလွန် ကြောက်ရွံ့နေ၍ သူ၏ လက်များ မှာ တုန်ယင်နေ၏။

အောင်ဘတို့ ကြက်ခြံမှာ ရွာအပြင်ဘက်တွင်ရှိသည်။ ခြံစည်းရိုး၏ အပြင်ဘက်တွင် မယ်ဇလီပင်များ ဓလေ့ကျပေါက်နေ၏။

ခြံမှာ အလုံခြုံကြီးတော့ မဟုတ် ဝါးခြမ်း စိတ်များ ဖြင့် ခြံခတ်ထားခြင်း ဖြစ်သည်။

ခြံအဝင် ဝတွင် လူ နှစ်ဖက်စာလောက် ရှိသော ညောင်မုတ်ဆိတ် ပင်ကြီး ရှိ၏။

် လရောင် အောက်တွင် ညောင်မုတ်ဆိတ် ပင်ကြီးမှာ တစ္ဆေကြီး တစ်ကောင်ထိုင်နေသည့်အလား ........

မြင့်ခိုင်မှ``ဟိတ်ကောင်တွေ ခဏ ညောင်ပင်ကြီးအောက်မှာ လူရိပ်တွေ့တယ်ကွ´´ ဟု လက်ဖြင့် ဟန့် လိုက်၏။

လှကျော်မှ``လာ ငါတို့ ဟို ဘက်ကနေ ညောင်ပင် ကြီးအနောက်ကို သွားရအောင် လူလား  သရဲလား ကြည့်ရအောင်´´ဟု ပြောကာ ရှေ့မှ ထွက်သွား၏။

ဖိုးထောင်က ``ဟိတ်ကောင် သရဲဖြစ်နေရင်ဘယ်လို လုပ်မလဲ´´

ငတွတ်မှ``မင်းနေခဲ့ကွာ ငါတို့ တော့လိုက်သွားပြီ´´ဟုပြောကာ မြင့်ခိုင်နှင့် ငတွတ်မှာ  လှကျော်နောက် လိုက်သွား၏။

ဖိုးထောင်မှ``ဟိတ်ကောင်တွေ စောင့်ဦး´´ဟု နှစ်ကိုယ်ကြား   ကြားနိုင်အောင် အော်ကာ နောက်မှ  ပြေး လိုက်သွား၏။

``  ဗိုလ် တောက် နင်က သိပ်ဆိုးတာပဲ ´´ညောင်ပင်အောက်တွင်တော့ ရွာထဲမှ သမီးရည်းစား စုံတွဲ တီတီတာ တာ စကားစမြည်ပြောနေကြ၏။

မြင့်ခိုင်မှလက်နှင့် အုပ်ပြီး ရယ်ကာ သူ့ သူငယ်ချင်းတွေကို လက်တို့  ခေါ်လိုက်၏။ ထို့ နောက် သူတို့  ထိုသမီး ရည်းစား စုံတွဲအား .......

~~~~~~~~~~~~~~~~~~~

``အဟင်းးးအဟင်းးးအဟင်းးးး´´

ကြာဖြူ သည် ဗိုလ်တောက်၏ ရင်ခွင်ထဲ မှီနေရာမှ  ခေါင်းထောင်ပြီး နားစွင့်နေ၏။

ကြာဖြူ `` ဗိုလ်တောက်  နင် လူတစ်ယောက်ညည်းနေတဲ့အသံမကြားဘူးလား´´

ဗိုလ်တောက်``ကြာဖြူ ရာ လာပါ အေးအေးဆေးဆေး စကားပြောရအောင် ငါဘာမှ မကြားရဘူး´´ဟုပြောကာ ကြာဖြူ့အားရင်ခွင်ထဲ ဆွဲသွင်း လိုက်၏။

ထို့ နောက် ဗိုလ်တောက်မှ``ဟ နနွင်းနံ့ ကြီးနံတာကွာ´´ဟုပြောလိုက်၏။

ကြာဖြူမှ ``ကို မီးနေသည် အောင်ဘ မိန်းမခြောက်နေပြီ ထင်တယ်´´ဟုပြောကာ ဗိုလ်တောက်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လို က်၏။

ထိုစဉ် သစ်ပင်ပေါ်မှ ``ဝုန်း ´´ ခနဲ သူတို့ ရှေ့ကျလာ၏။

ဗိုလ်တောက်တို့  စုံတွဲ ရှေ့တွင် မဲမဲကုန်းကုန်းကြီး.....

ကြာဖြူမှ``အမလေးးးးသရဲ သရဲတော့ ´´ဟုအော်ကာ ထပြေးလေ၏။

ဗိုလ်တောက်မှာ လည်း ကြာဖြူ့ နောက်မှ ထပ်ကြပ်မခွာ ထပြေးလေတော့သည်။

``ဟားးဟားးးဟားးးကြောက်တတ်လိုက်ကြတာကွာ´´ အပင်ပေါ်မှ ခုန်ဆင်းလာသူက လှကျော်ဖြစ်၏။

လှကျော်မှာ သူ၏ ဗိုက်အား သူနှိပ်ကာ အော်ရယ်နေသည်။

မြင့်ခိုင်တို့ မှာ လည်း သဘောအကျကြီး ကျလျက်.....

ငတွတ်မှ``ဟိတ်ကောင်တွေ ခုနက  ကြာဖြူပြောသွားတယ်လေ မီးနေသည်အနံ့ရတယ်တဲ့ အဲ့ဒါ မင်းတို့ လုပ်တာလား´´ဟုမေးလေ၏။

မြင့်ခိုင်မှ``ဘာအနံ့မှမရဘူး  သူတို့ ကြောက်စိတ်က ကြီးစိုးသွားလို့  စိတ်စွဲပြီး မီးနေသည်အနံ့ ရတယ် ထင်တာ ´´ ဟု ရှင်းပြလိုက်၏။

လှကျော်မှ ``ကဲ ဘယ်သူမှ မရှိတော့ ဘူး လာကွာ ငါတို့  ကြက်ခြံထဲ ဝင်စို့ ´´ဟုပြောကာ သူကိုယ်တိုင် ခြံထဲ ခြေလှမ်းစလိုက်တော့သည်။

``ကတော်  ကတော်  ကတော်´´
မြင့်ခိုင်မှ``ဟိတ်ကောင်တွေ ကြက်တွေ ငါတို့  တွေ့သွား လို့ အော်နေတာ လားကွ´´ဟုမေးလိုက်၏။

လှကျော်မှ``တခုခု ပဲ ငါတို့ က အခုမှ လာတာလေ ငါတို့ ထက်အရင်ခိုးတဲ့သူ ရှိနေပြီထင်တယ် မတတ်နိုင်ဘူးကွာ မြန်မြန်လာ ကြက်တစ်ကောင်မပြီး ပြေးစို့ ´´ဟုပြောကာ အကုန်လုံး ကြက်အုပ်တွေ ထဲ ဝင်လိုက်၏။

မြင့်ခိုင်မှ  ကြက်ဖြူ တစ်ကောင်ကို  ဆတ် ခနဲ ကောက်ကာ ဖမ်း လိုက်၏။

သူတို့ ဖမ်း အပြီး အပြင် ထွက်ရန် အပြင်``ဂျွတ် ဂျွတ် ´´ တခုခုကို ဝါးနေသည့်အသံ သူတို့ အားလုံးကြားလိုက်၏။

အသံလာရာ အနောက်ဘက် သို့  သူတို့ လှည့်ကြည့်လိုက်သောအခါ....

ကြက်အုပ်ထဲ တွင် ထမီ ရင်လျားနှင့် မိန်းမတစ်ယောက် စောင့်ကြောင့်ထိုင်နေ၏။

သူမ ဆံပင်များ မှာ အလွန်ရှည်လျားကာ ကြမ်းပြင်ပေါ်တွင် ခွေကျ နေ၏။

သူမသည် ကြက်တစ်ကောင်အားကိုင်ကာ
အမွှေးပင် မဖယ်ပဲ ``တဂျွတ် ဂျွတ် ´´ဝါးနေ၏။

ထို့ နောက်သူမသည် မြင့်ခိုင်တို့  ဘက်တဖြည်းဖြည်းလှည့် လာ၏။

ဖိုးထောင်မှ``အောင်...အောင်...ဘ မိန်းမ မိအေးးးးး´´ ဟုအော်ကာ သူကအရင်ရှေ့ကပြေးလေသည်။

မိအေး ၏ မျက်လုံးများ မှာ နီရဲနေ၏။ ပါးစပ်တွင် ကြက်သွေးများနှင့် ကြက်မွှေးများ ကပ်ပါနေသည်။

သူမ၏ မျက်နှာ မှာလည်း ဆနွှင်းများ အပြည့်နှင့်.....

သူမသည်တဖြည်းဖြည်းထလာကာ မြင့်ခိုင်တို့ အနားတိုးလာ၏။

ထိုအခါ မှ မြင့်ခိုင်တို့  အဖွဲ့ သတိဝင်လာကာ
တဝုန်းဝုန်း ပြေး လာ၏။

မြင့်ခိုင်မှာ သတိကောင်း၏ လက်ထဲက ကြက်ကို တော့ မလွှတ်ပေ ။ကျစ်ကျစ်ပါအောင် ဖမ်းကိုင်ထား၏။

သူတို့ ညောင်ပင်ကြီး အောက်ရောက်သောအခါ ဖိုးထောင် ငုတ်တုတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ငတွတ်မှ ဖိုးထောင်ခေါင်းအား``ဖြောင်း´´ခနဲ ရိုက်ကာ ``တော်တော် သစ္စာရှိတဲ့ကောင်ပြေးတာ တန်းနေတာပဲ´´ဟုပြောလိုက်၏။

လှကျော်မှာ လည်း ဒူးပေါ် လက်တင်ကာ ``ဟောဟဲ ဟောဟဲ´´နှင့် အမောဖြေနေ၏။

ထိုစဉ်``အာာာ  ဝေါ့ ´´နံ တာကွာ ဆနွှင်းနံ့ ကြီး ဟု ဖိုးထောင်မှ ပြောလိုက်၏။

ထို့ နောက် ``ဝုန်း´´ခနဲ သူတို့  လေးယောက်ရှေ့ တစ်စုံတစ်ယောက် ကျလာ၏။

အားလုံးမျက်လုံးများ က ထို အရာစီသို့ ....

ထမီရင်လျားနှင့် ဆံပင်များ မြေကြီး ထိကာ
ကုန်းူကုန်း  ကုန်း ကုန်း  နှင့် အမျိုး သမီး ကုန်းထလာ၏။

လှကျော်မှ``မိအေး  မိအေး သရဲမပ္ခဲပြေးကြစို့´´့   ဟုအော်ကာ ခြေဦးတည့်ရာ ပြေးလေတော့သည်။

ကျန်သူ အား လုံးမှာ လည်း လှကျော်နောက် တသီကြီး ပြေး လိုက်ကြသည်။

``ဟာ ကွာ မောလိုက်တာ တော်တော် ဒုက္ခပေးတဲ့ ကြက်  ဘဲ ချက်ကို စားဦးမှာ´´ဟု မြင့်ခိုင်မှ ညည်းတွား လိုက်သည်။

လှကျော်မှ``ဘူးသီးနဲ့ ကို ကာလသားဟင်း ချက်ပစ်မယ် ဘူးသီးထပ်ခိုးမယ်ကွာ´´ဟုပြောလိုက်၏။

ဖိုးထောင်မှ ဒူးများ တုန်ကာ``ငါ ငါ မလိုက်ရဲတော့ဘူး ဘူးခြံကလည်း အဲ့ခြံနဲ့ နှစ်ခြံ ကျော်ကမလား´´ဟုပြောလိုက်၏။

ငတွတ်မှ ``ဟိတ်ကောင် မင်း သေးတွေ ပေါက်ချထားတာလား သေးစော်ကို နံနေတာပဲ´´ဟု နှာခေါင်း ပိတ်ကာ ပြောလိုက်၏။

ဖိုးထောင်မှ``ငါ အီးပါ ထွက်နေတာ ကွ´´

လှကျော်နှင့် မြင့်ခိုင်မှာ ကြောက်စိတ်တွေပင် ပြယ်သွား ကာ`` ခွေးကောင် ငကြောက် ´´ဟုအော်ကာ  ထရယ်လေတော့သည်။

ဖိုးထောင် မျက်နှာ မှာတော့ သွေးမရှိတော့ပေ.......

လှကျော်မှ``မင်းပြန်ရင် ပြန်တော့ကွာ ငါတို့ ဘဲ ဆက်လှုပ်ရှား တော့မယ်´´ဟု ပြောလိုက်၏။

ဖိုးထောင်မှ``ဟာ ကွာ ငါ ငါ လိုက်မှာ ပဲ ငါသူငယ်ချင်းကောင်း ပါကွ´´

မြင့်ခိုင်မှ ``လာ ဘူးခြံ ဘက် ချီတက်စို့ ´´ဟု ပြောကာရှေ့မှ ဦးဆောင်ထွက်သွား၏။

ဖိုးထောင်မှာ တော့ သူ၏ သူငယ်ချင်းများ နောက်သို့  ဖင်လေး လိမ်ကျစ် လိမ်ကျစ် နှင့်လိုက်သွား၏။ အဲ့လိုမှ မဟုတ်ရင် သူ့  အညစ်အကြေး တွေ ထွက်ကျတော့မှာကိုး....

ဘူးခြံကတော့ လရောင်အောက်မှာ ရှင်းလင်းနေတာပဲ ။ အစောင့် လည်း မရှိပါ။

ဘူးသီးများ ကို စင်ထိုး၍ စိုက်ထားသဖြင့် ဘူးသီး အကြီးကြီးများ   တွဲလောင်း ကျနေသည်ကို မြင့် ခိုင်တို့  မျက်လုံး ထဲ အရှင်းသားမြင်ရသည်။

ထိုစဉ်``အို အို အေ အေ ´´ သူတို့ ရှေ့ ကောင်မလေး တစ်ယောက်ပေါ်လာ၏။

ကောင်မလေးမှာ သူတို့ အား မြင်ဟန်မတူပေ။

ကျောပေးထားကာ ဘူးသီးများ ကို ကိုင်ကြည့် နေသည်။

ထူးခြားသည်က သူမအပေါ် အင်္ကျီမပါဘဲ ထမီရင်လျား နှင့်  ဆံပင်လေးများမှာ နက်မှောင်နေပြီး ဆံပင်အား နှစ်ဖက် ခွဲကာ ရှေ့ သို့  ချထား၏။

အနောက်မှ မြင်နေရသည်ကို ပင် သူမ ခန္ဓာကိုယ် ကောက်ကြောင်းမှာ  ပုရိသ တို့ ရင်အား ဆွဲ ကိုင် လှုပ်နေသည့် အလားးးး

ဖိုးထောင်မှ``အဟန့်  ငါ ဘူးသီးသွားခိုးမယ် မင်းတို့ ဒီကစောင့်´´ဟုပြောကာ ကောင်မလေးစီ သွားဖို့  ဟန်ပြင်နေတုန်း  ငတွတ်မှ
``ဟိတ်ကောင် မင်းသရဲကြောက်တယ်ဆို အဲ့ ဒါ သရဲ လား လူလား မင်းသေချာ သိလို့ လား´´ ဟု မေးလိုက်၏။

ဖိုးထောင်မှာ တဏှာဇော ကပ်နေ၍ ``ဟိတ်ကောင် နောက်က  ကြည့် နေရင်ကို ဒီလောက် လှနေတာ သရဲဖြစ်နိုင် ပါ့မလား´´ဟုပြောကာ ကောင်မလေးစီ ပြေးသွားလေတော့သည်။

လှကျော်နှင့်  မြင့်ခိုင်မှာ တော့ ကြက်ကလေး ပိုက်ကာ အသာငြိမ် ကြည့်နေ၏။

ဖိုးထောင် ကောင်မလေး အနားရောက်သောအခါ `` အဟန့်  ´´ ခနဲ ခြောက် ဟန့် လိုက်သည်။

ကောင်မလေးသည် ဖိုးထောင် ဘက် ခေါ့င်းလေးငဲ့ကာ သီချင်းဆိုနေတာ ကို ရပ်လိုက်၏။

ဖိုးထောင်မှ `` ကျွန်တော် အနှောက်အယှက် ပေးတာ မဟုတ် ပါဘူး ဗျာ ဘူးသီးလာခူးတာဗျ  အဲ  အမှန်တိုင်း ပြောရရင် ဘူးသီး လာခိုး တာပေါဗျာ     အဟဲ ဟဲ´´သူ့ ဘာသာ ပြောပြီး သူ့  ဘာသာ သဘောကျနေသည်။

အဝေးမှ ကြည့် နေသော ငတွတ်မှာ ကြိတ်မရ ခဲမရ နှင့် ``တဏှာရူး ´´ ဟု ကြိမ်းဝါး လိုက်သည်။

ကောင်မလေးမှ``ရှင်က ဘူးသီး လို ချင်လို့ လား ကောင်းပြီ လေ ရော့  ဒါလေး ခဏ ကိုင်ထား ´´ ဟု ပြောကာ သူမလက်ထဲက အရာကို ဖိုးထောင် လက်ထဲ ထည့်ပေးလိုက်၏။

ဖိုးထောင်မှာ လည်း ခေါင်းကြီး ငုံ့  ရှက်ရမ်းရမ်း ကာ ကောင်မလေး ပေးသည့် အရာကို မကြည့် ပဲ ယူလိုက်သည်။

ထို့ နောက် ကောင်မလေး အား ပြန်ကြည့် လိုက်သောအခါ ``အောင်မလေး ဗျ  ခေါင်းပြတ် သရဲမ´´ ဟု အော်လိုက် သည်။

ထို့ နောက် သူ့ လက်ထဲက အရာက``အဟား ဟား ဟား နှာ ဗူး´´ ဟု အော်လိုက်၏။

ဖိုးထောင် လရောင်အောက်တွင် သူ၏ လက်ထဲမှာ မြင်လိုက်ရသည့် အရာက
``ခေါင်း  ခေါင်းးးး ပြတ်ကြီး ´´ဟုအော်ကာ ခေါင်းပြတ်ကြီးအား အဝေးသို့  လွှင့်ပစ်ပြီး ငတွတ်တို့  စီ  ပြေး လေးတော့သည်။

သွေးရဲသော  သတ္တိရှိ သူရဲကောင်း  သုံးဦးမှာ
ဘယ်အချိန်ကတည်းက ပြေးသွားလဲ မသိ ဖိုးထောင် ရွာသို့  တန်း ပြေးလေတော့၏။

နောက်မှ မိအေး မီးနေသည် သရဲမကလည်း  ခေါင်းတခြားကိုယ် တခြားနှင့် ဖိုးထောင်နောက် ပြေးလိုက်လာတော့သည်။

~~~~~~~~~~~~

``သရဲ သရဲ မ´´ ဖိုးထောင် ကြုံးအော်ကာ ငေါက်ခနဲ အိပ်ယာက   ထ လာ၏။

``လူလေး သတိရပြီလား´´ မေးသူက ရွာဦးကျောင်း ဆရာတော်ကြီး ဖြစ်၏။

ဖိုးထောင်၏ ခြေရင်း တွင် မြင့်ခိုင်⁀၊ငတွတ်နှင့် လှကျော် တို့ မှာ ဒူးထောက်ပြီး လက်မြှောက်ထားကြ၏။ ဆရာတော် အပြစ် ပေးထားခြင်း ဖြစ်သည်။

ဆရာတော်မှ ``လူလေး မသေကောင်း မပျောက်ကောင်း  နောက်သူများ ပစ္စည်း မခိုးစမ်းနဲ့ ´´ဟု ဆုံးမလေ၏။

ဖိုးထောင်မှ လက်အုပ်လေး ချီကာ``အရှင်ဘုရား တပည့် တော် ဘယ်လို ကနေ ဘယ်လို ဒီရောက်လာရတာလဲဗျ´´ဟုမေးလိုက်၏။

ဆရာတော်မှ`` အိမ်းးးးးမင်း ရွာအဝင် ဝ ညောင်ပင်ကြီး အောက်မှာ  သတိလစ်နေ လို့  ငတွတ်တို့  ဆွဲ ခေါ် လာတာလေ ဒီကောင်တွေက ညောင်ပင်ကြီး အကွယ်ကနေ  မင်း ကို စောင့် နေရှာပါတယ်ဟု´´ ရှင်း ပြလိုက်၏။

``ကဲ နားတော့   ဟိုကောင်တွေ ထ  အိမ်သာတွေ သွားဆေးစမ်း ´´ဟု ဆရာတော်မှ အမိန့် ပေးကာ ကြွသွားလေ၏။

လှကျော်၊မြင့်ခိုင်နှင့် ငတွတ်မှာ ဖိုးထောင်အနား တိုးလာ၍ ထိုင်လိုက်၏။

ထို့ နောက် ငတွတ်မှ``ဟိတ်ကောင် ဖိုးထောင် ကောင်မလေးက ချောလားကွ´´ဟုမေးလိုက်၏။

ဖိုးထောင်မှ ``ခွေးကောင်တွေ ငါ့တောင်မစောင့် ဘူး ပြေးတာ မှုံနေတာပဲ´´ဟု ပြောကာ ဘေးမှ ရေခွက်နှင့် လှမ်း ထုလိုက်၏။

မြင့်ခိုင်တို့ မှာ အလျင်အမြန် ရှောင်ကာ အောက်ထပ်ဆင်းပြေးလေ၏။

လှကျော်မှ လှေကားထိပ်ကနေရင်း``ဖိုးထောင် မင်းနာမည် အသစ်တိုးပြီကွ သိလား´´ဟုပြောလိုက်၏။

ဖိုးထောင်မှ မေးငေါ့ကာ``ဘာနာမည်လဲ ´´ဟု မေးလိုက်၏။

``အေးမှတ်ထားဟ  ချီးပေတဲ့ မင်းမေ့လဲ နေတုန်းက ချီးတွေ ပါ ထွက်နေတာ မြင်မကောင်း ဘူး ကွာ ချီးပေရ´´ ဟုအော်၍ပြေးလေသည်။

ဖိုးထောင်မှ``ခွေးမသား ´´ ဟု အော်၍ ကျန်ခဲ့လေတော့၏။

ရာသီတွေ အလီလီပြောင်း နှစ်တွေ ပြောင်းလဲလာကာ တန်ဆောင်မုန်း လပြည့် ညသို့  တဖန်ရောက် ရှိလို့  လာပေပြီ။

ဖိုးထောင်တို့  အုပ်စုမှာ ဒီတခါ တွင်တော့ ဘုန်းကြီးကျောင်း တွင် ရောက်နေ၏။

ဖိုးထောင်မှ မြင့်ခိုင်တို့  အနား ကပ်ကာ``ဟိတ်ကောင်တွေ ကြက်ကာလသားဟင်းလေး မစားချင်ဘူးလား´´ဟုမေးလိုက်ရာ
လှကျော်မှ``တော်ပါတော့ ချီးပေရာ´´ဟု ပြောပြီး ဖိုးထောင်၏ ခေါင်းအား ဗြောင်း ခနဲ ရိုက်လိုက်၏။

ဖိုးထောင်မှ ``ဟိတ်ကောင်တွေ ပြေးထား မိလို့ ကတော့ အသေပဲ´´ဟု အော်ကာ ပုဆိုးတိုတို ပြောင်း ဝတ်ပြီး လှကျော်တို့ နောက် ပြေးလိုက်လေ၏။

သာယာ ကုန်း ရွာလေး၏ ကောင်းကင်ထက်တွင် လည်း မီးပုံးပျံ ရောင်စုံ လေးတွေ နှင့် လှပလျက်..............

ကြိုးစားပါဦးမည်

ပန်ဒို ရာ


Post a Comment